Thursday, May 29, 2008
အိမ်
ကဗျာမဟုတ်ပါဘူး။ မေးလ်ကရတဲ့ သီချင်းလေးပါ။ ဘယ်သူရေးတယ်၊ ဆိုတယ်၊ ဘယ်အချိန်ကတည်းကထွက်တယ်၊ ကျွန်တော်မသိပါဘူး။ နားထောင်ပြီး ထိချက်မှန်လို့ မျှဝေလိုတာ သက်သက်ပါ။ သီချင်းရယူနိုင်ဖို့အတွက် Link နဲ့ စာသားအပြည့်အစုံကို အောက်မှာ ရေးထည့် လိုက်ပါတယ်။
သီချင်းယူဖို့ >> ဒီနေရာကို နှိပ်တော်မူပါ။
အိမ်
ကမ္ဘာမြေမှာ ခိုလှုံရာခေါ်ဆိုတဲ့အိမ်၊
ရံရွေလယ်၊ ထယ်ဝါစွာ ဆင်စွယ်နန်းအိမ်၊
ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်၊
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်းအိမ်။
အိမ်တစ်အိမ်မှာ မှီတည်ရာ ဘာသာတရားတွေ၊
ကမ္ဘာမြေကို ဖြူစင်စွာ အကြင်နာမျှဝေ၊
ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ၊
ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ။
(ကလေးလေးတွေ နွေးထွေးဖို့လေ.. ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကိုဆောက်ကြမယ်လေ ..)
(မြင့်မြတ်ခြင်းတွေ၊ နွေးထွေးခြင်းတွေ ... ကမ္ဘာမြေမှာ ညင်သာစွာစီးဆင်းဖို့လေ ..)
အိမ်အပြင်မှာ ၀ါပင်တွေ ကိုယ်တိုင်စိုက်မယ်၊
ကိုယ်တိုင်ငင် ၀ါချည်မျှင် ဖျင်တစ်ဘက်ရယ် ..။
အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့
စပါးရိတ်ချိန် ၀ိုင်းဖွဲ့မယ် ဆန်အရက်ရယ် ..။
ဒီအချိန်ဆို အိမ်အပြင်မှာ ကဗျာတွေရွတ်မယ်၊
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်၊
ရင်ခွင်မှာ ကြင်နာသူ ချိုအနမ်းရယ် ..၊
ချစ်မိတ်ဆွေ စည်းချက်ညီ အတူတူကမယ် ..။
(ကလေးလေးတွေ နွေးထွေးဖို့လေ၊ ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေ ..)
(မြင့်မြတ်ခြင်းတွေ၊ နွေးထွေးခြင်းတွေ ..... ၊ ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ .. )
ရင်ခွင်မှာရှင်သန်ရာ ခိုမှီရာ အိမ်တစ်အိမ်ကို ကမ္ဘာမြေမှာ တည်ဆောက်ကြမယ်၊
အဆောင်အယောင်တွေ မဆင်ရင်စေ ရင်ခွင်အိမ်ပျော်ရွှင်ပါစေ
ဒဏ္ဍာရီရာဇ၀င်လို ၀ိညာဉ်အိမ် စိန်စီရာ ရတနာခြယ် သိင်္ဂါရီအိမ် ...။
တစ္ဆေတစ်ကောင် ဟန်ဆောင်သလို မာယာကင်းမဲ့ .....
မနာလိုတဲ့ မစ္ဆရိယ ချည်နှောင်မှုမဲ့ .....
ကံစီရင် ယုံကြည်စွာ ကမ္ဘာမြေမှာ ...
တို့အိမ် .. ငါတို့အိမ်
ရဲရင့်လိုက် ချစ်တဲ့အိမ် တို့ဆောက်ကြမယ် .....။
(ကလေးလေးတွေ နွေးထွေးဖို့လေ .. ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကိုဆောက်ကြမယ်လေ ..... )
(မြင့်မြတ်ခြင်းတွေ၊ နွေးထွေးခြင်းတွေ ... ၊ ကမ္ဘာမြေမှာ ညင်သာစွာစီးဆင်းဖို့လေ ...)
(ကလေးလေးတွေ နွေးထွေးဖို့လေ .. ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကိုဆောက်ကြမယ်လေ ..... )
(မြင့်မြတ်ခြင်းတွေ၊ နွေးထွေးခြင်းတွေ ... ၊ ကမ္ဘာမြေမှာ ညင်သာစွာစီးဆင်းဖို့လေ ...)
Read more...
Tuesday, May 20, 2008
ဗြိတိသျှစတော်ဗယ်ရီယိုအိပ်မက်
(၁)
ရေမြင်းရှင် (ဟုတ်ဖူး..မှားလို့) ရေမြေ့ရှင် သခင်ထိပ်ခေါင် နိုင်ငံကျော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကား မရောက်တာကြာပြီဖြစ်သော မုန်တိုင်း ဒဏ်ခံ ရန်ကုန်မြို့သို့ ရောက်လာခဲ့၏။ သူမသွား၍မဖြစ်တော့။ မနေ့တစ်နေ့ကပင် နောင်တော် ဟူဂျင်တောင် Hu Jintao က သူ့အား ဖုန်း အပူလိုင်းမှ ကမန်းကတန်း မှာသည်။
“ ညီလေးတန်းချွေ .. ၊ လုနီနိုင်လှရှေလားကွယ်။ အပါးကတီမီနပ်ဘူးဘဲ..၊ ၀ကို လူတွေကပြောကုန်ကြဘီ။ တီကမ္ဘာလုံး ၀ကိုပဲ ပြောကုန်ပြီ။ လုလို့ တိုင်းပြည်မှာ နာဂစ်ဝင်လို့ မီကြာသေး၊ ၀လို့လဲ မြေမျိုဘီ။ လုလို့ဂျောင့် ၀တို့လဲ ပြာကုန်ကြဘီ။ ၀.. ကတော့ ကိုယ့်လူမျိုးကိုယ် အားပေးစေချင်လယ်။ ၀ .. လုကိုအီကြံပေးမယ် တန်းချွေ။ လု .. ရန်ကုန်ဖြစ်ဖြစ် အီမြန်ဆုံးတွားဘာ။ ဒီတစ်ခါ ၀ .. အီကြံပေးသလို လုမီ လုပ်ရင် အီခြေအီနေ တယ်မီကောင်းဝူး ဖြစ်မှာဘဲ … ”
သူလားလားမှ မသွားချင်။ သို့သော် မနေသာတော့။ အမှန်က ကမ္ဘာမကလို့ စင်္ကြာဝဠာတိုက်တစ်သောင်းမှ ၀ိုင်းပြောစေဦး။ ရွှေစိတ်တော်ထဲ နဲနဲမျှမထား။ ယခုကားနောင်တော် Hu Jintao ထံမှအမှာစကား။ သူတလျှောက်လုံး အားကိုးတကြီးမှီခိုပေါင်းသင်းခဲ့ရသည့် မိတ်ဆွေကြီး၏ သတိပေးချက်။ သူချီတုံချတုံနှင့် ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့သည်ကပင် ရက်သတ္တပတ်တစ်ပတ်ရှိပြီ။ သူ့စိတ်ကား ခိုးလိုးခုလု ရှိနေတော့၏။ သွားရမည်လား၊ မသွားရမည်လား။ အကြောင်းကား တလောတုန်းက နာဂစ်မုန်တိုင်း မလာခင်လေးမှာ သူအင်မတန်မှ အား ထားယုံကြည်ရသည့် ဘိုးတော် ကြပ်ထိပ်ပြောင်ကလည်း သတိပေးထားခဲ့သည်ကို မှတ်မှတ်ရရရှိနေခြင်းပင်။
