Showing posts with label ကျလိကျလိ. Show all posts
Showing posts with label ကျလိကျလိ. Show all posts

Sunday, November 23, 2008

မပြောချင်လို့ .. ကြည့်နေတာကြာပြီ

ဗွီစီဒီပြောတာပါ။ အတင်း' မဟုတ်ဘူး။ မြန်မာပြည်မှာလေ.. လင်မယားတွေ သတ်ကုန်ကြပြီ။ အဲဒါ ကြည့်ချင်သပဆို .. အောက်မှာရှိပေါ့။ Connection လေးတော့ ကောင်းမှဖြစ်မယ်။



Read more...

Wednesday, January 30, 2008

ဆူနာမီနှင့် မြန်မာပြည်

ယခုရက်ပိုင်းအတွင်း Blogspot မြို့တော်၏ တစ်ခုသော နာမည်ကျော် ဘလော့မီဒီယာ တိုက်တစ်ခုမှ ထုတ်ပြန်ကြေငြာလိုက်သော သု တေသန စာတမ်းကြီးတစ်စောင်ကြောင့် ဘလော့မြို့တော်သူမြို့တော်သားများအကြား ပြောမဆုံးပေါင် တောသုံးတောင်၊ အံ့ချီးကုန်နိုင် ဘွယ် သဲသဲလှုပ်မျှ ဝေဖန်လေကန်လျက်ရှိကြပေ၏။

ပြောရလောက်အောင်ပင် အဆိုပါသုတေသနစာတမ်း (သို့) အများပြည်သူတို့ကို တင်ပြသည့် ဆောင်းပါးကြီးမှာ အလွန်တရာမှ စေ့စပ် သေချာပြီး ကာလအတန်ကြာကပင် ဘက်စုံထောင့်စေ့အောင် ပြုစုခဲ့ရဟန်တူ၏။ သေဆုံးပြီးဖြစ်သော ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီးများ ဖြစ်သည့် မစ္စတာအိုင်းစတိုင်းနှင့် မစ္စတာနယူတန် နှစ်ဦး၏ ဦးနှောက်နှစ်ခုရောသမမွှေ၍ ပေါင်းစပ်ကာ အနှစ်တရာခန့် အဖြေရှာသော်လည်း အရိုးဆွေးသွားနိုင်လောက်သည့် အဆိုပါ မြန်မာလိုရေးသားထားသည့် သုတေသနတွေ့ရှိချက်ကြီးအား အနောက်တိုင်း ဘာသာ ရပ်အသီးသီးသို့ပြန်ဆိုပြီး ကမ္ဘာ့နိုင်ငံခေါင်းဆောင်များနှင့် ခေတ်သစ် သိပ္ပံပညာရှင်များကို ပေးဖတ်စေသော်၊ အဆိုပါပုဂ္ဂိုလ်ကြီးများကား အိမ်ပစ်၊ ယာပစ် သားမယားပါ စွန့်ခွါပစ်ပြီးသကာလ လူရောစိတ်ပါ သွက်သွက်ခါ ရူးသွားနိုင်၏။

ဆိုရချိမ့်သော်၊ အထက်ပါ သုတေသနဆောင်းပါးကြီးကား ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီးတစ်ခုက လောကဓါတ်သိပ္ပံပညာကို အလွဲသုံးစားပြုကာ ကမ္ဘာ့ရာသီဥတုနှင့် ဘူမိဗေဒသဘာဝဖြစ်စဉ်တရားအား ပြုပြင်ပြောင်းလဲ၍ လိုသလိုအသုံးချပြီး လူသားအသက်ပေါင်း သန်းဝက်ခန့် ပမာဏကို အသက်ဇီဝိန်ခြွေပစ်ခဲ့သည့် စင်္ကြာဝဠာလုံးဆိုင်ရာ မဟာ့မဟာ ရာဇ၀တ်မှုကြီးတစ်ခုအကြောင်း ခရေစေ့တွင်းကျ ထုတ် ဖေါ်ပြသခြင်းဖြစ်ပေတော့၏။

ဤကဲ့သို့ ဖေါ်ပြပါ ဘလော့မီဒီယာတိုက်မှ မီဒီယာသမား သုတေသနပညာရှင်ကြီးမှာ ခါးအညောင်းခံ၊ လေးလံလှသော မျက်ခွံအစုံကို ရရာ တုတ်ချောင်း၊ သို့မဟုတ် မီးခြစ်ဆံအချောင်းဖြင့် ဖြစ်သလိုထောက်ခံ၊ မိမိအလုပ်အတွက် ကွန်ပြူတာ၊ မီးအလင်းစသည်တို့အတွက် လိုအပ်သော လျှပ်စစ်ဓါတ်အားကို အဘယ်မည်သို့ရသည်မသိသော ဒေါ်လာငွေတို့ဖြင့် ၀ယ်ယူအသုံးချကာ ခါနာ မန်းနီးအပြတ်ခံ၊ စသည့် ဖြစ် အခံပေါင်းများစွာဖြင့်ခံကာ ကမ္ဘာ့လူထုသန်းပေါင်းခြောက်ထောင်ကျော်အတွက်၊ အထူးသဖြင့် မြန်မာ့လူထု သန်းပေါင်းငါးဆယ်ကျော် ခြောက်ဆယ်ခန့်ကို န-အ-ဖ လူသတ်တာ ဘာမှမဟုတ်ပါဘူးဟု မောင်သန်းရွှေနှင့် အဖွဲ့ဝင်တို့အပေါ် မဟာဂရုဏာများ ဆူနာမီအလား အင်အားကြီးစွာ စိမ့်ဝင် ယုံကြည်ထင်မှတ်လာစေရန် အပတ်တကုပ် ကြိုးပမ်းအားထုတ်လျက်ရှိပေတော့၏။

