Friday, November 2, 2007

ပြောင်လျှာရှည်တို့ကတဲ့ဇာတ် (၇)

ပြည်ဖုံးကားကြီးပွင့်လာသည်နှင့် နီညိုညိုမီးရောင်အောက်မှာ .....

လျှာရှည် ။ ။ “ မကျေနပ်ဘူးဟေ့ ..၊ မကျေနပ်ဘူး .. (မပြောမဆိုနတ်ပူးလာ ..၊ ခေါင်းထက်မှာပါဝါစတစ်ခုပတ်ချည်လို့၊ ရင်ဘတ်ကို အနီရောင်အ၀တ်ဖြင့်စည်းနှောင်ပြီးသကာလ၊ လက်နှစ်ဘက်ကိုမိုးပေါ်မြှောက်ပြီး၊ တဆတ်ဆတ်တုန်ရင်လျက် .. )
ဆိုင်းကလည်း (ပူနောင်ဂျိမ်ဂျိမ် ... နောင်ဂျိမ်ဂျိမ် ..) ဖြင့်နတ်ဆိုင်းစတီးတော့၏ ။ ဆိုင်းချက်အလိုက်ပို၍ယိမ်းထိုးလှုပ်ရှားကာ ...

လျှာရှည် ။ ။ “ နမော်တောက်တဲ့ .. ဘဂါဝါဖောက်ဖဲ့ .. မုန့်တီဟင်းချို .. အေးလာငါမသောက်..။ ခပ်မထိ .. စဉ်းကော၊ ငါမကြိုက်ပါသကော..၊ ငါးကင်တနေ့မှ ငါမစားရ .. ဟဲ့ .. ငကြိုင်မ.. စပါကလင်လေးလုံးရှေ့လာချစမ်း .. ”

ပြောင်ရှည် ။ ။ “ အဘယ်အရပ်..၊ အဘယ်နန်းက အဘယ်နတ်မျိုးဖြစ်ပါသနည်း..” (ထုံးစံ အတိုင်းနောက်ကနေသိုင်းဖက်ရင်း နတ်ဝင်ထိမ်းလေသည်)။

လျှာရှည် ။ ။ “ ဟေ့..မသိမှတ်ထား..၊ ကြပ်ပြေးက သာသနာဖျက်နတ်ဟ ..။ နောက်ကနတ်ထိမ်းနေတာ .. ဘယ်သူတုံးဟေ့ .. ။ ”

ပြောင်ရှည် ။ ။ “ ကျန်ကျောင်း .. ပါ ။ ”

လျှာရှည် ။ ။ “ ဒာင်း... ထင်သား ..၊ မင်းဓါးရိုးကို .. ဝေးဝေးထားဟ .. ။ ” (မည်သို့မည်ဝါဖြစ်သည်မသိဘူးပေါ့ဗျာ ..)

ပြောင်ရှည် ။ ။ “ ဟုတ် .. ၊ ဓါးရိုး ခေါက်လိုက်ပ့ါမယ် .. ”

လျှာရှည် ။ ။ “ ဟေ့ ..၊ ငပေါင်ချိန်ရောဟ .. ဘာလို့မခစားတာလဲ .. ”

ပြောင်ရှည် ။ ။ “ မှန်ပါ..၊ ပေါင်ချိန် လေဖြတ်သွားလို့ ... မခစားနိုင်ကြောင်းပါ .. ”

လျှာရှည် ။ ။ “ အင်း..ထင်သား ..၊ ဒါကြောင့်ဒီတရားသူကြီးဆိုတဲ့အကောင်တွေ..၊ လေဖြတ်နေတာပဲကောင်းတယ် ..။ ဘယ်တော့မှ အမှန်ကိုမစီရင်တတ်ဘူး..။ မကျေနပ်ဘူးဟေ့ ..၊ မကျေနပ်ဘူး .. ။ ”

ပြောင်ရှည် ။ ။ “ ဘာတွေမကျေနပ်တာရှိလဲ ..၊ အမိန့်ရှိပါ .. ”

လျှာရှည် ။ ။ “ ဟေ့ .. ဒီမှာ ..၊ ကြပ်ပြေးနေပြည်တော်ကြီးမှာ .. တိုက်တာအဆောက်အဦးတွေဖြစ်လာတာ .. ဘယ်သူကြောင့်ဖြစ်လာတယ်မှတ်တုံးဟေ့ ..။ ”

