Monday, January 7, 2008
ခေတ်သစ် အာဠာဝက နအဖ
“ ဘာ .. ဘယ်လို .. ”
(ဒန် တန် တန် ..)
“ တော် .. တန် .. တိတ် .. ”
“ ရဟန်းကြီးပြန်ဝင်ပါ .. ”
“ အသင်ရဟန်းကြီး၊ ဘယ်နှယ့်ကြောင့် ကျွန်ုပ်အမိန့်ပေးတဲ့အတိုင်း ဆောင်ရွက်ရသနည်း၊ ”
လေးစားစွာဖြင့်
ပြောင်လျှာရှည်
Unocode
အရဟံအစ ဘဂဝါအဆုံး၊ တုနှိုင်းမမြင် မုနိအရှင်နှင့်တကွ ဓမ္မဂုဏ်ရည် အလီလီညွတ်တွား မြတ်ဘုရားသာသနာ မြတ်သံဃာတို့အား ဦး ထိပ်ထားပြီးသကာလ၊ န-အ-ဖ အောက်ဆွဲတသင်း သောက်တလွဲအဖျင်းတွေအား၊ နောင်အခါလေ ထပ်မမိုက်မိရလေအောင်၊ ပြောင် လျှာရှေ (ရှည်) ဇာတ်လိုက်ကျော်တို့က အောင်ပါစေသီချင်းအော်ရင်း အပီဗျင်း .. (အဲလေ.. ယောင်လို့) ဆုံးမပါတော့မယ် ပရိတ်သတ်ရေ…။
ဘလော့ဖတ်သူအပေါင်းတို့ရေ .. ပြောင်လျှာရှည်ဇာတ် တစ်ပတ်နှစ်ပတ် လစ်ဟာသွားတာမို့ အပြတ်ဆိုပြီး အပြစ်ဘယာမပွားဘဲ ချစ်စရာ ဇာတ်လိုက်ကျော်နှစ်ဦးကို မေတ္တာပိုကာ ထားတော်မူကြပါဦးနော်..။ မေတ္တာဆိုတာ..ရတနာတစ်ပါးပါခင်ဗျ။ ဤကမ္ဘာမှာနအဖတဖွဲ့လုံးက လွဲ ကျန်တဲ့.. လူလည်းနားလည်၊ နတ်လည်းနားလည်၊ ခွေးတောင် နားလည်ပါတယ်ခင်ဗျ။ ဝန်တိုဣသ အဘိဇာဒေါသ ဘဝကိုပြာကျစေတဲ့ မီးခဲကြီးတွေကို ခံတွင်းမှာငုံ၊ အတင်းကိုလူအရေခြုံထားတဲ့ နအဖ ခွေးပျက်တသိုက်ဟာ မိုက်ဇာတ်ခင်းပြီးရင်ခင်း၊ အဝီစိ ဆင်းပြီးရင်း ဆင်းနေတဲ့ အရှိန်ကို မြတ်ဘုရားဂေါတမတောင်မှ တားနိုင်ပါတော့မလား ..... ။
ကိုင်း..ကိုင်း.. မေတ္တာအလှသဘောကို လှစ်ကာပြလို့ဟောမဲ့ ဒီတစ်ကြိမ် ဇာတ်နာမည်ကတော့ အာဠာဝက နအဖ ပါတဲ့ဗျာတို့…. (တိန်..တိန်)
သုံးလောကထွဋ်ထား ဘဂဝါရှင်ဘုရားဟာဆိုရင်ဖြင့် သတ္တဝါတွေကို အစဉ်သနားတော်မူလှပါသောကြောင့် လူနှင့်နတ်ဗြမ္မာ သတ္တဝါေ၀ နေယျကို သဗ္ဗူညုတရွှေဉာဏ်တော်ဖြင့် နိဗ္ဗာန်ကိုခေါ်တော်မူမည်ဟု ဆင်ခြင်ရှုစားတော်မူပေရာ အာဠဝီကြပ်ပြည်အတွင်း.. စိတ်ဆင်းရဲ ခြင်းများစွာနဲ့ အသက်ယဲ့ယဲ့သာကျန်၊ ရှေ့ခရီးလမ်းမကောင်းတော့တဲ့ သန်းအာဠာဝကရွှေ ဆိုတဲ့ ဘီလူးကြီးကိုမြင်တော်မူပါသတဲ့၊ အနှီ သတ္တဝါကြီးဟာ အကုသိုလ်တယ်များဆိုသကိုး၊ အလိမ်အကောက်ထူပုံကလည်း နွယ်ရှင်ကတောင်ဆလံသရပါသတဲ့ ပရိတ်သတ်ရဲ့..။ အချိန်ရှိသမျှ လိမ်ဖို့ပဲစဉ်းစားနေတော့၊ မယုံမေးကြည့် သူ့ဟိုသင်းတောင် ပုံစံပျက်နေပြီဆိုပဲ၊ ပေါင်ပြောတာ ..။
“ ဟဲလို ဂွတ်မောနင်း ကိုယ်စားလှယ်တော်ကြီးမစ္စတာဂမ်မာတလိ .. ကြပ်ဘီလူးပြည်မှာကျုပ်ခိုင်းလွှတ်လိုက်တဲ့ အရေးကိစ္စ အောင်မြင် ခဲ့ပါရဲ့လား .. သန်းအာဠာဝကရွှေ ဆိုတဲ့ ဘီလူးကြီးနဲ့ရော .. တွေ့ဆုံခွင့်ရခဲ့ရဲ့လား..”
