Monday, February 9, 2009

ဗိုလ်အောင်ဆန်းသီချင်း

ရဲဘော်တို့ ..
ကြပ်ပြေးက မင်းတို့ ပထွေးတွေ နှိပ်စက်လို့ တိုင်းပြည်က ဖွတ်သထက်ညစ်နေပြီ။ ငါ့လည်း နှိပ်ကွပ်ထားလို့ ကြာရင် “အောင်ဆန်း” ဆိုတာ လူမိုက်လုံးလုံးကြီးလို့ နောင်လာနောင်သားတို့ ထင်ကုန်ကြရော့မယ်။ လာမဲ့ (၁၃.၀၂.၂၀၀၉) သောကြာနေ့ဆို ငါ ၉၄ နှစ်ပြည့်ပြီ။ မေ့နေမှာစိုးလို့ အီးမေးလ်ကနေ သီချင်းတစ်ပုဒ် ပို့လိုက်တယ်။



MusicPlaylist
Music Playlist at MixPod.com




အေးကွယ် .. သီချင်းက ဆိုရဲတဲ့သူ မရှိလို့ တီးလုံးချည်းပဲ တီးလိုက်ရတယ်။ အဆိုတော်တွေက မဆိုရဲကြရှာဘူး မောင်တို့။ ငါ့ အကြောင်း ဆိုမိရင် ဟိုထဲမှာ သွားဝါဆိုနေရမှာ ကြောက်ကြလို့တဲ့။ ရဲဘော်တို့လည်း မဆိုရဲရင် တီးလုံးဘဲ နားထောင်။ စာသားကိုတော့ စိတ်ထဲကဘဲ လိုက်ရွတ်ကြပေါ့။ အောက်မှာ တစ်ခါတည်း ထည့်ပေးလိုက်တယ်။ နေ့တိုင်း နေ့တိုင်း သေချာနားထောင်ပြီး တပ်မတော်ရဲ့ အဖေနဲ့ ပထွေးကို သေချာ ခွဲခြားတတ်ကြပါစေကွယ်။

(မင်းတို့ရဲ့အဖေစစ်စစ်-အောင်ဆန်း)



ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်၊ တကယ်ဘဲ အသက်နဲ့လဲလို့ ဆင်းရဲ ဒုက္ခခံကာ ကြံစည်တယ်၊ သူရဲကောင်းနဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်။

ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်၊ တကယ်ဘဲ အသက်နဲ့လဲလို့ ဆင်းရဲ ဒုက္ခခံကာ ကြံစည်တယ်၊ သူရဲကောင်းနဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်။


ငါတို့ဗမာပြည် အမိအဖတိုင်းကကွယ်၊ ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်။ ငါတို့ဗမာပြည်ဝယ် အမိအဖ အပေါင်းတို့ကကွယ်၊ အာဇာနည် အစစ်ကို တို့တတွေ မွေးရမယ်။

သြော် … ဘုရင့်နောင်နဲ့ ရာဇဓိရာဇ်တို့လို မင်းရဲကျော်စွာ ပမာပုံနှယ် အလောင်းဘုရားတို့လိုကွယ်၊ ဗမာတိုင်း ဗမာမျိုး၊ အားကိုး လောက်ပေတဲ့ မကြောက်တမ်း၊ မရွံ့တမ်း၊ ဗမာတွေ အောင်ပန်း ဆွတ်ရှာလေတယ်။

ရာဇ၀င် အတ္တုပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်။
ရာဇ၀င် အတ္တုပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်။
တိုင်းပြည်အကျိုးစွန့်ခဲ့တဲ့ အများဇာနည်နွယ်၊ လွတ်လပ်ဖို့ ဒို့အများကို စွန့်စားကာကယ်၊ ဒို့ဗမာတွေ စိုးမိုးဘို့ မျှော်ကြရှာလို့ ပေါ်လာတယ်။


ဗမာနိုင်ငံ ထူထောင်ရန်နဲ့ မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်။ နေမျိုးသာကီ၊ ဗမာပြည်လက်ရုံး ဗမာနိုင်ငံ အလုံး ထင်ပေါ်စေတယ်။ စိတ်အားသန်သန် မာန်ကိုမလျှော့တယ်၊ ငါတို့လူမျိုး တန်ခိုးရှိဘို့ သူရဲကောင်းတွေ စုံညီတယ်။ တကယ်ပင် သတိုးမဟာဗန္ဓုလနှယ်၊ စွမ်းသတ္တိရာဇ၀င်ပြောင်တယ်၊ သားကောင်းများတို့ ခေါ်ရလောက်ပေတယ်၊ ဥဒါန်းတွင်စေဘွယ် ဗမာသူရဲကောင်းအပေါင်းတွေရယ်။

ရာဇ၀င် အတ္တုပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်။
ရာဇ၀င် အတ္တုပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်။ တိုင်းပြည်အကျိုးစွန့်ခဲ့တဲ့ အများဇာနည်နွယ်၊ လွတ်လပ်ဖို့ ဒို့အများကို စွန့်စားကာကယ်၊ ဒို့ဗမာတွေ စိုးမိုးဘို့ မျှော်ကြရှာလို့ ပေါ်လာတယ်။

(မှတ်ချက် - အစိမ်းရောင်စာသားများ သေချာမသိ၊ သိသူများ ပြင်ပေးကြပါ)

Music - FL Crazy

16 comments:

Anonymous said...

