Sunday, October 7, 2007

ပြောချင်လွန်းလို့ (၄)

စီဗုံးမှာထောက်ပြထားတဲ့မေးခွန်းတစ်ခုကို ပထမဦးဆုံးပြန်ဖြေပါတယ်ဗျို့၊ရေးထားတာ“တစ်နေ့လုံးမနားပဲမောင်းနေတာ”လို့ရေးထားတာ ပါ။ တစ်ညလုံးမဟုတ်ပါဘူး။ (၂၄) နာရီလုံးလုံးမောင်းနေတာလို့လည်းမရေးထားပါဘူး။ ညဘက်နားတာမို့လို့ .. ချဲ့တွေးပြီးစဉ်းစား မိခဲ့ရင်၊ ပိုဆိုးသွားမှာ၊ အဲဒါကြောင့် “နေ့” လို့ပဲပါတာ။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက၊၀န်ထမ်းတစ်ဦးပြောသွားတာလည်းမှန်ပါတယ်။ အစောကတည်းကိုက တပ်မတော်အနေနဲ့ ရုရှား ပညာ သင်လွှတ်တဲ့ကိစ္စကိုအထူးလျှို့ဝှက်ခဲ့တာပါ။ အခုမှသာ၊ဆိတ်ဗိုလ်တွေကြောင့်ပွစိလန်ကုန်တာဗျို့။ သေချာဆွေးနွေးကြစတမ်းဆိုရင်စံနစ် တစ်ခုလုံးကိုပြောရမှာဖြစ်ပါတယ်။ အဲဒီပညာသင်လွှတ်တဲ့စီမံကိန်းအကြောင်းနဲနဲပါးပါးကို လျှာရှည် အနာဂတ်မှာဆွေးနွေးဖို့ရှိပါတယ်။ ဆိတ်ဗိုလ်တို့ဆက်ပြီး ငါသိ၊ ငါတတ်၊ လူတွင်ကျယ်လုပ်နေဦးမယ်ဆိုရင်ပေါ့လေ။ အခုလျှာရှည် ဘာကောင်လဲဆိုတာလည်း တော် တော်စိတ်ဝင်စားနေကြတယ်ထင်ပါ့။ ရှာမတွေ့တော့ စိတ်လည်းတိုတယ်။ တစ်ချို့ဆိုကြမ်းနဲ့၊ ဖင် ဆောင့်နေကြတယ်ဆိုပဲ။
မတိုနဲ့၊မဆောင့်နဲ့.....ဆိတ်ဗိုလ်တို့၊ ရာသီဥတုအေးရတဲ့အထဲ တိုလည်းတို၊ ဆောင့်လည်းဆောင့်မိရင်၊ လူစဉ်မမီပဲ၊ ကိုယ့်မျိုးဆက်လေး တွေချန်မထားခဲ့နိုင်ဖြစ်နေဦးမယ်။ ဘဒ္ဒကမ္ဘာမှာနောက်ဘုရားအဆူဆူပွင့်တော်မူသွားလိမ့်မယ်။ လျှာရှည့်ကိုရှာနေရင်၊ မောင်မင်းတို့၊ ကိုယ်ကျိုးနည်းမည်သာပ။ ကိုယ့်စာကိုယ်သာကြိုးစားကြ။ မအာရင်၊ မဖွာရင်၊ မညာရင်၊ လူတိုင်းက ၀ဲ(လ်)ကမ်းပဲ။ ရာဇ၀င်ထဲမှာ၊ ပြင်ဦးလွင်ကိုထားခဲ့လိုက်တော့။ နိုင်ငံတကာစာမျက်နှာမှာ ဗိုလ်ဥာဏ်ဝင်းလိုမလုပ်နဲ့။ ဗိုလ်ကျော်ဆန်းလိုလည်းတွေ့ကရာလက်ညှိုး မထိုးနဲ့။ ကမ္ဘာကြီးလုံးတယ်ဆိုတာ လက်ခံရင်၊ အမေရိကန်တွေ လပေါ်ရောက်ဖူးတယ်ဆိုတာ ယုံကြည်ရင်။ ဗိုလ်သန်းရွှေတို့၊ မင်းတို့အား လုံးသာသနာ့အပြင်ရောက်နေကြပြီဆိုတာ နားလည်ကြ။သနားလို့၊ မြန်မာအချင်းချင်းကူညီရိုင်းပင်းပြီးတော့၊ လူ့အသိုင်းအ၀ိုင်းထဲဆွဲခေါ် နေကြတာ။ မလိုက်ချင်တောင်ဆွဲတဲ့လက် ပြန်မကိုက်ကြနဲ့။ ဗြိတိသျှနေမ၀င်အင်ပိုင်ယာကြီးတောင်၊ မိုးချုပ်သွားခဲ့ပါပြီကော။ ဒါ..ပညာ ခေတ်၊အတွေးတွေကိုဖြန့်ထုတ်လိုက်စမ်းပါ။ မြန်မာပြည်မှာ၊ မကောင်းတဲ့ဗိုလ်ချုပ်တွေ၊ ဘယ်သူမှအသေမလှဘူး။ သေပြီးရင်နာမည် ဆိုးပဲကျန်တာ။ မောင်မင်းကြီးသားတို့ဗိုလ်ချုပ်အောင်ဆန်းကောကြားဖူးရဲ့လား။ “တစ်ထောင်ကိုးရာလေးဆယ့်ခွန်၊ ပြောင်းကြွတမလွန်၊ မျက်ရည်သွန်လို့ဘ၀င်ညှိုးဇူလိုင်တဆယ့်ကိုး” တဲ့။