အဆိုပါသုတေသနတွေ့ရှိချက်ကား တရုတ်နွယ်ဖွား မြေနဂါးမင်းနှင့် ဤကမ္ဘာကြီးအားစောင့်ကြပ်လျက်ရှိသည့် ဆိုင်ရာပိုင်ရာ နတ်မင်းအ ပေါင်း မျက်စိများပင် လည်တော်မူသွားရရှာသည့် ဆူနာမီဗုံးပင်တည်း။ ယခုနောက်ဆုံးရရှိသော စက်ရပ်သတင်းအရဆိုလျှင်၊ အဆိုပါ သည်ဂရိတ်အော့(ဖ်) နတ်မင်းအပေါင်းတို့မှာ ဆူနာမီဗုံးဘယ်သူထွင်သလဲဟု အပြင်းအထန်ဆွေးနွေးအဖြေရှာကာ တွေ့သိလျှင်ချက်ချင်း ကမ္ဘာမြေတည်ငြိမ်အေးချမ်းမှုကို နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သော ဥပဒေအရ အဆောတ လျင်အရေးယူနိုင်ရန် ကြိုးပမ်းအားထုတ်လျက်ရှိကြကုန်၏။

သို့ပေမင့် အံတကြိတ်ကြိတ်၊ တောက်တခေါက်ခေါက်ဖြင့် ဒေါသနှင့် နှမြောနောင်တ ရှယ်ယာတူ ပူးတွဲခံစားရလျက်ရှိသောသူမှာ ငရဲပြည် ရောက် မစ္စတာအဒေါ့(ဖ်)ဟစ်တလာပင် ဖြစ်တော့သည်တမုံ့။ အကြောင်းကား ဒုတိယကမ္ဘာစစ်အတွင်း ၎င်းသတ်ခဲ့သောဂျူးခြောက်သန်း အတွက် ဓါတ်ငွေ့ဖိုး၊ ကျည်ဆန်ဖိုး၊ ဟိုဖိုးဒီဖိုး စသည်တို့ကို နှမြောလွန်း၍ဖြစ်တော့၏။ ထို့ပြင်တ၀ သူစဉ်းစားမိသည်မှာ ဂျူးခြောက်သန်း ကိုနှစ်နှင့်ချီသတ်ရ၏။ ဂျူးတို့သေကြသလို စင်္ကြာအဖွဲ့ဝင် အရာရှိကြီးငယ်အပေါင်းလည်း၊ သွေးချွေး၊ အသက်ပေါင်းများစွာရင်းရသည်။ ဆူနာမီဗုံးနည်းပညာသာ အနှစ် ငါးဆယ်ခန့်စော၍ ဂျာမန်သိပ္ပံပညာရှင်တို့ တီထွင်နိုင်ခဲ့သော် ကောင်းလေစွဟူလို။ ဂျူးခြောက်သန်းနှင့် တကွ၊ မိမိမတွေ့လိုသော သူအပေါင်းတို့အား နေ့ဝက်စာ ထမင်းကျွေး အအေးတိုက်၍ ကမ်းခြေသို့ နေပူစာလှုံခေါ်၊ ဗုံးခွဲသတ်သော် တစ် လပင်မကြာ မဟုတ်တုံလော။

ထားချေတော့။ 2004 ဒီဇင်ဘာတွင်ပေါ်ပေါက်ခဲ့သော ဆူနာမီစစ်စစ်၊ (သို့) မီဒီယာသုတေသနသမားကြီး ဖေါ်ထုတ်သလို ဆူနာမီဗုံးကြောင့် အရှိန်ပြင်းထန်လှသော ဧရာမလှိုင်းလုံးကြီးတို့ကား အိန္ဒိယသမုဒ္ဒရာကို ခြေကန်၊ မေးတင်လျက်ရှိကြသော နိုင်ငံအပေါင်းတို့အား အချိန်တိုအတွင်း ပြေးဆောင့် ၀င်ရောက် နှုတ်ဆက်ကြကုန်၏။ ဆူနာမီကား ခေသူမဟုတ်ချေ။ အသေအပျောက် အပျက်အစီးတို့သည်၊ မိနစ်ပိုင်းအတွင်း အတက်ကြမ်းလှ၏။ ယင်းအပျက်အစီး အဆုံးအရှုံးတို့၏ ကြီးမားမြင့်တက်လာမှု စာရင်းဇယားကို ဂရပ်(ဖ်)ဆွဲသော်၊ မြန် မာပြည်၏ ကုန်ဈေးနှုန်း ဂရပ်(ဖ်) နှင့် နင်လား ငါလားဟု ပြောရမတတ်ဖြစ်ချေတော့သည်တမုံ့။

သို့ရာတွင်ကား အံ့သြကုန်နိုင်ဘွယ်၊ ဆူနာမီငလျင်လှိုင်းကြောင့် မြန်မာတွေဘာမှမဖြစ်။ အကြောင်းရင်းအခံကို လေ့လာစောင့်ကြည့်သူ ပ ညာ့ပညာရှင်များစွာတို့ကား အမြင်တွေ၊ ကောက်ချက်တွေ၊ ကုန်းချက်တွေ ပြောကြ၊ ဆွေးနွေးကြ၊ ချကြကုန်၏။ တဖန် ဘာသာရေးဘက် မှကြည့်သော် ဗုဒ္ဓသာသနာ စည်ပင်ထွန်းကားသော၊ မင်းကျင့်တရား ဆယ်ပါးမက၊ အပါးတစ်ရာခန့်နှင့် ညီညွတ်စွာ အုပ်ချုပ်မင်းလုပ်ခြင်း ခံယူရပေသော ရွှေမြန်မာနိုင်ငံတော်ပေမို့၊ နတ်ကောင်းနတ်မြတ်၊ တရားကောင်းတရားမြတ်တို့က စောင့်ရှောက်ကြသည်ဟူ၏။ ဤကား န-အ-ဖ အလိုသာဖြစ်ချေသည်။ ကျွန်ုပ်ကား ပိုင်းခြားဝေဖန်ခြင်းငှာ မစွမ်းသာ။