အဲဒီသီချင်း ခင်ညွန့်ရီ ဆိုထားတာ မကြားဘူး ဘူးလား..တုံးလိုက်တဲ့အကောင်

Anonymous said...

ဒို့ပထွေးများရဲ့ ကျောင်းသားသတ်တပ်၊ ဘုန်းကြီးသတ်တပ်၊ တိုင်းရင်းသူမုဒိန်းတပ်၊ ဘင်္ဂလားကြောက်တပ်၊ ရုရှရဲ့ဟိုဒင်းမျှော်တပ်၊ ပေါ်တာဆွဲတပ်၊ စစ်ကျွန်တပ်၊ အခြောက်သတ်မဒေါ် လက်ထက်မှာ ဒို့ရဲ့ဗိုလ်အောင်ဆန်းအကြောင်း ရေးဆိုဖတ်ကြားခွင့်မရှိတော့တာ ယူကြုံးမရစရာဖြစ်နေပြီ။

ATN said...

FL ဘလော့မှာ သွားနားထောင်ထားပြီးပါပြီ...

အဲသီချင်းကို ဇာတိမာန် အခွေမှာ ခင်ညွန့်ရီ ပြန်ဆိုထားပါတယ်...

နောက်တခုက အစိမ်းရောင်စာသားမှာ အမှန်က အောက်ပါအတိုင်းပါ -

လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှကယ်
တို့ဗမာတွေ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်။

Anonymous said...

ကိုရှာရှည်ကြီး ဗျို.။ အသက်ရှိသေးတယ်နော်။ လာလာစောင်.ဖတ်နေတာ။ ခွေးတိရိစ္ဆာန်ကောင်တွေကိုစာသင်ရတာမလွယ်ပါဘူးဗျာ။ ကိုယ်.ဟာကိုယ်ချောင်ပိတ်ပြီးသေမယ်.ကောင်တွေ။ကိုယ်.ဟာကိုယ်အဟုတ်ကြီးထင်နေတဲ.ကောင်တွေ။

ကိုလျှာရှည် said...

ဟိုးအပေါ်ဆုံးက နွား..

ငါ .. မသိလို့မသိတာကို မသိတဲ့ အကြောင်း ၀န်ခံပြီးပြီ။ မင်း လူလိုနားလည်ရင် ပြင်ပေးပါလားကွာ။ အောက်က ကိုအောင်သာငယ်ကတော့ လူလိုသိလို့ ပြင်ပေးသွားတယ်။ ငါ့လောက်တောင် မသိတဲ့ လူတွေ မျိုးဆက်တွေ အများကြီး။ ဒီလိုဖြစ်နေတာ မင်းတို့ ပထွေးတွေ ကြောင့်လို့ ငါပြောချင်လို့ တင်ထားတာ မျက်စိနှစ်လုံးစလုံးနဲ့ နားနှစ်ဖက်လုံး သေချာဖွင့်ထားပြီး ခေါင်းလေး သုံးဖတ်ရင် ကောင်းမယ် ကွဲ့ ...။

စာဖတ်သူကတော့ ကျနော်ပြောချင်တာနဲ့ ကွက်တိဘဲ။

စာသင်ပေးရတာ လွယ်ပါဘူး သွေးစက်ရာ ..

အားလုံးကျန်းမာ အဆင်ပြေကြပါစေ။ ဟိုးအပေါ်ဆုံးက နွားပါ ပါတယ်။

Anonymous said...

စိတ်ကြီးတာဗျာ...
သီးတောင်..သီးတယ် ရီရတာ...

Anonymous said...

ခွိခွိ..လိုက်ဆိုတာတောင် သိပ်ရဲရဲမဆို ရဲဘူးဗျာ..ဟုတ်ပ..။ အမယ် အပေါ်ဆုံးက ပုဂ္ဂိုလ်ကလဲ ဒီသီချင်း ကိုအပိုင်ရပုံပဲ..။ဂလိုဆိုရင်တော့ ဘဲဥကွဲပေးလိုက်မယ်ကွဲ့ တစ်မှတ်..။ ကြည့်လဲနားထောင်ကြအုံးနော်..ဘေးနားမှာချွန်တွန်းတွေ၇ှိမရှိလဲသတိထားအုံး.ဟိုနေ့ကမှ ကိုကျော်သရမ်းက အမိန့်ထုတ်ထားတာ။

Anonymous said...

thanks koshershay for the post. looking forward to your many new posts too. have a good weekend.