ပြောင်ရှည် ။ ။ “ အရှင်နတ်ကြောင့်ဖြစ်တာပါ .. ”

လျှာရှည် ။ ။ “ ဆောက်လုပ်ရေး ကန်ထရိုက်တွေဆောက်လို့ပေါ့ကွ ..၊ မဖားနဲ့သာကူးတွေ ..၊ မကျေနပ်ဘူးဟေ့ ...၊ မကျေနပ်ဘူးဟေ့ ... ။ ”

ပြောင်ရှည် ။ ။ “ အမိန့်ရှိပါ .. ”

လျှာရှည် ။ ။ “ အခုတလော ..၊ ဂျာနယ်တွေဘာကြောင့်ရောင်းကောင်းနေတယ်သိလားဟေ့ .. ။ ”

ပြောင်ရှည် ။ ။ “ အရှင်နတ်မင်းပုံကြောင့်ပါ ..။ ”

လျှာရှည် ။ ။ “ ဟိုကောင်မလေးပုံပါလာလို့ဟဲ့ ..၊ မဖားနဲ့ .. သာကူးတွေ ...။ မကျေနပ်ဘူးဟေ့ မကျေနပ်ဘူး ... ။ ”

ပြောင်ရှည် ။ ။ “ အမိန့်ရှိပါ ..။ ”

လျှာရှည် ။ ။ “ သာသနာတော်ကြီး .. တည်တံ့အောင်..၊ ဘယ်သူလုပ်နေတယ်မှတ်တုံးဟေ့ .. ။ ”

ပြောင်ရှည် ။ ။ “ အရှင်နတ်မင်းပါ ..။ ”

လျှာရှည် ။ ။ “ ဘုန်းကြီးတွေပေါ့ဟ ..၊ မဖားနဲ့ ..၊ သာကူးတွေ ..။ မကျေနပ်ဘူးဟေ့ ..၊ မကျေနပ်ဘူး ..”

ပြောင်ရှည် ။ ။ “ အမိန့်ရှိပါ .. ”

လျှာရှည် ။ ။ “ ငကြိုင်မ သမီး မင်္ဂလာဆောင်တုံးကစိန်တွေ .. ဘယ်ကရတယ် မှတ်လဲဟေ့ ... ။ ”

ပြောင်ရှည် ။ ။ “ အရှင်နတ်မင်း .. ဖန်ဆင်းပေးထားတာပါ ..။ ”

လျှာရှည် ။ ။ “ ဓားပြတိုက်ထားတာဟ..၊ မဖားနဲ့ သာကူးတွေ ..။ မကျေနပ်ဘူးဟေ့.. မကျေနပ်ဘူး .. ။ ”

ပြောင်ရှည် ။ ။ “ အမိန့်ရှိပါ.. ”

လျှာရှည် ။ ။ “ လူတွေ ကြောက်နေအောင်..ဘယ်သူလုပ်တယ်ထင်လဲဟေ့ .. ”

ပြောင်ရှည် ။ ။ “ အရှင်နတ်မင်း .. လုပ်ပေးတာပါ .. ”

လျှာရှည် ။ ။ “ သေနတ်ကလုပ်တာဟ..၊ မဖားနဲ့သာကူးတွေ .. ၊ မကျေနပ်ဘူးဟေ့ .. မကျေနပ်ဘူး ..။ ”

ပြောင်ရှည် ။ ။ “ အမိန့်ရှိပါ ..”

လျှာရှည် ။ ။ “ ထောက်ခံပွဲတွေလူစည်အောင်လုပ်ပေးတာ .. ဘယ်သူကြောင့်မှတ်တုံးဟေ့ ..။ ”

ပြောင်ရှည် ။ ။ “ အရှင်နတ်မင်းကြောင့်ပါ .. ”

လျှာရှည် ။ ။ “ ပေါ်တာဆွဲသလိုဆွဲလို့ဟ..၊ မဖားနဲ့ သာကူးတွေ..။ မကျေနပ်ဘူးဟေ့ .. မကျေနပ်ဘူး.. ။ ”

ပြောင်ရှည် ။ ။ “ အမိန့်ရှိပါ ..။ ”

လျှာရှည် ။ ။ “ ငါးပုဇွန်ဈေးကျအောင်လုပ်ပေးတာ .. ဘယ်သူမှတ်တုံးဟေ့ .. ၊ ”

ပြောင်ရှည် ။ ။ “ အရှင်နတ်မင်းပါ .. ”

လျှာရှည် ။ ။ “ နိုင်ငံခြားကမ၀ယ်တော့လို့ဟ ..၊ မဖားနဲ့ သာကူးတွေ .. ”

ပြောင်ရှည်ဒီတစ်ခါပြန်မပြော ..