သို့ရာတွင် ဘလော့မီဒီယာတိုက်မှ ထုတ်ဖေါ်ဖွင့်ချသော ဆူနာမီဗုံးလား၊ ဆူနာမီခွက်လားမသိ။ အနှီသကောင့်သားကြောင့် ဖြစ်ပေါ်လာသော ဆူနာမီငရဲလှိုင်းသည်ကား ၂၀၀၄ ခုအကုန်က မြန်မာပြည်အ၀သို့ မုချရောက်လာခဲ့ပေ၏။ မြန်မာပြည်သူများ သတိထားမိစေရန် ကမ္ဘာကျော်သတင်းမီဒီယာဌာနကြီးတစ်ခုမှ ၂၀၀၅ နှစ်ဦးတွင် ကြေငြာချက်တစ်ခု ထုတ်ပြန်ကြော်ငြာခဲ့ပေ၏။ ဆူနာမီလှိုင်းမရောက်လို့ မြန်မာပြည်မပျက်စီး၊ မထိခိုက်ဟု မင်းအစိုးရ၊ ပညာရှင် စသည်ဖြင့် မည်သူက မည်သို့ပင် မြွက်ကြား မှတ်ချက် ပေးသော်ငြားလည်း၊ အ ဆိုပါ သတင်းဌာနမှ လွှင့်ထုတ်ခဲ့သည့်အချက်ကိုတော့ မှန်လောက်ပေသည်ဟု ကျွန်ုပ်အနေဖြင့် ယူဆပေ၏။ စာဖတ်သူများ ယုံ/မယုံကား ကျွန်ုပ် အနေဖြင့် မတတ်နိုင်ချေဟု၊ ဤစာမျက်နှာကပင် တောင်းပန်အောက်ကျို့ စကားဆိုရချိမ့်မည်။ ကျွန်ုပ်ကား ဤစာ၏ အစဦးပိုင်းတွင် ဖေါ်ပြခဲ့သော ဘလော့ဂါ မီဒီယာ သုတေသန သမားကျော်ကဲ့သို့ ပညာဝမ်းစာ မပြည့်ရှာ။ ဇော်ဂျီလက်ကွက်အနည်းငယ်သိပြီး၊ ဆရာ မဒေါ်မေငြိမ်းကျေးဇူးကြောင့် မြန်မာစာလုံး မည်ကဲ့သို့မှန်အောင်ပေါင်းရမည်ကို ကျွန်ုပ်တစ်ဦးတည်းအနေဖြင့် နှမ်းစေ့မျှသာ သိသည်ဖြစ်၍ ဘလော့ရေးနေခြင်းသာ။ အကြောင်းကား ရှည်လွန်းချေပြီ။ ပြန်ဆက်ရသည်ရှိသော် .....

မှန်ပေစွ၊ ၂၀၀၄ ဆူနာမီ လှိုင်းလုံးကြီးတို့ကား တစ်နာရီ ကီလိုမီတာ (၁၆၀) ခန့်ဖြင့် ဘင်္ဂလားပင်လယ်အတွင်း မြောက်ယွန်းယွန်းသို့ ချီ လာ၏။ စစ်ထွက်ခရာသံကား တဝေါဝေါ။ ကျည်သယ်ရန် ပေါ်တာ ပါမပါကား ကျွန်ုပ်မသိ။ အဆိုပါဆူနာမီလှိုင်းတပ်ကား နံနက်ကိုးနာရီ အချိန်ခန့်တွင် ရန်ကုန်မြစ်ဝသို့ ရောက်ရှိလာတော့၏။ ၂၀၀၄၏ ခရစ်စမတ်ရက်အလွန်ခန့်ဟု ကျွန်ုပ်ရေးတေးတေးမျှသာ မှတ်မိတော့၏။ အတိအကျသိလိုသော် ဆူနာမီဗုံး သုတေသနဖေါ်ထုတ်ရေးသားသူထံ ဆက်သွယ်မေးမြန်းကြပါလေ။ သို့သော်၊ ၎င်းတို့ကိုဆက်သွယ်ရန် လိပ်စာမည်ကဲ့သို့ ရှာရမည်ကို ကျွန်ုပ်မသိ။ စာတမ်းကိုတာဝန်ယူ ထုတ်ဝေဖေါ်ပြသူ ဘလော့မီဒီယာတိုက်၏ ပရ၀ုဏ်တွင်လည်း စိုးစဉ်းမျှ မတွေ့မိ။ ကျွန်ုပ်အထင် တိုက်တည်ရာ ကနေဒါသို့ လူကိုယ်တိုင် သွားရောက်မေးမြန်းမှ ရနိုင်ပေလိမ့်မည်။ ဤကားစကားချပ်။

သီးခံတော်မူကြပါ။ ပြန်ဆက်အံ့။ ရန်ကုန်မြစ်ဝမှ မြောက်ဘက်သို့ဦးတည်၍ အတွင်းပိုင်းသို့ ချေမွဖျက်ဆီးရန် ရောက်လာကြကုန်သော ဧ ရာမ လှိုင်းလုံးတို့သည်ကား မမျှော်လင့်ပဲ ခုခံမှုနှင့်တွေ့ရလေတော့သည်။ တခြားမဟုတ်။ မြစ်ဝတွင် စောင့်နေသော ဧရာမ ငါးကြီးနှစ် ကောင်ဦးဆောင်သာ ငါးတပ်ကြီးပင်။ ဦးဆောင်ငါးကြီးနှစ်ကောင်ကား ဆူဖြိုးလှပေတော့၏။ စိတ်ဆိုးဒေါသထွက်နေသော ဆူနာမီကား ဦး ဆောင်ငါးကြီးနှစ်ကောင်အား စတင်မေးမြန်းတော့၏။

“ အသင်တို့ကား ရာရာ စစ၊ ငါဆူနာမီကို အဘယ်သို့မှတ်နေသနည်း။ ဖယ်လော့၊ ရှားလော့၊ အချိန်နှောင်းပါက အသင်တို့ ခေါင်းနဲ့ အမြီး အိုးစားကွဲလတ္တံ့..။ ”

ကြောက်ပင်ကြောက်သော်ငြား အကြောင်းအရင်းကို သိလိုသော ဦးဆောင်ငါးကြီးက ဤသို့ပြန်လှန်မေးခွန်းထုတ်၏။

“ အဘယ်အကြောင်းကြောင့် အသင်တို့ ဤမြန်မာပြည်ကို ရောက်လာရသနည်း။ သင်တို့ အကျိုးတစ်စုံတရာရရန် ငါမမြင်၊ သိခွင့်ရှိက သိ လိုလှပေသည် အသင်ဆူနာမီ.. ”