“ ပြောမကောင်းပါဘူး နတ်ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီဝိသကြုံခင်ဗျာ..။ ကျနော်သူ့ကို လေးရက်တိုင်တိုင် စောင့်ပါ တယ်။ မအားဘူး၊ အလုပ်များနေတယ်ဆိုပဲဗျာ၊ အဲဒါကြောင့် ကျနော်အလုပ်မဖြစ်ပဲ ပြန်လှည့်ခဲ့ရကြောင်းပါ။ ”
“ ဪ.. ခက်ပါဘိတော့.. ကိုယ်စားလှယ်တော်ကြီးရယ်၊ ဒင်းဟာ လုပ်ချင်တာလုပ်၊ ထင်တိုင်းကြဲ၊ လူသတ်၊ သာသနာစော်ကားပြီးမှ.. မဖြေရှင်းရဲတော့တာလား၊ ”
“ အင်း .. တကယ့် ဘီလူးရှုပ်ကြီးပါဗျာ။ ပြီးခဲ့တဲ့ကိစ္စအတွက် တာဝန်ယူမဖြေရှင်းပေးတဲ့အပြင်၊ ဆက်ကာဆက်ကာ မိုက်လုံးကြီးနေပါ ရောလား ..၊ ”
အဲသလို သန်းအာဠာဝကရွှေတို့သတင်း စင်္ကြာဝဠာတခွင်သင်းနေပုံများပြောပါတယ်။
ဟော .. ဒီလိုနဲ့ တစ်နေ့ကျတော့ နတ်သဘင် အစည်းဝေးကို ဘီလူးကြီးသန်းအာဠဝကရွှေ တက်ရပါရောလား.. မသွားခင် ဗိမာန် ပျောက်မှာစိုးလို့ အပါးတော်မြဲတွေကို ဒီလို.. ဒီလို မှာခဲ့ရသေးတယ်။
“ ဟဲ့ .. မြင့်ယက္ခလှိုင်တို့ ၊ ရွှေယက္ခမန်းတို့ .. ငါ.. ဝတိ ံအထက်တခွင်မှာ ညီလာခံသဘင် သွားတက်ရလိမ့်မယ်ကွယ့်၊ ငါမရှိတုန်း..၊ တွေ့ သမျှ သတ္တဝါတွေ သိမ်းကြုံးစားမနေနဲ့ဦး၊ အခြေအနေကသိပ်ကောင်းတာ မဟုတ်ဘူး၊ နဲနဲလျှော့ကြ၊ နို့မို့ ငါတို့ဗိမာန်ပျောက်လိမ့်မယ်။ ကဲ .. အချိန်မနှောင်းခင် MAI လေကြောင်းနဲ့ နှင်ရဦးမယ်၊ ….. ဝေါ ဝေါ ဝေါ … ”
အဲဒီအချိန်အခိုက်အတန့်လေးမှာပဲ ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ အာဠဝီကြပ်ပြည်က သန်းအာဠာဝကရွှေရဲ့ ဗိမာန်အတွင်း ကြွရောက်ပြီး ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူပါသတဲ့ ပရိတ်သတ်ရေ..၊ သန်းအာဠာဝကရွှေရဲ့ နောက်လိုက် ဘီလူးဗိုလ်ချုပ်တသိုက်ဟာ ဘီလူးချုပ်ကြီးမှာကြားချက်ကို သိသော်လည်း၊ ဘုရားရှင်ဆိုတော့ နှင်ဝံ့တဲ့ အစွမ်းမရှိကြ။ အီးမှန်တဲ့ မျက်နှာပေးကိုယ်စီနဲ့ မအီမသာ ခစားနေကြရရှာသတဲ့။ သို့သော်လည်း၊ အစည်းအဝေးတက်ဖို့ လေဆိပ်ဆင်းလာတဲ့ ဘီလူးချုပ်နှစ်ဦးက ဘုရားရှင်ဝင်ရောက်စံမြန်းတော် မူနေတဲ့ သန်းအာဠာဝကရွှေရဲ့ ဗိမာန်ကိုမြင်တော့ တိုးတိုးလေး သတင်းပို့ရှာသတဲ့ …။
“ ဘီလူးချုပ်ကြီးခင်ဗျာ..၊ ဗိမာန်အတွင်း ရဟန်းကြီး ဂေါတမ ဝင်ရောက်သတင်းသုံးတော်မူနေတယ် ခင်ဗျ .. ”
“ ဘာ .. ဘယ်လို .. ”
(ဒန် တန် တန် ..)
