Sunday, May 4, 2008

နအဖတို့ ဒါတွေလုပ်ကြ .....

နအဖ ဗိုလ်ချုပ်များ အနေဖြင့် အောက်ပါအချက်များကို ယနေ့မှစ၍ မပျက်မကွက် လုပ်ဆောင်ရန်အထူးလိုအပ်ပါသည်။


(၁) အနောက်နိုင်ငံများမှ မိုးလေ၀သ ခန့်မှန်းရေး ဂြိုလ်တု တီထွင်သူများအား နေ့စဉ်ပူဇော်ပသကြ။

(၂) နာဂစ်မုန်တိုင်း လားရာလမ်းကြောင်းကို ကြိုတင်ခန့်မှန်း တွက်ချက်ပေးသော အနောက်နိုင်ငံကြီးတစ်ခု၏ ရေတပ်နှင့် ပြည်ပအဖွဲ့အ စည်းအချို့အား နေ့တိုင်း ဖင်ကုန်းကုန်းပြီး ရှိခိုးဦးချကြ။

(၃) မုန်တိုင်းပြီးဆုံး၍ ဖြစ်ပေါ်လာသော ပြန်လည်တည်ဆောက်ရေး ပရောဂျက်များ အသီးသီး ဆောင်ရွက်လုပ်ကိုင်ခွင့်ရသောအခါ ထုံးစံ အတိုင်း မည်ကဲ့သို့ မျိုဆို့ကြမည်ကို ကြိုတင်စဉ်းစားကြ။

အထူးလုပ်ငန်းလမ်းညွှန်ချက် (၂) ရပ်

(၁) ယခုအခါ သရဏဂုံသုံးပါး ယိုယွင်းပျက်စီးပြီးဖြစ်သော နအဖ အဖွဲ့ဝင်များအနေဖြင့် မကြာမီအချိန်အတွင်း မြန်မာပြည်သူများ၏ ကျိန် စာ သင့်တော့မည်ဖြစ်ရာ လွတ်ရာကျွတ်ရာ၊ မိမိတို့နှင့်ထိုက်တန်ရာ ငရဲကြီးရှစ်ထပ်သို့ မည်သို့မည်ပုံ သွားသင့်သည်ကို စည်းလုံးညီညွတ်စွာ ကြိုတင် ညှိနှိုင်းတိုင်ပင်ကြ။

(၂) လိုအပ်ပါက ယခင်ရောက်နှင့်ပြီးသော အကုသိုလ်ဂိုဏ်းချုပ်ကြီး နေ၀င်းထံသို့ ဆက်သွယ်၍ လုပ်ငန်းလမ်းညွှန်များ ကြိုတင်၍ တောင်းခံကြ။

3 comments:

Anonymous said...

မုန်တိုင်း တိုက်ရင် တခြားမြန်မာတွေက ဘုရား ၊ဘုရား၊လို့ ဘုရားကို အားကိုးယုံကြည်တဲ့ စိတ်နဲ့ ရုတ်တရက် တမ်းတမိတာရှိတယ်။တချို့ မြန်မာတွေက တော့ အဖေ ၊ အမေလို့ ကိုယ်ချစ်မြတ်နိုးတဲ့ လူပုဂ္ဂိုလ်ကို တမ်းတ တာ ရှိတယ်။ အဲ လျှာရှည်ဆိုတဲ့ မြန်မာလူမျိုး တစ်ယောက်ကတော့ ထူးဆန်းတယ်ဗျ၊
သူ တစ်ခုခု ဘေးဒုက္ခရောက်ရင် "အဖေ အမေရိကန်ကြီး ၊ အဖေ အမေရိကန်ကြီး ၊ သားသားကို ကယ်ပါ "လို့ သူ့စိတ်ထဲ လေးစားအားကျ အဖေခေါ်ချင်တဲ့ အမေရိကန်ကို တမ်းတလေ့ရှိသတဲ့

ကိုလျှာရှည် said...

ငါမလုပ်ပါဘူး နွားလေးရ .. နင်တို့ အဘ နွားကြီးတွေ လုပ်သင့်တာ ပြောတာပါ .. စိတ်ဆိုးနေတာလား ဒါက :)

Anonymous said...

ဒီလောက်တောင်ယုတ်မာဂျွတ်တတ်နေတဲ့နအဖကိုဒီလောက်တော်ကာကွယ်ပေးချင်နေသေးရင်တော့...သန်းရွှေးဖပ်သာမင့်မျက်ခွက်မှာစွတ်ထား--အပေါ်ဆုံးကခွေးမသား