Thursday, December 27, 2007

မြောင်းထဲရောက်မယ့် ခေတ်သစ် Brutus နဲ့ ဦးစောလက်သစ်များ မှတ်သားရန်

ကိုင်း... ရေးစရာရှိတော့လည်း မောင်xyz တို့ရေးရပြန်တာပ။ မောင်xyz ကတော့ ဘလော့ခ်လောကထဲကို ခြေချကတည်းက ရှင်းရှင်းလင်း လင်းပြောပြီးသားပါ။ ခံယူချက်ကတော့ ရှင်းပါတယ်။ လွတ်လပ်တဲ့ လူ့ဘောင်အဖွဲ့အစည်းကို ယုံကြည်တဲ့extreme liberal တစ်ယောက် ဆိုတာ။ အဲ .. ဒီမိုကရေစီဆိုတာ စာရွက်ပေါ်ပဲရှိရှိ ဘယ်နားပဲရှိရှိ ယုံပါတယ်။ မောင်xyz က ဘယ်ပါတီဝင်မှ မဟုတ်သလို ဟိုခြံခုန် ဒီခြံခုန် တဲ့စားဖားတွေ တောင်အပင်၊ မြောက်အပင်အပင်ခုန်တဲ့ မျောက်ကမြင်းတွေကို အင်မတန် ရွံပါတယ်။ ဒီနေ့ထိ မောင်xyz ၀င်ထားတဲ့ ပါတီ က တစ်ပါတီတည်း ရှိပါတယ်။

သန်းရွှေ ခေါင်းဆောင်တဲ့ “နအဖ စစ်မိစ္ဆာ ပြုတ်ကျရေး” ဆိုတဲ့ပါတီပါ။ အဲ.. ဘယ်တုန်းက ထောင်ထားတဲ့ ပါတီလဲ၊ ဘယ်သူတွေ ခေါင်း ဆောင်လဲ သိချင် ပြောပြပါဦးမယ်။ နအဖကို သောက်မြင်ကပ်နေတဲ့လူတွေ၊ နအဖရဲ့အောက်ဆွဲတွေကို အပြုတ်တိုက်မဲ့လူတွေ၊ ကိုယ်ထူ ကိုယ်ထ ခေါင်းဆောင်ထားတဲ့ပါတီပါ။ ဘယ်သူမှ ပါတီဝင် လျှောက်လွှာတင်စရာ မလိုပါဘူး။ အသင်းဝင်ဖြစ်ဖို့လဲ လွယ်ပါတယ်။ နအဖ နဲ့ နအဖ အောက်ဆွဲတွေကို တွေ့ရာနေရာမှာ သမဖို့လိုပါတယ်။ ကိုင်း.. ဒီလောက်ဆို မောင်xyz ဘယ်သူလဲဆိုတာ သိလောက်ပြီ ထင်ပါ တယ်။

စိတ်မပူပါနဲ့၊ ရှေ့လျှောက် နအဖရဲ့သောက်တလွဲလုပ်ပုံတွေ နအဖရဲ့ အောက်ဆွဲတွေရဲ့ဖားချက်တွေကို ပီပီပြင်ပြင်ရေးသား တင်ဆက် နေဦးမှာပါ။ ရေးဖို့သမိုင်းပေး တာဝန်ကလည်း ရှိတယ်မဟုတ်လား။ ဒီနေ့ထိ ပြည်သူလူထုဆိုတာကို ခပ်တုံးတုံး ဆူလွယ်နပ်လွယ်လို့ ထင် ရင်တော့ မှားမည်ပ။ ပြည်သူလူထုကို ယနေ့ထက်တိုင် သစ္စာမဖောက်၊ ကျောမခိုင်းတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကိုလည်း လေးစားနေ ဦးမှာပါ။ အဲ .. တိုင်းပြည်နဲ့ ပြည်သူလူထုကို နှိပ်စက်ညှင်းပမ်းပြီးမှ တိုင်းပြည်နဲ့ ပြည်သူလူထုကို ဒုက္ခပေးနေတဲ့ နအဖရဲ့“ စောက်ထုံ” ဖြစ် မှုတွေကိုလည်း မမေ့မလျော့ တင်ဆက်သွားမှာပါ။ ကိုင်း.. ဒီလောက်ဆို မောင်xyz ဘယ်သူလဲဆိုတာတော့ သိသင့်ပြီထင်ပါတယ်။