လျှာရှည် ။ ။ “ အတိုက်အခံတွေ ပြန်လွတ်လာတာ ဘယ်သူကြောင့်မှတ်တုံးဟေ့ ..”

ပြောင်ရှည် ။ ။ “ အရှင်နတ်မင်းကြောင့်ပါ .. ၊ ”

လျှာရှည် ။ ။ “ ဖိအားများလို့ဟ ..၊ မဖားနဲ့ .. သာကူးတွေ ..၊မကျေနပ်ဘူးဟေ .. မကျေနပ်ဘူး ”

ပြောင်ရှည် ။ ။ “ အမိန့်ရှိပါခင်ဗျာ .. ”

လျှာရှည် ။ ။ “ အင်တာနက်လိုင်းတွေဘာကြောင့် ပြတ်နေလဲဟေ့ .. ”

ပြောင်ရှည် ။ ။ “ ရေအောက်ကေဘယ်လိုင်းတွေ ငါးရွှေနဲ့ ငါးမန်းကိုက်သွားလို့ပါ .. ”

လျှာရှည် ။ ။ “ ပခုက္ကူ ဆဒ္ဒပြပွဲကြောင့်ကွ .. မရွှီးနဲ့ .. သာကူးတွေ.. မကျေနပ်ဘူးဟေ့ .. မကျေနပ်ဘူးဟ ..။ ”

ပြောင်ရှည် ။ ။ “ အမိန့်ရှိပါ .. ”

လျှာရှည် ။ ။ “ သတင်းစာရှင်းလင်းပွဲက သတင်းထောက်မေးခွန်းတွေကောင်းအောင်ဘယ်သူလုပ်ပေးတယ် မှတ်လဲဟေ့.. ။ ”

ပြောင်ရှည် ။ ။ “ အရှင်နတ်မင်းလုပ်ပေးတာပါ .. ။ ”

လျှာရှည် ။ ။ “ ဇာတ်တိုက်ထားလို့ဟေ့.. မဖားနဲ့သာကူးတွေ ။ မကျေနပ်ဘူးဟေ့ .. မကျေနပ်ဘူး..၊ တရုတ် နဲ့ ကုလားတွေမငြိုငြင် အောင်ဘယ်သူလုပ်ပေးတယ်မှတ်တုံးဟေ့။ ”

ပြောင်ရှည် ။ ။ “ အရှင်နတ်မင်းပါ .. ”

လျှာရှည် ။ ။ “ သစ်တော၊ ဂက်(စ်) နဲ့ တွင်းထွက်တွေကွ..။ မဖားနဲ့ သာကူးတွေ..။ မကျေနပ်ဘူးဟေ့ .. မကျေနပ်ဘူး..။ ”

ပြောင်ရှည် ။ ။ “ အမိန့်ရှိပါ .. ”

လျှာရှည် ။ ။ “ ဟိုကောင် ငတေဇ ချမ်းသာအောင် ဘယ်သူ မစတယ်မှတ်တုံးဟေ့ ..။ ”

ပြောင်ရှည် ။ ။ “ အရှင်နတ်မင်းမစတာပါ..။ ”

လျှာရှည် ။ ။ “ ပြည်သူ့ဘဏ္ဍာတွေကွ..၊ မဖားနဲ့ သာကူးတွေ..၊ ဟင်း..ဟင်း.. မကျေနပ်ဘူးဟေ့.. မကျေနပ်ဘူးဟ ... ။ ”

ပြောင်ရှည် ။ ။ “ အမိန့်ရှိပါ ..။ ”

လျှာရှည် ။ ။ “ ငတေဇသားတွေ ဘိုမတွေနဲ့ညက်အောင် .. ဘယ်သူလုပ်ပေးတယ်မှတ်တုံးဟေ့ .. ”

