Monday, November 5, 2007

ပြောင်လျှာရှည်တို့ကတဲ့ဇာတ် (၈)

“ဒါ တို့တိုင်း ..တို့ပြည် .. တို့မြန်မာတွေ..၊ (မြင့်မြတ်တဲ့ ဂုဏ်ကျက်သရေ ..၊ ကျုပ်တို့ရဲ့ ရွှေထီး ရွှေနန်း တင့်ဆန်းပေ..၊)2 ...၊ အာဇာနည် ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည်၊ သံဃာတွေခုတော့ ဘယ်မှာပုန်းလို့ပြေးနေ..၊ ပလ္လင်ပေါ်မျောက်တွေခုန်ကာတက်လို့ကနေ .. ကနေ..၊ ပိုင်ဆိုင်သူ ဘိုးဘွားဘီဘင် တို့အမွေ...၊ ခုတော့ သူခိုးတွေ ခိုးနေ ....။

ဇာတ်ခုံ အလယ်လောက်မှာ စားပွဲတစ်လုံး၊ စားပွဲပေါ်မှာ စာရွက်စာတမ်းတချို့နဲ့အတူ ခန့်ခန့်ကြီးထိုင်နေတာကတော့ စစ်သားဝတ်စုံ အကျအန၀တ်ထားတဲ့လျှာရှည်တယောက် ..၊ သတင်းစာကိုင်ရင်းဟိုလှန်ဒီလှန်လုပ်နေသည်။ သတင်းစာပြောတာပါ။ နောက်ခံသီချင်း လေးက (ညာဖြီးရန်..) ဆိုတဲ့သီချင်းလေးကိုခပ်တိုးတိုးဖွင့်ထား..၊ ကုလားထိုင်ပေါ်ဘယ်ခြေထောက်ပေါ် ညာခြေထောက်တင်ကာ၊ မျက် မှောင်ချီလို့ ...။

လျှာရှည် ။ ။ “ အင်း .. ငါလဲဘာလိုလိုနဲ့ အကိုင်အတွယ်ကောင်းတော့ လူကြီးတွေသဘောကျပြီး တပ်ကြပ်ကြီးလျှာရှည်..၊ လျှာရှည် တပ်ကြပ်ကြီးဖြစ်ပြန်ပေါ့.. ဟားဟား..ဟား၊ ဟန်ကျပါ့၊ အမှန်ကတော့ တပ်ကိုကျပ်တည်းအောင် လုပ်တဲ့နေရာမှာ ဆရာကြီးပေါ့ ...။ ဒီနေ့သတင်းစာမှာကောင်းသတင်းလေးတွေဖတ်ကြည့်ရအုံးမယ်..၊ အင်း ..ဘာတဲ့ .. ဘူသီးတောင်မောင်းတောဒေသ နယ်စပ်တွင် မြန်မာ့တပ်မတော်မှ တာဝန်ရှိသူ တိုင်းမှူးကြီးများသည် နိုင်ငံတော်အကြီးအကဲများ လမ်းညွှန်ချက်နဲ့အညီ တည်ဆောက်ပြုပြင် ၊ မြန်ပြည်တခွင်ဆိုသည့် ဆောင်ပုဒ်အတိုင်း ..၊ တံတားဆောက် ..၊ လမ်းဖောက်၊ နေ့မအား ညမနား သံတွဲခရိုင်အတွင်းခိုးမှုဖြစ်ပွားပါသဖြင့် ..၊ ထောင်ဒဏ် အနှစ်(၂၀)..၊ ဟာ.. သောက်ရေးထဲ စာမျက်နှာကျော်ဖတ်မိပြန်ပြီ။ မနေ့ညကလဲ ပုတီးစိပ်ဖို့ လုပ်တုံး ဗိုလ်ပတ်ရှည် ရာထူးတိုးတယ်ဆိုလို့ ပွဲကောင်းသွားတာဒီနေ့မနက်ထိမပြေချင်သေးဘူး ..။ ”

“ အင်း .. မဖတ်တာပဲကောင်းပါတယ်။ ပိုမူးသွားနိုင်တယ်။ အင်း.. တကယ်တော့ ဗိုလ်ပတ်ရှည်လုပ်ရည်ကိုင်ရည်ကပြောစရာမလိုဘူး။ သူများတွေ ရှေ့တန်းထွက်ရင် သူက တပ်ရင်းမှူးအိမ်မှာ လုံခြုံရေးယူရတယ် ..။ ကြာတော့တပ်ရင်းမှူးကတော်နဲ့ ညက်..၊ အဲ .. ဟုတ်ပါ ဘူး တပ်ရင်းမူးကတော်က ဖင်ပေါ့တဲ့ကောင်လေးပဲဆိုပြီး..၊ သားသား..သားသားနဲ့ အဆင်ကိုပြေလေရော ..။ အင်း.. ဒါလဲ “တပ်ရင်းမှူး ကတော်” မှန်တာပဲ ကျောင်းဆင်းကာစကလေးဆိုတော့ သူအိမ်ကလူကြီးလိုဖင်မလေးတော့ဘူးပေါ့ ဒါကလဲသင်္ခါရ သဘောတရားတွေ လေ..။ အင်း .. လျှာရှည်မှာ သာလူပြိုကြီးဆိုတော့..၊ ပုတီးပဲအားကိုးနေရတယ်။ .. နေ့လည်အားရင်စိပ် ညလည်းအားရင်စိပ် ..၊ ဒါမှ လည်းဒီရာထူးလေးကမြဲမယ်လေ..။ ပြီးခဲ့တဲ့ (၂၆) အောက်တိုဘာလကပေါ့..။ မျှော်စင်ကျွန်းမှာ မျောက်ပွဲသွင်းတာ..၊ အဲ .. မဟုတ်ပါ ဘူး ..၊ စတိတ်ရှိုးသွင်းတာကို လုံခြုံရေးသွားယူပေးရတယ်လေ ..။ အဲဒီမှာ စိုင်းစိုင်းနဲ့တူ တယ်ဆိုလို့ ..၊ ကောင်မလေးတွေ လာနှုတ်ဆက်လို့ .. ရှက်လိုက်ရတာမပြောနဲ့ ..။ ဘယ်လိုကြီးဖြစ်သွားမှန်းမသိဘူး တပ်ရင်းရောက်တာနဲ့ ..၊ ပုတီးမြန်မြန်စိပ်ယူရတယ်..။ ဒါလဲ သင်္ခါရ တွေမဟုတ်လား..။ အင်း .. အခုလည်း တပ်သားသစ်စု ဆောင်းရေးဆိုပြီး အထက် ကရုက္ခစိုးတွေ..၊ အဲ .. မဟုတ်ပါဘူး ပုတီးနဲ့ ရောသွားပြန်ပြီ ..။ လူကြီးတွေပြောတာ..၊ အင်း ..၊ လူကြီးတွေအမိန့်ပေးတော့ ရအောင် တော့စုရမှာပဲ ။ စုနိုင်မှအေးမယ်မဟုတ်လား အခုတော့ စုနိုင်ဖို့အတွက် တပ်ရေးဗိုလ်တွေနဲ့ ညှိနေရတုန်း ..။ သူတို့ကလည်း အကြမ်းနည်းပဲသုံးမယ်ဆိုတာမျိုးကြီးပြောနေပြန်တော့ ခက်ရော..။ ဘူတာတို့ ဘာတို့မှာ အတင်းဆွဲမယ်ပေါ့လေ။ မရရင်ထောင်ထဲ ထည့်မယ်ပေါ့။ ဒီတော့ စုနိုင်ဖို့ဆိုတာက ခက်ပြန်ရော ဒီလိုနည်းနဲ့က တပ်ထဲကိုဝင်မှာမဟုတ်ဘူး တပ်ပြေးတွေများပဲလာမှာပေါ့။ ဘာပဲပြောပြော စုနိုင်အောင်တော့လုပ်ရမှာပဲ ဒါမှဗိုလ်ချုပ်တွေက လျှာရှည့်ကိုနေရာပေးမှာ ။ ”