“ ဟုတ်ပါတယ် .. ရဟန်းကြီးဟာ အင်မတန်ကြည်ညိုစရာ .. ရာ .. ရာ …”
“ တော် .. တန် .. တိတ် .. ”
ဆုံးအောင်တောင် နားမထောင်နိုင်၊ ဒေါသငယ်ထိပ်တက်ဆောင့်လို့ သူ့ဗိမာန် အာဠဝီကြပ်ပြည်အတွင်းချက်ချင်းရောက်ရှိသွားပါသတဲ့..။
ဘုရားရှင်ကိုယ်တော် မြတ်ကြီးရှေ့လဲရောက်ရော .. မစဉ်းစားမဆင်ခြင်၊ မြင်မြင်သမျှ ဗကပ လို့အော်ဟစ်ပြီးသကာလ၊ အနှစ်နှစ်အလလက ဂက်(စ်)ရောင်းပြီး ဝယ်စုထားရတဲ့ လက်နက်ကြီးကိုးမျိုးနဲ့ ဘုရားရှင်ကို ဆော်ပါရောဗျာ…။
“ ကဲ လာလေရော့ .. ရာရာစစ ငါ့ပြည်တွင်း ဗစ်ဇစ်ဗီဇာနဲ့ ဝင်လာတဲ့ ဂျပန်ရှုတ်… အဲလေ ယောင်လို့.. တရုတ်လက်နက်နဲ့ အဟုတ်အ သက်ထွက်စေရမယ် .. ရဟန်းကြီး သေပေရော့ … ”
“ အာခံတွင်းက ဝင်းဝင်းတောက်လျက် .. ရွှေသွားစက် ..
ရုရှားပြည်မှအကြွေးဝယ်ထား၊ တက်လျှင်ခက်၍ ဆင်းလျှင်ပျက်သည့် လေယာဉ်စက် ..
2007 စက်တင်ဘာအတွင်း တွေ့သမျှဗြင်းခဲ့၊ အဖျားကျိုးလျက် ဝါးရင်းတုတ်စက် ..
ဆီဈေးလဲတက်၊ နှိုးလျင်မထွက်၊ မနှိုးလျင်ပျက်၊ ဆင်းလျက်လျှောက်သွား ရှမ်းစတားစက် ..
မြေလွတ်မချန်၊ စိုက်ရန်ကြံ၊ တစ်ပင်ငါးရာ စိုက်ခိုင်းပါလို့ ခွေးသေးပန်းတဲ့ ကြက်ဆူစက်၊
ဘီလူးတမတ်၊ လူသုံးမတ်သား၊ စစ်ဇာတ်သွင်းမဲ့ တိုင်းပြည်ကိုဖျက် Road Map စက် ”
“ ဟင် .. ဂလောက်မရပ်မနားပဲ အသေပစ်တာတောင် အရောင်မညှိုး ငါ့လက်နက်တွေသာ ကျိုးကုန်ပါရောလား..၊ ”
“ ဟယ် .. ဘယ်လို .. ဘယ်လို မယုံနိုင်စရာပါလား .. ငါ့လက်နက်တွေဟာ ပန်းပွင့်ပန်းခိုင်တွေ ဖြစ်ကုန်ပြီ..၊ အား လား လား .. သယ်.. ”
(ရှိသမျှ အာမေဋိတ် ပရိတ်သတ်ဖိန့်အောင် ကြုံးဝါးပြီးတာနဲ့)
“ ကဲ .. ဒီတစ်ခါနောက်ဆုံးလက်နက်.. လာပြီဟေ့ .. သယ် ….. ငွေသားလက်ဆောင် အိတ်ပြည့်အောင်သိပ်၊ မကောင်းသူထိပ် ကောင်း သူထိပ်ဟု၊ မျက်စိမှိတ်ကာ စွတ်အော်ပါသည့်၊ ဂွတိုယက္ခ ဘလော့စုတ်စက် .. ”
“ အလို .. လက်နက်မှန်သမျှ ပန်းလေးတွဖြစ်ကုန်ပါရော့လား..၊ ဟယ်၊ သန်းအာဠာဝကရွှေတဲ့ ဟေ့..၊ တစ်ရွှေထဲရှိတယ်၊ နှစ်ရွှေရှိရင် ရောင်းစားမယ်ကွ၊ … အဲလေ .. ငါဘီလူးရဲ့ အထူးလက်နက်၊ လာပြီ..၊ ဘွဲ့ဖြူပုဆိုးတဲ့ဟေ့၊ အသက်ယူလို့ ဇီဝိန်ကြွေစေရမယ်၊ ဒီပုဆိုး ကိုချွတ်ပြီး၊ မြေပြင်ပေါ်ပစ်ချရင် စင်္ကြာဝဠာတစ်ခွင်၊ မီးလောင်ပြင်ဖြစ်မယ်၊ ရေပြင်ကိုပစ်ချရင် သမုဒ္ဒရာခုနှစ်စင်း ခမ်းခြောက်ကုန်မယ်..၊ လက်နက်ကြီးတွေ သင်ခံနိုင်ပေမယ့်၊ ကျုပ်ပုဆိုးဒဏ်ကိုတော့ သင့်အရိုးတောင် မကျန်စေရဘူး၊ လာလေရော့ .. ဘေးတွေ့ရော့ လ ဟယ်..”