ပြောင်ရှည် ။ ။ “ အရှင်နတ်မင်းပါ ..။ ”

လျှာရှည် ။ ။ “ ဖာခေါင်းတွေလုပ်ပေးတာဟေ့ ..၊ မဖားနဲ့ သာကူးတွေ..၊ မကျေနပ်ဘူးဟေ့ မကျေနပ်ဘူး.. ။ ”

ပြောင်ရှည် ။ ။ “ အမိန့်ရှိပါ .. ။ ”

လျှာရှည် ။ ။ “ ရုရှားကစစ်ဗိုလ်တွေကျန်းမာအောင် ဘယ်သူ စောင့်ရှောက်တယ် မှတ်တုံးဟေ့..။ ”

ပြောင်ရှည် ။ ။ “ အရှင်နတ်မင်းပါ.. ”

လျှာရှည် ။ ။ “ ဗော့(ဒ်)ကာကြောင့်ပေါ့ကွ မဖားနဲ့သာကူးတွေ ..။ မကျေနပ်ဘူးဟေ့ ..၊ မကျေနပ်ဘူး ..။ ”

ပြောင်ရှည် ။ ။ “ အမိန့်ရှိပါ .. ”

လျှာရှည် ။ ။ “ သံဃာတချို့နဲ့ နအဖပူးပေါင်းအောင်လုပ်ပေးတာဘယ်သူမှတ်တုံးဟေ့ ...။ ”

ပြောင်ရှည် ။ ။ “ အရှင်နတ်မင်းကြောင့်ပါ .. ”

လျှာရှည် ။ ။ “ ကားပါမစ်နဲ့ ဂျီအက်စ်အမ်ကွ ..၊ မဖားနဲ့ သာကူးတွေ..။ မကျေနပ်ဘူးဟေ့ ..၊ မကျေနပ်ဘူး .. ”

ပြောင်ရှည် ။ ။ “ အမိန့်ရှိပါ .. ”

လျှာရှည် ။ ။ “ အခုမဇ္ဈိမကို သွားပြီးဘုရားသာသနာကိုသွားဖျက်တာ ဘယ်သူမှတ်တုံးဟေ့ .. ”

ပြောင်ရှည် ။ ။ “ မာရ်နတ်ပါ .. ”

လျှာရှည် ။ ။ “ ကောင်စစ်ဝန် စိုးပိုင်ကွ ..၊ မဖားနဲ့ သာကူးတွေ..၊ မကျေနပ်ဘူးဟေ့ ..၊ မကျေနပ်ဘူး .. ”

ပြောင်ရှည် ။ ။ “ အမိန့်ရှိပါ .. ”

လျှာရှည် ။ ။ “ တက္ကသိုလ်တွေကိုယ့်မြို့၊ ကိုယ့်ရွာမှာတက်နိုင်အောင်လုပ်ပေးတာဘာကြောင့်ထင်လဲဟေ့ .. ”

ပြောင်ရှည် ။ ။ “ စရိတ်သက်သာအောင်လို့ပါ .. ”

လျှာရှည် ။ ။ “ လူစုမိမှာစိုးလို့ဟေ့ မဖားနဲ့ သာကူးတွေ..။ မကျေနပ်ဘူးဟေ့ ..၊ မကျေနပ်ဘူး .. ”

ပြောင်ရှည် ။ ။ “ အမိန့်ရှိပါ .. ”

လျှာရှည် ။ ။ “ ၀န်ထမ်းတွေကို လစားတိုးပေးတာဘာကြောင့်ထင်လဲဟေ့ .. ”

ပြောင်ရှည် ။ ။ “ သက်သာချောင်ချိအောင်လို့ပါ ..။ ”

လျှာရှည် ။ ။ “ ဆီးဈေးတက်ဖို့တိုးပေးတာကွ .. ။ မဖားနဲ့သာကူးတွေ ..၊ မကျေနပ်ဘူးဟေ့ ..၊ မကျေနပ်ဘူး .. ။ ”

ပြောင်ရှည် ။ ။ “ အမိန့်ရှိပါ .. ”

