Error loading feed.

Tuesday, October 2, 2007

ပြောချင်လွန်းလို့ (၁)

ဒီနေ့ကုလသမဂ္ဂမှာနိုင်ငံခြားရေးဝန်ကြီးဗိုလ်ဥာဏ်ဝင်းမိန့်ခွန်းပြောသွားပြန်ပြီ။ ဆန္ဒပြသူအနည်းစုလေးနဲ့ပြည်ပ သွေးထိုးမှုကြောင့် ဘာညာ၊ သာရကာတွေပဲပေါ့။ စစ်သားများပြောနေကြလိုပဲ ချီးပေါက်သွားတယ်လေ။ ကုလသမဂ္ဂခန်းမတစ်ခုလုံးနံစော်သွားတာပဲ။ ရှက်စရာ ကောင်းလိုက်တာ၊အင်္ဂလိပ်လိုကလည်းကပေါက်တိကပေါက်ချာ၊ မပြောတတ်ရင်လည်းအီရန်သမ္မတလို၊ ကိုယ့်ဘာသာစကားပဲကိုယ်ပြော ပါတော့လား၊ အေးလေ၊ ကုလမှာလည်း မြန်မာဘာသာစကားပြန်ဘယ်သူမှမလုပ်ချင်တော့ဘူးထင်ပါရဲ့၊အရှက်တွေကကွဲပြီးရင်းကွဲ၊ ရန် ကုန်ကဘာသာပြန်ပေးလိုက်တဲ့စာရွက်ကြီးတရစပ်ငုံ့ဖတ်သွားလိုက်တာ၊သနားစရာလည်းကောင်း၊ သောက်မြင်ကပ်ဖို့လည်း ကောင်း၊ မ ထူးတော့ပါဘူး ကုလမှာပဲတစ်ခါတည်း နိုင်ငံရေးခိုလှုံခွင့်တောင်းလိုက်ပါတော့လား။ ဟိုဘက်ကဖိထောင်း၊ ဒီဘက်ကဖိထောင်းနဲ့ကြာရင် တော့လုံးပါးပါးတော့မှာသေချာတယ်။ ဆိုးတာကဗိုလ်ဥာဏ်ဝင်းခင်မျာသူ့ဘာသာသူဖတ်သာနေရတယ်၊ ဘာလိမ်လို့လိမ်မှန်းတောင်သိပါ့ မလားပဲ။

နိုင်ငံတကာရောက်၊ပညာတတ်၊အဆင့်အတန်းရှိ၊ စဉ်းစားတွေးခေါ်တတ်ပြီးတော့ ကိုယ့်နိုင်ငံကိုချစ်တဲ့မိကောင်းဖခင်သားသမီး၊ မြန်မာလူ ငယ်များ...ခင်ဗျာ...ဘာလို့အချိန်ကုန်ခံပြီးဦးနှောက်မရှိတဲ့အဲဒီစစ်ခွေးပေါက်စနလေး တွေကိုဖက်ပြိုင်စကားပြောနေကြတာလဲ။ သူတို့ကို ဆွေးနွေးဖို့ကြိုးစားနေကြတာလား။ မလုပ်ပါနဲ့အရပ်ကတို့ရေ .. ဒီသဘောက်မသားတွေဟာ သူတို့ရဲ့လခလေးတွေတောင်ရှေ့လျှောက် ပုံမှန်ရဖို့အတော်လေးအခက်အခဲဖြစ်နေလို့၊သူတို့ခင်မျာမှာ၊အွန်လိုင်းမှာလျှောက်အာဖို့အတွက်၊ အင်တာနက်ကြေးလေးပေးဖို့၊ ဘီယာဖိုး လေး၊ ဆေး လိပ်ဖိုးလေးတောင်မလွယ်ဘူးဖြစ်နေလို့ဗျ။