ဟဲ .. ဟဲ .. သိတယ်ဟုတ်..၊ ဘုရားရှင်ကို ဘာမှတ်နေလဲ မသိ၊ ဘွဲ့ဖြူပုဆိုးလဲ မွမွကြေလို့ ဘီလူးကြီး သန်းအာဠာဝကရွှေသာ တန်းလန်း ကြီးဖြစ်နေသတဲ့ ... ဘွဲ့ဖြူပုဆိုးကျွတ်လို့ပါ။
“ ဟင် .. ဒုက္ခ..၊ ပုဆိုးဘ၀ ပြောင်းပြီ၊ ဟယ်.. ဒီလက်နက်တွေမနိုင်ရင် နောက်တစ်မျိုးလာမယ်၊ ညာတာပါတေး အာဝါးပေးတဲ့ တပည့် ကျော် .. ကျော်ယက္ခဆန်းရဲ့ လေပုပ်စက်တဲ့ဟေ့ …. ရဟန်းကြီး .. အသင်အခု ထွက်သွား .. ” တဲ့ဗျား..။
ဂေါတမကိုယ်တော်လဲ အသာတကြည်ထွက်တော်မူသတဲ့..။
“ သြော် .. ငါ့နှယ်နော်.. စောစောကတည်းက ပြောလိုက်ရင်ရရဲ့သားနဲ့ ခုတော့ ဂက်စ်ရောင်းပြီး ဝယ်ထားရတဲ့ လက်နက်လဲကုန်ပြီ။ ”
အဲဒါနဲ့ စမ်းပြီးထပ်ပြောပြန်တယ်။
“ ရဟန်းကြီးပြန်ဝင်ပါ .. ”
ဘုရားရှင်လဲ ပြန်ဝင်တော်မူပါသတဲ့ ..။ ဟဲ ဟဲ .. ငါဘီလူးချုပ် ဟုတ်လှချည်လားပေါ့လေ..။
အဲသလို ဘီလူးချုပ်ကြီးသန်းအာဠာဝကရွှေဟာ ဘုရားရှင်ကို သုံးကြိမ်တိတိ ပြောဆိုစော်ကားပြီးတော့မှ တွေးမိသတဲ့..။
“ ငါ တစ်ညလုံးအသေဆော်တာတောင် ရဟန်းကြီးအပြုံးမပျက်ပါလား၊ အင်း .. တစ်ခုခုတော့ တစ်ခုခုပဲ.. ”
“ အသင်ရဟန်းကြီး၊ ဘယ်နှယ့်ကြောင့် ကျွနု်ပ်အမိန့်ပေးတဲ့အတိုင်း ဆောင်ရွက်ရသနည်း၊ ”
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ..
“ ဤဗိမာန်ပိုင်ရှင်ကား၊ အသင်လဲ မဟုတ်၊ ငါဘုရားလဲမပိုင်၊ အရာခပ်သိမ်းကား မမြဲသောသဘောရှိပေသည်၊ အသင်ဘီလူးချုပ်မှူးကြီး၊ အခိုက်အတန့်ပိုင်ဆိုင်နေထိုင်ခွင့်ရသော နေရာတစ်ခုအတွက် အသင်ခေတ်သစ်ဘီလူးမင်း ထပ်ကာထပ်ကာ မိုက်လုံးကြီးခဲ့သည်မှာ၊ ငါ ဘုရားတောင် မကယ်နိုင်၊ ရှေးယခင်တွေ့ဖူးသော အာဠာဝက ဘီလူးသည်ကား ကျွတ်ချိန်တန်၍ ငါဘုရားချွတ်လို့ ကျွတ်ခဲ့ပြီ၊ မှတ်ထား လော့ ... အသင်သန်းအာဠာဝကရွှေဘီလူးချုပ်ကြီး..၊ သင်ကား … ”
ဟု စကားဖြတ်တော်မူပြီး၊ ပြန်ကြွတော်မူလေတော့သတည်း….။
အချိန်လွန်မှ ပုစ္ဆာအဖြေထုတ်ပါလေတဲ့ သန်းအာဠာဝကရွှေ ဘီလူးချုပ်ကြီးကား .. လားရာလမ်းသို့ ကြိုတင်မှန်းဆ၍ နွမ်းလျစွာဇက်ကျိုး၊ ယောယုဝသို့ အပြီးဂိုးသွားလေတော့သတဲ့။
ကဲ .. ပရိတ်သတ်တို့ရေ.. တရားစစ်တရားမှန်ဆိုတာ ဘယ်အခါမှမဖောက်ပြန်၊ ထာဝရတည်မြဲပါသတဲ့။ လုပ်စရာရှိတာတော့ လုပ်ကြရမှာ ပေါ့ ဗျာတို့ ..၊ ကျွန်တော်များဇာတ်ကိုတော့ နောက်နှစ်ပတ်မှ ပြန်ဆက်ပါတော့မယ်..၊ အားလုံးကျန်းမာတော်မူကြပါစေခင်ဗျာ..။ တိန် .. တိန် ..။
ဖတ်ဖူးမှတ်ဖူးခဲ့သည်များကို ပြန်လည်သုံးစွဲထားသည်များ ပါရှိကြောင်းဝန်ခံပါသည်။
လေးစားစွာဖြင့်
ပြောင်လျှာရှည်
15 comments:
မောင်သန့် ။ said...
လောကန္တရိတ် ငရဲ ဆိုတာ ကမ္ဘာပျက်ရင်တောင် အခြားကမ္ဘာ ပြောင်းခံရသတဲ့။ ယောယုဝ က ကမ္ဘာပျက်ရင် လိုက်ပျက်တယ်တဲ့။ သန်း အာဠာဝကရွှေ ကို အဲဒီ ပို့ပါဗျာ။
သရော်ချက်ဗျာ။ ကောင်းလှပါ၏။
Anonymous said...
ကောင်းပါလေ့
ယက္ခကျော်ဆန်းရဲ့ အာပုပ်စက်တို့
ဟား...ဟား...ထိသဗျို့
မောင်ဒိုင်း
Anonymous said...
good satire man , come on bro, some more
Anonymous said...
Thank you, Koshershay!I like it very much!
Anonymous said...