သို့ဖြင့် ဆူနာမီကဖြန်ဖြေသည်။

“ အသင်တို့ တကယ်ပင် မသိလေသလော၊ ငါဆူနာမီရောက်ရာအရပ်ကား မည်သည့်အရာမှ ကျန်ရိုးထုံးစံမရှိ၊ ယခုပင် ဖူးခက် မွမွကြေပြီ၊ သင်တို့အလှည့်ကား တမဟုတ်ချင်းရောက်တော့အံ့..၊ အသင်သာဖယ်ရှားပေတော့ .. သင်တို့တိုင်းပြည်ကား ငါ့အစွမ်းကြောင့် မုချပျက်စီး ပေတော့မည် ... ”

“ အို .. အသင်ဆူနာမီ..၊ အလာကောင်းပေမယ့် အခါနှောင်းခဲ့ပြီကော၊ အသင်နောက်ကျခဲ့သည်မှာ အနှစ်လေးဆယ်ကျော်၊ ငါးဆယ်ရှိပြီ။ ဤတိုင်းပြည်ကား သင်ဖျက်ဆီးရန်ဘာမှမကျန်၊ ငါ့နောင်တော် လက်ထက်မှစပြီး ယခုအချိန်ထိ ငါတို့ကိုယ်တိုင်ပဲ ဖျက်ဆီး၍ ရစရာမကျန်၊ အို..အသင်ဆူနာမီ..၊ သင့်စွမ်းအားကို အကျိုးမဲ့မဖြစ်စေလင့်..၊ သင်ကြားဖူးပြီးဖြစ်ပေလိမ့်မည်..၊ ယခုသင့်ရှေ့တွင်တွေ့နေရသည့် ကျွန်ုပ် တို့ ခေါင်းဆောင်ငါးနှစ်ဦးကား ငရွှေနှင့် ငမန်းသာဖြစ်တော့၏။ အသင်လှည့်ပြန်သွားခြင်းသာ အကောင်းဆုံးဖြစ်ပေအံ့..။ ”

မှန်ပေစွ၊ ကျွန်ုပ်ဆိုခဲ့ပြီးပါပြီ။ အဘယ်သို့သော ပညာရှင်တို့က မည်သို့ပင်ဆိုစေကာမူ ၂၀၀၄ ဆူနာမီကား သူ့ထက်ဆိုးလှသော ငါးရွှေနှင့် ငါးမန်းကို ကြောက်ရွံ့လေးစားလှသဖြင့် ရန်ကုန်မြစ်ဝကပင် လှည့်ပြန်သွားတော့၏။ မြန်မာပြည်သားများသိစေရန် တစ်ချိန်ကထုတ်ပြန် ကြေငြာခဲ့ဖူးသော ဆူနာမီနှင့် မြန်မာပြည် သုတေသနစာတမ်းကြီးအား ကျွန်ုပ်မှ တဖန်ပြန်၍ စက်တင်ပုံနှိပ် (အဲဗျာ.. ယောင်လို့..) ကီးဘုတ် လက်တင် ဘလော့ဂင် လုပ်ခြင်းသာဖြစ်ပေတော့သတည်း။ ။


Read more...

Tuesday, November 6, 2007

ငါတို့ကရှေ့နေကွ...

ရှေ့နေသုံးယောက်၊ စစ်ဗိုလ်သုံးဦးတို့ နေပြည်တော်တွင်ပြုလုပ်မည့် နှီးနှောဖလှယ်ပွဲတစ်ခုသို့ ရန်ကုန်-နေပြည်တော် အမြန်ရထားဖြင့် ခရီးသွားကြ၏။ စစ်ဗိုလ်သုံးဦးက တစ်ဦးလျှင်တစ်ဝက်ကြေးနှုန်းထားဖြင့် ၀ယ်ယူခွင့်ရသော ရထားလက်မှတ်တစ်စောင်စီဝယ်ယူခဲ့ကြ သော်လည်း ရှေ့နေသုံးဦးကမူ သုံးယောက်အတွက် တစ်စောင်တည်းသာဝယ်၏။ စစ်ဗိုလ်သုံးဦးက ရှေ့နေသုံးယောက်အား ရထားလက် မှတ်သုံးယောက်စာအတွက် တစ်စောင်တည်းသာဝယ်သဖြင့် တရားမ၀င်ရထားစီးသည်ဟုပြစ်တင်ပြောဆိုသည်။ (နိုင်ငံတော်ဘဏ္ဍာအလွဲ သုံးစားဖြစ်စေသည်၊ အခွင့်အရေးအလွဲသုံးစားပြုသည်၊ အောက်တန်းကျလွန်းသည်၊ ခင်ဗျားတို့တတွေ နိုင်ငံတော်အတွက် ရထားလမ်း တစ်လမ်းခင်းပေးဖူးသလား၊ ချွေးတစ်စက်ထွက်ဖူးသလား၊ စသည်တို့မပြောဆိုပါဟု ထိုရှေ့နေတို့ကပြန်ပြောပြခြင်းတော့မရှိပါ)။