Personal attack မလုပ်ပါဘူးပြောပြီး ရေးသမျှက ပုဂ္ဂိုလ်ရေးရာအရ အောက်တန်းကျကျ ပြောဆိုတတ်သူများဟာလည်း နောက်ချီးပုံမှာ သာပျော်တဲ့ နောက်ချီးပိုးတွေပဲ ဖြစ်နေဦးမှာပါ။ ကိုယ့်ရဲ့ခပ်ညံ့ညံ့ မပြည့်မှီတဲ့ အရည်အချင်းတွေကို ဖုံးကွယ်ဖို့အတွက် အောက်တန်းကျ ကျ နောက်ဆွယ်က တိုက်ခိုက်တယ်ဆိုတာ အပေါစား သွေးကြောင်သူတွေရဲ့ အကောင်းဆုံးအရည်အချင်းပါ။ မောင်xyz ကတော့ နအဖ မကောင်းဘူးပြောတယ်။ သောက်သုံးမကျဘူးပြောတယ်။ ဘာတွေဘယ်လိုကြောင့် ဒီလိုပြောရတယ်ဆိုတာတွေကို တစ်ခါတည်းပြောပြီး သားပါ။

ကျနော်သိတဲ့ (၈၈) ခေါင်းဆောင်တွေဟာ ပြည်သူတွေဆီက ထမင်းလုပ်လုမစားပါ။ ပြည်သူတွေမျက်ရည်ပေါက်ကြီးငယ်ကျပြီးမှ ရတဲ့ဝင် ငွေနဲ့လည်း ပျော်ပါးမနေပါ။ သာမန်လူတွေ မခံစားနိုင်တဲ့ ဒုက္ခဆင်းရဲ အမျိုးမျိုးကို ရင်စည်းခံပြီး နိုင်ငံအတွက်ပေးဆပ်နေကြတာပါ။ နှစ် ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရပြီးချိန် နေအိမ် အကျယ်ချုပ်နဲ့ နေကြရပြီးချိန်မှာတောင် ပြည်သူတွေအတွက် မပျက်မပြားတဲ့ စိတ်ဓါတ်နဲ့ ရပ်တည်ပေးခဲ့ကြတာတာကို မောင်xyz တို့လို ပြည်သူတွေက အမြဲတမ်းပဲ ကျေးဇူးတင်နေမှာ ဖြစ်ပါတယ်။ ကျော်ကြားတဲ့ ခေါင်းဆောင်၊ ပြည်သူတွေအလေးအမြတ်ထားခြင်းခံရတဲ့ ခေါင်းဆောင်တွေဆိုတာကို အမြဲတမ်းတိုက်ခိုက် အပုတ်ချမယ့် မိစ္ဆရိယ စိတ်နဲ့ မကောင်းကြံ မယ့် ခပ်ညံ့ညံ့လူတွေ သမိုင်းစဉ်တစ်လျှောက် ရှိခဲ့ပြီးသားပါ။ ဆီဇာကို Brutus လို သစ္စာဖောက်တွေက အကောက်ကြံတယ်။ ဗိုလ်ချုပ်ကို နိုင်ငံရေးနယ်ပယ်မှာ မယှဉ်နိုင်တဲ့ ဦးစောကလုပ်ကြံတယ်။ ဒီလိုလူတွေ သမိုင်းခေတ် အဆက်ဆက်မှာ ရှိခဲ့ပြီးသားပါ။

နောက်လဲရှိလာနေဦးမှာပါပဲ။ ကိုယ့်သမိုင်း ကိုယ်နာမည်မဖော်ရဲမယ့် လူတွေအတွက်တော့ ဒီလိုနည်းတွေပဲ လုပ်တတ်တာမို့ လုပ်ကြပါ လိမ့်ဦးမယ်။ မောင်xyz တို့ကတော့ ဒီလိုနိုင်ငံရေးဝဲစားတွေကို သနားပါတယ်။ ဒီလိုမျိုးစာတွေကို ရေးရင်းနဲ့ပဲ (၈၈) ခေါင်းဆောင်တွေကို အပုပ်ချနေရင်းနဲ့ပဲ အရှင်ထွက်ကြီးမောင်ခင်ညွှန့်နဲ့ ထောက်လှမ်းရေး ဂိုဏ်းတစ်သိုက် ဘာတွေဖြစ်နေကြပြီလဲဆိုတာ တစ်ချက်လေ့လာ လိုက်ပါ။ ယူတတ်ရင် သံဝေဂ ယူစရာပါ။