ထိုင်ရာကထပြီး ... ဟိုလျှောက်ဒီလျှောက် .. လျှောက်ရင်း တစ်ခါထပ်ပြောစေ ....။

“ အင်း... ဟိုနေ့ကတပ်သားသစ်တယောက်မှမရကောင်းလားဆိုပြီး .. လျှာရှည့်ကိုဆဲလိုက်တာများ ယိုးဒယားပြန်အမာစိန် အငြိမ့်ကလို့ရတယ် ..။ တပ်ရင်းမှူးဆဲသံဘယ်လောက်ကောင်းလဲဆိုတာ ..၊ ပုတီးစိပ်ပြီး အကြောဖြေလိုက်ရတယ်။ အင်းလေ.. ဒါလည်း သင်္ခါရပါပဲ။ အင်း .. လျှာရှည်ကလဲ စုနိုင်အောင်နည်းလမ်းအမျိုးမျိုးသုံးတာပဲ။ အေးအေးဆေးဆေး ရှင်းပြတယ်..၊ တပ်မတော်ကိုကြည်ညိုလာရင် ..၊ သူ့ဘာသာလာပြီး စာရင်းပေးကြလိမ့်မယ်လို့။ အဲဒါလည်း မရပါဘူး ကြမ်းမယ်ဆိုတာကြီးပဲ ..။ အသက်ငယ်ငယ် ၊ ကြီးကြီး .. ရအောင်စုရမယ်ဆိုတော့ မခက်ပေဘူးလား။ .. အေးလေ.. ဘယ်တတ်နိုင်ပါ့မလဲ...၊ အမိန့်ဆိုရင် ချေးကျွေးတာတောင်စားရမယ်ဆိုတော့ ..၊ သူတို့လည်းဆင့်ကဲချေးစား ..၊ ကိုယ်လဲစားနေရတဲ့ဘ၀ပါ..။ အင်း .. ဒါလဲသင်္ခါရပါပဲလေ။ ညကျမှ ပုတီးစိပ်တော့မယ်။ ဟော... ဒီနေ့လည်း ဘယ်လိုကောင်တွေများ စစ်သားစုဆောင်းရေးကိုလာအုံးမလည်းမသိဘူး။ မရရင် ညကျ ဘူတာဆင်းရအုံးမယ်။ ပုတီးလည်း အဲဒီရောက်မှ စိပ်တော့မယ်။ ဟော .. ပြောရင်းဆိုရင်းတစ်ယောက်တော့လာနေပြီ ..။ ပုံစံကြည့်ရတာ တပ်ရင်းမှူးကတော်ကို ဆံပင်ညှပ်ဖို့နဲ့တူတယ်။ တပ်ရင်းမှူးကတော်ကလည်း တကိုယ်လုံးပေါင်းတင်တာတို့ မရှည်တဲ့အမွှေးညှပ်တာတို့ ..သိပ်လုပ်တာ။ မျက်ခုံးမွှေးတို့ဘာတို့ပါ။ တစ်ခါတုန်းကလည်း တပ်ရင်းမှူးအိပ်ပျော်နေတုံး.. သူ့ ..ယောင် ပြီးထညှပ်မိလို့ ထောင်ထွက်ပုံပေါက်ပါရောလား..၊
တပ်ရဲဘော်တွေကလည်းအလိုက်သိပါ့။ တို့တပ်ရင်းမှူးကအခုမှ ကိုယ်တိုင်လိမ္မော်သီး ဖြစ်တော့တယ်ဆိုလို့ လျှာရှည့်မှာမနဲ ကြိမ်းမောင်း လိုက်ရတယ် ..။ အင်းဒါလဲ သင်္ခါရတွေပါပဲ၊ တပ်ရင်းမှူးလိမ္မော်သီး ..၊ အဲ.. ယောင်လို့ သူ့ကတုံးကိုအာရုံယူပြီး ပုတီးစိပ်လိုက်ဦးမှ ..။ ”