သို့သော် ထိုရှေ့နေတို့က “ငါတို့ကရှေ့နေတွေကွ” ပြန်လည်ပြောဆိုသည်ဟူ၏။ မကြာမီရထားထွက်၍ တိုးကြောင်ကလေးလွန်လျှင် လက်မှတ်စစ်တက်လာသည်။ ရှေ့နေသုံးဦးက ရုတ်တရက်ထ၍ ရထားနောက်ဘက်အိမ်သာအတွင်းသို့ သုံးယောက်စလုံးအတူတူဝင် ကာတံခါးအားပိတ်လိုက်၏။ တလွဲမတွေးပါနှင့် စာရှုသူ။ လက်မှတ်စစ်က အိမ်သာတံခါးပိတ်ထားတာတွေ့၍ တံခါးခေါက်သော်၊ အိမ်သာ တံခါးဟသည်ဆိုရုံဟကာ၊ အတွင်းမှလက်တစ်ဘက်ထွက်ပြီး၊ ရထားလက်မှတ်ကိုပြ၏။ လက်မှတ်စစ်က ရထားလက်မှတ်ကိုယူ၍စစ်ဆေး ပြီးကြောင်း၊ ရထားလက်မှတ်ပေါ်တွင်ခဲခြစ်၍ ပြန်ပေးလိုက်သည်။
လက်မှတ်စစ်ကတခြားတွဲကူးသွားသောအခါ၊ ရှေ့နေသုံးဦးကအိမ်သာမှထွက်၍ သူတို့နေရာများတွင်ပြန်ထိုင်ကြသည်။ စစ်ဗိုလ်သုံးဦးက ရှေ့နေတို့၏ လိမ္မာပါးနပ်စွာ လက်မှတ်စစ်အားလှည့်စားလိုက်ပုံကို စိတ်ထဲကြိတ်၍သဘောတွေ့သွားကြ၏။ ရှေ့နေသုံးဦးက“ငါတို့ကရှေ့ နေကွ” ဟုဝင့်ကြွားစွာပြောလိုက်လေသည်။
အပြန်ခရီးတွင် စစ်ဗိုလ်သုံးဦးသည် ရထားလက်မှတ်တစ်စောင်တည်းကိုသာဝယ်လိုက်သည်။ ရှေ့နေသုံးဦးကမူ ရထားလက်မှတ်တစ် စောင်မှမ၀ယ်ဘဲ ရထားစီးခဲ့သည်။ စစ်ဗိုလ်သုံးဦးက အံ့သြနေစဉ် ရှေ့နေသုံးဦးက “ငါတို့က ရှေ့နေကွ” ဟုပြောလိုက်၏။ ရထားထွက် ခွာ၍ပျဉ်းမနားအလွန်၊ ရေနီအရောက်တွင် ရထားလက်မှတ်စစ်တက်လာကာ လက်မှတ်များစတင်စစ်ဆေးတော့သည်။ ထိုအခါစစ်ဗိုလ် သုံးဦးကရုတ်တရက်ထကာ ရထားတွဲနောက်ရှိအိမ်သာထဲဝင်သွားကြသည်။ ရှေ့နေသုံးဦးကလည်း ထလိုက်သွားသည်။ စစ်ဗိုလ်သုံးဦးက အိမ်သာတံခါးပိတ်လိုက်သည်။ ထိုအခါ ရှေ့နေတစ်ဦးက အိမ်သာတံခါးကိုခေါက်လိုက်သည်။ အိမ်သာတံခါးဟ၍ လက်တစ်ဖက်ဖြင့် ရထားလက်မှတ်ထုတ်ပြ၏။ ရှေ့နေက ထိုလက်မှတ်ကိုယူ၍နောက်ရှေ့နေနှစ်ဦးနှင့်အတူတခြားအိမ်သာတစ်ခုအတွင်းသို့ သုံးဦးစလုံးဝင် သွားကြလေတော့သတည်း ။ ။
(မှတ်ချက် - မည်သည့်အချိန်၊ မည်သည့်စာအုပ်မှဖတ်ခဲ့ဖူးသည်မမှတ်မိသော အကြောင်းအရာတစ်ခုအား ပြန်လည်ရေးသားပါသည်။ ရန် ကုန်-နေပြည်တော်အမြန်ရထားများ၊ အိမ်သာတံခါးအထူးကောင်းမွန်သည်ဟုယူဆပါ။ ထို့အပြင်ထိုအချိန်ကရထားစီးခရီးသွားများ အထူး နည်းပါးလှသဖြင့် ထိုင်ခုံလွတ်များပါရှိသည်ဟုလည်းကောင်း၊ အထူးအမြန်ရထားဖြစ်ပါသဖြင့်၊ Without ထိုင်ခုံမဲ့လက်မှတ်များ ရောင်းချ ပေးခြင်းမရှိဟူ၍လည်းကောင်း၊ ပရိတ်သတ်များမှတ်ယူကြစေလိုပါသည်။)


Read more...

Tuesday, October 9, 2007

အမိန့် ..... အမိန့် ..... အမိန့် ....

လာပြန်ပြီနောက်တစ်ယောက်၊လူမကုန်သေးဘူးလား၊ ချီးဘရိန်းဆိတ်ဗိုလ်လေးရယ်၊ စာမကြည့်ပဲ၊ ကင်းတွေပဲစောင့်ပြီးလူဖမ်းပွဲလုပ်နေ တယ်ထင်ပါ့၊မပြန်ရသေးဘူးလား.....။ မော်စကိုမှာဗိုလ်ကျော်ဆန်းဖိတ်ပြီးတော့၊ သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်လိုက်ပါဦးတော့လား။ အင်း .. အဆဲခံနေရတော့လည်း၊ အထက်ကလာတဲ့အမိန့်အတိုင်းလုပ်နေကြရတယ်ထင်ပါ့၊ သြော် ..... အမိန့် ..... အမိန့် ..... ။

