စစ်ထဲလိုက်ချင် လက်ညှိုးထောင်
စစ်ထဲလိုက်ချင် လက်ညှိုးထောင်
မောင်စွမ်းရည် (အောက်တိုဘာ ၇၊ ၂၀၀၇)
အောင်ဆန်း တေဇ
ဒို့ အားကျလို့
ငယ်ကရည်စူး၊ စစ်ဗိုလ်မှူးပေါ့ .....
စစ်ဗိုလ်ဆိုရင်
ပျိုတို့ ချစ်ပြိုင်၊ နှင်းဆီခိုင်တဲ့ ။
ခုခေတ်မှာတော့
သံဃာကိုသတ်၊ ငရဲတပ်တွေ .....
မိဘကိုသတ်၊ ဒေ၀ဒတ်တွေ .....
သူငါခွာရှောင်၊ မုဒိန်းကောင်တွေ .....
ကျောင်းသားကျောင်းသူ၊ သတ်ဖြတ်သူတွေ .....
အိမ်ရာဖျက်ဆီး၊ သဘက်ကြီးတွေ .....
လယ်ယာလုယက်၊ သူခိုးသူဝှက်တွေ .....
ခုခေတ်မှာတော့
သူငါ ကျောခိုင်း၊ ပဒိုင်းပွင့်တွေဖြစ်ကုန်ပြီ။
စစ်ထဲဝင်ချင်၊ လက်ညှိုးထောင်
ထောင်တဲ့လက်ညှိုး၊ “မီးပုံ” ထိုးလို့
ဆိုရိုးတွင်ရစ်စေသတည်း။
http://www.moemaka.com/ မှကူးယူဖေါ်ပြပါသည်။
No comments:
Post a Comment