နောက်ဆုံးအနေနဲ့ နိုင်ငံရေးအရ အောက်ကြေးနှိုက်နေတဲ့လူတွေ သတိချပ်ဖို့ကတော့ ပြည်သူဆိုတာ ငတုံး ငအ တွေလို့ ထင်ရင် တက် တက်စင်အောက်လွဲသွားမယ် ဆိုတာပါပဲ။ ပြည်သူရဲ့ချစ်ခင်မှုကိုးစားမှုတို့ကို လိုချင်ရင် တောင်းဆိုနေလို့မရပါဘူး။ အလုပ်နဲ့ သက်သေပြ လိုက်ကြပါ။ ကျုပ်တို့လို သာမန်ပြည်သူတွေကတော့ ဒေါ်စုလို ကိုမင်းကိုနိုင်လို ဦးဝင်းတင်တို့လိုလူတွေကို လေးစားမြဲလေးစားနေမှာပါပဲ။ ကိုယ့်ဟာကို နအဖကို ဖော်လံဖားလေးဖားရင် လမ်းဘေးပဲ ရောက်ဖို့ရှိပေမယ်လို့ ပြည်သူတွေလေးစားတဲ့နိုင်ငံရေးခေါင်းဆောင်တွေကို နောက်ဆွယ်က အပုပ်ချနေလို့ကတော့ မြောင်းထဲပဲရောက်ဖို့ရှိကြောင်း သတိပေးလိုက်ပါရစေဗျို့။ ခံယူချက်မရှိတဲ့ အပေါစားတွေဟာ မျိုး တူရာ တူရာ စုသွားတာ သဘာဝကျပါတယ်။ အချိန်တန်ရင် ဘယ်သူတွေဟာ ဘယ်လိုလူမျိုးဆိုတာ ပြလာတာမို့ သိပ်အံ့သြစရာမရှိပါ။

အော် .. နောက်ဆို မောင်xyz လို သာမန်ပြည်သူတွေကို လျှော့မတွက်ဖို့ သတိပေးလိုက်ပါရစေ။
(အမှန်တရားတွေရေးလို့ သိပ်နာသွားတယ်ဆိုရင် မောင်xyz ကို ကော့မင့်မှာ ပြန်လာပြောပေးပါ။ ဒါမှမဟုတ်လဲ C box ကနေ အော်သွား ပေါ့ဗျာ။)

XYZ

13 comments:

Anonymous said...

မင်းလဲ အတူတူပါပဲကွာ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အကြောင်းပဲ မကောင်းပြောနေတာပဲ မဟုတ်လား၊ပြီးတော့ ဗိုလ်ချုပ်မှူးကြီး သမီးတွေ အကြောင်းပဲ မင်းတို့ ကောင်တွေ ပြောနေတာပဲ မဟုတ်လား၊ ရုရှက မင်းထက် အသက် အများကြီးငယ်တဲ့ လူတွေ ကိုတောင် လိုက် ပုတိခက်နေတဲ့ ကောင်က အခုမှ ပုဂ္ဂိုလ်ရေး မတိုက်ခိုက်ဘူးလေး ဘာလေးနဲ့၊ အခုမှ ကိုကိုကြောင်ချေးတို့၊ တုတ်ကြီးဆိုတဲ့ လူတွေ က ပေါ်လာတာနော်၊အရင်တုနးက က မင်းတို့ ကောင်တွေပဲ အတင်းပြောလာတာလေ၊ ဟုတ်တယ် မဟုတလား၊ နောက်ဒီထက် လာအုံးမယ်၊ စောင့်သာကြည့်နေ၊ စုကြည်နောက်လိုက်ဖြစ်ခဲ့မိသာ မှားပါပြီဗျာ လို့ နောက်မှ နောင်တ မရနဲ့၊ အခု အချိန် နောက် မကျသေးဘူး ပြင်လို့ရသေးတယ်

Anonymous said...