အချိန်ကာလကတော့ ..... 2001 ခုနှစ်၊ဖေဖေါ်ဝါရီလ၊ ပြည်ထောင်စုနေ့မတိုင်ခင်လေးမှာပေါ့၊ သံလွင်မြစ်ကြောင်းအတိုင်း၊ တပ်မတော်(လေ)ကရဟတ်ယာဉ်တစ်စင်းခပ်နိမ့်နိမ့်ပျံသန်းနေတယ်။ ဦးတည်ရာအရပ်ကတော့ တောင်မှ မြောက်သို့၊ဆောင်းအကုန်လေးမှာပတ်ဝန်း ကျင်တစ်ခုလုံးမှုံတုန်တုန်၊၀ါးတားတား။ တချက်၊တချက်မှာတော့ မိုးလေးကပါလိုက်သေး။ နောက်နာရီဝက်လောက်ဆို၊ ဘားအံမြို့ဆီ ရောက်တော့မယ်ဆိုလားပဲ။ ကြည့်ရင်းနဲ့အပြင်ဘက်မှာ မိုးပိုသည်းလာလားတော့မသိ၊ ရဟတ်ယာဉ်အတွင်းပါလာတဲ့ပုဂ္ဂိုလ်ကြီးတွေ အားလုံးပိုပြီးအေးစိမ့်စိမ့်ခံစားလာရတယ်။ တချို့ကဆိုဂျာကင်လေးတွေတောင်ကောက်ဝတ်လိုက်သေး။ ရဟတ်ယာဉ်ပိုင်းလော့ခမြာ လည်း၊ မှုံပျပျမြင်နေရတဲ့၊ရှေ့တူရှုဆီ ကြိုးစားမောင်းနှင်နေတယ်။ သူ့စိတ်ထဲမတော့၊ ရှေ့ရောက်လေ၊ ရာသီဥတုပိုဆိုးလာလေ၊ ပိုပြီးတော့အေးလာလေသလားလို့တောင်ထင်နေမိတယ်။ ရှေ့မြင်ကွင်းကိုအားစိုက်ကြည့်နေရင်းမှာပဲ၊ ပတ်ဝန်းကျင်ဟာရုတ်တရက် အမှောင်ကျသွားပြီး၊ ရဟတ်ယဉ်ကိုယ်ထည်ဟာလည်းသိမ့်ကနဲတစ်ချက်တုန်သွားတယ်။
အနောက်ဘက်မှာဝက်မှေးမှေးလာတဲ့ပုဂ္ဂိုလ်ကြီး၊ ရုတ်တရက်လန့်နိုးသွားပါရောလား၊ ဘယ်လိုဖြစ်တာတုန်း၊ ကျီးကြည့်ကြောင်ကြည့်နဲ့ အပြင်တစ်ချက်လှမ်းရှိုးလိုက်တယ်။ အား ..... ပါး ပါး .. မှောင်မဲနေပါရောလား၊ ပြီးတော့အေးလိုက်တာလည်းလွန်ပါရော၊ သူတချက် စိတ်တိုသွားတယ်။ မနေ့ညကကစ်ထားတဲ့အရှိန်ကသိပ်ပြေချင်သေးတာမဟုတ်ဘူး။ ခုနှစ်ပင်လိမ်မိလို့လူကလည်းမောတောတော၊မူးတူး တူး၊ ရေကလည်းငတ်သေး။ တင်းတာပေါ့၊ ချမ်းရတဲ့အထဲမှာ၊ အရှေ့ကကောင်တွေကလည်းဟတ်စကီးကိုဘတ်(စ်)ကားလိုမောင်းနေ ကြတယ်။ စိတ်ထဲတော်တော်ဒေါသထွက်လာတာနဲ့၊ အနောက်ကကိုယ်ရေးအရာရှိကိုလှမ်းဟောက်လိုက်တယ်။ ဘာမဆိုင်၊ညာမဆိုင် လေ။ “ ဟေ့ကောင် ..... ဘာလို့ဒီလောက်တောင်ချမ်းနေရတာလဲကွ ” တဲ့။ အရာရှိခမျာမှာ ရုတ်တရက်ကြောင်သွားပြီး၊ တစ်ချက်စဉ်း စားမိတာနဲ့ ကြံမိကြံရာလေ။ ဘာပဲဖြစ်ဖြစ်အဖြေရှိဖို့အဓိကမဟုတ်လား၊ နောင်ခါလာနောင်ခါရှင်းပေတော့။ မရဲတရဲလွှတ်ကနဲပဲပြန်ဖြေ လိုက်မိတယ်။ “ ပန်ကာဖွင့်ထားလို့အေးနေတာထင်ပါတယ်၊ ဗိုလ်ချုပ်ကြီးခင်ဗျား” တဲ့။
“ ဟင် ..... ” ပုဂ္ဂိုလ်ကြီးဒေါသငယ်ထိပ်ဆောင့်တက်သွားတယ်။ ချက်ချင်းပဲလွှတ်အော်ထည့်လိုက်တာပဲ။ တော်တော်အလိုက်ကန်းဆိုး မသိလွန်းတဲ့ကောင်တွေပဲပေါ့။ “ဟိုရှေ့ကလေယာဉ်မောင်းနေတဲ့အကောင်တွေ၊ ခုချက်ချင်း ... ပန်ကာပိတ်ပစ်စမ်း၊ ဒါအမိန့် ” တဲ့။ ဟုတ် ကဲ့ ..... သေဆိုသေ၊ ရှင်ဆို ..... ရှင်။ အမိန့်ဆိုတာ တပ်မတော်ရဲ့အသက်ဖြစ်တာမဟုတ်လား။ ပိုင်းလော့ .. ချက်ချင်းပဲ ရဟတ်ယာဉ်ရဲ့ မောင်းနှင်လည်ပတ်နေတဲ့၊စက်အစိတ်အပိုင်းအားလုံး၊ပိတ်ချပစ်လိုက်တာပေါ့။အမိန့်လေ၊ အထက်ကလာတဲ့အမိန့်၊ တစ်ချက်လွှတ်အမိန့်၊ ဘာရမလဲ၊ ပိတ်ဆိုပိတ်ပစ်တာပေါ့။ အမိန့်ဟာ ..... အမိန့် ..... အမိန့် .....အမိန့်။
ခဏလေးပဲကြာတယ်။ မိနစ်ပိုင်းလေးပဲ။ သံလွင်မြစ်ကမ်းနံဘေးမှာရှိတဲ့၊ တရုတ်လှ ဆိုတဲ့ကျေးရွာလေးကရွာသူရွာသားအားလုံးဟာ၊ မိုးကြိုးပစ်သံလိုလို၊ ရေထဲပဲတစ်ခုခုပစ်ကျသွားတဲ့အသံလိုလို၊ ပီပီပြင်ပြင်ကြီးကြားလိုက်ရပါတော့တယ်။ “၀ုန်း.....” _________________________________________________________________________________________________ ကဲ .....ပြောချင်တာလေးတွေဆက်ရေးဦးမှ ..... “ဟင် .... !!!!! သူတို့ဝင်လာပြီ ..... ၀င်လာကြပြီ၊ အောင်မလေးဗျာ ..ပိတ်မှ၊ ငါ့စက်ကလေးမြန်မြန်ပိတ်မှ၊ ..... ” “အောင်မလေးဗျန့်.....မရေးတော့ပါဘူးဗျ၊ဒီနေ့ပြောတာ.....” “လူကိုချမ်းသာပေးကြပါဗျာ၊.....ကွန်ပြူတာလေးတော့မသိမ်းကြပါနဲ့၊” “မနဲခြွေတာပြီးဝယ်ထားရတာမို့.....” “ဦးရဲမင်းထွန်းဆိုလား၊ ဦးမင်းရဲထွန်းဆိုလားမသိဘူး၊ ရာထူးကနှုတ်ထွက်လို့ ...... အဲဒါလေးပဲဖတ်နေတာပါခင်ဗျာ ..... စီဗုံးမှာလာအော်သွားလို့.. မယုံရင် အောက်မှာကြည့်ကြည့်.....” “ အောင်မငေးဗြန့် ..... နောက်နေ့မှပဲရေးပါတော့မယ်.....” http://www.mediafire.com/?5ciugjjl4nd


Read more...