လျှာရှည် ။ ။ “ မြန်မာအသံနဲ့ မြ၀တီ သတင်းဌာနတွေလိမ်လို့၊ ညာလို့ကောင်းအောင်ဘယ်သူစောင့်ရှောက်ပေးနေတယ် ထင်လဲဟေ့ .. ”

ပြောင်ရှည် ။ ။ “ အရှင်နတ်မင်းပါ .. ”

လျှာရှည် ။ ။ “ ဗိုလ်ကျော်ဆန်းကွ...၊ မဖားနဲ့ သာကူးတွေ။ .. မကျေနပ်ဘူးဟေ့ ..၊ မကျေနပ်ဘူး ..။ ”

ပြောင်ရှည် ။ ။ “ အမိန့်ရှိပါ .. ”

လျှာရှည် ။ ။ “ ၀န်ထမ်းတွေအဆင်ပြေအောင် .. ဘယ်သူကယ်နေတယ်မှတ်လဲဟေ့ ..၊ ”

ပြောင်ရှည် ။ ။ “ အစိုးရပါ .. ”

လျှာရှည် ။ ။ “ ရုံးကစားပွဲကွ..၊ စားပွဲတွေ ..၊ စားပွဲအောက်ကနေအပေးအယူလုပ်ကြတာ..၊ မဖားနဲ့ သာကူးတွေ ။မကျေနပ်ဘူးဟေ့ မကျေနပ်ဘူး ...။ ”

ပြောင်ရှည် ။ ။ “ အမိန့်ရှိပါ .. ”

လျှာရှည် ။ ။ “ ဘီဘီစီ၊ ဗွီအိုအေ၊ အာဖက်အေ၊ ဒီဗွီဘီ မုသာဝါဒလို့အော်နေတာဘယ်သူမှတ်လဲ .. ”

ပြောင်ရှည် ။ ။ “ ပြည်သူလူထုပါ ...၊ ”

လျှာရှည် ။ ။ “ အသံချဲ့စက်ကွ ..၊ ထောက်ခံပွဲတွေမှာ မတွေ့ဘူးလား ..၊ စွတ်မအော်နဲ့၊ မဖားနဲ့ သာကူးတွေ ..၊ မကျေနပ်ဘူးဟေ့ ...၊ မကျေနပ်ဘူး .. ။ ”

ပြောင်ရှည် ။ ။ “ အမိန့်ရှိပါ .. ”

လျှာရှည် ။ ။ “ မြန်မာ့အားကစား ကမ္ဘာလွှမ်းအောင်လုပ်ပေးတာဘယ်သူမှတ်လဲ ..၊ ”

ပြောင်ရှည် ။ ။ “ လူကြီးတွေ .. ”

လျှာရှည် ။ ။ “ တရုတ်ကွ ..၊ သူတို့(၇) ဂိုးထည့်ပေးသွားလို့ မြန်မာတွေနာမည်ကြီးတာ ..၊ မဖားနဲ့ .. သာကူးတွေ ..၊ မကျေနပ်ဘူးဟေ့ မကျေနပ်ဘူး .. ။ ”

ပြောင်ရှည် ။ ။ “ အမိန့်ရှိပါ .. ”

လျှာရှည် ။ ။ “ ဂမ်ဘာရီမြန်မာပြည်ရောက်အောင်ဘယ်သူပို့ပေးတယ်မှတ်လဲ ... ။ ”

ပြောင်ရှည် ။ ။ “ အရှင်နတ်မင်းပါ .. ”

လျှာရှည် ။ ။ “ လေယာဉ်ပျံကွ ..၊ လေယာဉ်ပျံ..၊ မဖားနဲ့ သာကူးတွေ..၊ မကျေနပ်ဘူးဟေ့ ..၊ မကျေနပ်ဘူး ..။ ”

ပြောင်ရှည် ။ ။ “ အမိန့်ရှိပါ ... ”

လျှာရှည် ။ ။ “ ဂမ်ဘာရီရောက်လာရင် ဘာစပြောမယ်ထင်လဲ..။ ”

ပြောင်ရှည် ။ ။ “ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးပါ ။ ”

လျှာရှည် ။ ။ “ How are you? လို့စပြောမှာကွ..၊ မဖားနဲ့ သာကူးတွေ..။ မကျေနပ်ဘူးဟေ့..၊ မကျေနပ်ဘူးဟ .. ။ ”