သန်းရွှေလို သခိုးအကြီးစားတွေကို သခိုးလို့ပြောရမှာ ပြည်သူတွေရယ့် တာဝန်လေ။ မခိုးရင် အနေအထိုင်တတ်ရင် ဘယ်အပြောခံရမတုန်းဟ။ မင်းတို့ ပထွေးတွေ ခိုးပြီး ဘုံးပြီး စင်္ကာပူမှာ ပိုက်ဆံတွေအပ် မဟုတ်တာတွေလုပ်နေလို့တောင် ဟိုက လီကွမ်ယုက “ စောက်ထုံ” တွေဆိုပြီး ချီးမွန်းထောမဏာ ပြုထားတာ။ ဒါလဲ သောက်ရှက်မရှိပါဘူး။ ၈၈ ခေါင်းဆောင်တွေက ပြည်သူတွေဆီကနေ ဘာမှ မခိုးဘူးဟ မှတ်ထား။ ဒါကြောင့် အနှစ် ၂၀ လုံးလုံး ငါတို့ဆီကနေ လေးစားမှုကို ရယူနိုင်တာပဲ။ ကိုင်း စောက်ထုံကြီးများရယ့် တပည့်လေးတွေ စောက်ထုံလေး တွေလဲ စင်္ကာပူကစစ်ဗိုလ်တွေရယ့် ဘယ်နေ့ အပြောခံရမလဲဆိုတာ စောင့်ပေါ့ ခွီခွီ။

Anonymous said...

ငါုတို့ မပြောစေချင်၇င် မင်းတို့ အဖေတွေကို မဟုတ်တာတွေ မေ၇းခိုင်းနဲ့ ပေါ့ကွ..။ရှင်းရှင်းလေး...။
ဆိတ်လစိဟို ဟိုပြေးကပ် ဒီပြေးကပ်တော့ မလုပ်နဲ့ ။
သူတို့ လုပ်တာ သောက်ချိုးမပြေလို့ ငါပြောတယ်ကွယ်။
ဟတ်ဟတ်..။ မင်းအဖေတွေထိတော့ နာနေလို့ လား..။
သောက်ဆင့်မရှိတဲ့ တုတ်ကြီးတို့ ကြောင်ချေးတို့ ကို
မကြောက်ပါဘူးကွယ်..။နောက်ထပ်လာတဲ့ကောင်တွေလဲ
လူမော်တို့ မကြောက်ပါဘူး..။ ပျော်ပျော်ကြီးစောင့်ကြည့်နေလိုက်ဦးမယ်။
ဒေါ်စုနောက် လိုက်တယ်လို့ ငါတို့ မပြောမိပါလား..။
မင်းတို့ လို ငွေ၇လို့ ဆိတ်လစိလို ဟိုပြေးကပ် ဒီပြေးကပ်တော့ မလုပ်တတ်ပါကွယ်..။ ဒေါ်စုသာ ဦးသန်းရွှေနေ၇ာဆိုလဲ ကိုယ်တို့ က ဝေဖန်ဖို့ အသင့်ပဲ..။
လူမော်တို့ ရှေ့ မဟုတ်တရုတ်တော့ မလုပ်မိစေနဲ့ ..။

quoted.../
မင်းလဲ အတူတူပါပဲကွာ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အကြောင်းပဲ မကောင်းပြောနေတာပဲ မဟုတ်လား၊ပြီးတော့ ဗိုလ်ချုပ်မှူးကြီး သမီးတွေ အကြောင်းပဲ မင်းတို့ ကောင်တွေ ပြောနေတာပဲ မဟုတ်လား၊ ရုရှက မင်းထက် အသက် အများကြီးငယ်တဲ့ လူတွေ ကိုတောင် လိုက် ပုတိခက်နေတဲ့ ကောင်က အခုမှ ပုဂ္ဂိုလ်ရေး မတိုက်ခိုက်ဘူးလေး ဘာလေးနဲ့၊ အခုမှ ကိုကိုကြောင်ချေးတို့၊ တုတ်ကြီးဆိုတဲ့ လူတွေ က ပေါ်လာတာနော်၊အရင်တုနးက က မင်းတို့ ကောင်တွေပဲ အတင်းပြောလာတာလေ၊ ဟုတ်တယ် မဟုတလား၊ နောက်ဒီထက် လာအုံးမယ်၊ စောင့်သာကြည့်နေ၊ စုကြည်နောက်လိုက်ဖြစ်ခဲ့မိသာ မှားပါပြီဗျာ လို့ နောက်မှ နောင်တ မရနဲ့၊ အခု အချိန် နောက် မကျသေးဘူး ပြင်လို့ရသေးတယ်

Anonymous said...