“ ဒီမှာ ဗိုလ်ချုပ်မှူးကြီး .. ဒီတစ်နှစ်လုံးဟာ ဗိုလ်ချုပ်မှူးကြီးအတွက် အင်မတန်မှ အရေးကြီးတယ်နော်၊ အမြဲစားသတိ၊ သွားသတိ၊ ပြော သတိ၊ အီးပါတောင် သတိကောင်းကောင်း ထားရလိမ့်မယ်။ မြင်ထားတာတွေရှိတယ်။ ဗိုလ်ချုပ်မှူးကြီးတို့ အရင်ကိုးကွယ်တဲ့ အောင်ထွဋ် ခေါင်တို့လို ကျုပ်ကပေါက် ပန်းလေးဆယ် ဆိုတာ၊ ပြောတာမဟုတ်ဘူး။ သာမ၊ ယဇု၊ ဣရု ဆိုတဲ့ သုံးပုံကျမ်းအပြင်မှာ အာတပ္ပနဗေဒင် ကျမ်းကြီးနဲ့ သေချာညှိပြီး တွက်ပြီးမှ ပြောတာ။ အထက်၊ အလယ်၊ အောက်ဆရာတွေဆီက ပေးတာတွေရော ကျုပ်အာရုံရတာတွေရောပဲ။ ကျုပ်သတိပေးခဲ့တာတွေဟာ ဘယ်တော့မှ မမှားဘူးနော် .. ”
သူသေသေချာချာကို အမှတ်ရနေသေးသည်။ နိုင်ငံအုပ်ချုပ်ရာမှာ ပုရောဟိတ်အခါပေးများ၏ အခန်းကဏ္ဍမှာ အလွန်အရေးကြီးသည်မ ဟုတ်လား..။ သူမပြောနဲ့၊ သူ့အဖေကြီး ဗိုလ်ချုပ်နေ၀င်းလဲ သေခါမှရေမြော၊ မသေခင်တော့ ဤလိုပင် အနှစ်သုံးဆယ်ခန့် နေနိုင်ခဲ့ပါ၏။ ဘိုးတော်က ဤနေ့ဤအချိန် နန်းတော်ပြောင်းစေ၊ မပြောင်းလျှင်ဘေးတွေ့အံ့၊ ပြောင်းသော် နန်းသက်ရှည်လတ္တံ့မိန့်သဖြင့် ကမန်းကတန်း ဖုတ်ဖက်ခါထ၍ ပြောင်းခဲ့ရ၏။ ထိုတုန်းကလည်း ၀ိုင်းပြောတာခံခဲ့ရသေးသည်။ သို့သော် ဘိုးတော်က စိုးရိမ်စရာမလို၊ သူ့ဘာသာသူ ပြီးဆုံးသွားပါလိမ့်မည်ဟု အာမဘန္တေခံခဲ့သည်။ ပြီးဆုံးသည်ဆိုသည့်စကားကတော့ ဘာမှန်းမသိ။ သေချာနားမလည်။ ပြီးတော့သူကိုယ် တိုင်လည်းတော်တော်သဘောမတွေ့။ ဘာပဲဖြစ်ဖြစ် သူကိုးကွယ်ဆည်းကပ်ခဲ့သည့် တစ်ချိန်လုံး အမှားအယွင်းနဲပါးခဲ့သည် ဆိုရမည်သာ။
ဘိုးတော် ကြပ်ထိပ်ပြောင်ကား အင်မတန်မှ စေ့စပ်သေချာ၍ အမြော်အမြင်ရှိသူတည်း။ သူညွှန်ပြသည့်အတိုင်း လိုက်နာခဲ့၍ ယခု သူတစ် ခါမှ မကြားဖူး၊ နားလဲ မလည်၊ မလေးရှားက၀န်ကြီး နာဂျစ်လားဟု မေးယူရသည့် နာဂစ် ဆိုသည့် ဘေးကြီးတစ်ခုမှ လွတ်ခဲ့လေပြီ။ ခံရ မည့်သူများကား ခံပေတော့။ သူ့လောက်မှ ဘုန်းကံမရှိပဲကိုး။ သူ့လို ဘိုးတော် အမှန်အကန်တွေကို မကိုးကွယ်ကြတာကိုး။ တလောတုန်းက ထိုင်းဝန်ကြီးချုပ် ကြပ်ပြေးက သူ့နန်းတော်အလည်လာတော့ ဘုရားခန်း ဘယ်နားမှာ မေ့နေ၍ သူ့ ကိုယ်ရံတော်အား မေးရသေးသည်။ တရားထိုင်နည်းလေးတွေ ထိုင်းကြီးက သိချင်သည်ဆို၍လည်း သူပြလိုက်ရသေးသည်။ ဓါတ်ပုံလည်း အမှတ်တရ ရိုက်ခဲ့ကြသေးသည်။ မဆိုးလှ။ ထိုင်းကောင်ပြန်သွားတော့ သူ့သတင်းကား ချက်ချင်းမွှေးပျံ့ သွားသည်။ အဲဒီထိုင်းကောင်ရှေ့ တစ်ရက်ခန့် ညစာမစားပဲ နေခဲ့တာ ကာမိသည်ဟု ဆိုရမည်။
ယခုရက်ပိုင်းတော့ ရွှေစိတ်တော်ကား အင်မတန်ညှိုးနွမ်းနေချေသည်။ ဘိုးတော်ကြပ်ထိပ်ပြောင် ပြောထားသည်များကလဲ မှန်လှ၏။ တောင်အရပ်ကား မိမိနှင့်မသင့်၊ မိမိအတွက် ဓါတ်နံအင်မတန်ယုတ်ညံ့သည်ဆို၏။ ရေနှင့်မတည့်ဆိုလား။ သူ့ပညာပိုင်းဆိုင်ရာ စကားများ အား မိမိလဲ သေချာတော့ နားမလည်။ မှန်နိုင်ပါသည်။ မိမိဇာတိ ကျောက်ဆည်မှာတုန်းက ပင်လယ်ဆိုတာ ဂျိုနဲ့လား မေးရမည့်အရာ။ ရေကြောက်၏။ ယခုထီးနန်း စိုးစံရမှသာ ချောင်းသာတို့ ငွေဆောင်တို့မှာ မိမိကြိုက်သည့်အချိန် ရေကစားထွက်တော် မူနိုင်သည် မဟုတ် လား။ ဘိုးတော်ပြောသလိုဆို မိမိမှာ အင်မတန်မှ အန္တရာယ်ရှိနိုင်သည်။ တစ်ဘက်ကလည်း နောင်တော် Hu Jintao ။ မသွားလျှင် လက်ငင်းအကျိုးပေးကား မလှဖြစ်ဖို့ များ၏။ ပင်လယ်မှာ ဟိုကောင်အမေလိကန်တို့ ရောက်နေသည်ဆိုပါလား။ အရေးထဲမှာ ဘန်ကီမွန်း ကလဲ ဖုန်းတဂွမ်ဂွမ်ဆက်သည်ဆို၏။ မိမိရန်ကုန်ရှိတုန်းက အရင် နိုင်ငံခြားရေးဝန်ကြီးဝင်းအောင် အင်္ဂလိပ်စာသွားသွားသင်သည့် လှည်း တန်းဈေးနားကဆရာဆီမှာ မသင်မိခဲ့သည်ကို နောင်တရချင်သလိုလို။ နို့မို့ရင် ဟိုကောင် ဥာဏ်ဝင်းထက်တော့ အပြတ်သာမည်။ ဘန်ကီ မွန်းကိုလဲ ဖုန်းထဲကနေ ဘွတ်ဘဲ့ ဒွတ်ဒဲ့ သာသာလေး လုပ်နိုင်မည်။ မိဘုရားကြီးကြိုင်သေဘီကတော့ ဒီလိုနေရာမျိုးသုံးမရ၊ နိုင်ငံခြားကို တစ်ခါခေါ်သွားမိသည်။ “ Kyaing Kyaing is my name ” လုပ်နေလို့ မနဲ ဆွဲထားရ၏။
ဆိုးဝါးလွန်းသည့် အချက်ကား အပြင်မီဒီယာက ပြောတာတွေ။ မှန်နေတော့လဲ မိမိမှာဖုံးရဖာရလွန်းသည့်အတွက် ဖာသယ်ကြီးကိုဖြစ်လို့။ ရုရှား လွှတ်ထားသည့် ကောင်လေးအချို့ကလဲ တစ်နေ့ထက်တစ်နေ့ ပိုပိုသုံးစားမရတော့။ အေးရာအေးကြောင်း နေသူကနေကြ၏။ ထား တော့။ သူတို့ကား မိမိဘာမှ မပြောလိုပြီ။ မိမိမျက်နှာ ကြည့်ပြီး.. ကြိုးစားအာချောင်နေကြသည့် ကောင်တွေကလဲ လွဲပဲလွဲနိုင်လွန်းသည်။ မိမိပိုင် ကြေးမုံတို့၊ မြန်မာ့အလင်းတို့ကနေ ကူးရေးနေတာလွဲ၊ ကိုယ်ပိုင်အကြံလေးများလဲ မထုတ်တတ်ကြ။ ရဲဘော်တို့ အသင့် .. လို့ပြော ရင် “ yahoo လား၊ Gtalk လား၊ ” လို့ပြန်မေးမဲ့ အကောင်တွေချည်း။ သူတို့စိတ်မထင် “မကျေနပ်ရင် Gtalk မှာ add လိုက်လေ၊ ငါ့မေးလ် က xxxx..။” ဟု လုပ်တတ်၏။ ဒါကြောင့်လဲ မိမိမှာအိုကြီးအိုမနဲ့ဒီနေရာက မစွန့်ခွါနိုင်သေး။ ငယ်တုန်းကလိုမသန်တော့။ ဥာဏ်နီဥာဏ်နက်ကလဲ ကုန်လုပြီ။ မျက်နှာနာစရာလေးတွေ လိုက်လိုက်ထောက်ရင်း၊ မိမိဟ၀ှာကိုပါ လာလာထောက်သည့် ထိုင်းတို့၊ စင်္ကာပူတို့၊ မလေးရှားတို့ကလဲ တမှောင့်။ ခုတော့မဖြစ်တော့။ ဘိုးတော် ဘယ်လောက်တားတား၊ လက်ငင်းက မသွား မဖြစ်တော့။
