Sunday, September 30, 2007

ကောင်းသောအပြောင်းအလဲကိုလက်ခံသင့်တယ် .....

ဒီနေ့ကုလကိုယ်စားလှယ်တော်ကြီးကိုကြပ်ပြေးမိစ္ဆာကောင်တွေကထပ်ညာလိုက်ပြန်တယ်တဲ့။ ဘီဘီစီကပြောသွားတာပဲ၊ အခုဖြစ်နေတဲ့ ဆန္ဒပြမှုတွေဟာပြည်ပသံရုံးတွေ၊(၈၈)ကျောင်းသားတွေ၊ ဘယ်သူတွေ၊ဘာညာတွေ ရဲ့သွေးထိုးလှုံ့ဆော်မှုကြောင့်ဆိုပဲ။ အခုထက်ထိ ဓါတ်ပြားဟောင်းဖွင့်ပြနေတုန်းပါပဲလား။ အခုထက်ထိ နောင်တ မရ သေးတဲ့ဗိုလ်တစ်ချို့ကိုပြောချင်တယ်။

ဘာတဲ့.........((ငါတို့ဟာ ယောက်ျား၊ ယောက်ျားမှာမှ စစ်သား၊ စစ်သားမှာမှ ဗိုလ်လောင်း၊ ဗိုလ်လောင်းမှာမှ စစ်တက္ကသိုလ် ဗိုလ်လောင်းဆိုပြီးဂုဏ်ယူခဲ့ကြတာမှတ်လား..))ဘာလဲ.. အဲဒီစကား.. တော်တော်အောက်တန်းကျပြီး၊ကိုယ့်ကိုယ်ကိုဘ၀င်မြင့်၊ အောက် ခြေလွတ်၊ စိတ်ကြီးဝင်၊ စစ်ဗိုလ်ကလွဲ .. ကျန်တဲ့ယောင်္ကျား သောက် သုံးမကျဘူးဆိုတဲ့ သဘောလား ....အေး ...နဲနဲတော့ ပြောချင် သေးတယ် ...ပထမဆုံး . မင်းတို့စစ် ဗိုလ်တွေရုရှားကိုဘယ်လိုပုံစံနဲ့ပညာတော်သင်ရောက်နေကြရတာလဲ .. 2001ခုနှစ်မေလ (15) ရက်နေ့ကနေစပြီးတော့မြန်မာစစ်ဗိုလ်တွေကိုရုရှားပညာသင်လွှတ်တာနော်... အဲဒီအချိန်တုန်းက ရုရှားအစိုးရကတော့ သိချင်သိမယ်၊ လာတဲ့ကျောင်းသားတွေဟာမြန်မာစစ်ဗိုလ်တွေဆိုတာကို။သို့သော်ရုရှားမီဒီယာတွေ၊ တက္ကသိုလ်တွေကပါမောက္ခတွေ၊ဆရာတွေအားလုံး ကတော့ဘယ်လိုမှတ်ကြလဲ.. အားလုံးဟာရိုးရိုးအရပ်သားတွေပဲလို့ထင်ခဲ့ကြတာလေ။ မသိခဲ့ရင်ထပ်ပြောပြမယ်။ ရန်ကုန်နည်းပညာ တက္ကသိုလ်မော်ကွန်းထိန်းနဲ့ ညှိပြီးတော့မင်းတို့စစ် ဗိုလ်တွေအားလုံးအတွက် B.E (Engineering) ဘွဲ့လက်မှတ်အတုတွေထုတ်၊ အမှတ်စာရင်းအင်တွေ၊ ရိုက်ထုတ်ပြီးတော့၊ ရုရှားတက္ကသိုလ် အသီးသီးကို လိမ်ညာပြီးတော့ အခုလာတဲ့သူတွေဟာ၊ သိပ္ပံနဲ့နည်းပညာဝန် ကြီးဌာနကလက်ထောက်ကထိက၊တနည်းအားဖြင့်ကျောင်းဆရာတွေဆိုပြီးတော့၊ ရုရှားတွေ အားလုံးကိုလိမ် ခဲ့တာလေ။
ထားလိုက်ပါတော့၊မြန်မာပြည်သူလူထုဆီကရတဲ့ငွေတွေကိုယူ၊ ကွန်ပြူတာလေးအသည်းအသန်စုဝယ်၊ပြီးရင် Online ပေါ်မှာမဟုတ်တာ တွေလျှောက်မအာပါနဲ့။မသိတဲ့၊နားမလည်တဲ့သူတစ်ယောက်မှမရှိဘူး။နားလည်လွန်းလို့ကိုခက်နေတာ။ ထပ်ပြောလိုက်မယ်၊ ယောင်္ကျား ဆိုတာ၊စစ်တက္ကသိုလ်ဆင်းမှ၊စစ်ဗိုလ်ဖြစ်မှဂုဏ်ယူရတော့မှာလား၊ အဲဒါကိုကမင်းတို့အရာရှိဆိုတဲ့ကောင်တွေဟာတပ်ထဲမှာတောင်၊ အရာ ရှိချင်းအတူတူ၊ အဆင့်တူတူ ဆင်းတဲ့ကျောင်းချင်းမတူရင်၊သောက်ရောဝင်စရာမလိုဘူးဆိုတဲ့သဘောလား။ စစ်တပ်ထဲမှာ မင်းတို့လိုပဲ နိုင်ငံ့တာဝန်ထမ်းနေတဲ့၊ဆရာဝန်စစ်ဗိုလ်တွေ၊ အင်ဂျင်နီယာစစ်ဗိုလ်တွေ၊ အခြားပညာသင်စစ်သည်တပ်သားတွေကရော၊ ဘာသောက် ဆင့်မှမရှိတော့ဘူးလား၊အရပ်ဘက်ဝန်ထမ်းပညာရှင်တွေကရော၊ မင်းတို့လောက်ယောင်္ကျား ဖြစ်ရတာဂုဏ်မယူရတော့ပဲ၊ ထမိန်ဝတ်နေ ရတော့မှာလား၊ဖြေစမ်းပါ။ အမေတွေမွေးထုတ်ပေးလိုက်တဲ့ယောင်္ကျားတိုင်းဟာ DSA ဆင်းဖြစ်တော့မှလူ့လောကကိုအကျိုးပြုပေးနိုင်တဲ့ ယောင်္ကျားကောင်း၊ ယောင်္ကျားမြတ် ဖြစ်တော့မှာလား။
မေးစမ်းပါရစေ၊ ဘယ်ဘာသာကိုယုံကြည်ကိုးကွယ်တာလဲ။ ဘယ်ဘာသာပဲကိုးကွယ်ကိုးကွယ်။ လောကမှာစစ်ဗိုလ်ထက်အများကြီး မြင့်မြတ်တဲ့၊ယောင်္ကျားကောင်းယောင်္ကျားမြတ်တွေအများကြီးရှိတယ်ဆိုတာ၊မျက်စိ ကောင်း၊ နားကောင်း၊ အတွေးအခေါ်ရှိတဲ့သူတိုင်းသိ တယ်။အခုမြန်မာပြည်မှာဘာတွေဖြစ်နေလဲ၊ ကမ္ဘာကရောမြန်မာ့စစ်တပ်ကိုဘယ်လောက်တောင်ရွံရှာမုန်းတီးနေကြပြီလဲ။ မကောင်းတဲ့ လူနဲနဲလေးကြောင့် တစ်တပ်လုံး အပြောခံနေရတယ်။ အမြင်မှန်၊ အတွေးမှန်စွာနဲ့ စဉ်းစားဆင်ခြင်ကြည့်ပါ။ ရှက်တတ်ရင် ကိုယ်နေတဲ့အဆောင် ပေါ်ကနေခုန်ချသတ်သေသင့်ပြီ။ ဒါမှမဟုတ်လည်း၊ ကရင်မလင်အရှေ့ကမော်စကိုမြစ်ထဲသွားခုန်ချလိုက်တော့။
ရှေ့လတွေဆိုရင်အေးတော့မယ်။နှင်းတွေစကျတော့မယ်။ဗော်ဒကာတွေပဲနင်းကန်သောက်ပြီး၊ မီဒီယာကို ဘီယာမူးပြီးပြန်မတိုက်မိပါစေ နဲ့။ မီဒီယာသမားကြီးဗိုလ်ကျော်ဆန်းတောင်အခု သားသတ်မုဆိုးလုပ်နေရပါရော လား။
မော်စကိုမှာ SkinHead ဆိုတဲ့ရုရှားမျက်ကန်းမျိုးချစ်လူငယ်တွေရှိတယ်။ နာဇီဝါဒကိုလက်ခံတဲ့ အစွန်းရောက်တွေ၊ သူတို့တောင်မင်းတို့ ပါပါကြီးလောက်ဆိုးမယ်မထင်ဘူး။ ဒီကောင်တွေ မြန်မာတွေကိုဘယ်လိုဆက်ဆံတာကြားဖူးတယ်နော်။ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်တွေ မြန်မာလူထုကိုရိုက်သတ်သလိုမျိုးပြန်အရိုက်မခံရပါစေနဲ့၊ အရင်နှစ် တွေကတော့မင်းတို့အကိုကြီးတွေ၊ ရုရှားကောင်တွေဝိုင်းရိုက်လို့ သွားတစ်စုံလုံး ကျွတ်တဲ့အကောင်ကျွတ်တယ်။ အဲဒါတွေခံရရင်ကိုယ်ချင်းစာကြည့်ကြည့်ပါ။ကိုယ့်ဘ၀ကိုယ်နားလည်ကြပါ။ အခုအချိန်မှာ အတွေးအခေါ်တွေ ပြုပြင်ဖို့အချိန်ရပါသေးတယ်။ကောင်းသောအတွေးအခေါ်ကို ကြိုတွေးစဉ်းစားနေတဲ့ ပြည်သူ့တပ်မတော်သား စစ်စစ်တွေကိုနမူနာယူကြပါ။ ဒါမှမဟုတ်ရင်တော့ကြပ်ပြေးမိစ္ဆာဘိုးဘိုးကြီးနဲ့အတူငရဲသာလိုက်သွားပေတော့။ ဒေ၀ဒတ်နဲ့အဇာတသတ် ဆရာတပည့်နှစ်ယောက်ကတော့ မင်းတို့လိုဂျူနီယာမျက်ကန်းလေးတွေကိုစောင့်နေပြီ။