ပြောရဦးမယ်။အရင်တုန်းကမရှိမဲ့ရှိမဲ့၊ ပြည်သူတွေဆီကနေမတရားယူထားတဲ့ပိုက်ဆံတွေ၊ နိုင်ငံ့ဘဏ္ဍာတွေကိုယ့်အိတ်ထဲထည့်၊ သူတို့ အုပ်ချုပ်ရေးခိုင်မာဖို့သာရည်ရွယ်တဲ့ရုရှားပညာတော်သင်စီမံကိန်းမှာအလွှတ်ခံထား ရတဲ့ အဲဒီကစစ်ဗိုလ်သေးသေးလေးတွေဟာတစ်လမှ(ဒေါ်လာ200)ပဲရကြတာကလား၊ အခုတော့သဘာဝဓါတ်ငွေ့လေး ရောင်းကောင်းလို့တစ်ယောက်(၅၀)တိုးပေးပြီး၊ ချီးမြှောက်ခံထားကြ ရတာလေ။ အထဲမှာနေတုန်းဝါးလုံးခေါင်းထဲ လသာခဲ့ကြတဲ့ သူတို့အတွက်ကတော့ မနည်းမနောပိုက်ဆံပဲ။ မမြင်ဖူးတာတွေမြင်ရ၊ မစားဖူး တာတွေ စားရ၊မသုံးဖူးတာတွေသုံးရ၊မစီးဖူးတာတွေစီးရ (လေယဉ်တို့၊ မက်ထရိုမြေအောက်ရထားပြောတာပါ) နဲ့တော်တော် များများ အောက်ခြေလွတ်ကုန်ကြတာကလား။ ကိုယ့်ဘ၀ကိုယ်နားလည်တဲ့ စစ်ဗိုလ်လေးတွေရှိကြပါတယ်။ အဲဒီကလေးတွေကလည်း သူတို့လို လျှောက်အာဖျံကွီးလုပ်ပြီး၊ အဖေကြီးအကြိုက်လိုက် ဟောင်မနေကြပါဘူး။ သူတို့အခြေအနေသိလွန်းလို့၊ကိုယ့်စာကိုယ်လုပ်ပြီး၊ အချိန် တန်အိမ်ပြန်ဖို့သာစဉ်းစားနေကြတာပဲ။ အဲဒီမှာကျောင်းသားဘယ်နှစ်ယောက်ရှိလဲ၊ (၁၀၀၀)၀န်းကျင်ပဲပေါ့။ (၁၀၀၀) လုံး လိုက်ဟောင် နေသလား၊ မဟောင်ဘူး။

သူတို့အခြေအနေသူတို့သိတယ်ဆိုတာကတော့ရှင်းပါတယ်။ ရုရှားတက္ကသိုလ်တွေကသူတို့မြန်မာစစ်ဗိုလ်တွေအနေနဲ့ လက်ခံပညာသင် ပေးနေတာမဟုတ်ဘူး။ ရှင်းရှင်းပြောရရင် သူတို့မလာခင်ကတည်းက၊ စစ်ယူနီဖေါင်းနဲ့ပတ်သက်တာ၊ စစ်တပ်နဲ့ပတ်သက်တာ ဓါတ်ပုံက အစဘာမှမယူခိုင်းဘူး။ရှင်းနေတာပဲ။ ဘယ်လိုပုံစံနဲ့နေထိုင်ပညာသင်နေကြရတယ်ဆိုတာအောက်မှာရေးထားတယ်လေ။ ရန်ကုန်စက်မှု တက္ကသိုလ်ကအင်ဂျင်နီယာဘွဲ့ လက်မှတ်တွေကိုဓါးပြတိုက်ပြီးတော့အင်ဂျင်နီယာ အယောင်ဆောင်လိမ်ခဲ့ကြတာ၊ အခုတော့အားလုံးသိ နေကြပြီ။အင်ဂျင်နီယာစစ်ဗိုလ်စစ်စစ်တွေ၊ ဆရာဝန်စစ်ဗိုလ်စစ်တွေရှိကြပါတယ်။ အနည်းစုပါ။ အများဆုံးကတော့ မေမြို့က စစ်ကျောင်း ဆင်းဗိုလ်တွေပါ။သူတို့ကတော့သိတဲ့အတိုင်းပဲ။ နိုင်ငံတော်ကြီးဆိုတာသူတို့၊ နိုင်ငံတော်ကိုသူတို့သာပိုင်တယ်။ မြန်မာ့နိုင်ငံရေးကိုသူတို့သာ စီမံခန့်ခွဲပိုင်ခွင့်ရှိတယ်ဆိုပြီး၊ဦးနှောက်အလဲခံထားရတဲ့သနားစရာ အင်မတန် ကောင်းတဲ့သတ္တ၀ါလေးတွေပါ။ သူတို့အသက်အခုရှိလှ(၂၅)၀န်းကျင်ပေါ့။ကျောင်းဆင်းတာနဲ့တစ်ခါတည်း၊တပ်ရင်းဆိုတာဘာမှန်းမသိခင်၊ နိုင်ငံခြားရောက်တော့လည်းဘ၀င်လေဟပ်၊ ခွေးပတပ်ရပ် သလိုဖြစ်နေတော့တာပေါ့။အဲဒါကြောင့်မပြောကြပါနဲ့လိုပြောနေတာလေ။ပြောတဲ့လူ၊ဟောတဲ့လူ၊ ပြောရင်းဟောရင်းနဲ့ အသက်ပါသွား မယ်။ ဒီကလေးတွေအသိတရားရမယ်မထင်။ သူတို့ဘယ်အချိန်မှာမှသိမယ်ထင်နေလဲ။ သူတို့အဖေကြီးကြိုးစင် ရောက်မှသိမှာဗျာတို့။ ဒါတောင်ပြောဦးမယ်။ တပ်မတော်ကြီးအတွက် အသက်စွန့်သွားရတာလို့၊ မြင်နေတယ်နော်ဒီက။