ပြောင်ရှည် ။ ။ “ အမိန့်ရှိပါ .. ”

လျှာရှည် ။ ။ “ ဂမ်ဘာရီမြန်မာပြည်ရောက်ရင် သူအကြောက်ဆုံးက ဘာလဲ .. ”

ပြောင်ရှည် ။ ။ “ အရှင်နတ်မင်းပါ.. ”

လျှာရှည် ။ ။ “ ညီလာခံထောက်ခံပွဲကွ .....၊ မဖားနဲ့သာကူးတွေ ..။ မကျေနပ်ဘူးဟေ့ ..၊ မကျေနပ်ဘူး ..။ ”

ပြောင်ရှည် ။ ။ “ အမိန့်ရှိပါ .. ”

လျှာရှည် ။ ။ “ ဂမ်ဘာရီ ပြုံးရင် ဘယ်သူအပျော်ဆုံးဖြစ်မလဲ .. ”

ပြောင်ရှည် ။ ။ “ အရှင်နတ်မင်းပါ .. ။ ”

လျှာရှည် ။ ။ “ သူ့မိန်းမကွ၊ မဖားနဲ့သာကူးတွေ ..၊မကျေနပ်ဘူးဟေ့ .. မကျေနပ်ဘူး ..။ ”

ပြောင်ရှည် ။ ။ “ အမိန့်ရှိပါ .. ”

လျှာရှည် ။ ။ “ ကလေးစစ်သားတွေထွက်ပြေးရင် ကူညီပေးတာဘယ်သူမှတ်လဲ .. ”

ပြောင်ရှည် ။ ။ “ အရှင်နတ်မင်းပါ .. ”

လျှာရှည် ။ ။ “ အကျဉ်းထောင်ကွ ..၊ မယုံရင်ရွှေပြည်သာသွားကြည့်ချေ..။ မဖားနဲ့ သာကူးတွေ..။ မကျေနပ်ဘူးဟေ့..၊ မကျေနပ်ဘူး ”

ပြောင်ရှည် ။ ။ “ အမိန့်ရှိပါ .. ”

လျှာရှည် ။ ။ “ ဘလော့(ဂ်) တွေဒီလိုရှင်သန်နိုင်အောင်ဘယ်သူလုပ်ပေးထားတယ်မှတ်လဲ .. ”

ပြောင်ရှည် ။ ။ “ အရှင်နတ်မင်းပါ .. ”

လျှာရှည် ။ ။ “ ဘလော့ဂါ ဒေါ့ ကွန်းကွ ..၊ မဖားနဲ့ သာကူးတွေ ..၊ မကျေနပ်ဘူးဟေ့ ..၊ မကျေနပ်ဘူး ..။ ”

ပြောင်ရှည် ။ ။ “ အမိန့်ရှိပါ .. ”

လျှာရှည် ။ ။ “ ဘယ်လိုမှကိုမကျေနပ်ဘူးဟေ့ ..၊ ငါကအကောင်းနဲ့ ဘလောက်တွေကို သက်ဆိုးရှည်ပါစေတော့လို့ စောင့်ရှောက်ထားတာ..၊ ဟိုအကောင် .. လောကကြီးကိုတခါမှတည့်မမြင်တတ်တဲ့ကောင် ..၊ သူများ ဘလောက်တွေမှာလိုက်ဆဲဖို့ပဲတတ်တယ်..၊ ပြောလိုက်ရင် သောက်ကြီးသောက်ကျယ်..၊ ပြီးတော့ .. နောက်တကောင် ..၊ ၀ိပဿနာ လုပ်မယ်ဆိုရင်လဲ တောထဲသွားပြီး တရား ထိုင်ပါလား..၊ အခုတော့ ၀ိပဿနာလိုလို၊ ၀ိသမသားလိုလို၊ သမထ လိုလို၊ ထွက်ရပ်လမ်း လိုလို နဲ့ ..၊ ဟိုရေးဒီရေး ..၊ ဒိထက်ဆိုးတာက ဘယ်တော့မှ ကောင်းလာမဲ့ အကောင်မဟုတ်တဲ့ လေးလုံးခြောက်ဖက်၊ မျက်မှန်နက် တပ်ပြီး..၊ ဖားယားနေတဲ့အကောင်..၊ မဟုတ်တမ်းတရားတွေရေးရင်းနဲ့ ..၊ အရိုးကိုက်ဖို့မျှော်နေတယ် ..၊ သယ်..၊ ငါလုပ်လိုက်ရ ဒီကောင် တွေရှုပ်သမျှ ..၊ မောင်ဒိုင်းကလဲရှင်းရလင်းရ..။ ဘယ့်နှယ်..၊ တနေ့ တနေ့ ညီ ညွတ်မလားအောက်မေ့တယ်..၊ဟို .. ပြောင်လျှာရှည်ဇာတ်ကအကောင်တွေ ငါကြည့်မရတာကြာပြီ..၊ ကိုယ့်ဘာသာ..ပွဲအငှားကိုမစောင့် ဘူး ..၊ အာ ထထ ချောင်တယ် ..၊ ပွဲပါမစ်ပိတ်လိုက်ရင်ထမင်းငတ်တော့မယ်..။ ”

