Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Thursday, November 8, 2007

ရုရှားရောက်သူတို့အကြောင်း

ကဗျာတစ်ပုဒ် Comment မှာရေးထားခဲ့တယ်..။ ပြန်တင်ပေးလိုက်ပါတယ်။

ကိုလျှာရှည်ရေ ခင်ဗျားဆီပို့လို့ရမယ့်မေး(လ်) မတွေ့လို့ ဒီမှာပဲတင်ပေးလိုက်တယ်..
ကဗျားလေးတစ်ပုဒ်ပါ...ရုရှားကအကြောင်းလေးပေါ့....

အမိမြန်မာ၊ ဘွဲ့ရတာ ၇၅
၁၀ ယောက်က ကျိုးကန်း
၅ ယောက်က ရူးနှမ်းနှမ်းနဲ့
ရဲဖမ်းတာ ၇ ယောက်
၃ ယောက်က လူကြီးအမျိုး
ကံဆိုးသူ အယောက် ၅၀ (ငါတို့ကျောင်းမှာ လူ ၅၀ ရှိလို့)
ရုရှနယ်စေလွှတ်
နျူကလီးယားကို အိတ်နဲ့သွတ်ဖို့တဲ့..။

ဟိုတစ်ခါ ပြည်မြန်မာမှာ
ငွေနှစ်ရာ ဝေလာဝေး
ဆေးလိပ်တိုလေး မျှသောက်
Issue နဲ့ စားသောက်နေရပေမယ့်
အရှင်မွေးတော့ နေ့ချင်းကြီး
ဒေါ်လာ ၂၀၀ ကိုင်ပြီးကတည်းက
လက်ကြားမှာ စီးကရက်
ဘီယာဆို ပလပ်ပလပ်နဲ့
သေးထွက်မတတ် မျိုဆို့
ညှီစို့စို့ အသားထုပ်
မှိုတက်လို့ လွှင့်ပစ်လိုက်ရသေးသတဲ့…။

လယ်သမားကြီး အယောက် လေးဆယ်
ကျွဲနွားနှယ်သူတို့ရုန်း
အသင်သုံးနေတဲ့ ရာတန်နှစ်ရွက်
သူတို့တတွေရဲ့ ချွေးစက်…
ဟုတ်မဟုတ်တော့ မသိ
ရှိတာနဲ့ ဖုန်းဝယ်
ခါးကြားမှာ သယ်ပြီး
လူလယ်ရောက်မှ ထုတ်ဆက်
အိမ်မှာတော့ ယောက်မလျက်နေကြရပြီ။

တချောက်ချောက်နဲ့ Keyboard ရိုက်သံ
ကြိုးစားမှုတွေ မှန်နေတယ် မထင်နဲ့
ရည်းစား တစ်ယောက်ရရေး
Chatroom တွေ လိုက်မေးပြီး
ကျနော်ကတော့ Master
Russia နေတာပေါ့ကြွား
ခပ်ထွားထွား လေလုံးပစ်
ကြက်ဥနှစ်ကို ဆားနဲ့နယ်
ထမင်းတောင် မတည်နိုင်တော့ဘူး..။

အချိန်တန်တော့ စက်ဖွင့်
လေ့လာဖြစ်တာ all ကား
လှတဲ့ အိုး၊ ဖြိုးတဲ့တင်
မြင်သမျှ သရေကျ
ဟင်း…၊ ..... လိုက်ရ ဆိုတဲ့ စိတ်နဲ့
မိုးလင်းတော့ ကသုတ်ကရက်
ကားဂိတ်မှာ မတ်တပ်ရပ်ပြီး
ဖင်မှန်သမျှ လိုက်ကြည့်
တချို့ကလည်း မြန်မာအထာသိတော့
အင်္ကျီကိုဆွဲချ၊ တင်ပါးဆို ဖုံးထားမှ ဆိုတဲ့ အတွေးနဲ့။

လေ့လာတာ all ကား
ရှုစားတာ မိန်းမဖင်
သင်ချင်တာ Chat အကြောင်း
ငမိုက်သားအပေါင်းက
လိုချင်တော့ ၅ မှတ်
ဘာစာမှ မတတ်ပေမယ့်
ဆရာမကို ဆီးကြို၊ အထုပ်ကို ခပ်သွက်သွက်နဲ့
ပြေးယူတတ်သူတွေတောင်
Programmer ဖြစ်နေကြပြီပဲ
ဆရာသင်တဲ့စာ၊ ဘာဆို ဘာမှမသိ
ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း ကျေနပ်နေကြပြီ။

ဒီတခါ Анюта
ခဏတာဝင်ငေး
အသားဈေးထိုးကျ
ရောင်းမရလို့တဲ့
ကြက်ဥဈေးခေါင်ခိုက်
ကုလားပဲ လှည်းနဲ့တိုက်ပြီး
ပုတ်ရိုက်ရောင်းစား
သြော်.. မြန်မာတွေတောင် တော်တော်များလာပြီပဲ။

၂၀၁၀ ရဲ့ တစ်နေ့
အောင်ပွဲတွေ ပွေ့ပြီး
နျူကလီးယား စက်ရုံသစ်
ဖဲကြိုးဖြတ် ဖွင့်ဖြစ်ရင်တော့
အင်း..
မြန်မာပြည်မြေပုံ အသစ်ဖြစ်ပြီ ထင်ပါရဲ့။ ။

(ကဗျာပေးပို့သူကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ)


Read more...

Monday, October 8, 2007

စစ်ထဲလိုက်ချင် လက်ညှိုးထောင်

စစ်ထဲလိုက်ချင် လက်ညှိုးထောင်
မောင်စွမ်းရည် (အောက်တိုဘာ ၇၊ ၂၀၀၇)

အောင်ဆန်း တေဇ
ဒို့ အားကျလို့
ငယ်ကရည်စူး၊ စစ်ဗိုလ်မှူးပေါ့ .....
စစ်ဗိုလ်ဆိုရင်
ပျိုတို့ ချစ်ပြိုင်၊ နှင်းဆီခိုင်တဲ့ ။

ခုခေတ်မှာတော့
သံဃာကိုသတ်၊ ငရဲတပ်တွေ .....
မိဘကိုသတ်၊ ဒေ၀ဒတ်တွေ .....
သူငါခွာရှောင်၊ မုဒိန်းကောင်တွေ .....
ကျောင်းသားကျောင်းသူ၊ သတ်ဖြတ်သူတွေ .....
အိမ်ရာဖျက်ဆီး၊ သဘက်ကြီးတွေ .....
လယ်ယာလုယက်၊ သူခိုးသူဝှက်တွေ .....

ခုခေတ်မှာတော့
သူငါ ကျောခိုင်း၊ ပဒိုင်းပွင့်တွေဖြစ်ကုန်ပြီ။

စစ်ထဲဝင်ချင်၊ လက်ညှိုးထောင်
ထောင်တဲ့လက်ညှိုး၊ “မီးပုံ” ထိုးလို့
ဆိုရိုးတွင်ရစ်စေသတည်း။

http://www.moemaka.com/ မှကူးယူဖေါ်ပြပါသည်။


Read more...