ထိုစဉ် ဇာတ်စင်တဘက်ခြမ်းမှ တိုင်တမ်းနစ်တီးလုံးစည်းချက်နဲ့ ပြောင်ရှည်ထွက်လာ ..၊ ဆံပင်ကရှည်ရှည် ဘောင်းဘီက ချက်ပြုတ် ..၊ ဖင်ခွပေါ်လို့..၊ အပေါ်ပိုင်းကရင်အုံလောက်လေးဖုံးထားတဲ့ Micro “ရင်လွမ်းအကျ”။ Mini ဆိုနည်းနည်းလေးပိုပြီးလုံခြုံသွားမှာစိုးလို့ ..၊ နောက်ဆုံးပေါ် ဒီဇိုင်းနဲ့ ..အောက်ကစကပ်က (ကိုကိုမြင်ပါစေ..)တဲ့။ ဘယ်ကအဖုအထစ်တွေခုလာမှန်းမသိ ရုပ်နဲ့ ၀တ်ပုံစားပုံ၊ လမ်းလျှောက်ပုံတွေကတော့ သီဟိုဠ်စေ့ လှည်းတက်နင်းထားလား.. အောက်မေ့ရတယ် ..။

လျှာရှည် ။ ။ “ ဟေ့ .. ရပ် ... ”

ပြောင်ရှည် ။ ။ “ (တောင်ကြည့်မြောက်ကြည့်၊ ကြည့်ပြီးတော့) ဟဲ့ ..၊ ဒို့ကိုပြောတာလား .. ? ”

လျှာရှည် ။ ။ “ မင်းနဲ့ငါပဲရှိတာမင်းမပြောလို့ ..၊ ငါကဘယ်သူ့ပြောရမှာလဲ ..၊ နာတော့မှာပဲ .. ။ ”

ပြောင်ရှည် ။ ။ “ (နှုတ်ခမ်းတလန်၊ ပန်းတလန်ဖြင့်..၊ ပန်းကတော့မသိဘူးဗျ..) ဟယ် ..လူဆိုး.. တော်လကေး ကျော်လကန်း ပေါ်လကား နေပါလား စော်လကားဖို့တော့မကြံနဲ့နော် .. ဘောလကားသွားမယ် .. ”

လျှာရှည် ။ ။ “ ဟမ် .. သေပြီဆရာ.. ဘာတွေပြောနေတာလဲ .. ”

ပြောင်ရှည် ။ ။ “ ဘာပြောရမှာလဲ .. သူများနဲ့ညှိဖို့ကို အရင်မကြိုးစားဘူး အတင်းပဲ .. ဇွတ်...။ ”

လျှာရှည် ။ ။ “ အခု .. မင်းဒီကိုဘာလာလုပ်တာလဲ ”

ပြောင်ရှည် ။ ။ “ အားလာမွေးတာလေ .. ဟာပဲ .. ဟာပဲ ”

လျှာရှည် ။ ။ “ ဒါစစ်သားစုဆောင်းရေး .. ၊ ဂျာမခါနာမဟုတ်ဘူး ..။ ”

ပြောင်ရှည် ။ ။ “ ဟယ် .. ကြည့်စမ်း၊ စော်လကားနေလိုက်တာ ..၊ အမျိုးသမီးရေးရာနဲ့ကိုတိုင်အုံးမယ် .. ”

လျှာရှည် ။ ။ “ အဟဲ ..၊ အဲဒါတော့မလုပ်ပါနဲ့ ငါတို့တပ်ရင်းမှူးကတော်က ဥက္ကဌ..၊ ဒါလေးတော့ချမ်းသာပေးပါ .. ”

ပြောင်ရှည် ။ ။ “ ဒို့ကဒီကိုလာတာ စစ်ထဲဝင်ပြီး တပ်ရင်းဖျက်မလို့ .. ”

လျှာရှည် ။ ။ “ ဘာကွ .. မင်းလို ဟိုမရောက်ဒီမရောက်က တပ်ထဲဝင်ပြီးဖျက်မလို့ .. ဟား ဟား .. ပျက်ပြီးသားပါကွ ...၊ ဟင် .. ယောင်ကုန်ပြီ .. ”

ပြောင်ရှည် ။ ။ “ ဘာတွေလဲ .. ဘာတွေပြောနေတာလဲလို့ ..။ ဒို့ကတကယ်ဝင်မှာ..၊ ပြီးရင် ရန်သူတပ်ရင်းကိုဖျက်မလို့ပြောတဲ့ဟာကို .. ကျားလေးစိန်တို့ ဘာတို့က ဒို့အကိုတွေပေါ့ .. အဟော့ .. ”

လျှာရှည် ။ ။ “ ဒီအခြောက် ..၊ နှင်ထုတ်လည်းသွားမှာမဟုတ်ဘူး ..။ ဒီနေ့ကလည်းတစ်ယောက်မှမရသေးဘူး ..၊ ဟိုလိမ္မော်သီး .. အဲ...တပ်ရင်းမှူးရဲ့ကဗျာလွတ်နဲ့ အဆဲတော့မခံတော့ဘူး ..။ သူ့ကိုပဲသွင်းရမှာပဲ ..။ သူဘာသာ ပြားပြားလုံးလုံး..၊ တခြမ်းပဲ့ပဲ့ ..ငါနဲ့မဆိုင်ဘူး (လျှာရှည် ပရိသတ်ဖက်လှည့်ပြီးစဉ်းစားဟန်ပြော) ..။ ”

လျှာရှည် ။ ။ “ ဟုတ်ပြီ..၊ ကိုင်း .. ဒီတော့မင်းနာမည်ပြော .. ”

ပြောင်ရှည် ။ ။ “ သစ်လွင်ကညာစုလျားထိပ်တင်ထား”

လျှာရှည် ။ ။ “ ရှည်လှချည်လား ..၊ တိုက်ပွဲသာဒီနာမည်နဲ့ခေါ်ရင်းတိုက်ရင် အစောဆုံးသေမှာ..၊ နာမည်ပြောင်းမှရမယ် ”