ကြိုင်သေဘီကတော့ တခါတလေ ဒါမျိုး အားကိုးရသည်။ ဘာလဲဆိုတော့ သူကဗြိတိန်မှလာသော စတော်ဘယ်ရီယိုနှင့် ပြင်သစ်ပေါင်မုန့် တို့တို့ပြီးစားရလျှင် အင်မတန်သဘောခွေ့၏၊ ကြာအင်းဆိပ်ကြီးမှာတုန်းက တော်တော်ငတ်ခဲ့တာကိုး။ ဟိုမှာက တပ်ရင်းဂိတ်ကြီးက ထွက် တာနဲ့ ရှေ့တန်းဆိုတော့ ရန်ကုန်က ကွန်ဗွိုင်နဲ့ပို့တဲ့ ပဲရည်ကြည်လေးပဲလွေးရ၏။ ခုအမြင့်စံဘ၀မှာတော့ ပဲဆိုလျှင် ဆိတ်အော်သံလားဟု ပြန်မေးတတ်လေပြီ။ သူ့အကြိုက် စတော်ဘယ်ရီယိုနှင့် ပြင်သစ်ပေါင်မုန် တို့တို့ပြီးစား။ ပြီးလျှင်တရေးတမောအိပ်ခါ၊ တသီတတန်းကြီး မက်တတ်သော သူ့အိပ်မက်များကို အတိတ်ကောက်ရင် မှန်သည်ကများ၏။ အခုလို အရေးကြီးသည့်အချိန်၊ တိုင်းရေးပြည်ရာ၊ စားပွဲအရေး ကုလားထိုင်အရာများတွင် မိကြိုင်သေဘီကိုပဲ သေချာပြန်မေးရမည်။ ပြည်ပအားကိုး စတော်ဘယ်ရီသူခိုး၊ (မှား .. ပြန်ဘီ) ဗြိတိန်စ တော်ဘယ်ရီယို အိပ်မက်လေးကို မိမိသေသေချာချာ အတိတ်နိမိတ်ကောက်ယူ ဆုံးဖြတ်တော်မူမှ နောင်ရေး စိတ်အေးရတော့မည်ဖြစ်၏။
(၂)
အတွေးများကိုရပ်ပစ်ပြီး၊ ရေမြေ့ရှင် သခင်ထိပ်ခေါင် နိုင်ငံကျော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကြည့်ရှုပါသည်။ သူများတွေပြောနေသလိုလဲ မဆိုးပါဘူး။ ဒီသစ်ပင်ကြီးတွေ လဲတာများ တစ်ချက်ခုတ်နှစ်ချက်ပြတ် လမ်းလဲချဲ့လို့ရတယ်။ နောက်တစ်ခုက ၀ါယာလက်က တပ်ကိုခွဲစိတ်ဖြတ်တောက်ခိုင်းလိုက်၊ ပြီးရင် ခွဲသားတွေကို ဝေပေးလိုက်၊ တပ်ရင်းထင်းစာတောင်ရသေး။ ငါမြင်ရသလောက် လေဘေးဒုက္ခသည်တွေ အားလုံးအဆင်ပြေသားပဲ။ မယုံရင် ရော့ .. အင့် .. ဒီမှာ ဖတ် ..
(၃)
အပြန်ခရီးကား သူအင်မတန် ပင်ပန်းလှ၏။ တစ်ခုတော်သေးသည်က ရန်ကုန်ကသူ့ကောင်တွေ အလိုက်သိလွန်းလှသည်ပင်။ တပည့်ကြီး တွေ တော်ချက်က လက်ကုန်ပဲဟု ဆိုရမလောက်။ ရောက်ရာအရပ်မှာ အဆင်မပြေမှုဆိုတာ သိပ်မတွေ့ခဲ့ရ။ ရဟတ်ယာဉ်ပေါ်မှ ကြည့်မိ သလောက် မြင်သမျှ အားလုံးဝါ၀ါတွေ။ သူအတိတ်နိမိတ်ကောက်လိုက်သေးသည်။ ရွှေဝါရောင်နိမိတ်ပေပဲ မဟုတ်လား။ ယခင်စိမ်းစိုနေ သော ဧရာဝတီတစ်ခွင်သည် ယခုလို ၀ါဝါကြီးသန်းနေသောအခါ၊ ရွှေဝါရောင်နမိတ်လို့ မကောက်ရင် ဘယ်ဟာကိုများ ကောက်ရပါ့။ ထား ချေတော့။ ဤကိစ္စကိုပြန်မှ ဘိုးတော်လျှောက်တင်ပြီး၊ လမ်းညွှန်ချက်တောင်းခံရမည်။ သူဟောခဲ့သည့်ဒီခရီးလမ်းအတွက် သူကိုယ်တိုင် ပေးသည့် ယတျာကို ရွှေနန်းတော်ကြီးတွင် မိဘုရားကြီးကား မုချ လိုက်နာဆောင်ရွက်မည်ပင်။ သူသာပဲဘယ်လို လုပ်ရမည်သိသည်ကိုး။ တွေးရင်းပင် သတိရလာ၏။ မိမိ..ဒီခရီးမသွားမဖြစ် မသွားခင်က မိဘုရားကြီးက ရွှေစိတ်တော် အေးအေးသာထားပြီးသွားဖို့မှာလိုက်၏။ သူစိတ်တော့ ချပါသည်။ တစ်သက်လုံး ပေါင်းသင်းလာခဲ့တဲ့ တပ်ရင်းကံစမ်းမဲလေး မဟုတ်လား။ တွင်းသစ် တူးရတာထက်စာရင် တွင်း ဟောင်းက သူ့အတွက်အဆင်သင့်ဟု လက်ခံယုံကြည်လာခဲ့သည်လေ။ “ တွင်းဟောင်းရေကြည် အေးမြသည်”.. တဲ့။
သူကံကောင်းလွန်းလို့သာပေါ့။ ဘာပဲပြောပြော နေပြည်တော်သို့ရောက်တော့မည်။ ရှေ့မှာ သာဝတ္ထိကားလမ်းခွဲ၊ ကျော်ရင် အေလာ (ခေါ်) နေပြည်တော်လေဆိပ်။ သူ စိတ်တွေ ငြိမ်သက်အေးဆေးသွားတော့သည်။
(၄)
ရွှေနန်းတော်ကြီးကား အေးစိမ့်လှပေသည်။ မနာလိုသူတွေ ပြောပြောနေသလို ကြပ်ပြေးကား ပူလောင်ခြောက်သွေ့လှသည် ဆိုသည့်စ ကားကို သူတစ်ချက်တွေးမိရင်း ပြက်ရယ်ပြုမိသေး၏။ မအေးခံနိုင်လား။ လောကဓါတ်ပညာကို သူတစ်ခါတလေ အံ့သြဘနန်းဖြစ်မိသည်။ အအေးပုံးသေတ္တာများကို မိမိနန်းတော်အတွင်း ချိတ်ဆွဲထားလိုက်သည်မှာ ရွာအိမ်က စာကလေးအိမ်နဲ့ မခြား။ အကောင်းဆုံးရိုးမကျွန်း သားဖြင့် ပြုလုပ်ထားသော မဟော်ဂနီရောင် ပြောင်လက်နေသည့် ရွှေအနားကွပ် သလွန်တော်ပေါ် ရွှေဖင်ချထိုင်လိုက်တော့ မိဘုရားကြီး က စင်္ကာပူကျွန်းက တကူးတကမှာထားသည့် သောက်ရေတော်အေးအေးတစ်ခွက်ကို ဆက်၏။ သူတစ်ချက်မျှမော့ကြည့်လိုက်ရာ မိဘုရားကြီး၏ မျက်နှာတော်မှာ တစ်ခုခုကို ဝေခွဲမရဟန်ပေါ်နေသည်။ မိဘုရားကြီးအား ကြည့်နေရင်း သောက်တော်ရေ တကျိုက်မျှငုံလိုက်ပြီး မိမိ သိလိုလှသည့် စတော်ဘယ်ရီအိပ်မက် အကြောင်းကို မဆိုင်းမတွပင်မေးတော်မူတော့၏။
“ ကဲ .. လျှောက်စမ်းပါဦး မယ်ကြိုင်..၊ မနေ့ကအိပ်မက် ဘယ်နှယ့်ရှိပါလိမ့်၊ မောင်ဘုရား ကြားလိုလှပြီကွယ်။ ..”
မယ်ကြိုင်မှာလဲ မည်သည့်အချိန်ကတည်းက လျှောက်လိုလှသည်မသိ။ ချက်ချင်းပင်..