ပျော်လို့လက်အညောင်းခံရေးပြနေတာမဟုတ်ဘူး။ မကြားဖူးရင်သိအောင်ပြောနေတာ။ ဗိုလ်ချုပ်ကျဆုံးတာရာစုနှစ်တစ်ဝက်ကျော်ခဲ့ပြီ။ ဒီနေ့အထိနာမည်ကောင်းရတယ်။ အကုန်သိတယ်။ မင်းတို့ရဲ့ ဂျိုကုပ်မှူးကြီးလည်းကောင်းကောင်းသိတယ်။ ရူးချင်ယောင်ဆောင်နေလို့၊ သဘောပေါက်။ သူရူးတာကကိစ္စမရှိဘူး။ မင်းတို့ကိုပါအရူးဇာတ်သွင်းနေတာကလား။ သူသေရင် (၆)ရက်တောင်လူလွမ်းပါ့မလား။ မထင် ပေါင်။ တရားသဘောဆိုတာ သိပ်အလေးအနက်ကြီးပြောနေစရာမလိုသေးဘူး။ ထားလိုက်ဦး။ သဒါဂမ်တို့၊ အနာဂမ်တို့၊ ရဟန္တာတို့၊ နိဗ္ဗာန်တို့ကို၊ အဝေးကြီး၊ လူဝတ်ကြောင်ဘ၀နဲ့တင်အပါယ်တံခါးပိတ်စေတဲ့နည်းတွေ၊ အများကြီး၊ သောတပန်ပေါ့ဗျာ။ ဘာမှမဟုတ်ဘူး။ ငါးပါးသီလလေးလောက်တော့လုံအောင်ထိမ်းထားပေါ့။ ထားလိုက်ပါဦးဗျာ။ ပုထုဇဉ်ဆိုတော့ကာ၊ အသောက်အစားလေးတော့ရှိမယ်။ မုသားမပါ၊ လင်္ကာ မချောဆိုတာလေးကလည်းရှိသေးတော့၊ “အာ”စမ်းပါ၊ နဲနဲပါးပါး။ ခုတော့ဖြင့်ဗျာ မြန်မာပြည်ကရှိသမျှ ဘုရားမထပ် စေရ၊ ဖူးပြနေတာပဲ။ ဖြစ်နိုင်ရင်ကျိုက်ထီးရိုးတောင်ပေါ် တိုက်လေယဉ်စီးပြီးနေ့တိုင်းသွားဖူးပြဦးမှာ၊ လေယဉ်ကွင်းမဆောက်နိုင်သေးလို့၊ လုပ်တဲ့အလုပ်ကဖြင့် ဘုန်းကြီးသတ်တာတဲ့။ သောက်တလွဲ။
ဒီမှာကိုယ့်ဆိတ်ဗိုလ်၊ ၀ိပဿနာစိတ်မ၀င်စားသေးရင်ခဏထားလိုက်ဦး။ သတိလေးနဲ့တော့ဆင်ခြင်စေချင်တာပေါ့။ စဉ်းစားစေချင်တာ ပေါ့။ပြောသာပြောရတာပါ။ မနေ့တစ်နေ့ကမှ၊ဘုန်းကြီးမိစ္ဆာ၊မီးတိုက်ပေးနေတဲ့အသံကြီးကြားလိုက်ရသေးတာပဲ။ ဘုန်းကြီးအစစ်တွေက၊ ထောင်ထဲမှာ၊ အရည်းကြီးတွေကဘုန်းကြီးကျောင်းမှာ။ သွားပြီပေါ့။ ကြားဖူးတယ်။ တစ်ယောက်မကောင်းတစ်ဖွဲ့လုံးတဲ့၊ ခေါင်သူ ကြီးစည်းဖေါက်နေမှတော့။ သွားပြီ။ သွားပြီ။ ပြည်ပြေးတွေကြောင့်တော့ပြည်မပျက်သွားနိုင်ဘူး။ ကြပ်ပြေးမိစ္ဆာတွေကြောင့်သာ သေချာပေါက် ပျက်မှာ။ ကြားဖူးသေးတယ်စီနီယာတစ်ယောက် ပြောသွားတာ၊ တပ်မတော်ပျက်ကြောင်း..... ကြည်း 30000 တဲ့။ စဉ်းစားစရာတွေပဲ။ ပြောချင်လွန်းလို့။