ပြောင်ရှည် ။ ။ “ မလိုဘူး .. မလိုဘူးဆို ..၊ ဒါပဲကြိုက်တယ် (လျှာရှည့်ငယ်ထိပ်ကိုလှမ်းပုတ်လိုက်သေး) ”

လျှာရှည် ။ ။ “ မရဘူး.. ပြောင်းရမှာပဲ ..၊ မင်းကလည်း ဟိုမရောက် ဒီမရောက်ဆိုတော့ စစ်တပ်နဲ့လည်း လိုက်ဖက်ရမယ် ..၊ အင်း ... ငါဗေဒင်တွက်ဦးမယ်၊ .. ဘယ်နေ့အားလဲ ။ ”

ပြောင်ရှည် ။ ။ “ အခုအားတယ်လေ ..၊ စရအောင် ”

လျှာရှည် ။ ။ “ ဟ.. ဒီကောင်နဲ့တော့ ဒုက္ခပဲ..၊ အားတဲ့ရက်မှတွက်ပေးမယ်လို့ပြောတာ ..၊ အခုတွက်ရင်နာမည်တစ်လုံးဟာ သမိုင်းနဲ့ ဆိုင်တယ်..။ ဟော..၊ အခုကြည့် သန်းရွှေလို့နာမည်ပေးမိတာ ..၊ အခုသွားရော ခေါင်းပေါ်မှာ သန်းတွေကရွှေတွင်း ..၊ တွေ့သလိုနေမှ တော့ ဘယ်အမှားအမှန် ဆုံးဖြတ်နိုင်တော့မလဲ ..။ ခေါင်းမရှင်းဘူးဆိုတဲ့ သဘော၊ နက္ခအရရော ..၊ သက်ရောက်အရရော၊ အမှန်ဆို ရှောရှူဆိုပြီးပေးရမှာ ..၊ ဒါမှအကုန်အဆင်ပြေမှာ .. ငါကပုတီးစိပ်တော့၊ ဒါလေးတွေနဲနဲပါးပါးရတယ်ကွ။ မင်းဘယ်သူမှတော့ လျှောက်မပြောနဲ့ကြားလား .. ”

ပြောင်ရှည် ။ ။ “ ပြောပါဘူး..၊ ဖောက်သည်တွေ့လို့မေးရင်သာ စပ်မိစပ်ရာလေး ဆရာကြီးဗေဒင်ကြေညာပေးရင်း ပြောမှာပါ..။ ”

လျှာရှည် ။ ။ “ မင်းဖောက်သည်ကဘယ်သူတွေလဲဟ..၊ ကြည့်လုပ်ဦး ”

ပြောင်ရှည် ။ ။ “ ထောက်လှမ်းရေးက ဗိုလ်တွေများတယ်..၊ သူတို့ကဒို့လက်အောက်ကထွက်တာလေ .. ”

လျှာရှည် ။ ။ “ ဟိုက် .. သေပြီပေါ့..၊ နေဦး မင်းကဘာလုပ်စားတုန်း ..”

ပြောင်ရှည် ။ ။ “ ဒို့ ကလား ..၊ ဗျူတီပါလာလေ..၊ မိတ်ကပ်အကြိုင့်ဆီမှာ (၅) နှစ်၊ တိုနီထွန်းထွန်းဆီမှာ (၃) နှစ်၊မာမီအောင်အောင့်ဆီမှာ (၂) နှစ်၊ စိုးမြတ်သူဇာတို့ နန္ဒာလှိုင်တို့ဆို .. ဒို့နဲ့ဘယ်ကင်းမလဲ .. ဟင်း .. ဟင်း .. ”

လျှာရှည် ။ ။ “ ဟ .. ကောင်းပါ့ကွာ..။ တပ်ရင်းမှူးကတော်အတွက်တော့အိုကေပဲ..။ ငါလည်းမျက်နှာရပြီ ..၊ မင်းကဒါဆို နာမည် ရှိပြီးသား မိတ်ကပ်ဆရာပေါ့ .. ဟုတ်လား.. ”

ပြောင်ရှည် ။ ။ “ ဟုတ်ဘူး..၊ ဒို့ကခေါင်းလျှော်ရည်ညှစ်ပေးရတယ်လေ.. ညှင်း .. ညှင်း .. ညှင်း .. ”

လျှာရှည် ။ ။ “ ဘာလဲကွာ ..သေလိုက်ပါတော့ ..၊ (၁၀) နှစ်လုပ်တာကို ခေါင်းပဲလျှော်တတ်လား ..”

ပြောင်ရှည် ။ ။ “ ဟယ် .ကြည့်စမ်း ..၊ သောက်ရှက်တွေ ခွဲနေလိုက်တာ .. ခေါင်းလျှော်တာ ဒို့မာမီတွေရဲ့အသက်ဟဲ့..၊ ဆံပင်အစ အောက်ပိုင်းကတဲ့..၊ အဲဒါကအခြေခံပဲ..၊ခေါင်းက ဆံပင်ကိုလျှော်လိုက်တာနဲ့ ..၊ အောက်ကလူတွေ လေဖြတ်သွားသလိုဖြစ်သွားမယ် ဘောလကားရဲ့ ..၊ ဟွန်း ...။ ” ( ဆံပင်ပါရမ်း ဖင်ပါရမ်းပြီး ဒေါသထွက်လိုက်သေး)

လျှာရှည် ။ ။ “ ဒါလေးပြောတာ .. စိတ်ဆိုးစရာလားလို့ဆို ... အဟင့် ..၊ ဟာပဲ ... ဟာပဲ..။ အာ ..၊ ဒုက္ခ..၊ ငါပါယောင်ကုန်ပြီ ..၊
ကိုင်း .. အခုပဲတွက်ပေးတော့မယ် ..။ တော်ကြာငါပါရူးနေဦးမယ် ..၊ ဘယ်နေ့သားလဲ .. ပြော .. ”