အာဏာနဲ့ အခွင့်အရေးမရသေးလို့ အနစ်နာခံနေတာ ၊ ကို ရိုးတယ်မထင်ပါနဲ့ သမိုင်းမှာ အာဏာနဲ့ ကျော်ကြားမှုကြောင့်ကျဆုံးသွားတဲ့ ခေါင်းဆောင်တွေ အများကြီးရှိခဲ့တယ်။ အဲဒီအာဏာနဲ့ အခွင့်အရေးမှတ်ကျောက်အတင်ခံနိုင်မှ ချီးမွန်းကျပ။ စကားအကုန်မပြောပါနဲ့
အောင်ထက်

Htett Aung said...

င်္ခယူချက်ချင်းကတော.ကွက်တိဘဲ။
နအဖ တိုက်တဲ.နေ၇ာမှာဘယ်သူနဲ.မဆိုလက်တွဲကြတာပေါ.။
ကျွန်တော်တို.က ဘယ်အစိုး၇ ဘဲတက်တက် မှန်တဲ.ဘက်က၇ပ်တည်မယ်။
အကေါင်းင်္ဆုးနောက်လိုက်အဖြစ်၇ှိနေမယ်။။

Unknown said...

ရဲဘော်အောင်ထက်ခင်ဗျား

တချို့ အချက်များသဘောမတူပါ။
NLD လွှတ်တော်ကိုယ်စားလှယ်များအများစုသည်
ယနေ့ တိုင် နအဖ ၏လိမ်ကွက် တိုက်ကွက် နှိပ်စက်
အကြမ်းဖက်မှုများကြားမှပင် အာဏာရှင်စနစ်ကို
တိုက်ဖျက်နေဆဲဖြစ်ပါသည်။ ကြည်ဝင်းတင်ထွန်းမောင်
တို့ ကဲ့သို့ လူနဲစုသာကွဲသွားခြင်းဖြစ်ပါသည်။
ရဲဘော်အောင်ထက်လည်း လက်ပန်းကျတဲ့ထဲပါမယ်ထင်ပါသည်။
တချို့ ထောင်ထဲမှာ တချို့ တောထဲမှာ တချို့ ၄၀၁ ထိုးထားရ တချို့ လွှတ်လိုက် ဖမ်းလိုက် တချို့ ခဏခဏ
စိတ်ညစ်အောင်ခေါ်မေးလိုက်နဲ့  တချို့ ထောင်ထဲသေ
တချို့ သတ်ခံရ ။ CEC ကရွေးသည်ထားအုံး
အများစုကအမှန်အကန်ဒေါင်ဒေါင်မည်တွေပါ။
ပြည်သူတွေအတွက်အာဏာရှင်စနစ်ကိုတိုက်နေကြဆဲပါ။
ဒေါ်စုနဲ့ CEC မကြာခင်ကပြုံးပြုံးရွှင်ရွှင်ဆွေးနေနေပုံအရ
သူတို့ အကြားပြဿနာရှိပုံမရပါ။ CEC တွေလည်းဒေါ်စုနဲ့ တွေ့ ဖို့ မကြခဏတောင်းဆိုတာ
တွေ့ ရပါသည်။ CEC တွေလည်းလုပ်နိုင်သလောက်
လုပ်တာတွေ့ ရပါသည်။ Letters to Dictators စာအုပ်
ပြန်ဖတ်ကြည့်ပါအုံး။အားမလိုအားမရဖြစ်တာတော့ 
အမှန်ပါ။ ဒါပေမဲ့ဒီလောက်နှိပ်ကွတ်နေတဲ့ကြားက
ဒီလောက် နအဖဥပဒေဘောင်တွင်းကလုပ်နိုင်တာချီးကျူးရမှာပါ။
ဒေါ်စုလွတ်လာတော့ ပါတီအရေးထက်ပြည်သူ့ အရေးပေးကာလှည့်လည်ပြော စည်းရုံးခဲ့ပါတယ်။
ရဲဘော်အောင်ထက်အိပ်ပျော်နေခဲ့လားမသိဘူး။
ဒါမှမဟုတ်