“ မှန်ပါ။ ကျွန်တော်မျိုးမ အိပ်မက်ကား ထူးဆန်းပါသည်။ Star Movie ချယ်နယ်ကလာသည့် ဓါတ်ရှင်ကား ကြည့်ရသည့်နှယ်၊ ရှေးခေတ်ကို ပြန်ရောက်သွားပါသည်။ သည်တစ်ကြိမ်မက်သည့်အိပ်မက်ကို ကျွန်တော်မျိုးမလဲ အတိတ်မကောက်တတ်ပါ ထီးဘုရား..။ (နန်းတော်ထဲ ဒီလိုပဲ ပြောကြ၏။ မယုံ ကြပ်ပြေးမှာ သွားကြည့်) ..”
“ ကွယ် .. လျှောက်မှာသာလျှောက်စမ်း၊ ငါကိုယ်တော်ကြားလိုလှပြီကွယ့် .. ”
“ မှန်ပါ။ ကျွန်တော်မျိုးမမက်သည်မှာ၊ သီပေါဘုရင် နှင့်စုဘုရားလတ်တို့ဖြစ်ပါသည် .. ”
“ အို .. ထူးပါပေ့၊ ဒါဟာနိမိတ်ကောင်းပါပဲ ..ဆက်လျှောက်ပါ မယ်ကြိုင် .. ”
“ မှန်ပါ။ ကျွန်တော်မျိုးမ အတိအကျမှတ်မိတဲ့ အကြောင်းက သီပေါမင်းတို့ မောင်နှံဟာ၊ အင်္ဂလိပ်လူမျိုးတို့ခေါ်ဆောင်သွားတဲ့ မီးသင်္ဘော ပေါ်ရောက်နေပါပြီ။ ဒီအရှေ့ကအကြောင်းတွေတော့ မမှတ်မိပါဘူး။ သူတို့ သင်္ဘောပေါ်မှာ ထိုင်နေတုန်း သီပေါမင်းကြီးက ဘေးနားက သူ့မိဘုရားကို တိုးတိုးလေး ကပ်ပြီးပြောပါတယ် ဘုရား .. ”
ရေမြေ့ရှင် သခင်ထိပ်ခေါင် နိုင်ငံကျော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမျက်နှာကား ၀င်းလက်သွား၏။
“ ဟေ .. ဟုတ်လား..၊ ငါဖတ်ဖူးသလောက်၊ သူ သူ့မိဘုရားကို အဲဒီတုန်းက ဘာမှ တိုးတိုးလေး မမိန့်ပါဘူးကွယ် ..၊ ဧကန္တ သီပေါကိုယ် တော်တပိုတပါးသွားချင်လို့နဲ့ တူတယ် ဟုတ်စ .. ”
ဗြိတိသျှစတော်ဘယ်ရီ အိပ်မက်ပိုင်ရှင်ကား ရေမြေ့ရှင် သခင်ထိပ်ခေါင် နိုင်ငံကျော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အတိတ်နမိတ် ကောက်ယူ တော်မူနိုင်ရန် ၀မ်းသာအားရ မဆိုင်းမတွပင် ဤသို့လျှောက်တင်လိုက်၏။
“ မဟုတ်ရပါဘုရား၊ သီပေါမင်းတိုးတိုးလေးမိန့်တာကို ကျွန်တော်မျိုးမ နားနဲ့ဆတ်ဆတ်ကြားလိုက်ရပါတယ်။ မင်းဟိုဘက်နဲနဲရွှေ့စမ်း…၊ ငါ ပြုတ်ကျတော့မယ် ရေထဲကို … တဲ့ .. ဘုရား .. ”
ဤတွင် ရေမြေ့ရှင် သခင်ထိပ်ခေါင် နိုင်ငံကျော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမျက်နှာကား ရှုံ့မဲ့သွားချေတော့သတည်း။
Read more...
Tuesday, May 6, 2008
ပြောင်လျှာရှည်တို့ကတဲ့ဇာတ် (၁၆)
မိုးထဲရေထဲ ၀မ်းနည်းစွာနဲ့ ကဖြစ်တဲ့ဇာတ်လေးပေါ့လေ .....
ပြောင်ရှည် ။ ။ “ ကဲ .. ကဲ .. သတင်းတွေ ကြော်ငြာမယ် .. သတင်းတွေ ကြော်ငြာမယ်။ ဟိုကောင် .. လျှာရှည် ဒီလာစမ်း … ”
လျှာရှည် ။ ။ “ ငါ့ခေါ်တာလား ..၊ ”
ပြောင်ရှည် ။ ။ “ ဒီအဖွဲ့မှာ လျှာရှည်ဆိုလို့ မင်းတစ်ကောင်တည်းရှိတယ် ..။ လက်ကလေးနောက်ပစ်ပြီး ဟိုငေး .. ဒီငေး လုပ်မနေနဲ့..”
လျှာရှည် ။ ။ “ မြ၀တီအကြည့်များသွားလို့ပါ .. ပြော .. ”
ပြောင်ရှည် ။ ။ “ အဟမ်း .. ခု အရေးကြီးနေပြီ .. အရေးကြီးနေပြီ .. ကိုင်း .. ငါကိုယ်တော်မြတ်ကို သံတော်ဦးတင်စမ်း .. မောင်မင်း၊ ရန်ကုန်မှာ ဘဇာကြောင့် တိုင်းသူပြည်သားလူအများတို့ ရုံးစုရုံးစုဖြစ်နေသနည်း … အဲ့ .. ဟယ် … ”
လျှာရှည် ။ ။ “ သိဘူးလေ .. ”
ပြောင်ရှည် ။ ။ “ တယ် .. ရာ ရာ စစ .. ပြင်လျှောက်စမ်း .. ငလျှာရှည် .. ငါထီးဘုရားကို မခန့်လေးစားလုပ်လှပါလား မောင်မင်းက..”
လျှာရှည် ။ ။ “ အွန် .. ဘယ်လိုဖြစ်သွားရတာတုန်း .. ”
ပြောင်ရှည် ။ ။ “ တိတ် .. ဆိုတိတ် မောင်မင်း .. ငါကိုယ်တော် စိတ်ထွက်တော်မူသကွယ် .. ဘယ်နှယ့် တိုင်းရေးပြည်ရာ ရှုပ်ထွေးလှ တဲ့ အထဲ .. ပြင်လျှောက် .. ”
လျှာရှည် ။ ။ “ သြော် .. မင်းကြီးလုပ်ချင်တာလား နင်က .. ”
ပြောင်ရှည် ။ ။ “ အေးလေကွာ .. မင်းက အရိပ်ပြအကောင်ထင်စမ်းပါဟ .. ”
လျှာရှည် ။ ။ “ အင်း .. အင်း ရတယ် .. ရတယ် .. နေဦး .. ဘယ်လိုမေးလိုက်တယ် ခုနက .. ”
ပြောင်ရှည် ။ ။ “ အေး .. ငါက ဘုရင်ဆိုတော့ မင်းက ၀န်ပေါ့ကွယ်၊ .. ၀န်ပေါ့ .. ကဲ ..ကဲ .. ရွာစား စိန်ပတ်ရှည်ရေ .. ပို့စမ်းပါဦးဟ ..”
လျှာရှည် ။ ။ “ ကြိုင်ကြိုင်ဂီလာနပတ်ပျိုးလေး လုပ် ဆရာရေ ... ”
ပြောင်ရှည် ။ ။ “ ဟေ့ကောင် .. စိန်ကြောင်နီလာပတ်ပျိုးလုပ် .. ”
လျှာရှည် ။ ။ “ အင်း.. အင်း..ထားပါတော့၊ ရှေးရှေးကတော့ ၀န်ဆိုနှစ်ပါးထွက်တယ် …၊ ဆိုတော့ .. ခုက .. ငါက ၀န်စိမ်းပေါ့နော် .. ”
ပြောင်ရှည် ။ ။ “ အေး .. မင့်ဘာသာမင့် စိမ်းစိမ်းနီနီ .. ၀န်ဖြစ်ရင်ပြီးရောမဟုတ်လား .. ကဲ .. ကဲ .. ပြန်စမယ်မောင်မင်း .. ရန်ကုန်မှာ ဘယ့်နှာကြောင့် ရုံးစုရုံးစုဖြစ်နေကြသနည်း မောင်မင်း လျှောက်စမ်းဟဲ့ .. ”
လျှာရှည် ။ ။ “ သူ့ဘာသာသူ ဖြစ်တဲ့ကိစ္စ ..၊ ဘယ်လိုလျှောက်ရမှာလဲ ငါက .. ”
ပြောင်ရှည် ။ ။ “ ဟေ့ .. ငလျှာရှည် .. ပြင်လျှောက်စမ်းကွဲ့ .. ရေမြေ့ရှင်ငါကိုယ်တော် ထီးဘုရားကို ဒီလိုမဆိုရပေဘူး .. ဘုန်းတော် ကြောင့် ပြည်သူအများ ထောက်ခံမဲပေးရန် တက်ကြွစွာ လှုပ်ရှားနေကြခြင်း ဖြစ်ကြောင်းပါဘုရား .. ကြားလား ဒီလိုလျှောက်ရမကွဲ့ .. အတိုင်အဖေါက်ညီဖို့ လိုသနော် မောင်မင်း .. တီဗွီမှာပြမှာဟေ့ … ”
လျှာရှည် ။ ။ “ မှန်ပါ .. ဘုန်းတော်ကြောင့် တိုင်းသူပြည်သား လူအများတို့ ထောက်ခံမဲပေးရန် တက်ကြွစွာ လှုပ်ရှားနေကြခြင်းဖြစ် ကြောင်းပါဘုရား .. ဘုရား ..”