ပြောင်ရှည် ။ ။ “ မှန်ပါ ..၊ စိတ်လျှော့ပါ..၊ ကျွန်တော်မျိုးများ ..အမိုက်အမဲကလေးတွေမို့ ..။ ”

လျှာရှည် ။ ။ “ တော် ..၊ နောက်ဆိုမင်းတို့ ဘလောက်တွေကို ငါလာမကြည့်တော့ဘူး။ အကုန်ပိတ်ပစ်မယ် ..။ အေး..၊ ဒါပေမယ့် ငါကိုယ်တော် .. စိတ်နှလုံး ရွှင်ပြုံး၊ အားတွေတိုးစေမဲ့ ..၊ ဘလောက်တခုပဲချန်ထားမယ် ..၊ သူ့ဆီလာသမျှ ပရိသတ်ဆိုတာလဲ ညီညွတ်လိုက်ကြတာ ..ရန်ဖြစ်တယ်ဆိုတာကိုမရှိဘူး..။ ပြည်ကြီးတကယ်သာယာနေသလားအောက်မေ့ရတယ် ..။ ငါအကြိုက်ဆုံးပဲ ..။ ”

ပြောင်ရှည် ။ ။ “ မည်သို့သော ဘလောက်မျိုးပါနည်း အမိန့်ရှိပါ .. ”

လျှာရှည် ။ ။ “ အေး..၊ ငါကိုယ်တော် အကြိုက်ဆုံး ဘလောက်ကတော့ မြန်မာလပ်(ဖ်)စတိုရီ .. ပဲကွ ..။ ”

ပြောင်ရှည် ... ( “ဖြောင်း..” ကနဲ) လက်သံပြောင်ပြောင်နဲ့ ရိုက်ချလိုက်တာ နတ်ဘယ်ရောက်သွားမှန်းမသိတော့ပေ ...။

ဆက်ပါဦးမည်။

(ကိုပြောင်ရှည်ရေးသားတင်ဆက်သည်)

7 comments:

boke said...

thanks a lot again.

Anonymous said...

Koshershay!
I must apologise u for my comments rgding the last play.
You r a genius,talented,born-satirist!
I missed SAYAR MGhtinn;;HTIN-LINN:ZINAG: Eikyarkway:-but more to ZAWANOSKI & BOTHAKHINSAYAR!!
Carry on Comrade!We,the people are with YOU!

Anonymous said...

Lol.............. :D

Anonymous said...

Hey,

your last play was really good!! Pls carry on!

nyeenyee2007 said...

we all read ur satire post , feel very funny & relax thks fro the post, pls write more n more

Anonymous said...

နင်းဟောင် ကိုလျှာရှည် . . . ခီမှားကတော့ ဟိ ဟီ ဟီး . . . ပလိစ် ဂိုးအဟဒ် ဗျာ ။

TharKiNwe said...

ကိုလျှာရှည်
အခုဇာတ်လည်းကောင်းတယ် ။ဒါပေ့မယ် “ မကျေနပ်ဘူးဟေ့ ။မကျေနပ်ဘူး”ဆိုတာတွေ ထပ်နေတယ် ထိပ်ဆုံးပိုဒ်နဲ့ နောက်ဆုံးအပိုဒ် က အရီရဆုံးပဲ--

အားပေးလျှက်
သင့်