ပြောင်ရှည် ။ ။“ မိုးတွေရွာနေတယ် မေ(၃၁) ဒို့အမေဗိုက်နာတာ မေ(၃၁)၊
ဒို့ကိုလေမွေးတာ မေ(၃၁)..၊ ဒို့တစ်နှစ်ပြည့်တာ မေ(၃၁)..၊ ဒို့မွေးရက်က စနေရှင့် .. အဟင့်ဟင့်..။ ” (မျိုးကျော့မြိုင် အလိုက်နဲ့အတူ ရှောက်သီးဆေးပြားရောင်းအကနဲ့ ၊ ကပြီ ကပြီ ပြောနေလိုက်တာများ .. သေသလိုပဲ .. )

လျှာရှည် ။ ။ “ တော်ပါတော့ စနေသားဆိုရပြီ ..။ အောင်မလေးနော် .. ငါ့နှယ် သားစိတ်မယားစိတ်ကုန်ပါ့ .. ”

ပြောင်ရှည် ။ ။ “ ဘောလကားနော် .. ၊ ဒို့ကအကောင်းဆိုပြရသေးတယ် .. ပေး (၅၀၀) ”

လျှာရှည် ။ ။ “အင်း .. ဆီခိုးလိုက်ဦးမယ် .. သြော် ..ငါ့နှယ် ... ဓါတ်ကူးကုန်ပြီ .. ၊အင်း .. အင်းရပြီ .. ဒီလောက်ဆို စနေသား တပ်ထဲဝင် အိုကေ မင်းကလဲဟိုမရောက်ဒီမရောက်..၊ အဲလိုပဲ ..ရေထဲက ငါးဆိုလဲသူဟာနဲ့သူနာမည်ရှိတယ် ၊ ငါးရံ့ခြောက် တို့ ငါးခူခြောက်တို့ ငါးပုတ်ခြောက်တို့ ၊ ဟော ကုန်းမှာလည်းကြည့်ဦး ..၊ အမဲသားခြောက် ၊ ဆိတ်သားခြောက် အင်း ..၊ အခုကမင်းက စစ်တပ်ထဲမှာဆိုတော့..၊ အဲ .. သေနတ်ပစ်လိုက်လို့ရှိရင် (ဒိုင်း) ဆိုပြီးအသံထွက်တယ်။ အိုကေ .. မင်းကိုဒီနေ့ကစပြီး ရဲဘော် ဒိုင်းခြောက် လို့နာမည်ပေးလိုက်မယ် .. ”

ပြောင်ရှည် ။ ။ “ ဟယ် .. ပျော်လိုက်တာ ဒိုင်းဘဲခြောက်ခြောက်..၊ ဒိန်းဘဲခြောက်ခြောက်..၊ ခြောက်ပါရင်ပြီးရော ဒါမှကြော်ငြာစရာမလိုတော့မှာ..၊ တော်လိုက်တာ ဘောလကားရယ် ... ” (လျှာရှည် ငယ်ထိပ်လှမ်းပုတ်လိုက်ပြန်ရော .. သေသလိုပဲဗျာ)

လျှာရှည် ။ ။ “ ငါ့နှယ်နော် .. ပြောစမ်း..၊ မင်းနေရပ်၊ မိသားစုပါပြော ...။ ”

ပြောင်ရှည် ။ ။ “ ဒို့နာမည် ဒိုင်းခြောက်ပါ ..၊ နေပြည်တော်မှာနေပါတယ် ..၊ ဒို့အဖေက တပ်ကြပ်တုတ်ကြီး ..၊ ဆီဘောက်ဆာကား မောင်းပါတယ် ... ဟယ် ..ဟယ် .. ဒို့အမေက .. ဒေါ်လုံးတင် မှောင်ခိုဆီဆိုင်ဖွင့်ထားတယ် ..၊ ကဲ .. ဘာသိချင်သေးလဲ .. ဟာပဲ ... ဟာပဲ .. ”

လျှာရှည် ။ ။ “ ရပြီဘာမှမသိချင်တော့ဘူး ..၊ သေသလိုပဲ ..၊ ဒီမှာမင်းကြားဖူးရဲ့လား ..၊ စစ်ပုံမကျမ၀င်ရဆိုတာ .. ဟင် .. ”

ပြောင်ရှည် ။ ။ “ သောက်ပုံမကျ .. မ၀တ်ရလို့တော့ မာမီအောင်က ပြောဖူးတာတာပဲ .. ”

လျှာရှည် ။ ။ “ ဟာ ..၊ ဒီဒိုင်းခြောက်တော့ဒုက္ခပဲ ..၊ မင်းတိုက်ပွဲတွေအကြောင်းဘယ်လောက်သိလဲ .. ”

ပြောင်ရှည် ။ ။ “ ဒို့ .. သိတာပေါ့..၊ ဟွန်း ဟွန်း .. အာနိုးတို့ ရမ်ဘိုတို့ဆိုတာကြမ်းမှကြမ်း တချက်ချက်ဖက်ပြီးနမ်းလိုက်တာများ အသဲကိုယားသွားတာပဲ။ ပစ်ထုတ်လိုက်တာများ အွန့် .. အွန့်နဲ့ တစ်ချက်တစ်ချက် ထိသွားတာများ ဘောလကားဖြစ်သွားတယ်ကွယ် ..၊ ဒို့တောင်မှ .. ၊ ဖော်လကားလိုက်ချင်တယ် .. ” (လက်ကလဲပါသေး .. ဟိုရမ်းဒီရမ်း)

လျှာရှည် ။ ။ “ မင်းလက်ကြီးကကြည့်လုပ်အုံးဟ ..၊ (ပြောင်ရှည့်လက်ကို ရှောင်ရင်း) အင်း .. ဒါပေမယ့်တော့ မင်းမဆိုးဘူး ..အခု မင်းဆံပင်ကိုဖြတ်ရမယ် ..၊ ပြီးရင် ဟောဟိုက စစ်ဝတ်စုံဝတ်ပေတော့ ဟုတ်ပြီလား၊ ပြီးရင် စစ်သင်ခန်းစာ စမယ် .. ဟုတ်ပြီနော် ..။ ”

ပြောင်ရှည် ။ ။ “ ဘောလကားကြီးပြုသမျှ နုရတော့မှာပေါ့ .. အဟော့ .. ဟော့ .. ”