Saturday, October 6, 2007

ပေါက်ပင်ဇာတ်လမ်း

ဒီနေ့မော်စကိုမှာနဲနဲအေးတယ်။ ကျောင်းပိတ်ရက်ဆိုတော့ဘော်ဘော် အော်လံ ကြီးတို့၊ ဗီယက်နမ်ဈေးသွားကြတယ်လေ၊ ပြန်ရင်ကြေးအိုးတစ်ပွဲလောက်ဆွဲခဲ့ဦးလို့တောင်မှာလိုက်သေးတယ်။ဒီနေ့လာအော်ဆဲထားတာနည်းနေတယ်။ အဲဒါကြောင့် .....လျှာရှည်လည်းပျင်းပျင်းနဲ့ .. ကဲ .. ဟိုဖက်နားလေးလည်လည်သွားလိုက်ဦးမယ်။ လာလေရော့ .. Aerofloat ..... ဝေဟင်မှာ လေယာဉ် စီးလုံးငှားလို့ကြပ်ပြေးရောက်စေဗျား .........။

ခေတ်သစ်ပေါက်ပင်ဇာတ်လမ်း
ပေါက်ပင် .. ပေါက်ပင် .. ဘာလို့ ကိုင်း
ငါးပြေးလို့ .. ကိုင်း၊
ငါး .. ငါး .. ဘာကြောင့်ပြေး ..
ဗုံး .. ကွဲလို့ .. ပြေး ... ၊
ဗုံး .. ဗုံး .. ဘယ်သူခွဲ ..
ရဲဘော်ခွဲလို့ ..... ကွဲ၊
ရဲဘော် .. ရဲဘော် .. ဘာကြောင့်ခွဲ ..
ရိက္ခာပြတ်လို့ခွဲ၊
ရိက္ခာ .. ရိက္ခာ .. ဘာကြောင့်ပြတ် ..
ထောက်ပို့ဖြတ်လို့ ..... ပြတ်၊
ထောက်ပို့ .. ထောက်ပို့ ... ဘာကြောင့်ဖြတ် ..
တပ်ချုပ်ခိုးလို့ .. ဖြတ်၊
တပ်ချုပ်ကြီးက ဘာလို့ခိုး ..
ကုမ္ပဏီထောင်ဖို့ ..... ခိုး၊
ကုမ္ပဏီ .. ကုမ္ပဏီ .. ဘာကြောင့်ထောင် ..
ချမ်းသာချင်လို့ထောင်၊
ဘာလို့ .. ဘာလို့ .. ချမ်းသာချင် ..
မိသားစုအတွက်ပင်၊
မိသားစုကဘာလို့လဲ၊
စိန်နားကပ် ပန်ဖို့ပဲ၊
စိန်နားကပ်ကြီးက .. ဘာလုပ်ဖို့၊
မင်္ဂလာဆောင်ဝတ်ဖို့၊
မင်္ဂလာဆောင်မှာ၊ ဘာလို့ဝတ် ..
သိစေချင်လို့ပေါ့ ......... ဟဲ့ ။ ......... ဒီလောက်တောင်တုံးရသလား .....

(တောကြိုအုံကြားမှာ .. ရဲဘော်လေးတွေဟာ၊ ယမ်းသုံးပြီးတော့လက်လုပ်ဗုံးတွေနဲ့၊ ချောင်းထဲ၊ ဗုံးခွဲ ငါးရှာစားရပါတယ်ခင်ဗျာ။ ရိက္ခာ မပြည့်စုံတဲ့အခါမျိုးပြောတာပါ။)


Read more...

Friday, October 5, 2007

ရီချင်လိုက်တာဖတ်ဖတ်မော၊ ရင်ဘတ်နောက်ကကျော.....

လျှာရှည် ... လာပြီ ... ၀ူးထွား .. ထွား.. ထွား ... ဟား ဟား ဟား ...
ဒီမှာဆိတ်ဗိုလ်တို့၊ မဆိုင်တဲ့အပေါက်၊ ဂလိုင်နဲ့အတော်ခေါက်ကြသကိုး ... ယောင်္ကျားစစ်စစ်တွေလို့ကြုံးဝါးတယ်ဆိုရင် ... ဘာလို့သူများ ကိုအတင်းလိုက်စွပ်စွဲနေရတာတုန်း ... ကုလားမနိုင်ရခိုင်မဲ ... မယားမနိုင်တော့ .. အိမ်ကကြောင်လေးပိတ်ကန်မနေပါနဲ့။ ရန်ကုန်မှာထောက်လှမ်းရေးသင်တန်းတက်ခဲ့တုန်းက အိပ်ချည်းပဲငိုက်နေခဲ့တာလားဗျို့။ အဲဒါဆိုရင်တစ်ခေါက်လောက်ပြန်ပြီး၊ မင်္ဂလာဒုံ မှာထောက်လှမ်းရေးသင်တန်းအကြိမ်(၁၀၀)လောက်ပြန်တက်လိုက်ဦး။

ပြောချင်လွန်းလို့ပါဗျာ ... အခု (န.အ.ဖ) မတိုင်မီ (န.၀.တ) တက်စတုန်းကပေါ့။ ရန်ကုန်ပြည်လမ်း၊ ပဲခူးကလပ်မှတ်တိုင်မှာရှိတဲ့ဝန်ကြီးရုံး တစ်ရုံးရဲ့ အတွင်းမှာလေ။ အချိန်ကညဘက်မှောင်ရီပျိုးစလေး၊ ရုံးရှေ့မြက်ခင်းပြင်မှာ ဒင်နာပွဲလေးတစ်ခုလုပ်ခဲ့ပါရောလား။ သံတမန်ကိစ္စနဲ့ပတ်သက်တော့နိုင်ငံခြားသားတွေလည်းတက်လာကြတယ်။အဲ ... နိုင်ငံတော်လူကြီးမင်းများဆိုတာလည်း အစုံအညီတက် ရောက်ကြပါရောလား။မြက်ခင်းရဲ့ဘေးနားလေးမှာတော့၊တီးဝိုင်းအဖွဲ့ကချိုတေးသံသာ၊ အိပ်ချင်စရာတေးသွားလေးနဲ့ ချော့သိပ်ပေး နေလေရဲ့။ သတ်မှတ်ထားတဲ့အချိန်နဲနဲကျော်လွန်လာတဲ့အထိ၊ နိုင်ငံတော် လူကြီးမင်းများကြွမလာသေးတော့၊ ဧည့်ပရိတ်သတ်များဝင် ပေါက်ဆီ စောင်းလှည့်ကြည့်သူကကြည့်နေကြပြီလေ။