ဒေါ်စုနဲ့အမျိုးသမီးအဖွဲ့စကားပြောနေတုန်းခိုးနားထောင်တာတို့ 
ကင်းဆေးအစီရင်ခံစာတို့ လေဒီချတ်ဒလီလပ်ဗ်ဗာ တို့အကြောင်းသိချင်စိတ်များများသွားလားမသိ။
ရဲဘော်အောင်ထက် ပါတီစည်းရုံးရေးနဲ့ ကင်းကွာသွား
တယ်ထင်ပါတယ်။
အခြားပါတီများတန်းတူမရနိုင်တာကရှင်းပါတယ်။
ရွေးကောက်ပွဲတုန်းကတယောက်မှအရွေးမခံရ။ (သို့)တယောက်ထဲဘဲရွေးခံရတဲ့ပါတီ နဲ့ ၃၀၀ကျော်ရွေးခံရတဲ့
ပါတီမတူနိုင်ပါ။
နို့ မို့ ရင် အစထဲကပေါင်းပြီးရွေးခံကြမှာပါ။
အခုလဲခွေးကတက်ကအိပ်ရအိပ်ရလူတွေလည်းနဲနဲငြိမ်
နေတယ်။ဘယ်ဘက်ကသာမှာလဲအရိပ်အခြေကြည့်နေ
သေးတယ်။သူတို့ ကို ယုံလို့ မရဘူးဆိုတာ ရဲဘော်အောင်ထက်အသိပါ။
CEC ထဲမှာတောင်မှ တယောက်ဟာ
ဗိုလ်ချုတ်မှုးကြီးဆီကိုနေ့ စဉ်တွေ့ သတင်းပို့ ရတာကြောင့် အစည်းအဝေးတွေမှာ CEC တွေအကုန်မပါတာ ရဲဘော်အောင်ထက်
သိဖို့ ကောင်းပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ ယောကျာင်္းသေပြီးနောက် လူလွတ်ပါ။
နောက်ယောင်္ကျားယူလည်းသူ့ ကိစ္စပါ။ရဲဘော်အောင်ထက်လည်းကိုယ့်ကိစ္စတွေရှိခဲ့မှာပါ။
နိုင်ငံရေးနဲ့  personal ရောလို့ မရပါ။အဲဒါအောက်လမ်းနည်းပါရဲဘော်အောင်ထက်။

Anonymous said...

ရဲဘော်အောင်ထက်ရေ.
ခင်ဗျားပြောတဲ့ အချက်တွေလဲ အမှားချည်းပါလားဟ..
စုတင်အဖွဲ့ချည်းကျန်ခဲ့တာမှ မဟုတ်တာ..
နာမည်ကျော် ဦးကြည်မောင်က ဦးအောင်ကြီးဖက်က ကျန်ခဲ့တာလေ ..
ပြောချင်ရင်လဲ သေချာသိမှ ပြောပါဟ..
ဒါနမူနာပဲ မှတ်ပါ....
အောင်ကြီး ဘယ်လို ဇာတ်သိမ်းတယ်ဆိုတာလဲ သိသားနဲ့..

Anonymous said...

ကိုXYZလိုမျိုးကိုယ့်ရဲ့ အချိန်ကိုဖဲ့ပြီး၊ကိုယ်တတ်နိုင်တဲ့ဖက်ကနေ ကိုယ်နိုင်ငံကောင်းစားရေး နဲ့ တိုးတက်ရေးအတွက်လိုအပ်ချက်ကိုထောက်ပြနေတဲ့သူ၊နိုင်တဲ့ ၀န်ကိုထမ်းနေသူတွေဟာဘာမျှော်လင့်ချက်နဲ့ မှလုပ်နေတာမဟုတ်ပါဘူး၊နအဖတွေသာမှန်တာပြောတာနဲ့ ဒီမိုကရေစီဘက်တောသားဆိုပြီးဝါလုံးရှည်ကြီးနဲ့ ရမ်းတော့တာဘဲ။ဒါတောင်Feed back ပဲရှိသေးတယ်။

Kaung Kin Ko said...