မီးတချက်မှောင်လိုက်တာနဲ့ ငပြောင်ရှည်တစ်ယောက် သစ်လွင်ကညာစုလျားထိပ်တင်ထား အဖြစ်ကနေ ဒိုင်းခြောက် စစ်သားအော်တိုဖြစ်သွား၊ ဆံပင်ကလဲရှေ့တစ်လက်မနောက်ပြောင် (တောင်ကတုံး မီးရှို့ထားသည့်နှယ်ပေါ့) .. မီးပြန်လင်းတာနဲ့ ..။

ပြောင်ရှည် ။ ။ “ဟယ် .. ဒါကြီးဝတ်ရတာဘယ်လိုကြီးလဲမသိဘူး အရမ်းညှပ်တာပဲ .. ”

လျှာရှည် ။ ။ “ မင်းကံကောင်းတယ်မှတ် ..၊ အရင်ကအစုတ်အပြတ် .. အခုမှခွဲတမ်းကျလာလို့ ..၊ ကိုင်း ..၊ ခုချိန်ကစပြီး မင်းကို ရဲဘော်ဒိုင်းခြောက်လို့ခေါ်မယ်..၊ ငါအမိန့်ပေးသလိုလိုက်လုပ်ရမယ်ကြားလား..၊ သောက်တလွဲမဖြစ်စေနဲ့ ..၊ အင်း ... ဒါပေမယ့် မင်းကဆိုးတော့မဆိုးပါဘူး၊ အမြင်လေးတော့ရှိတယ် .. ကြည့်ကြသေးတာပေါ့ ..၊ ကဲ ..သင်ခန်းစာစမယ်ဟေ့ ..၊ ဘယ်ညာ .. ဘယ်ညာ ၊ ဘယ်ညာ .. ဘယ် ”

ပြောင်ရှည်လိုက်မလုပ် ..။

လျှာရှည် ။ ။ “ ရဲဘော် ဘယ်ညာလေ အမိန့်ပေးနေတယ် .. ”

ပြောင်ရှည် ။ ။ “ မရှင်းလို့ပါ ဆရာရယ် ..၊ ဒို့ကအခုမှစစ်ထဲဝင်တာ ဘယ်မှာ လိုက်ပြီး ညာရမှာလဲလို့ ..၊ ဒို့မညာတတ်ဘူး.. ”

လျှာရှည် ။ ။ “ ငါ့လခွားမှပဲ..၊ ဘယ်ခြေတောက် ၊ ညာခြေတောက် ဟောသလိုမြှောက်ပြီး နင်းခိုင်းနေတာဟ .. ”

ပြောင်ရှည် ။ ။ “ သြော် .. ဟော် .. ဟော် ..၊ ဒါဆိုညကျတော့လာနင်းပေးမယ်လေ .. နော် .. ”

လျှာရှည် ။ ။ “ ဟ ..၊ တော် .. တိတ် ..၊ သေသလိုပဲ ..၊ နောက်သင်ခန်းစာစမယ်..၊ ရဲဘော်ရှေ့ကြည့် ”

ပြောင်ရှည် ။ ။ (ရီဝေသောမျက်ဝန်းအစုံဖြင့် ..၊ အရည်ရွှမ်းစွာစိုက်ကြည့်နေ (၀င်းဦး သီချင်းမျက်ဝန်းလဲ့ပြာပြာ ထဲကလိုပေါ့လေ) တစ်ချက်တစ်ချက်တွန့်လိုက်သေး.. )

လျှာရှည် ။ ။ “ ဟေ့ကောင် .. ၊ ဘာလို့စိုက်ကြည့်နေတာလဲ ..၊ အနေခက်လာပြီဆိုမှပဲ .. ဟာပဲ ဟာပဲ ..၊ အာ .. ယောင်ပြန်ပြီ ..၊ ဒီကောင်သေတော့မှာပဲ ..၊ ဘာကိုကြည့်နေတာလဲ (လျှာရှည် ဟိုဖုံးဒီဖုံး) ”

ပြောင်ရှည် ။ ။ “ ဘောလကားပဲရှေ့ကြည့်ဆို ..၊ ဒို့သူကိုကြည့်တာပေါ့ .. အဟွန့် .. ”

လျှာရှည် ။ ။ “ရှေ့ကိုကြည့်တာတော့မှန်တယ် ..၊ ဒီလိုမကြည့်ရဘူးလေ၊ တိုက်ပွဲမှာဒီလိုကြည့်ရင် မသာပေါ်ကုန်မှာပေါ့ဟ..၊ ငါ့နှယ် နော် ..၊ မင်းပြောတော့ အာနိုးကားတို့ ရမ်ဘိုကားတို့ကြည့်တယ်ဆို ..၊ စစ်ကားကြည့်တယ်ဆို ..၊ သေလို့ရပြီ .. ။ ”

ပြောင်ရှည် ။ ။ “ ဟုတ်တယ်လေ သူတို့ပေါင်လုံးကြီးတွေ .. လက်မောင်းကြီးတွေ .. အဖုအထစ်တွေကို ကြည့်တာလေ..၊ ဒို့ပြောသားပဲ သူတို့ပစ်လိုက်ရင် အွန့်ခနဲ အွန့်ခနဲ ..၊ ဘောလကားကြီး အပစ်ခံကြည့်ပါလားလို့ .. ”

လျှာရှည် ။ ။ “ မင်းတော့ကွာ ငါ့ကိုပုတီးပျက်အောင်မလုပ်နဲ့နော် ..၊ ငါစိတ်ထလာရင်မလွယ်ဘူး .. ”

ပြောင်ရှည် ။ ။ “ များများထပစေတော် ..၊ အဲဒါမှ ပေါ်လကင် ဘင်လကားမှာ .. ”

လျှာရှည် ။ ။ “ ဟေ့ကောင် ..လူစကားပြောစမ်း .. လုပ်ထည့်လိုက်ရ ..၊ ကိုင်းနောက်သင်ခန်းစာတက်မယ် ..၊ ရဲဘော် .. တပ်ညာ သို့ဘယ်လှည့်..။ ”