ပြောင်ရှည် ။ ။ “ အိမ်း .. ပီတိဖြစ်ရပါပေ့ မောင်မင်း .. ၊ ခိုးစားရာကနေ ဗြောင်စားခွင့်ရအောင် လုပ်ထားရတာ၊ ဒါနဲ့ နေပါဦး ဒီရက်ပိုင်း အတွင်း ငါကိုယ်တော်မြတ် တော်တော်အေးသကွယ်၊ ကျောထဲက ချမ်းစိမ့်စိမ့်နဲ့ .. အဲယားကွန်းလဲ ဖွင့်မအိပ်မိပါဘူး၊ မင့် .. မယ်တော် ကြိုင်ကို မေးတော့လဲ ကိုယ်လက်မအီမသာဖြစ်တော်မူသတဲ့ .. သက်တော်တွေကြီးလာတော့ ဇာတိ၊ ဇရာ၊ ဗျာတိ၊ မရဏ ဆိုတာ ပြေး မြင်မိသပေါ့ မောင်မင်း .. မင်း .. ”
လျှာရှည် ။ ။ “ မှန်ပါ .. ဘုန်းတော်ကြောင့် တိုင်းသူပြည်သား လူအများတို့ ထောက်ခံမဲပေးရန် တက်ကြွစွာ လှုပ်ရှားနေကြခြင်းဖြစ် ကြောင်းပါဘုရား .. ဘုရား ..”
ပြောင်ရှည် ။ ။ “ အေး .. အေး သင့်မြတ်လှပါပေ့..၊ ကိုယ့်စရိတ်နဲ့ကိုယ်ပေါ့..၊ သြော် .. မောင်မင်းငလျှာရှည်၊ နှုတ်သရမ်းလှချေလား၊ နင် ပြောမှ တကယ်ကျောချမ်းတော့တယ် ..၊ ပြင်လျှောက်စမ်း၊ ငါစိတ်ပေါက်တော် မူလှချေရဲ့ ..၊ ငခင်ညွန့်နောက်လိုက်သွားချင်သလား..၊ဒီ လိုပြောရတယ်ဟ ..၊ မင်းတရားကြီးဘုန်းတန်ခိုးကြောင့် ဥတုရာသီမျှတပြီး တိုင်းပြည်တစ်ဝှမ်း အေးချမ်းတော့မဲ့ နိမိတ်ပါဘုရား ..။ ”
လျှာရှည် ။ ။ “ မှန်လှပါ ..၊ မင်းတရားကြီး ဘုန်းတန်ခိုးကြောင့် တိုင်းပြည်တစ်ဝှမ်း အေးချမ်းတော့မဲ့ နိမိတ်ပါဘုရား ..။ ”
ပြောင်ရှည် ။ ။ “ အိမ်း .. အိမ်း .. ကိုယ်တော်မောင်နှံက တိုင်းပြည်အရေး ထာဝရ ဦးထိပ်ထားပြီး အလုပ်လုပ်လွန်းလို့ မမျှမတဖြစ်တာ၊ ဓါတ်မညီညွတ်မှုပေါ့ကွယ်။ အသက်တွေကြီးလို့သာ အေးတယ်ဖြစ်တာ။ နို့ပေမယ့် နောင်အနှစ်နှစ်ဆယ်လောက်တော့ အသာလေး ငလျှာရှည်ရဲ့ ..၊ အင်း .. ဒါနဲ့နေပါဦး .. လမ်းတွေပေါ်ကြက်ခြေခတ်တွေ တွေ့ရတယ်ဆိုတဲ့ အကြောင်း အထောက်တော်များဆီက ငါကြားရတော်မူတယ်။ .. ဘဇာကြောင့်ဖြစ်ရတယ်ဆိုတာ အသေးစိပ် လျှောက်တင်စမ်း .. မောင်မင်း ”
လျှာရှည် ။ ။ “ မှန်လှပါ ..၊ မင်းတရားကြီး ဘုန်းတန်ခိုးကြောင့် တိုင်းရွာတစ်ဝှမ်း အေးချမ်းတော့မဲ့ နိမိတ်ပါဘုရား ..။ ”
ပြောင်ရှည် ။ ။ “ တယ်လေ .. ငါထလုပ်လိုက်ရ .. သေတော့မယ်နင်တော့၊ ဒီကြက်ခြေခတ်တွေများလာရင် ကြက်တုပ်ကွေးထက်ဆိုး သွားမယ် ဘာမှတ်တုန်း ..။ ”
လျှာရှည် ။ ။ “ မှန်လှပါ .. ပါ .. ပါ ..”
ပြောင်ရှည် ။ ။ “ တော် .. တိတ် ..၊ ထမဖေါက်နဲ့ ..၊ တီဗွီမှာပြမှာ .. ဒီလိုပြင်လျှောက်စမ်း .. ၊ ထီးဘုရားသခင်ရဲ့ အာဏာစက်ဖြင့် အောင်မြင်စွာ ထိမ်းသိမ်းအရေးယူထားကြောင်းပါ ဘုရား .. ”
လျှာရှည် ။ ။ “ မှန်ပါ .. ထီးဘုရားသခင်ရဲ့ အာဏာစက်ဖြင့် အောင်မြင်စွာ ထိမ်းသိမ်းအရေးယူထားကြောင်းပါ ဘုရား .. ”
ပြောင်ရှည် ။ ။ “ အိမ်း .. ကိုယ်တော်ကြားရတာ အားတက်ပါပေ့၊ ဒါ.. ဒိုမီကရေစီအရေးအတွက် လုပ်ရတာပ .. ”
လျှာရှည် ။ ။ “ ဒီမိုကရေစီပါ ..၊ တီဗွီမှာပြမှာလေ ထီးဘုရား ”
ပြောင်ရှည် ။ ။ “ တယ် .. ငါလေ .. သန်လျက်နှလုံးပူးနဲ့ ထခုတ်ရ ..သိတယ်၊ လျှာမရှည်နဲ့ ..။ ဒီမိုကရေစီပေါ်ပေါက်လာအောင် ငါကိုယ်တော်မြတ် အနှစ်နှစ်ဆယ်လုံးလုံး အောင်မြင်စွာ ထိမ်းသိမ်း အရေးယူထားရခြင်းဖြစ်တယ်၊ .. ကဲ .. တနေ့က နာဂစ်ဆိုလား၊ နာ ဂျစ်ဆိုလား .. မုန်တိုင်းအကြောင်းလျှောက်စမ်း ..၊ ”
လျှာရှည် ။ ။ “မှန်ပါ .. ထီးဘုရားသခင်ရဲ့ အာဏာစက်ဖြင့် အောင်မြင်စွာ ထိမ်းသိမ်းအရေးယူထားကြောင်းပါ ဘုရား .. ”
ပြောင်ရှည် ။ ။ “ အေး .. အင်းစိန်ထောင်မီးထလောင်တာ ဒင်းကြောင့်နေမှာပေါ့၊ ဦးနှောက်လေး သုံးဦး။ တယ်မပြောချင်ဘူးနင့်ကို၊ ထီးဘုရားဘုန်းတော်ကြောင့် အင်အားအားကြီးမားလှပေမယ့် လွယ်ကူစွာပဲထိမ်းနိုင်လိုက်ကြောင်းပါဘုရား .. လျှောက်စမ်း .. ”
လျှာရှည် ။ ။ “ မှန်ပါ၊ … ထီးဘုရားဘုန်းတော်ကြောင့် အင်အားအားကြီးမားပေမယ့် လွယ်ကူစွာပဲ ထိမ်းနိုင်လိုက်ကြောင်းပါ ဘုရား .. ”
ပြောင်ရှည် ။ ။ “ မှန်လှချေတော့၊ ငါကိုယ်တော် စိတ်အေးရပြီပေါ့ ၀န်မင်းရေ ..၊ သာသနာတော် အင်မတန်ထွန်းကားပြီး၊ မင်းကျင့် တရားဆယ်ပါးနဲ့ ညီညွတ်စွာအုပ်ချုပ်တဲ့ ငါ့နိုင်ငံတော်မှာ ဘယ်ကပ်မျိုးမှ မဆိုက်ရောက်စေရဘူး မောင်မင်း ..၊ ကြားလား၊ ပြည်သူတို့ကို မောင်းခတ် ကြေငြာစေ။ မစိုးရိမ်ကြလင့်၊ ဘုရင်မင်းမြတ်ကိုယ်တော်တိုင် ရင်ဝယ်ဖြစ်သော သားသမီးတို့ကဲ့သို့ စောက်ရှောက်တော်မူနေ တယ်လို့ ..။ ပြင်ပအထောက်အပံ့များကရော ဘယ်လိုအခြေအနေရှိသလဲကွဲ့ .. ”
လျှာရှည် ။ ။ “ အင်အားအားကြီးမားပေမယ့် လွယ်ကူစွာပဲထိမ်းနိုင်လိုက်ကြောင်းပါ .. ဘုရား .. ”