5 comments:

Anonymous said...

Who wrote that? I really like dat. :)

Anonymous said...

မနှိုင်းအပ်ဘူးနော်။ ဒေ၀ဒတ်က သေကာနီးမှာ အတော်နောင်တရလို့ ဘုရားရှင် ကို ရှစ်ခိုးပူဇော်သွားရှာတယ်။ အဇာတသတ်ကတော့ ဘုရားရှင်ရဲ့ ဓမ္မနဲ့ တွေ့တဲ့ခါ ကြည်ညိုတဲ့အရာ ဧတဒဂ်ဘွဲ့တောင် ရသွားတယ်။ မနှိုင်းအပ်တာကို မနှိုင်းပါနဲ့ဗျာ။ ဓမ္မကို နားလည်သူထဲမှာ ကြပ်ပြေးဘိုးဘိုးကြီးမပါလို့ပါ။

Anonymous said...

u rock~~~ dude i love all of ur post

Unknown said...
This comment has been removed by the author.
Unknown said...

ko shar shay yay RU ka na a pha bo thwe thee ka hta min ma sar pal chee sar pe tot brainwashed khan lite ya tae sit da dong sar thwe ko pyaw pay par thu tot thwe thu tot yae pa hthwe ko di lout chit nay yin khu chat chin burma ko pyan pe tot din tot yae tar ta nar phyat pa hthwe ko twar help par away ka nay ma hong nae lu thwe 8 yay pyat tal lote pyaw pay par shin