Monday, February 9, 2009

ဗိုလ်အောင်ဆန်းသီချင်း

ရဲဘော်တို့ ..
ကြပ်ပြေးက မင်းတို့ ပထွေးတွေ နှိပ်စက်လို့ တိုင်းပြည်က ဖွတ်သထက်ညစ်နေပြီ။ ငါ့လည်း နှိပ်ကွပ်ထားလို့ ကြာရင် “အောင်ဆန်း” ဆိုတာ လူမိုက်လုံးလုံးကြီးလို့ နောင်လာနောင်သားတို့ ထင်ကုန်ကြရော့မယ်။ လာမဲ့ (၁၃.၀၂.၂၀၀၉) သောကြာနေ့ဆို ငါ ၉၄ နှစ်ပြည့်ပြီ။ မေ့နေမှာစိုးလို့ အီးမေးလ်ကနေ သီချင်းတစ်ပုဒ် ပို့လိုက်တယ်။



MusicPlaylist
Music Playlist at MixPod.com




အေးကွယ် .. သီချင်းက ဆိုရဲတဲ့သူ မရှိလို့ တီးလုံးချည်းပဲ တီးလိုက်ရတယ်။ အဆိုတော်တွေက မဆိုရဲကြရှာဘူး မောင်တို့။ ငါ့ အကြောင်း ဆိုမိရင် ဟိုထဲမှာ သွားဝါဆိုနေရမှာ ကြောက်ကြလို့တဲ့။ ရဲဘော်တို့လည်း မဆိုရဲရင် တီးလုံးဘဲ နားထောင်။ စာသားကိုတော့ စိတ်ထဲကဘဲ လိုက်ရွတ်ကြပေါ့။ အောက်မှာ တစ်ခါတည်း ထည့်ပေးလိုက်တယ်။ နေ့တိုင်း နေ့တိုင်း သေချာနားထောင်ပြီး တပ်မတော်ရဲ့ အဖေနဲ့ ပထွေးကို သေချာ ခွဲခြားတတ်ကြပါစေကွယ်။

(မင်းတို့ရဲ့အဖေစစ်စစ်-အောင်ဆန်း)



ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်၊ တကယ်ဘဲ အသက်နဲ့လဲလို့ ဆင်းရဲ ဒုက္ခခံကာ ကြံစည်တယ်၊ သူရဲကောင်းနဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်။

ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်၊ တကယ်ဘဲ အသက်နဲ့လဲလို့ ဆင်းရဲ ဒုက္ခခံကာ ကြံစည်တယ်၊ သူရဲကောင်းနဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်။


ငါတို့ဗမာပြည် အမိအဖတိုင်းကကွယ်၊ ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်။ ငါတို့ဗမာပြည်ဝယ် အမိအဖ အပေါင်းတို့ကကွယ်၊ အာဇာနည် အစစ်ကို တို့တတွေ မွေးရမယ်။

သြော် … ဘုရင့်နောင်နဲ့ ရာဇဓိရာဇ်တို့လို မင်းရဲကျော်စွာ ပမာပုံနှယ် အလောင်းဘုရားတို့လိုကွယ်၊ ဗမာတိုင်း ဗမာမျိုး၊ အားကိုး လောက်ပေတဲ့ မကြောက်တမ်း၊ မရွံ့တမ်း၊ ဗမာတွေ အောင်ပန်း ဆွတ်ရှာလေတယ်။

ရာဇ၀င် အတ္တုပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်။
ရာဇ၀င် အတ္တုပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်။
တိုင်းပြည်အကျိုးစွန့်ခဲ့တဲ့ အများဇာနည်နွယ်၊ လွတ်လပ်ဖို့ ဒို့အများကို စွန့်စားကာကယ်၊ ဒို့ဗမာတွေ စိုးမိုးဘို့ မျှော်ကြရှာလို့ ပေါ်လာတယ်။


ဗမာနိုင်ငံ ထူထောင်ရန်နဲ့ မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်။ နေမျိုးသာကီ၊ ဗမာပြည်လက်ရုံး ဗမာနိုင်ငံ အလုံး ထင်ပေါ်စေတယ်။ စိတ်အားသန်သန် မာန်ကိုမလျှော့တယ်၊ ငါတို့လူမျိုး တန်ခိုးရှိဘို့ သူရဲကောင်းတွေ စုံညီတယ်။ တကယ်ပင် သတိုးမဟာဗန္ဓုလနှယ်၊ စွမ်းသတ္တိရာဇ၀င်ပြောင်တယ်၊ သားကောင်းများတို့ ခေါ်ရလောက်ပေတယ်၊ ဥဒါန်းတွင်စေဘွယ် ဗမာသူရဲကောင်းအပေါင်းတွေရယ်။

ရာဇ၀င် အတ္တုပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်။
ရာဇ၀င် အတ္တုပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်။ တိုင်းပြည်အကျိုးစွန့်ခဲ့တဲ့ အများဇာနည်နွယ်၊ လွတ်လပ်ဖို့ ဒို့အများကို စွန့်စားကာကယ်၊ ဒို့ဗမာတွေ စိုးမိုးဘို့ မျှော်ကြရှာလို့ ပေါ်လာတယ်။

(မှတ်ချက် - အစိမ်းရောင်စာသားများ သေချာမသိ၊ သိသူများ ပြင်ပေးကြပါ)

Music - FL Crazy


Read more...