ပြောင်ရှည် လိုက်မလှည့်...။

လျှာရှည် ။ ။ “ ဟေ့ကောင်လိုက်လှည့်လေ .. ဘာလုပ်နေလဲ .. ”

ပြောင်ရှည် ။ ။ “ တပ်ကအမြဲ ညာနေတော့ ..၊ ဒို့ကဘယ်လှည့်ရဲမလဲ ..၊ တော်ကြာ မှော်လကားနေဦးမယ် .. အဟင့် ဟင့် .. ”

လျှာရှည် ။ ။ “ အမေရေ .. သားမှားပြီအမေရဲ့ ... အမလေးဗျာ ..၊ ကဲ .. ကဲ နောက်တစ်ခုတက်မယ် ..၊ဒီမှာ .. တို့ စစ်သားဆိုတာ ကိုယ့်လက်နက်ကိုအမြဲဂရုစိုက်ရတယ် ..၊ အထူးသဖြင့်သေနတ်ပြောင်းကို ပြောင်စင်နေအောင်တိုက်ချွတ်ထားရမယ် .. ”

ပြောင်ရှည် ။ ။ “ ဟွန်း .. ဒီက.. သေနတ်ပြောင်းလောက်တော့ အချဉ်ပဲ ..၊ အမြောက်ပြောင်းတောင်ပြေးတိုက်ချင်သေး .. ”

လျှာရှည် ။ ။ “ အိုကေ .. အဲဒီသေနတ်ကို ကိုင်တွယ်ပစ်ခတ်တတ်ဖို့ အခုစပြောမယ်၊ သေချာနားထောင် ..၊ ပစ်ခတ်နည်းအမျိုးမျိုး ထဲက ..၊ ဟောသလိုဒူးထောက်ပစ်နည်းကို မုဆိုးဒူးထောက်ပစ်နည်းလို့ခေါ်တယ် ... တယ် ..တယ် .. ။ ”

ပြောင်ရှည် ။ ။ “ အောင်မာ .. ဘောလကား..၊ နင့်အကြံငါမသိဘူး အောက်မေ့နေလား ..၊ မုဆိုးဒူးထောက်ပြီး ကျားကြီးရေသောက် လာဦးမှာမဟုတ်လား ..၊ ဟွန်း ..၊ မပြောချင်လို့ကြည့်နေတာ .. ”

လျှာရှည် ။ ။ “ “ဟမ် ..၊ သောက်ရှက်ခွဲနေတာလားဒိုင်းခြောက်မရဲ့ ..၊ ကဲ .. အဲဒီလိုပဲပြောလိုက်တော့မယ် .. ၊ မင်းလိုအကောင် အနာဂါတ်မှာ တပ်ရင်းမှူးဖြစ်မယ်ဆိုလို့ကတော့ ငါတော့ရင်လေးတယ် .. ငါရင်လေးတယ် .. သိလား .. ”

ပြောင်ရှည် ။ ။ “ အောင်မာ .. ငပြူးကပြဲရတယ်လို့ .. ဒညင်းသီးက အီးတပြန် ..၊ ငစိန်ဆန်ကကောက်ညှင်းအတုခိုးလို့ ...၊ နင်တို့ထဲ မှာလည်းအများကြီးရှိတယ် ..၊ ဒိုင်းခြောက်တောင်မဟုတ်တော့ဘူး ..၊ ဒိုင်းပွင့်ဖြစ်နေပြီဟဲ့ ..၊ ပွင့်သွားပြီ ..၊ မသိဘူးထင်လား အများကြီး ၊ ဒီမှာ အခြောက်ဆိုပြီးအထင်မသေးနဲ့နော် .. အော်လကန် သွားမယ်.. ဟင်း .. ဘာမှတ်လို့တုန်း ..၊ နင်တို့အချုပ် ငကြိုင်မသမီး မ လှတဲ့ရုပ်ကို ကြည့်ပျော်ရှုပျော်ဖြစ်အောင် ဘယ်သူတွေလုပ်ပေးမှတ်လဲ ..၊ ဟင်း .. အာကာသတောင်အခြောက်မတွေတက်နေပြီ မပြောချင်လို့ ... ဟွန်း .. ”

လျှာရှည် ။ ။ “ ကဲ .. ကဲ .. မင်းနဲ့ကျမှ ငါလဲကျွတ်တော့မယ်ထင်တယ် ..။ ”

ပြောင်ရှည် ။ ။ “ ချွတ်သာချလိုက် .. အားမနာနဲ့ .. ”

လျှာရှည် ။ ။ “ ကိုင်း .. အခုဆက်သွယ်ရေးသင်တန်းစမယ်။ လျှို့ဝှက်စကား ပြောနည်းသင်မယ် ..၊ မင်းကလင်းယုန်.. ..... ”

ပြောင်ရှည် ။ ။ “ လင်ကိုမယုံလို့ဘယ်သူ့ကိုယုံရမှာလဲ .. ”

လျှာရှည် ။ ။ “ လင်းယုန်ကိုပြောတာကွ..၊ ငါကပျံလွှား.. တစ်ခုခုရလားဆို .. ၊အဲ .. ရရင် ရထားဖြစ်တယ်ပြောရမယ် ..၊ ကြားလား ကဲစမယ် .. ပျံလွှားမှလင်းယုန်.. ပျံလွှားမှလင်းယုန် ... ရထားဖြစ်လား .. ”

ပြောင်ရှည် ။ ။ “ ရထားဆိုက်ပြီ၊ဖောက်သည်တွေပါလာတယ်၊ ဒိုက်ထိုးမလား၊ ရေ ချိုးမလားအကိုတို့ ..၊နင်တစ်ပိုင်းငါတစ်ဖဲ့ဝိုင်းနွှာကြမယ် ..၊ နင်ပြီးငါ့အလှည့် ... ”