ပြောင်ရှည် ။ ။ “ ငါ့ဘာသာငါ ရှိပြီးသားဟဲ့ .. ဘဏ္ဍာတော်တိုက်မှာ ..၊ ရော် .. ခက်ချေပြီငလျှာရှည်။ ၀န်မင်းလုပ်မှ ဘုရင်လဲ စက်တိုင် တက်ရကိန်းပေါက်နေပါရောလား ..။ တို့ဆီမှာရှိတဲ့ သံကိုယ်စားလှယ်တော်ကြီးများကလဲ ငွေကြေးအားဖြင့် ကူညီထားကြတယ်။ ဒီတော့ကာ ငွေကြေးများကို စိစစ်ကြပ်မတ်၍ လက်ခံရယူပါသည်ဘုရား .. ဒီလို လျှောက်မှပေါ့၊ ပေးတာလဲ အကုန်မယူရဘူး .. ကြားလား .. ကိုယ်တွေက နှယ်နှယ်ရရမဟုတ်ဘူး ..မောင်မင်း .. ”
လျှာရှည် ။ ။ “ မှန်လှပါဘုရား ..၊ ငွေကြေးများကို စိစစ်ကြပ်မတ်၍ လက်ခံရယူပါသည်ဘုရား .. ”
ပြောင်ရှည် ။ ။ “ အိမ်း .. ကောင်းလေစွ .. ကောင်းလေစွ ..၊ ကြားရသမျှ အင်မတန် ကြည်နူးစရာပေပဲ ငလျှာရှည် ..၊ ဒုက္ခရောက်တုန်း မှာ မိတ်ဆွေစစ်ဆိုတာ ပေါ်သကွယ် ..၊ သူတို့ ဒီလိုကူပေမယ့် တို့တွေကလဲ အသာမျှောမနေသင့်ပေဘူး မောင်မင်း၊ ငါ့ကိုယ်ရေး ၀န်ချုပ် ငသိန်းဆိမ်ကိုလဲ အနီးကပ်ကြီးကြပ်ဖို့ အခင်းဖြစ်ရာကို လွှတ်တော်မူထားတယ်ကွဲ့ ..၊ ဒါနဲ့ သူ့ဆီက ခြေမြန်တော်များ မရောက်ရှိပေဘူး လား၊ အကြောင်းစုံ ငါသိလိုသကွယ် .. ”
လျှာရှည် ။ ။ “ မှန်ပါ ..၊ ငွေကြေးများကို စိစစ်ကြပ်မတ်၍ လက်ခံရယူပါသည်ဘုရား .. ”
ပြောင်ရှည် ။ ။ “ သြော် .. တော်သေးတာပေါ့ .. ရမ်းသမ်းမယူမိတာ..၊ စကားကြည့်လျှောက် မောင်မင်း ..၊ တီဗွီမှာပြမှာ။ .. မင့်နဲ့တော့ ငါ ကွဲပြီးရင်းကွဲမှာပဲ ..၊ ထီးဘုရားအမိန့်တော်အတိုင်း ဦးဆွေးဆံမြေ့ အမှုတော်ထမ်းရွက်နေပါသည် ဘုရား ..၊ ဒီလိုမလျှောက်သင့်ပေဘူးလား မောင်မင်း..။ ”
လျှာရှည် ။ ။ “ မှန်ပါ။ ထီးဘုရားအမိန့်တော်အတိုင်း ဦးဆွေးဆံမြေ့ အမှုတော်ထမ်းရွက်နေပါသည် ဘုရား … ”
ပြောင်ရှည် ။ ။ “ မှန်လှပေါ့ ငလျှာရှည် ..၊ ငါ့အမှုတော်ထမ်းတွေက သာမာန်ပုဂ္ဂိုလ်တွေ မဟုတ်ဘူး မဟုတ်လားကွဲ့..၊ ပေးတဲ့တာဝန်ကို နိုင်နင်းစွာ ထမ်းဆောင်ရမှာပဲ ..။ ဒီလိုအခင်းမျိုးပေါ်ပေါက်ရင် လူဆိုးသူခိုးတွေကလဲ ထတတ်တယ် မောင်မင်း၊ မနေ့က သိမ်ကြီးဈေးမှာ လုယက်မှုဖြစ်သေးတယ်ဆို .. ။ ”
လျှာရှည် ။ ။ “ ထီးဘုရားအမိန့်တော်အတိုင်း ဦးဆွေးဆံမြေ့ အမှုတော်ထမ်းရွက်နေပါသည် ဘုရား .. ”
ပြောင်ရှည် ။ ။ “ ငတ်လာပြီကိုးကွဲ့..၊ ငါ့ခြေရာနင်းကုန်ကြပြီပေါ့ …၊ သြော် .. ငါ့နှယ် .. ငလျှာရှည် … နင်တော့ မုန်းတိုင်းလဲပြီး၊ နင်လဲပြုတ် ဖြစ်တော့မယ်နော် .. ဆင်ခြင် .. ဆင်ခြင် .. တီဗွီမှာ ပြမှာဟေ့ … ”
လျှာရှည် ။ ။ “ထီးဘုရားအမိန့်တော်အတိုင်း ဦးဆွေးဆံမြေ့ အမှုတော်ထမ်းရွက်နေပါသည် ဘုရား .. ”
ပြောင်ရှည် ။ ။ “ တယ်.. ပြောလေကဲလေပါလား..၊ ဘယ်နှယ့်လုပ်လျှောက်ရသတုန်း.. စဉ်းစားဦးမှပေါ့ မောင်မင်း ..၊ ဒီလိုအမှုအခင်း တွေဆိုရင် .. ကောလဟာလတွေပါဘုရား .. ၊ ကဲ .. ပြန်ပြင်လျှောက်စမ်း ..၊ ”
လျှာရှည် ။ ။ “ မှန်ပါ .. ကောလဟလတွေပါ ဘုရား ..၊ ”
ပြောင်ရှည် ။ ။ “အိမ်း .. အိမ်း .. ၊ ငါအုပ်ချုပ်တဲ့ တိုင်းပြည်မှာ ဒါမျိုးတွေ မရှိစေရဘူးကွဲ့ ..၊ အစာရေစာ ပေါများပါဘိသနဲ့၊ ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံဆိုတာ မောင်မင်း နားမလည်ဘူးလားကွယ် .. ”
လျှာရှည် ။ ။ “ ကောလဟလတွေပါဖရာ့ .. ”
ပြောင်ရှည် ။ ။ “ ဟော .. လုပ်ချလိုက်ပြန်ပြီ၊ ဒါမျိုးကျတော့ ပြောတတ်သတဲ့လား ငလျှာရှည် .. ။ ငါကိုယ်တော် စိတ်ကုန်ပါဘိတော့၊ ဘုန်းတော်ကြောင့် တိုးတက်ပေါများလျက်ရှိကြောင်းပါဘုရား ……. ဒီလိုလျှောက်မှပေါ့ကွဲ့ .. ၊ ငတ်မွတ်ရှားပါးမှုဆိုတာ ငါကိုယ်တော် မြတ်ကိုယ်တော်တိုင်တော့ ကနေ့ထိ မခံစားရသေးဘူး မောင်မင်းရ .. ”
လျှာရှည် ။ ။ “ မှန်လှပါ ..။ ဘုန်းတော်ကြောင့် တိုးတက်ပေါများလျက်ရှိကြောင်းပါ ဖရာ့ .. ။ ”
ပြောင်ရှည် ။ ။ “ အေး .. အေး .. ကြားရ နားဝမှာ ဂွမ်းဆီထိသလို စွဲငြိလှပါပေ့ ၀န်မင်းရ ဟေ့.. ဟေ့..၊ ဒါနဲ့နေပါဦး .. မုန်တိုင်းဆိုတော့လဲ အထိအခိုက်တော့ အနဲအကျဉ်းရှိမည်သာပ၊ သေတဲ့နာတဲ့ အကြောင်းများ ငါ့ဝန်ချုပ်ဆီက ကြားရသေးလားမောင်မင်း .. လျှောက်တင်စမ်း .. ”
လျှာရှည် ။ ။ “ မှန်ပါ..၊ ဘုန်းတော်ကြောင့်တိုးတက်ပေါများလျက်ရှိကြောင်းပါ ဖရား … ”
ပြောင်ရှည် ။ ။ “ ကွယ် .. မောင်မင်း .. လွန်လာပြီထင်တယ်။ ဒီပုံနဲ့ဆို တီဗွီမှာ လွှင့်လို့မဖြစ်ချေဘူး .. ။ ကဲ .. ကဲ .. ငါတို့ ညီလာခံ သဘင်လဲ အချိန်စေ့ပြီ ..။ ဘုန်းတော်ကြောင့် မယ်ကြိုင်လဲ သွေးတိုး ဆောင့်တက် နေရော့မယ်၊ အသေစာရင်းကြားပြီး.. ငါ ကိုယ်တော်လည်း သွေးလေမမှန်ချင်တော့ဘူး မောင်မင်း .. နားမှ နားမှ .. နားတော်မူဦးမှ ..၊ မေတစ်ဆယ်မှာ အသေမတွယ်ရခင် .. နေအကွယ်တောင် ငါမြင်ခွင့်ရပါတော့မလား …၊ ကဲ .. ရွာစား စိန်ပတ်ရှည်ရေ .. တိုတိုနဲ့လိုရင်းဗျ .. မသာဆိုင်းသာ .. ချ ….။ ။
ပြောင်လျှာရှည်
Read more...