5 comments:

Anonymous said...

ဒီဗိုလ်ပေါက်အများစုက နူးကလီးယားပညာအတွက် ပညာတော်သင်စေလွတ်ထားတာဆိုရင်တော့ နိုင်ငံအတွက် ကျွန်တော်မစိုးရိမ်ဘူး။ ဖိစစ်ကမိတ်ဆွေတစ်ယောက်အပြောအရဆိုရင် ဗိုလ်သန်းရွှေ ပညာတော်သင်လွတ်သာလွတ်နေတယ် ရေဒီရေးရှင်းဝတ်စုံဖိုးမတက်နိုင်ဘူးတဲ့။ ဒီကောင်တွေကို တစ်ခါသုံးလက်အိပ်တွေလိုဘဲ သုံးပြီးပြစ်မှာပြောတယ်။

Anonymous said...

Ko Sharshay,

You rocks bro, keep going...

Anonymous said...

hi ko shershay,

good job!keep it up!.. because of u, we all have a chance to know abt these "sate bo"..hee hee...

nyeenyee2007 said...

very good post & idea, keep on, more & more want to read again & again thanks bro:

Anonymous said...

(ဘုန်းကြီးအစစ်တွေက၊ ထောင်ထဲမှာ၊ အရည်းကြီးတွေကဘုန်းကြီးကျောင်းမှာ။)ကိုရှာရှည် သတိလေးတော့ထားပါဦး ။ ငရဲ နော် ငရဲ ၊၀ါးလုံး နဲ့ မရမ်းနဲ. ၊ ခင်ဗျား ပထွေးလေးတွေကိုစော်ကားတာကအရေး မ ကြီးဘူး ၊ဘုန်းကြီးကျောင်းထဲမှာအတရားထိုင်ပြီးသူတော်ကောင်းတရားတွေကိုကျင့်ကြံနေတဲ့ ဘုန်းကြီး တွေ ကိုစော်ကားရင်…. အမျှ …အမျှ…အမျှ………(ကိုရှာရှည်…စကား ဆိုတာ ပြောတဲ့လူရဲ့ ဇာတိကိုပြတယ်တဲ့ဗျ။)