လျှာရှည် ။ ။ “ အင်း .. ကောင်းသားပဲ ..၊ ဒုက္ခပါပဲကွာ ..၊ မင်းနဲ့တော့ ငါသေလိမ့်မယ် .. ၊
ကဲ .. ကဲ အခုနောက်သင်ခန်းစာတစ်မျိုးတက်မယ် ..၊ နိုင်ငံရေးသင်တန်း ..၊ စစ်သားတိုင်းစစ်ရေးစစ်ရာနဲ့၊ ၊ နိုင်ငံရေးရာအဖြာဖြာသိထားဘို့လိုတယ် ..၊ ဒို့တပ်မတော်ကြီးမှာ အခုတပ်အင်အား (၅) သိန်းကျော်ရှိတယ် ..၊ ခု ငါမေးကြည့်မယ်..၊ မင်းဘယ်လောက်သိထားလဲဆိုတာ ..၊ နိုင်ငံရေးဆိုတာဘာလဲ .. ပြောစမ်း ..။ ”

ပြောင်ရှည် ။ ။ “ ဟင် .. နိုင်ငံရေးဆိုတာ .. မင်္ဂလာဒုံဈေးကျော်ပြီးရင် နောက်တစ်မှတ်တိုင်လေ ..၊ အဲဒီမှာ .. အကျိုးအပဲ့တွေပေါမှ ပေါ ..၊ ညနေဆို ..ကားမှတ်တိုင်မှာတွေ့တာလိုက်ဆွဲကြတာပဲ .. သူများတောင် အဆွဲခံရဖူးသေး .. ထီးပြောတာပါ ..။ ”

လျှာရှည် ။ ။ “ အေး.. ငါ့ညီမတောင်ပါသေး .. ဟာ ရှုပ်ကုန်ပြီ ..၊ ဒီမှာ .. အခုငါတို့ တပ်မတော်မှာ ခုဆို အင်အား ငါးသိန်းကျော် သွားပြီ .. ပြီ .. ပြီ ...။ ”

ပြောင်ရှည် ။ ။ “ ငါးသိန်းအားလောက်တော့ပျင်းသေး..၊ တို့ဆို ဆယ်သိန်းအားလောက်မှ နေထိုင်ကောင်းတာ၊ ဆရာဝန်ထိုးပေးတာ ပြောတာပါ ... ။ ”

လျှာရှည် ။ ။ “ ဟာ .. ဒီကောင် .. ”

ပြောင်ရှည် ။ ။ “ သြော် .. မေ့လို့ ဘွာတေး ဘွာတေး ... ဘောလကားကြီးကလဲ ၊.. အဲဒီတော့ အဲဒီငါးသိန်းထဲမှာ သူငယ်ဘယ် နှစ်ယောက်ပါလဲ ဟင် .. ”

လျှာရှည် ။ ။ “ ဘာလဲ .. သူငယ် .. ”

ပြောင်ရှည် ။ ။ “ သူငယ်ဆိုတာ ကလေးစစ်သားကိုပြောတာ ”

လျှာရှည် ။ ။ “ သတင်းစာကပြောတာတော့ ကလေးစစ်သားဆိုလို့ နို့စို့ရွယ်တွေကိုတော့မခေါ်ဘူးလို့ ကုလကိုရှင်းထားတာပဲ .. ”

ပြောင်ရှည် ။ ။ “ သြော် .. ဒါဆို ဘောလကားတို့ဆီမှာ နို့လွတ်တာတွေအများကြီးရှိတယ်ပေါ့ .. ဟုတ်လားဟင် .. ”

လျှာရှည် ။ ။ “ အင်း ..၊ နို့မလွတ်ပဲ စစ်ထဲသွင်းရင်အရေးယူတယ်လေ .. ”

ပြောင်ရှည် ။ ။ “ ဒါဆိုသန်းရွှေကြီးကိုဖမ်းလိုက်တော့ ... ”

လျှာရှည် ။ ။ “ မေမေ .. သားသား နို့နို့စို့မယ် ... အား .. ယောင်ပြန်ပြီ ဒိုင်းခြောက်ရယ် ... ”

ထိုစဉ်မှာ .. သီချင်းအသံကိုပိုကျယ်ပြီး .. ပြည်ဖုံးကားကြီးကျလာလို့ .. အခြောက်ပြဇာတ် တစ်ခန်းရပ်စေ.....။

“ဒါ တို့တိုင်း ..တို့ပြည် .. တို့မြန်မာတွေ..၊ (မြင့်မြတ်တဲ့ ဂုဏ်ကျက်သရေ ..၊ ကျုပ်တို့ရဲ့ ရွှေထီး ရွှေနန်း တင့်ဆန်းပေ..၊)2 ...၊ အာဇာနည် ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည်၊ သံဃာတွေခုတော့ ဘယ်မှာပုန်းလို့ပြေးနေ..၊ ပလ္လင်ပေါ်မျောက်တွေခုန်ကာ တက်လို့ကနေ .. ကနေ..၊ ပိုင်ဆိုင်သူ ဘိုးဘွားဘီဘင် တို့အမွေ...၊ ခုတော့ သူခိုးတွေ ခိုးနေ ....။ ”

တော်သေးပြီ။

(ကိုပြောင်ရှည်ရေးသားတင်ဆက်သည်)

7 comments:

boke said...

bravo !!!!!

Anonymous said...

Lar--lar chay byi!!Koshershay ye!
Koshershay ye loe aww ne ya bi byaa! taww chet byarr! taww chet!
Carry on my dear comrade!!

Anonymous said...

Ko Shar Shay,

You Rock....

Anonymous said...

Good !!

Unknown said...

really really very funny, i cant shut my mouth , laughing continuously, u r really genius

Anonymous said...

thank you so much ko shar-shay.

i like it. really funny.

Anonymous said...

တတ်သလောက်လေး ဘာသာပြန်ပြီး ဘော်ဒကာ တရုတ်လေးတွေကို ပြန်ပြောပြတာ သော်ဒကူ တို့ကလည်း ရော်တကီ လိုက်တာ အရော်တကမ်းပဲ ။ ဂေါ်တကွတ် ဗျာ ။