မြန်မာပြည်မှာသူတို့ပိုင်တဲ့၊ စစ်တပ်နဲ့ပတ်သက်တဲ့ကျောင်းတွေ၊ တက္ကသိုလ်တွေသာပြည့်စုံတယ်နော်၊ အားလုံးပေါ့၊ အထောက်အကူပြု၊ ပစ္စည်းကရိယာ၊ ဆရာ။ ဒါပေမယ့်ရုရှားရောက်တော့သနားစရာဖြစ်ကြရပြန်တာပဲ။ နွား ခြေရာခွက်ထဲ ကမ္ဘာသစ်တည်နေကြတာကိုး။ ရု ရှားမှာပထမဆုံးအခက်အခဲကဘာလဲဆိုတော့ဘာသာစကားပဲ။ဒါကတော့နိုင်ငံတိုင်းမှာ၊မြန်မာတိုင်းကြုံရတာလေ။ ငယ်ငယ်ကတည်းက အင်္ဂလိပ်စာနဲ့သာရင်းနှီးလာတဲ့မြန်မာတွေရုရှားနဲ့လည်းထိပ်တိုက်တွေ့ရောပြာယာခပ်ကုန်ကြတာပေါ့။ အရင်တုန်းကဆိုရင်ရုရှားကိုလွှတ် တဲ့အခါအဲဒီစစ်ဗိုလ်တွေကိုဘာမှကြိုတင်သင်ကြားမပေးပဲ ဒီအတိုင်းလွှတ်ထည့်လိုက်တာ။ လေယဉ်ပေါ်မှာတင် စပြီးဒုက္ခရောက်ကြရတာ ပဲ။ရုရှားလေယဉ်မယ်တော်တော်များများကလည်း အင်္ဂလိပ်စာမတတ်၊တတ်ရဲ့သားနဲ့သောက် မြင်ကပ်ပြီးသူတို့ကိုမပြောတာလားတော့ မသိ။ အစားအသောက်ကိစ္စကနေစပြီးအိုးနင်းခွက်နင်းဖြစ်ကြရတာ။ ရောက်ပြီးတော့မှဘာသာစကားကို (အာ၊ဘယ်၊ဂယ်၊ဒယ်) လောက် ကနေစပြီးသင်ကြရတာကိုး။ ဘာလို့လဲတော့မသိဘူး။ မဟာသင်တန်းစတက်မဲ့မြန်မာကျောင်းသားအားလုံးဟာရုရှားပညာရေး အဆင့် အတန်းအရ(၁၀)တန်းသာသာပဲရှိကြတာကိုရုရှားဆရာတွေအားလုံး အံ့သြသင့်ကြရတော့တာပဲ။စာမေးပွဲတွေစစ်ကြသေးတယ်။