အရမ်းမိုက်တယ် bro ရ .အနော်အလွတ်ကျက်လိုက်ပြီ
Lun Lunn said...
ဒီမိုကရေစီ တိုက်ပွဲဝင် ညီအစ်ကို မောင်နှမများ ..
ကျွန်တော် ဆန္ဒပြုချင်တာကတော့…
ကျွန်တော်တို့ လက်နက်ကိုင် တိုက်တဲ့အဖွဲ့တွေ ရှိကိုရှိရမယ်။ ကျွန်တော်တို့ အနေနဲ့ ခွေးဝဲစား အမျိုးယုတ် သာသနာဖျက် စစ်အာဏာရှင်နဲ့ အောက်ဆွဲ ခွေးဝဲစား စစ်တပ်ကို ပြည်သူတွေ အနေနဲ့ ချက်ချင်း တွန်းလှန်ဖို့ရာ ခက်ခဲနိုင်ပါတယ်။
ဒါပေမယ့် သူတို့ရဲ့ နောက်လိုက် ခွေးဝဲစားတွေကို ပညာပြန်ပေးဖို့ကတော့ လူညီရင် ဖြစ်နိုင်ချေ ရှိပါတယ်။ ပထမဦးဆုံး ကြံ့ဖွတ်၊ စွမ်းအားရှင်ဆိုတဲ့ ခွေးဝဲစားတွေကို ရပ်ကွက်တိုင်း၊ ရပ်ကွက်တိုင်း စည်းလုံးညီညွတ် လျှို့ဝှက်စွာ ချောင်းမြောင်း ရိုက် သတ် ကြစမ်းပါ။
ဒါမှ အဲ့ဒီ ခွေးဝဲစားတွေ ရပ်ကွက်ထဲမှာ ထင်ရာစိုင်း မလုပ်ရဲတော့မှာ ဖြစ်သလို ခွေးဝဲစား အမျိုးယုတ် သာသနာဖျက် စစ်အာဏာရှင်တွေကိုလည်း ကိုယ်တတ်နိုင်ရာ အပိုင်းကနေ စတင် တွန်းလှန်ပြီးသားလည်း ဖြစ်တယ်။
အဲဒီ နောက်လိုက် ခွေးဝဲစားတွေကို တစ်ဖြည်းဖြည်းချင်း နှိမ်နင်းသွားနိုင်ရင် ခွေးဝဲစား စစ်အာဏာရှင်တွေရဲ့ အကိုင်းအခက်တွေကိုလည်း ချိုးဖျက်ပစ်ရာ ရောက်ပြီး သတင်း အချက်အလက်တွေ လွယ်လွယ် မရနိုင်တော့တဲ့ အတွက် ပြည်သူပြည်သားတွေမှာလည်း နှိပ်စက်ခံရမှု နည်းပါးသွားစေမယ်လို့ ယုံကြည်ပါတယ်။
အဲဒီ နောက်လိုက် ခွေးဝဲစားတွေ အားလုံးနီးပါးကို နှိမ်နင်းနိုင်ပြီ ဆိုရင် နိုင်ငံနဲ့ ပြည်သူကို ချစ်တဲ့ စောင့်ရှောက်ချင်စိတ်ရှိတဲ့ စစ်သားတွေ၊ စစ်တပ်တွေလည်း ပြည်သူနဲ့ ရဲရဲဝင့်ဝင့် လက်တွဲ လာနိုင်မယ် ထင်ပါတယ်။
ညီအစ်ကိုတို့မှာလည်း အဲဒီ နောက်လိုက် ခွေးဝဲစားတွေကို အရင်ဆုံး နှိမ်နင်းနိုင်မယ့် အခြား နည်းလမ်းကောင်းတွေ ရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။ ၂၀၀၈ နှစ်ဦးကစပြီး လူတိုင်း လူတိုင်း တတ်နိုင်ရာက စပြီး ပြောက်ကြားစနစ်နဲ့ စတင် လုပ်ဆောင်ကြဖို့ မြန်မာပြည်တွင်းရှိ ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေကို လမ်းညွှန် တိုက်တွန်း အားပေးစေချင်ပါတယ်။
ဒီကျွဲပါးဆောင်းပျက်တွေကို တူညီသော တုန့်ပြန်မှု နဲ့ တိုက်ကို တိုက်ရတော့မယ့် အချိန် ရောက်နေပြီ။ ညီအစ်ကိုတို့ အနေနဲ့ တတ်နိုင်သလောက် မြန်မာပြည်တွင်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက်တွေကို ပြောပြကြပါ။ တိုက်တွန်းကြပါ။
ကျွန်တော်တို့ မြန်မာပြည် ပြင်ပမှာ ရောက်ရှိနေတဲ့ ရဲဘော်ရဲဘက်တွေလည်း အချိန်မှီ လက်နက်ကိုင်ပြီး စုစုစည်းစည်းနဲ့ ၀င်လာနိုင်အောင် စတင် ကြိုးစားနေကြပါတယ်။ ပြည်ပရောက် ညီအစ်မောင်နှမများ နီးစပ်ရာ စိတ်တူညီသူချင်း စတင် စုဆောင်းပြီး တတ်နိုင်သလောက် လုပ်ထားကြပါ။
“နောင်မျိုးဆက်သစ်တွေ မျက်ရည်မကျဖို့ ကျွန်တော်တို့ရဲ̥ သွေးတွေ ချောင်းစီးသွားပါစေ စတေးပစ်ချင်ပါတယ်”
“ဘယ်သူမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ လူတိုင်းမှာ အားသာချက်၊ အားနည်းချက် ရှိစမြဲပါ။ ငြိမ်းချမ်းမှု ၊ လွတ်လပ်မှု နဲ့ တရားမျှတမှု အတွက် အသက်ကိုတောင် စွန့်လွှတ် တိုက်ပွဲဝင်ဖို့ သံဓိဋ္ဌာန် ချပြီးတဲ့နောက် အပြန်အလှန် နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှုတွေနဲ့ ဖွဲ့နှောင်ထားတဲ့ စည်းလုံးညီညွှတ်မှုကို မဖြစ်မနေ ကျင့်ကြံကြပါ။”
လေးစားစွာဖြင့်
လွန်လွန်း
* In Search of Truth * said...