Sunday, May 4, 2008
နအဖတို့ ဒါတွေလုပ်ကြ .....
နအဖ ဗိုလ်ချုပ်များ အနေဖြင့် အောက်ပါအချက်များကို ယနေ့မှစ၍ မပျက်မကွက် လုပ်ဆောင်ရန်အထူးလိုအပ်ပါသည်။
(၁) အနောက်နိုင်ငံများမှ မိုးလေ၀သ ခန့်မှန်းရေး ဂြိုလ်တု တီထွင်သူများအား နေ့စဉ်ပူဇော်ပသကြ။
(၂) နာဂစ်မုန်တိုင်း လားရာလမ်းကြောင်းကို ကြိုတင်ခန့်မှန်း တွက်ချက်ပေးသော အနောက်နိုင်ငံကြီးတစ်ခု၏ ရေတပ်နှင့် ပြည်ပအဖွဲ့အ စည်းအချို့အား နေ့တိုင်း ဖင်ကုန်းကုန်းပြီး ရှိခိုးဦးချကြ။
(၃) မုန်တိုင်းပြီးဆုံး၍ ဖြစ်ပေါ်လာသော ပြန်လည်တည်ဆောက်ရေး ပရောဂျက်များ အသီးသီး ဆောင်ရွက်လုပ်ကိုင်ခွင့်ရသောအခါ ထုံးစံ အတိုင်း မည်ကဲ့သို့ မျိုဆို့ကြမည်ကို ကြိုတင်စဉ်းစားကြ။
အထူးလုပ်ငန်းလမ်းညွှန်ချက် (၂) ရပ်
(၁) ယခုအခါ သရဏဂုံသုံးပါး ယိုယွင်းပျက်စီးပြီးဖြစ်သော နအဖ အဖွဲ့ဝင်များအနေဖြင့် မကြာမီအချိန်အတွင်း မြန်မာပြည်သူများ၏ ကျိန် စာ သင့်တော့မည်ဖြစ်ရာ လွတ်ရာကျွတ်ရာ၊ မိမိတို့နှင့်ထိုက်တန်ရာ ငရဲကြီးရှစ်ထပ်သို့ မည်သို့မည်ပုံ သွားသင့်သည်ကို စည်းလုံးညီညွတ်စွာ ကြိုတင် ညှိနှိုင်းတိုင်ပင်ကြ။
(၂) လိုအပ်ပါက ယခင်ရောက်နှင့်ပြီးသော အကုသိုလ်ဂိုဏ်းချုပ်ကြီး နေ၀င်းထံသို့ ဆက်သွယ်၍ လုပ်ငန်းလမ်းညွှန်များ ကြိုတင်၍ တောင်းခံကြ။
Read more...
Friday, May 2, 2008
တဇွတ်ထိုးပျံသန်း ဂျွမ်းပျံကျမဲ့အချိန်
(၂-၅-၂၀၀၈ ထုတ် ချေးမှုံသတင်းစာမှ ကောက်နှုတ်တင်ပြပါသည်။)
ယနေ့မြန်မာနိုင်ငံရဲ့အခြေအနေဟာ အနှစ် ၂၀ လုံးလုံး စစ်ခေါင်းရှောင်တွေရဲ့ ရသမျှအိပ်ထဲထည့်၊ တွေ့သမျှငါ့တို့ဟာဆိုတဲ့ မူဝါဒ ကျင့်သုံးရာကနေ မကြာခင်အချိန်လေးမှာ ဇောက်ထိုး ဂျွမ်းပျံကျတော့မဲ့ အချိန်ဖြစ်ပါတယ်။ မတန်မရာ ဒရိုင်ဘာနေရာကို ဆယ်စုနှစ်ပေါင်း များစွာ လုယူပြီး သောက်မှန်း ကန်းမှန်းမသိ စွတ်စက်မောင်းပြေးမဲ့ နအဖ သူခိုးတွေ take off လုပ်မှာကို kiss off (အဲလေ) kick out လုပ်ရမှာက မြန်မာနိုင်ငံသား အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။
လာမဲ့ ၂၀၀၈ မေလ (၁၀) ရက်နေ့ ရှေ့ခရီးစဉ်အတွက် ခင်ဗျားတို့ ကျုပ်တို့အားလုံး ခွေးဘ၀ရောက်စေမဲ့ ခွေးအဖွဲ့အခြေယိုင် ဥပဒေကို ပြည်သူအားလုံးပါဝင်တဲ့ ပြည်လုံးကျွတ် ခွေးမောင်းပွဲကြီးနဲ့ မရအရ ကန့်ကွက်ဖျက်ဆီးကြပါတော့မယ်။ တကယ်တော့ မြန်မာ့နိုင်ငံရေးခရီး ဟာ ဒုတိယကမ္ဘာစစ်လက်ကျန် ဒါကိုတာလေယာဉ်ပျက်ကြီးရဲ့ ခရီးစဉ်နဲ့တူတယ်လို့ တင်စားနိုင်ပါတယ်။ လွတ်လပ်ရေးရပြီး ၁၉၄၈ ဇန်န၀ါရီ (၄) ရက်နေ့မှာ ဒီမိုကရေစီလေဆိပ်ဆီ ရည်မှန်းပျံသန်းလာခဲ့ပါတယ်။ ပထမဆုံးလေယာဉ်မှူးကတော့ ဖဆပလ အစိုးရဖြစ်ပါတယ်။ အဲဒီတုန်းက ပါလီမန်ဒီမိုကရေစီခရီးစဉ်ရဲ့ တိုင်းပြည်က နုနု မုန်းတိုင်းကထန်ထန် ဆယ်နှစ်ဆယ်မိုး ဖြစ်ရပ်မှန်ကို သတင်းဆောင်းပါး တစ်ပုဒ်မှာ ခုလိုဖတ်ရှုခဲ့ရပါတယ်။
“ နှစ်ပေါင်းများစွာ အလူးအလှိမ့်ခံခဲ့ရတဲ့ ဘ၀ဆိုးကြီးက ပြည်သူလူထုတစ်ရပ်လုံးကို လွတ်မြောက်စေပြီး တကယ်လွတ်လပ်တဲ့ လူမျိုးအ နေနဲ့ ကမ္ဘာ့အလယ်မှာ ၀င့်ထည်စွာ ထည်ထည်ဝါ၀ါနေနိုင်အောင် စွမ်းဆောင်ပေးနိုင်မဲ့ အုပ်ချုပ်ရေး စံနစ်သစ်ရဲ့ ပထမအုတ်မြစ်တွေကိုသာ ချပေးနိုင်ခဲ့ပါတယ်။ ဒီစံနစ်သစ်ကြီးဟာ တစ်နိုင်ငံလုံးကို ပျံ့နှံ့ပြီး လှည်းနေလှေအောင်း မြင်းဇောင်းမကျန်၊ ပြည်ထောင်စုသား မှန်သမျှ ယုံယုံကြည်ကြည်နဲ့ လက်ခံလာနိုင်တဲ့ ဘ၀မျိုးရောက်အောင် ကျနော်တို့ ပို့မပေးနိုင်သေးပါဘူး .. ”
တိုင်းသူပြည်သားတွေ မပြောပါနဲ့ အဲဒီအချိန်က တိုင်းပြည်ရဲ့ရှေ့ဆောင်ရှေ့ရွက် ပုဂ္ဂိုလ်တွေကိုယ်တိုင် ဒီစံနစ်သစ်ကြီးထဲမှာပါတဲ့ အလွန် မြင့်မြတ်သိမ်မွေ့လှတဲ့ လောကပါလတရားကြီးတွေနဲ့ အညီ တိုင်းပြည်ကို အုပ်ချုပ်ဖို့ကြိုးစားရာမှာ စစ်တပ် စစ်ရူးတွေက အာဏာကို ဖြတ် လမ်းကကော ကုန်းဆင်းရော အချောင်ပါ လုယူလိုစိတ်ပြင်းထန်စွာနဲ့ အနှောက်အယှက်မျိုးစုံ ပြုလုပ်လာတယ်ဆိုတာ သတိမမူမိခဲ့ပါဘူး။