အဲဒီအချိန်မှာပဲ မင်းသားကြီးဗိုလ်ပြုတ်ခင်ညွန့်တစ်ယောက်၊ ဖင်ကလေးကော့ပဲ့၊ ကော့ပဲ့နဲ့ဝင်ချလာပါရော။ ပြီးတော့စပ်ဖြီးဖြီးမျက်နှာပေး နဲ့ နိုင်ငံခြားသားဧည့်သည်များကို လက်ဝှေ့နှုတ်ဆက်လိုက်တယ်။ အသံကလေးကပါသေး၊ “Sorry, I' m late ” တဲ့။ ပြီးတော့ သူ့ခုံမှာသွားထိုင်နေတယ်။ ပွဲကသူတစ်ယောက်တည်းမပြီးဘူးလေ။ လာပါပြီ .. နောက်တစ်ယောက်၊ ဗိုလ်ခင်ညွန့်နဲ့ မရှေးမနှောင်းဝင် ချလာသူကတော့သိတော်မူကြတဲ့အတိုင်း၊ ဗိုလ်ချုပ်မောင်အေးပါတဲ့ခင်ဗျား။ ... သူလည်းအဲလိုပဲ .. စောင်းငန်း၊ စောင်းငန်းနဲ့လျှောက်ချ လာပြီး၊ ဗိုလ်ခင်ညွန့်လိုပဲ ဧည့်ပရိတ်သတ်အပေါင်းကိုနှုတ်ဆက်ရှာတယ်။ ဘိုလိုလေ .. “Sorry, I 'm too late” ဆိုပဲ။ အင်း .. သူနဲ့လည်းပွဲမစနိုင်သေးပါဘူး။ ဗိုလ်မောင်အေးနောက်၊ နောက်ဆုံးဝင်လာတဲ့ ပုဂ္ဂိုလ်ကြီးကိုထပ်စောင့်ရပြန်တယ်။ ခဏပါ။ တစ်ဆက်တည်းဝင်လာသူကတော့။ အောဂလီဆန်စရာ၊ အော်စရာဆုများပိုင်ရှင်ကမ္ဘာကျော်မင်းသားကြီး ဗိုလ်သန်းရွှေပဲပေါ့။ အိုကေ .. ပရိတ်သတ်ကြီးလှုပ်လှုပ်ရွရွဖြစ်လာပြီ။ ပွဲစနိုင်တော့မှာလေ။ ဘောတ်ဆတ်၊ဘောတ်ဆတ်နဲ့ဝင်လာပြီးတော့ သူခဏစဉ်းစားတယ်။“အင်း ငါ့ရှေ့ကကောင်တွေကတော့ ဘိုလိုမှုတ်သွားပြီ။ ငါလည်းမှုတ်ရမှာပေါ့။ မောင်ခင်ညွန့်ကပထမဆုံးဝင်တဲ့သူ၊ “ I 'm late ” ဆိုပဲ၊ မောင် အေးကြီးကဒုတိယ၀င်တဲ့သူ၊ သူက “ I'm too late ” ၊ ဆိုတော့၊ကဲ .. ငါသိပြီ၊ ငါကတတိယလူ၊ အိုကေ ... “I ' m three late” ၊ ဗဲရီးဆောရီးတောကြီးမြိုင်လယ်၊ ဆိုပဲဗျာ။

အဲဒါကြောင့် (စ.ရ.ဖ)(မော်စကိုဌာနခွဲ) မှဆိတ်ဗိုလ်များ၊ ဗိုလ်ခင်ညွှန့် ပါခဲ့တဲ့ အီးအီးတုံးလေးတွေရှာပြီးစားလိုက်ပါဦး။ ပြောသာပြောရ တာရှာတွေ့ပါ့ဦးမလားမသိဘူး။ ညံ့ချက်ကတော့ကမ်းကုန်ပေတယ်။

သီချင်းလေးတစ်ပုဒ်စပ်ထားတာရှိတယ်။ အားလုံးတော့မပြီးသေးပါဘူး။ City FM နှစ်ပတ်လည်တုန်းကအဆိုတော် “R ဇာနည်” ဆိုခဲ့တာ လေ။ သီချင်းနာမည်က “ရင်ခွင်သစ်” တဲ့။ Chrous အပိုဒ်လေးပဲပြီးသေးတယ်။ Verse (1),(2), နဲ့ (3) ကိုတော့ အဆိုတော်သီချင်းရေး ဆရာ၊ မျိုးကျော့မြိုင်၊ ဘာဘူ၊ နဲ့ ရဲလေးကို အပ်ထားတုန်းပဲ။ တကယ်တော့ ထူးအိမ်သင်ကိုပဲအပ်ချင်တာ၊ အသေစောလို့ဗျ။ သီချင်းအ လိုက်လေးရကြတယ်မဟုတ်လား။ Chrous သက်သက်နော်၊

“ မော်စကိုမြို့ကိုသွားတဲ့ ဆိတ်ကလေးရယ်၊ အေး .... လွန်းလှတယ်။ ပြည်တော်မပြန်နိုင် ... ကျန်ခဲ့ရင်၊ မော် .. စကိုမှာနေမလား၊ အီရန် မှာခိုလှုံမလား၊ တွေးကြည့်စမ်းပါ ” ... (၂) ခေါက်ဆိုရန် ..
လျှာရှည့်ဘလောက်(ဂ်)လည်း၊ငြိမ်းချမ်းတို့ကတဲ့ပွဲလိုဖြစ်နေပြီဗျာ......(ရင်ထဲကိုအေးမြသွားတယ်၊ဆိတ်ကလေးရေ.......) “သိချင်လိုက်တာဝက်ဝက်ကွဲ၊ဆိတ်ဗိုလ်သောက်တလွဲ” ။ “ရီချင်လိုက်တာ ဖတ်ဖတ်မော၊ ရင်ဘတ်နောက်ကကျော”


Read more...