သို့ ကို နအဖ ချိုကျိုးကြီး။
အစ်ကိုရဲ့ တပည့်ဖြစ်သူ ကိုလွန်းလွန်းရဲ့ comment ကို အိပ်ဖွင့်ပေးစာ ဆိုပြီးတင်ပေးပါခင်ဗျာ။ အခုလိုမျိုး ၀ါဒအစွန်းရောက် တပည့်တစ်ယောက်ဆိုတာ ရခဲလှပါတယ်။ နှစ်ပေါင်း ၂၀ လုံးလုံး ဆိုက်ဝါး လုပ်ထားတာ အခုမှ အကောင်အထည်ဖြစ်လာတာ နည်းတောင်နည်းသေးတယ်ဗျ။ အခုလို ရှားပါးတဲ့ ၀ါဒအစွန်းရောက်လေးကို ကျနော် အကြံကောင်း ဥာဏ်ကောင်းလေး ပေးချင်လို့ပါ။ တပည့်ကြီး ကိုလွန်းလွန်းကို နည်းနည်းလေး ချီးမြှင့်လိုက်ပါခင်ဗျာ။
ဇော်မျိုး (တောသားစစ်စစ်)
Lun Lunn said...
ကိုဇော်မျိုး ...
ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ အင်မတန်မှ လေးစားချစ်ခင်စရာ ကောင်းတဲ့၊ ယဉ်ကျေးမှုမြင့်မားတဲ့ လူမျိုးပါ။ လူ၊ လူချင်း လေးစားမှု၊ စာနာထောက်ထားမှု၊ ကူညီဆောင်မတတ်မှု စတဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ အင်မတန် မြင့်မားကြပါတယ်။
ကိုဇော်မျိုး အနေနဲ့ ကိုယ့်သွေးရင်း မောင်နှမတွေ အဆုံးမဲ့ ခံစားဒုက္ခရောက်နေတာကို ကူညီဆောင်မမှု မပြုရင်တောင် စိတ်အနှောင့်အယှက် ဖြစ်အောင် မလုပ်သင့်ပါဘူး။ ဒီခံစားနေရသူတွေထဲမှာ ကိုယ့်မိသားစုတွေ၊ ဆွေမျိုးတွေ၊ အရင်းနှီးဆုံး မိတ်ဆွေ အပေါင်းအသင်းတွေ ပါတယ်ဆိုတာကို ငြင်းနိုင်မယ် မထင်ပါဘူး။
အရင်က ဘယ်လို အကြောင်းတွေကြောင့် လုပ်ခဲ့လုပ်ခဲ့၊ ပျက်အစဉ် ပြင်ခဏ ဆိုတဲ့အတိုင်း အမှန်တရားကို ချစ်မြတ်နိုး ကြည့်လိုက်ပါ။ သေရင်တောင် အမြဲ ဂုဏ်ယူဝင့်ကြွားနိုင်မှာပါ။ နောင်မျိုးဆက်သစ်တွေ မခံစားရစေဖို့ ကျွန်တော်တို့မှာ တာဝန် အများကြီးရှိပါတယ်။
ကိုဇော်မျိုးကို နွေးထွေးစွာ ကြိုဆိုပါရစေ။
လေးစားကြိုဆိုလျှက်
လွန်လွန်း
ကိုလျှာရှည် said...
မာမီမျိုးလေး..
ပြောသာပြော.. ဟဲ ဟဲ .. တပြားမှမပေးရဘူးနော်၊
နား နား ပြီးပြော
Anonymous said...
ဗျို့..သောက်တလွဲ ရီရတယ်..။ ၀ါးဟားဟားဟား..။
ဒီနေ့မှ အလုပ်နည်းနည်းပါးလို့ ဘလော့က စာတွေတက်ဖတ်နိုင်တာ..။
ရေလည် ရီရတယ်..။ တချိန်မှာ ဒီပြဇာတ်တွေကို အများပြည်သူရှေ့ကပြဖျော်ဖြေနိုင်ပါစေလို့ ဆုတောင်းပါတယ်..။
ရေစစ်စရီ လုပ်ထားဦးနော်..ဘော်ဒါ..။
လေးစားစွာဖြင့်
ပြည်သား
(မည်သူမဆို ကိုယ့်လိပ်ပြာကိုယ်သိ ၊ ကိုယ့်သိက္ခာကိုယ်ရှိ)
* In Search of Truth * said...