Anonymous said...

လီးပဲ လျှာရှည် မိုက်ရင် ထွက်ခဲ့

Harry said...

ကိုလျှာရှည်ရေ ... စာသားနဲ့ပတ်သက်လို့ နည်းနည်း ပြောချင်လို့ပါ ... ခင်ညွန့်ရည် ဆိုထားတာလည်း နည်းနည်း လွဲနေပါတယ်။ အဲဒီသီချင်းကို ကျနော် ငယ်ငယ်လေးတုန်းကတည်းက အလွတ်ရပါတယ်။ နောက်ပြီး မူလတန်းဖတ်စာ စာအုပ်တခုမှာလည်း (လေးတန်းကျောင်းစာအုပ်မှာလားမသိဘူး ... ) နောက်ဆုံးမှာ ပါပါသေးတယ်။ ကျနော်တို့ ငယ်ငယ်တုန်း ကပေါ့လေ ...

မူရင်းက ...

သူရဲကောင်းတဲ့ .. ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ် ...

ငါတို့ဗမာပြည်ဝယ် အမိအဖ အပေါင်းတို့ကကွယ်၊ အာဇာနည် အစစ်တွေကို ရှိဖို့ မွေးကြရမယ် ...

အာရှနိုင်ငံ ထူထောင်ရန်အတွက် မျိုးရိုးမတိမ်အောင် ...

အဲဒါ မူရင်းအတိုင်းပါပဲ ခင်ဗျား

Anonymous said...

ဒီသီချင်းမျိုးတွေ တစ်နေ့မှာ ပျောက်ကွယ်အောင်လုပ်နေကြတယ်..
အောက်ကလင့်ခ် မှာဒေါင်းလုပ်လုပ်နိုင်ပါတယ်..
နောင်လာနောင်သားတွေ နားထောင်လို့ရအောင်လဲ ထိမ်းသိမ်းဖြန့်ဝေပေးကြပါ..

http://www.mediafire.com/?m2o1gtmwzgz

Anonymous said...

သားသားလေးရဲ့ဆိုက်မှာလည်း ခင်ညွန့်ရီဆိုထားတဲ့ ဗိုလ်ချုပ်အကြောင်း အဲဒီသီချင်းတင်ထားပါတယ်ဗျာ။
နားထောင်နိုင်သလို... mp3 အသံဖိုင်အနေနဲ့ ဒေါင်းလော့ဒ်ယူဖို့ တင်ပေးထားပါတယ်။ လာရောက်အားနိုင်ပါတယ်..
http://sonsonlay.multiply.com/

Dr. Myo Chit said...

ပေါချင်လွန်းလို့တွေ ဆက် မပေါတော့ဘူးလား။ လုပ်ပါအုံး။ post တင်တဲ့လူအနေနဲ့

စဉ်းစားသင့်ပါတယ်။ ကိုယ့်အသက်အရွယ်နဲ့ ဒီလောက် မပေါသင့်ပါဘူး။

Anonymous said...

သူ့ ဟာသူ ပေါတာ ပေါပါစေ.. သူ့  blog ပဲ.. ကြိုက်တာတင် မှာပေါ့ ... မိတ်ဆွေတို့ မကြိုက်ရင် လာမဖတ်ရုံပေါ့ .. မဟုတ်ဖူးလား .....

Anonymous said...

ဒီသီချင်းကစနစ်ဟောင်းတတိယတန်းမြန်မာ
ဖတ်စာအုပ်ရဲ့နောက်ဆုံးစာမျက်နှာမှာပါပါတယ်။
၁၉၈၀/၈၄နှစ်တွေမှာတတိယတန်းနေဖူးသူတွေ
သိပါတယ်။ကျွန်တော်တို့တတိယတန်ူတုန်းက
သောကြာနေ့ညနေတိုင်းမှာတကျောင်းလုံးဆိုခဲရ
ပါတယ်။
SHWE BEM AUNG.

သက်သက်ဦး said...

ဗိုလ်ချူပ်အောင်ဆန်းသီချင်း ကိုယခင်က အဆိုတော် ဒေါ်မေလှမြိုင် ကလည်းဗမာသံပီသစ္တာူဖင့် သီဆိုတာုကား ဘူးပါ တယ်။ နောင်လာနောက်သား တွေကြားမှာ အူမဲ ဆိုပေုးက စေလိုတယ်။