အရည်အချင်းစစ်သဘောပေါ့လေ။ ဘာမှမခက်ပါဘူး။ အရင်ကမြန်မာပြည်မှာ (၈) တန်းအဆင့်သင်္ချာ၊ရူပ၊ဓါတု၊ အဲလောက်လေးစစ်တာ တောင်မှလူ(၄၁)ယောက်မှာအယောက်(၄၀)ကျဖူးတဲ့အခြေအနေရှိတယ်ဗျို့။ မဟာသင်တန်းဘယ်နှယ့်လုပ်သင်ကြမတုန်း။ ဒါပေမယ့် အလုပ်ဖြစ်ပါတယ်ဗျာ။ အထည်ကြီးပျက်ရုရှားတွေကပိုက်ဆံရတယ်လေ။ ပြီးတော့မြန်မာပြည်မှာနောက်ထပ်ရစရာတွေတစ်ပုံကြီး ရှိသေး တယ်။ပြီးတော့ရုရှားဘွဲ့ရထားတဲ့မြန်မာတွေအမေရိကန်သွားအလုပ်လုပ်မှာမှမဟုတ်ပဲ။ အရည်အချင်းမရှိပဲဘွဲ့ပေးလိုက်လည်း ဘာမှ မ ဖြစ်ဘူး။စ စ်ဗိုလ်တွေကိုသူတို့ကလွဲပြီးဘယ်နိုင်ငံကမှ လက်မခံတာသူတို့သိနေကြတာပဲ။ ၀ါးလုံးခေါင်းထဲပဲပြန်လွှတ်မှာလေဗျာ။ အဲဒီတော့ တတ်တတ်မတတ်တတ်၊သိပ်ရုပ်ပျက်ဆင်းပျက်မဖြစ်ရင်၊ အချိန်တန်ရင် တော့ဘွဲ့တစ်ခုပေးလိုက်တာပါပဲ။ တစ်ချို့ပညာအဆင့်အတန်းကို တကယ်တန်ဘိုးထားတဲ့ဆရာတွေတော့ရှိတယ်နော်။ ဘာကြောင့်ဖြစ်ဖြစ်လုံးဝအထိမခံတဲ့ဆရာတွေကြောင့် အချိန်မတိုင်ခင်ဖျာလိပ်ပြန် ကြရတဲ့သူတွေရှိတယ်။ ရုရှားအစိုးရက သူတို့ကို(-)င်ချနေတာ အဟုတ်ကြီးမှတ်နေတယ်။ ဘွဲ့ရပြန်လာပြီးတဲ့သူတွေ ဘယ်နှစ်ယောက် လောက်ကိုယ့်နိုင်ငံအတွက်ထိထိရောက်ရောက်အလုပ်လုပ်နေကြသလဲဆိုတာတော့တော်တော်စဉ်းစားရကြပ်တာပဲ။ခက်လိုက်တာ။

အဲဒါကြောင့်ဘာမှနားမလည်တဲ့ သွေးနားထင်ရောက်နေတဲ့၊ သူတို့ကိုခွင့်လွှတ်ပေးလိုက်ကြပါ။ မြန်မာပြည်မှာလည်း လူတွေအမုန်းခံရ၊ အွန်လိုင်းမှာလည်းအရောဝင်ချင်တဲ့လူမရှိဆိုရင်၊ စိတ်ညစ်ပြီးမက်ထရိုရထားကြိတ်အသေခံသွားကြမှာစိုးရတယ်။ အခုနောက်ပိုင်းတော့ အရှက်ကွဲလွန်းလို့ထင်ပါတယ်။မေမြို့မှာကတည်းက ရုရှားဘာသာစကားကြိုသင်ပေးပြီးမှလွှတ်တဲ့စနစ်ကိုသုံးလာတယ်။ အဲဒါအဆင့်မီ သလားဆိုတော့တတ်တဲ့သူတော့ရှိပါတယ်။လက်ချိုးရေလို့ရတယ်ဟိုရောက်ရင်(၉)လတော့အစအဆုံးပြန်သင်ပေးရတာပဲ။ တကယ့်မဟာ သင်တန်းတွေထားလိုက်ပါဦး။ လစဉ်စစ်တဲ့ရုရှားဘာသာစာမေးပွဲတွေကျလို့၊ မြန်မာသံရုံးသွားပြီးအဆဲခံရတာမြန်မာကျောင်းသားတော် တော်များများအတွက်ကတော့မထူးဆန်းဘူးဆိုရမှာပဲ။ လကုန်ရက်တွေဆိုမော်စကို မြန်မာသံရုံးကတကယ်အလုပ်လုပ်တာ။ ကျောင်း တွေကတင်လာတဲ့ ရီပို့အရ၊ စာမေးပွဲကျတဲ့သူတွေခေါ်ဆဲရတာ။ လခ ထုတ်ပေးရတာ။ ချွေးမထွက်ပဲနိုင်ငံ့တာဝန်ထမ်းနေကြတာလေ။