ကိုလွန်းလွန်း
“လူ၊ လူချင်း လေးစားမှု၊ စာနာထောက်ထားမှု၊ ကူညီဆောင်မတတ်မှု စတဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ အင်မတန် မြင့်မားကြပါတယ်။” ဆိုတဲ့အထဲမှာ နအဖနဲ့ ဒီမိုကရေစီမျက်ကန်းဝါဒီတွေကို ဖယ်ထားပါဗျာ။ အစ်ကိုရေ ဒီမိုကရေစီဝါဒီတွေ နိုင်ငံအတွက်ဘာများ လုပ်လဲ? အရေမရအဖတ်မရ အတင်းပြောတယ်၊ အမြင်မတူတဲ့သူတွေကို အောက်တန်းကျကျဆဲတယ်။ ဒီထက်ပိုဆိုးတာ မြန်မာပြည်ဆင်းရဲပါတယ်ဆိုမှ စီးပွားရေးပိတ်ဆို့တယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ သတင်းအတုတွေနဲ့ ကမ္ဘာကို မြန်မာသိက္ခာပိုကျအောင်လုပ်တယ်။ တစ်ခုလောက်မေးချင်ပါတယ်။ အစ်ကိုတို့ကတ ကယ်တမ်းတော့ မြန်မာပြည်အတွက်လုပ်နေတာ မဟုတ်ပါဘူး။ အသက်မရှိတဲ့ ဒီမိုကရေစီကြီးအတွက်လုပ်နေတာပါ။ အဲဒါကိုတော့ လက်ခံလိုက်ပါ။ တကယ်လို့ မိမိစိတ်ဘာဖြစ်နေလဲ မသိရင် သေချာ ပြန်လေ့လာလိုက်ပါဗျာ။ အချိန်မနှောင်းသေးပါဘူးခင်ဗျာ။ အေးဗျာ . . . သတင်းတွေအရူးလုပ်တိုင်း ခံနေတဲ့အစ်ကိုတို့တတွေကို နအဖချိုကျိုး ကိုလျှာရှည်က နားဖားကြိုးအထိုးတာခံရတဲ့ အဖြစ်ကတော့ တကယ်ရင်နာလို့ မဆုံးပါဘူး။ စိတ်တော့ မဆိုးနဲ့ဗျာ။ ကျနော်တို့က စကားပြောရင် တည့်တည့်ပဲ ပြောတတ်ပါတယ်။ ဟန်ဆောင်ပြီး မြှောက်ပြောတာတွေ လုံးဝ စိတ်မ၀င်စားလို့ပါခင်ဗျာ။ ကျေးဇူးတင်ပါတယ်
ဇော်မျိုး (တောသား)
* In Search of Truth * said...
အပေါ်မှာ နအဖက်ချိုကျိုးကြီး အတင်းပြောထားတာ ဖတ်ပြီး ဒီမိုကရေစီသမားတွေ အကြိုက်တွေ့ နေတယ်။ နှစ် ၂၀ ရှိပြီ မရိုးကျသေးဘူးလား သိဝူး။ လေးစားပါတယ်ခင်ဗျာ။ ကောင်းတယ်ဗျို့။ ဒီမိုကရေစီသမားတွေများ အဲဒါလေးနဲ့ နာဖားကြိုးထိုးရင် သိပ်ကိုလွယ်တယ်ဗျာ။
ကိုလျှာရှည် said...
မာမီမျိုး ခေါ် in search of Nan-Pyer ...
ခင်ဗျားကလဲ .. ရူးရတဲ့အထဲ..
ခေါင်းမှာ ယပ်တောင်ထိုး..၊ လည်ပင်းမှာ နို့ဆီဗူးခွံချိတ် ပြီးတော့ လျှောက်အော်နေတယ်၊ ဆူ .. ညံနေတာပဲ..၊
လူကောင်းတွေ အေးအေးမနေရဘူးပေါ့ဗျာ .. ငှဲ .. ငှဲ
Anonymous said...
ဇော်မျိုးလေး
မင်းကိုတော့ ငါတစ်ခုလောက်ပြောပြချင်တယ်။ ငါ နားလည်ထားသလောက်ပေါ့ကွာ နော်။
ဒီမိုကရေစီဝါဒီတွေ နိုင်ငံအတွက် ဘာများလုပ်လဲ။
ပထမဆုံး မင်းပြောပြောနေတဲ့ ဒီမိုကရေစီ ဆိုတာဘာလဲ။ ဒါကို မင်းလိုရာ ဆွဲတွေး၊ဆွဲရေးလို့ရတယ် ဒါမင်းသဘော မင်းအမြင် (မင်းပြောပြောတတ်တဲ့ ဒီမိုကရေစီရဲတို့..ဘာတို့နဲ့ပေါ့..)။ အဲ့ဒီ ဒီမိုကရေစီဆိုတဲ့ ပညတ်တစ်ခုကို ငါက တရားမျှတ လွတ်လပ်တဲ့ လူ့ဘောင်အဖွဲ့အစည်း လို့ မြန်မာလို ပညတ် မှတ်ယူမယ်ဆိုရင် ကော မင်းဘက်က ဘယ်လိုအမြင်ရှိမလဲ။ အခု တို့တွေ ယုံကြည်တာက မင်းလက်ညှိုးထိုး ရမ်းသမ်းပြောနေတဲ့ ၀ါဒ တစ်ခုအကြောင်းမဟုတ်ပါဘူး။ တို့တွေ ယုံကြည်မျှော်လင့်တာက တရားမျှတ လွတ်လပ်တဲ့ လူ့ဘောင်အဖွဲ့အစည်း တို့ မြန်မာနိုင်ငံမှာ ထွန်းကားလာဖို့ပါပဲ။ အဲ့ဒီ လူ့ဘောင်အဖွဲ့အစည်းကို ဆောက်တည်ပေးမယ့် ခေါင်းဆောင်တွေမှန်သမျှ တို့ဘက်က ကြိုဆိုအားပေးဖို့အသင့်ပါပဲ..