အိမ်
ကဗျာမဟုတ်ပါဘူး။ မေးလ်ကရတဲ့ သီချင်းလေးပါ။ ဘယ်သူရေးတယ်၊ ဆိုတယ်၊ ဘယ်အချိန်ကတည်းကထွက်တယ်၊ ကျွန်တော်မသိပါဘူး။ နားထောင်ပြီး ထိချက်မှန်လို့ မျှဝေလိုတာ သက်သက်ပါ။ သီချင်းရယူနိုင်ဖို့အတွက် Link နဲ့ စာသားအပြည့်အစုံကို အောက်မှာ ရေးထည့် လိုက်ပါတယ်။
သီချင်းယူဖို့ >> ဒီနေရာကို နှိပ်တော်မူပါ။
အိမ်
ကမ္ဘာမြေမှာ ခိုလှုံရာခေါ်ဆိုတဲ့အိမ်၊
ရံရွေလယ်၊ ထယ်ဝါစွာ ဆင်စွယ်နန်းအိမ်၊
ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်၊
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်းအိမ်။
အိမ်တစ်အိမ်မှာ မှီတည်ရာ ဘာသာတရားတွေ၊
ကမ္ဘာမြေကို ဖြူစင်စွာ အကြင်နာမျှဝေ၊
ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ၊
ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ။
(ကလေးလေးတွေ နွေးထွေးဖို့လေ.. ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကိုဆောက်ကြမယ်လေ ..)
(မြင့်မြတ်ခြင်းတွေ၊ နွေးထွေးခြင်းတွေ ... ကမ္ဘာမြေမှာ ညင်သာစွာစီးဆင်းဖို့လေ ..)
အိမ်အပြင်မှာ ၀ါပင်တွေ ကိုယ်တိုင်စိုက်မယ်၊
ကိုယ်တိုင်ငင် ၀ါချည်မျှင် ဖျင်တစ်ဘက်ရယ် ..။
အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့
စပါးရိတ်ချိန် ၀ိုင်းဖွဲ့မယ် ဆန်အရက်ရယ် ..။
ဒီအချိန်ဆို အိမ်အပြင်မှာ ကဗျာတွေရွတ်မယ်၊
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်၊
ရင်ခွင်မှာ ကြင်နာသူ ချိုအနမ်းရယ် ..၊
ချစ်မိတ်ဆွေ စည်းချက်ညီ အတူတူကမယ် ..။
(ကလေးလေးတွေ နွေးထွေးဖို့လေ၊ ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေ ..)
(မြင့်မြတ်ခြင်းတွေ၊ နွေးထွေးခြင်းတွေ ..... ၊ ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ .. )
ရင်ခွင်မှာရှင်သန်ရာ ခိုမှီရာ အိမ်တစ်အိမ်ကို ကမ္ဘာမြေမှာ တည်ဆောက်ကြမယ်၊
အဆောင်အယောင်တွေ မဆင်ရင်စေ ရင်ခွင်အိမ်ပျော်ရွှင်ပါစေ
ဒဏ္ဍာရီရာဇ၀င်လို ၀ိညာဉ်အိမ် စိန်စီရာ ရတနာခြယ် သိင်္ဂါရီအိမ် ...။
တစ္ဆေတစ်ကောင် ဟန်ဆောင်သလို မာယာကင်းမဲ့ .....
မနာလိုတဲ့ မစ္ဆရိယ ချည်နှောင်မှုမဲ့ .....
ကံစီရင် ယုံကြည်စွာ ကမ္ဘာမြေမှာ ...
တို့အိမ် .. ငါတို့အိမ်
ရဲရင့်လိုက် ချစ်တဲ့အိမ် တို့ဆောက်ကြမယ် .....။
(ကလေးလေးတွေ နွေးထွေးဖို့လေ .. ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကိုဆောက်ကြမယ်လေ ..... )
(မြင့်မြတ်ခြင်းတွေ၊ နွေးထွေးခြင်းတွေ ... ၊ ကမ္ဘာမြေမှာ ညင်သာစွာစီးဆင်းဖို့လေ ...)

4 comments:
အင်မတန်ကောင်းမွန်ပြီး အနုပညာ အဆင့်အတန်းမြင့်တဲ့ ကိုယ်ပိုင်တေးသီချင်းတစ်ပုဒ်ပါ။
မျှဝေပေးတဲ့အတွက် ကျေးဇူးပါ။
( အကြည်တော်ရဲ့ ညီလို့ ကြားသိရပါတယ်။ )
အသိမိတ်ဆွေတွေကို တတ်နိုင်သလောက် ပြန်လည် မျှဝေပေးလိုက်ပါတယ် ....
ကိုလျှာရှည်.. အိမ်သီချင်းကို ရေးတာ ၀ိရာဓိုရ်ပါ .. အကြည်တော်ဝတ္တု (တောသားကြီးထဲမှာ ) စနိုးတာဝါကို
မုန့် မှတ်ပြီးဝါးတဲ့ မောင်မောင် ဆိုတဲ့ ပုဂ္ဂိုလ်ပါ :P . ပန်တျာကျောင်းမှာ
စောင်းဆရာဖြစ်ပြီးတော့ ဂျပန်မှာ ပညာတော်သင်
အဖြစ် သွားသေးပါတယ်..အခွေထွက်တာ တော့ 
နှစ်ဆန်းပိုင်းလောက်က ထင်ပါရဲ့ ..
ဒုတိယ စီးရီးပါ ...
ကိုလျှာရှည်ရေ...
သီချင်းနဲ့
သီချင်းစာသားလေးကို ကြိုက်လွန်းလို့
ကျွန်တော့်စာမျက်နှာပေါ်မှာ တင်ထားလိုက်တယ်..
ရှယ်ပေးလို့ ကျေးဇူးဗျို့...
သီချင်းကောင်းလေးတွေ တွေ့ရင်
ထပ် ရှယ်ပါဦး...
ကိုလျှာရှည်
ကျွန်မ အိမ်ဆိုတဲ့သီချင်းလေးနဲ့ စာသားလေးကို ကြိုက်လို့  ဘလော့ပေါ်မှာ တင်လိုက်ပြီနော်...
မဆုမွန်
Post a Comment