သူတို့ပြောလေ့ရှိတယ်။ ပလူကိုပျံနေတာပဲ၊ဘာတဲ့၊ ခင်ဗျားတို့နိုင်ငံအတွက်ချွေးဘယ်နှစ်စက်ကျဖူးသလဲတဲ့။ တော်တော်ကလေးဆန်ပြီးအ တွေးခေါ်တုံးလွန်းတဲ့စကားလုံးတွေပဲ။ ဒီလောက်တုံးလွန်းညံ့လွန်းတဲ့သူတွေကိုရှင်းပြစရာမြန်မာစကားလုံးရှာမတွေ့တော့လို့မပြောတော့ ပါဘူး။ဒါပေမယ့်စကားတစ်ခွန်းတော့ကြားဖူးတယ်။ ဘာတဲ့ “လဒ” လောက်တော့ငှက်တိုင်းလှတယ်ကိုယ့်လူရေ .....တဲ့။ ပြောချင်လွန်း တာတွေပါ။

မှတ်ချက်။ ။မက်ထရိုဆိုတာမော်စကိုမြေအောက်ရထားကိုပြောတာပါ၊ မသိခဲ့ရင်ပြောတာပါ။ရုရှားလေသံ စစ်စစ်နဲ့ပြောရရင်တော့ “မီသရို” လို့ခေါ်ပါသကိုး .. အရပ်ကတို့ရေ..... )

13 comments:

Anonymous said...

=) Ha haha ha I am dying of laughing here, aww.. How do you know all this shit! I never know all this, humm ... poor puppies.( not all of them, some) you are genius!!! you rock!!

Anonymous said...

dude ! u da best ! very enlightening abt that russia scholar shit.

keep on postin' bro

Anonymous said...

ဒီအချိန်က နားမလည်တဲ့သူတွေကို တိုက်ခိုက်နေမယ့်အစား တပ်ထဲက နားလည်သူတွေကို စည်းရုံးသင့်တယ်။ တိုက်ခိုက်မှုက အနုတ်လက္ခဏာ၊ စည်းရုံးမှုကသာ အပေါင်းလက္ခဏာ ဆောင်မှာပါ။ သွေးခွဲ အုပ်ချုပ်ထားတဲ့စနစ်ကို တတပ်တအား ပါဝင် ကူညီရာရောက်နေတယ်။ မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေဖြစ်သွားလိမ့်မယ်။

JP Youte Pya MM said...

lay sar tal ko shar shay yay... ayan kg tae sar par pal byar.

Than Htaik Win said...

What a great post!! Russia ka khway tway a kyaung kaung kaung thi ya tar pot. Thx

Unknown said...

...aww (lu lo think tat tae sit thar thwe ma par win par)RU ka na a`pha yae naut lite dog lay thwe yal south shat ka tot kwal pe yin hthet kwal nay par lar hal...yo thu ma shat myin thu shat lar pe...

boedawgyi said...

holy crap dude! lol

Anonymous said...

Brother,

Can't stop laughing and sharing with all my friends. Really appreciate all your collections and knowledges about those little junta puppies. Great efforts and thanks for your shining words so that we can use these for fighting back to those little junta puppies that bark so loud even in oversea in order to let their step-father hear that they are barking loud.

Anonymous said...

Can't stop laughing and sharing with all my friends. Really appreciate all your collections and knowledges about those little junta puppies. Great efforts and thanks for your shining words so that we can use these for fighting back to those little junta puppies that bark so loud even in oversea in order to let their step-father hear that they are barking loud.
GAL GAL

Anonymous said...

U rule! What a hilarious & informative post, great job. Bravo my brother. Although I must say I do agree with what anonymous October 3, 2007 8:23 PM said, your article is so good that I can’t help loving it.

Anonymous said...

မရေးတော့ဘူးလို့ပဲဗျာ။တော်ကြာ လျှာရှည်ဆိုတဲ့သူက သွေးနားထင်ရောက်သွားမှာစိုးလို့။အပေါားဟာသတွေဆိုတာ အပေါစားလူတန်းစားကိုပဲ ရယ်(ရီ)စေရပါတယ်ဗျာ။အရေးအသားလေးကတော့ မဆိုးပါဘူး။ကိုယ့်ကိုကိုယ် ဘာလဲဆိုတာတော့ အရင်သိအောင်လုပ်ဦးပေါ့ဗျာ။

Anonymous said...

အပေါားဟာသတွေဆိုတာ အပေါစားလူတန်းစားကိုပဲ ရယ်(ရီ)စေရပါတယ်ဗျာ။အရေးအသားလေးကတော့
Yeah...Right!!! Thats why you don't understand this post..This kind of joke is not your type, right??? I am sure your Pa Pa's media is the best for you.

Anonymous said...

very good writing, pls reveal all about them, Good job , go on!!