။ အဲ့ဒီတော့ ဒီက ညီကို တွေဟာ မင်းပြောတဲ့ အသက်မရှိတဲ့ ဒီမိုကရေစီကြီးအတွက်လုပ်နေတာလား ၊ အသက်ရှိတဲ့ တရားမျှတ လွတ်လပ်တဲ့ လူ့ဘောင်အဖွဲ့အစည်း လုပ်နေတာလား။ ဒါကို တွေးကြည့်ရင် ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်နိုင်မယ်ထင်ပါတယ်။
အစ်ကိုတို့က တကယ်တမ်းတော့ မြန်မာပြည်အတွက်လုပ်နေတာ မဟုတ်ပါဘူး လို့ဆိုတော့။
ညီလေးကော မြန်မာပြည်အတွက်ဘာတွေလုပ်နေလဲ (မြန်မာပြည်အတွက်လို့ဆိုရာမှာ မြန်မာနိုင်ငံပြည်သူလူထုအတွက်လို့ အလိုလိုသဘောပေါက်နိုင်လိမ့်မယ်ထင်ပါတယ်)။ ဘာတွေစဉ်းစားနေသလဲ။ ဓာတ်ပြားဟောင်းကြီး ပြန်ဖွင့်ပြရမယ်ဆို ပြည်ပရောက်မျိုးချစ်မြန်မာတွေကော၊မျိုးမချစ်
မြန်မာတွေကော လစဉ်မှန်မှန် သက်ဆိုင်ရာမြန်မာသံရုံးကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွက် အခွန်အတုပ်တော်ပေးဆပ်ရပါတယ်။ ကိုယ့်ထမင်းကိုယ်ရှာစားကြပါတယ်။ သူများနိုင်ငံတွေနဲ့ ယှဉ်ပြီး ကိုယ့်ပြည်သူပြည်သားတိုးတက်ကြွယ်ဝဖို့ စဉ်းစားကြပါတယ်(ဒီနေရာမှာ မြန်မာပြည်က ခေါင်းဆောင်နဲ့အပေါင်းအပါများဟာ လိုအပ်တာထက်အများကြီးပိုပြီး ချမ်းသာကြွယ်ဝကြတယ်ဆိုသတိပြုစေချင်ပါတယ်)။
ပြည်ပရောက်မျိုးချစ်မြန်မာတွေဟာ ကိုယ့်ဆန်ကိုယ်စားပြီး ကိုယ့်ဘာကိုယ် ရဲကြရပါတယ်။ ဘယ်သူမှ ပျော်ပြီးထွက်လာကြတာမဟုတ်ပါဘူး မိဝေးဖဝေး၊သားဝေးသမီးဝေး ဒဏ်တွေခံပြီးထွက်လာခဲ့ကြတဲ့သူတွေပါ။ ငါတို့နိုင်ငံသာတိုးတက်မယ်ဆို ငါတို့ ဒီမှာလာလုပ်စရာမလိုဘူး လာသင်စရာမလိုဘူး ဆိုတဲ့ အသိ လူတိုင်းမှာရှိကြပါတယ်။ နိုင်ငံအသီးသီးက ရတဲ့ အခွန်အတုပ်တွေဟာလည်း ဘယ်အကောင့်ကဘယ်လိုဝင်ပြီး ဘယ်တွေရောက်ဘယ်တွေပျောက်သွားတယ်ဆိုတာ ဘယ်သူ့မှမပြောနိုင် မသိနိုင်ကြပါဘူး။
ပြီးတော့ ကမ္ဘာမှာ မြန်မာသိက္ခာဘုန်းဘုန်းကျနေတာ သတင်းအတုတွေကြောင့်လား သတင်းအမှန်တွေကြောင့်လားဆိုတာ လူတိုင်းသိကြပါတယ် လူတိုင်းမြင်ကြပါတယ်။ ညီလေးက သတင်းအတုတွေကြောင့်ပါလို့ ဇွတ်ပြောရင်တော့ ညီလေး အမြင်နဲ့ ညီလေးပဲပေါ့။
ညီလေးကို ပလာတာကျွေးတယ်လို့ မပြောချင်ပါဘူး။
နားလည်ခံစားတတ်စေချင်တာပါ။
နားလည်နိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်။
Lun Lunn said...
ကိုဇော်မျိုး ...
လူတိုင်းမှာ မွေးကတည်းက အရာရာကို ကောင်း မကောင်း၊ မှန် မမှန်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့ အဖိုးတန် ဦးနှောက် ပါလာပြီးသားပါ။ အရွယ်အရောက်သေးတဲ့ ကလေးသူငယ် မဟုတ်တာမို့ သူများပြောတိုင်း အလွယ်တကူ ယုံကြည်ရလောက်အောင် ကျွန်တော်တို့ရဲ့ ဦးနှောက်တွေက ချို့ယွင်းမနေသေးပါဘူး။ မိမိဦးနှောက် အဖိုးတန်အောင် အသုံးချနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။