“ခံယူချက်ကတော့ ရှင်းပါတယ်။ လွတ်လပ်တဲ့ လူ့ဘောင်အဖွဲ့အစည်းကို ယုံကြည်တဲ့extreme liberal တစ်ယောက် ဆိုတာ။ အဲ .. ဒီမိုကရေစီဆိုတာ စာရွက်ပေါ်ပဲရှိရှိ ဘယ်နားပဲရှိရှိ ယုံပါတယ်။” ကြိုက်တယ်ဗျို့ ။

ဒီနေ့ထိ မောင်xyz ၀င်ထားတဲ့ ပါတီ က တစ်ပါတီတည်း ရှိပါတယ်။သန်းရွှေ ခေါင်းဆောင်တဲ့ “နအဖ စစ်မိစ္ဆာ ပြုတ်ကျရေး” ဆိုတဲ့ပါတီပါ။
ကောင်းတယ်ဗျို့ ။ ကျွန်တော်တို့ လည်းအဲဒီလိုပဲ ခံယူထားတယ်ဗျ။

"နိုင်ငံရေးနဲ့  personal ရောလို့ မရပါ။အဲဒါအောက်လမ်းနည်းပါ " လို့ ဥတ္တရာ ပြောခဲ့တာလည်း လက်ခံတယ်ဗျို့ ။

Anonymous said...

နအဖကို သောက်မြင်ကပ်နေတဲ့လူတွေ၊ နအဖရဲ့အောက်ဆွဲတွေကို အပြုတ်တိုက်မဲ့လူတွေ၊ ကိုယ်ထူ ကိုယ်ထ ခေါင်းဆောင်ထားတဲ့ပါတီပါ။ ဘယ်သူမှ ပါတီဝင် လျှောက်လွှာတင်စရာ မလိုပါဘူး။ အသင်းဝင်ဖြစ်ဖို့လဲ လွယ်ပါတယ်။ နအဖ နဲ့ နအဖ အောက်ဆွဲတွေကို တွေ့ရာနေရာမှာ သမဖို့လိုပါတယ်။ , yap me too, i also one of the membership

Anonymous said...

I dont care who come & rule my country if they are same as junta I(we) will surely against, but I think they maybe better than Junta, (after 26 yers + 19 yeras ) , our country become begger country , who is the responsible for this, why they've never answered for this question, until what time they want to rule & test & test again & again, junta become more & more rich the people become more & more poor

Anonymous said...

ကိုလူမော် နဲ့ ကို XYZ အတွေးအခေါ် ၊ အရေးအသား ၊ စိတ်ဓါတ်တွေကို ကြိုက်တယ်။ အားပေးနေတယ်နော် :)

Anonymous said...

ငါလိုးမသား နအဖဘောမကောင်...လီးမင်းလည်းအတူတူပါပဲလား။ မင်းရဲ့ဝက်စိတ်နဲ့  မနှိုင်းနဲ့ ။
သံဃာ၊ ပြည်သူ၊ ကျောင်းသား၊ မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူအားလုံးရဲ့ အသက် သွေးချွေး စတေးခံခဲ့ရတာတွေ ကိုမထောက်ထားပဲ ကိုယ့်တစ်ဦးတည်း ကိုယ့်တစ်ဖွဲ့ တည်း ကောင်းစားရေး ဆိုတဲ့မျှော်လင့်ချက်နဲ့  ပါဝင်ပြီး အဆိပ်ပင်ကိုရေ၀င်လောင်း ပေးခဲ့တဲ့ မင်းလို ကိုယ်ကျိုးရှာအခွင့်ရေးသမားတွေကို တစ်ခုပြော ချင်တာက တစ်ချိန်မှာ မင်းတို့ဟာ ဓားခုတ်ရာကို ၀င်ပြီးလက်လျှိုခဲ့တဲ့ သမိုင်းတရားခံ ဖက်ဆစ်နာဇီလူသတ်ကောင် တွေ ဖြစ်တယ်ဆိုတာ ပြည်သူတွေက ဖေါ်ထုတ်စီရင်ကြလိမ့်မယ်။