ကြံဖန်သွေးထိုး၊ ကူလီကူမာမျိုးစုံနဲ့ အနှောက်အယှက်တွေ ၀င်လာတဲ့အခါမှာတော့ တက်ကနီကာလာသူပုန်တွေ ထကြပြန်ပါတော့တယ်။ အဲဒီတော့ တစ်ဘက်က တော်လှန်ရေးသမားများ။ အခြားတစ်ဘက်က မဖြစ်ဖြစ်အောင်ဖန်တီး သွေးထိုးထားလို့ ခေါင်းဆောင်ကြီး၊ ခေါင်း ဆောင်ငယ်တွေရဲ့ သူ့ကိုယ်မယုံ၊ ကိုယ့်သူမလေးစား ဖြစ်ချင်သလိုဖြစ်နေတဲ့ အချိန်ကောင်းမှာပဲ သန္ဓေကောင်းခဲ့ပေမယ့် အခြေအနေ မ ကောင်းတော့တဲ့ စစ်တပ်ဟာအာဏာငန်းဖမ်းမှုများစွာနဲ့ တိုင်းပြည်ကို ချောက်ထဲ တည့်တည့်ပဲ ကန်ချခဲ့ပါတော့တယ်။ ချောက်ထဲ ခွေးကျ ကျပြီးတောင်မှ စစ်လင်းတတွေရဲ့ ဖြတ်ခုတ်လမ်းစဉ်အောက်မှာ တိုင်းပြည်ဟာ ကျန်တာဆိုလို သရေနဲ့ဂျို၊ ခုဆိုရုပ်တောင် မပီတော့ပါဘူး။
အဲဒီအချိန်ကတည်းကစလို့ ဒီမိုကရေစီနည်းမကျတဲ့ အချက်တွေဟာ ရေတွက်မကုန်အောင် တည်ရှိနေခဲ့ပါတော့တယ်။ သိသာတဲ့ အချက် နှစ်ခုခန့်ကို လက်အညောင်းခံလို့ ရေးသားရမယ်ဆိုရင်ဖြင့် ပထမအချက်က နအဖ ထိပ်သီးတွေရဲ့ ဂွင်ရှာပြီးအကြံအဖန်လုပ် မျိုဆို့တဲ့ အ ခြေအနေမျိုးမှာ ဦးရာလူ လက်သိပ်ထိုး၊ ပိုင်ရာဆိုင်ရာ ခွံ့ကြ အကြ၊ ဖြစ်နိုင်ရင် အပုပ်နံ့မပေါ်မချင်း တစ်ဦးနှစ်ဦးတည်းက မောင်ပိုင်စီး ၀ါး ပွဲကျင်းပကြခြင်းဖြစ်ပါတယ်။ ဒါကိုကျနော်တို့ ပြည်သူတွေအားလုံး သတိဝီရိယရှိစွာနဲ့ အခု မေလ (၁၀) ရက်နေ့မှာ အမှန်အကန် ပြုပြင်ရ မှာဖြစ်ပါတယ်။
နောက်တစ်ချက်က အကယ်၍ အမျိုအဆို့လွန်ပြီး စားပိုးနင့်ကာ မထွေးနိုင်မအန်နိုင်နဲ့ လူသိထင်ရှားဖြစ်လာတဲ့ အခါမှာတော့ ဥပဒေကို ဖင်ခုထိုင်ထားတဲ့၊ ပြီးတော့ အယုတ်တမာတွေကြားထဲမှာမှ ပိုပြီးတော့ ကောက်ကျစ်ယုတ်မာတဲ့ သူက ခုနက စားပိုးနင့်နေသူကို ရမ်း သမ်းဆွဲစေ့ပြီး အရှက်ပြေ စကားတစ်ခွန်းနှစ်ခွန်း ထုတ်ပြောလေ့ရှိတတ်ကြတာပါ။ “ ဥပဒေအထက်မှာ မည်သူမျှ မရှိစေရ ” ဆိုတာမျိုး ဖြစ်ပါတယ်။ နောက်ဆက်တွဲ “ ဗိုလ်ချုပ်ကြီးများမှ လွဲ၍ .. ” စကားစုကိုတော့ သူတို့ ဘယ်တော့မှ တရားဝင် ထုတ်ပြန် ကြေငြာလေ့မရှိ ပါဘူး။ ဒါဟာ မြန်မာပြည်သူတွေအတွက်တော့ ဒီမိုကရေစီ ဘေးတွေ့တာပါပဲ။ ကျွန်တော်တို့ အပြင်းအထန် ကန့်ကွက်ရမှာ ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ် လက်တစ်ဆုပ်စာရဲ့ ခိုးသမျှပေါ်၊ ယုတ်သမျှ လူသိရှင်ကြားဖြစ်လို့၊ အရပ်ရပ်နေပြည်တော်က ၀ိုင်းကာအော်လာ ငေါက်လာတဲ့ အခါမျိုးမှာ ဆိုရင်ဖြင့် “ ကျွန်တော်တို့ဟာ ကျွန်တော်တို့ မိသားစု ကောင်းစားရေး၊ ဆွေမျိုးကောင်းစားရေး တပည့်ကြီးတပည့်ငယ်၊ ကပ် မြှောက်ဖားယား၊ စွမ်းအားရှင်များ ကောင်းစားရေးအတွက် .. အလွဲသုံးစားလုပ်မိခဲ့ပါတယ် .. ” လို့ ဘယ်သောအခါမှ ၀န်ခံခြင်းမျိုးမရှိခဲ့ ကြပါဘူး။ “ ပြည်ပအားကိုး ပုဆိန်ရိုး … (မျက်စိနောက်မှာစိုးလို့ .. ဆက်မရေးတော့ ..) စသည့် စသည့် စကားလုံးများစွာဖြင့် ဝေဖန်မှိုင်း တိုက်ရုံမျှသာဖြင့် မြန်မာ့နိုင်ငံရေးခရီးစဉ်ဟာ ဘယ်လောက်များ လှုပ်ခါနေပါတော့မလဲ ..။
ခရီးသည်ပမာ လိုက်ပါနေတဲ့ မြန်မာပြည်သူများဟာဆိုရင်ဖြင့်၊ Ball Mill ထဲထည့်အကြိတ်ခံရတဲ့ ဗြုန်းကျောက်ပမာ ဘယ်လောက်များ အ ခံရ ခက်ပါမလဲ။ တွေးကြည့်ရုံနဲ့ သိသာပါတယ်။ ၁၉၅၈ အာဏာရ ဖဆပလ အစိုးရ တိုင်းပြည်အရေး စေ့စပ်ဆွေးနွေးနေတဲ့ကြားကပဲ သန်းရွှေရဲ့ဂုရုဦးဆောင်တဲ့ စစ်တပ်ဟာအိမ်ဖျက်အစိုးရအဖြစ် အဲဒီဒါကိုတာကြီးကို မောင်းချင်လွန်းလို့ လက်ပစ်ဗုံးပြပြီး အတင်းဝင်လုကာ မောင်ပိုင်စီးခဲ့ပါသေးတယ်။ ဒါပေမယ့် အိမ်ဖျက်အစိုးရအဖြစ် အားမလိုအားမရဖြစ်လာတဲ့ အဲဒီဂရုကြီးဟာ ပိုပြီးတော့ အာဏာပြနိုင်အောင် တပ်မတော်အမည် အလွဲသုံးစားလုပ်ပြီး ကိုယ့်ဘာသာကိုယ် အာဏာပြန်သိမ်းလိုက်ပါတော့တယ်။ ၁၉၇၄ ဖျက်ဆီးပုံ ဥပဒေဆိုတာကြီးနဲ့ နားလှည့်ပါးရိုက်ပြီး အနှစ်သုံးဆယ်နီးပါး အကြီးအကျယ်ခိုးကြ လုကြပါတော့တယ်ခင်ဗျ။ အဲဒီအချိန်အတောအတွင်းမှာတော့ စစ်တပ်ဟာ ပြည်တွင်းစစ်ပွဲတွေကို မဖြစ်ဖြစ်အောင် အတင်းကိုဖန်တီးယူပြီး မြန်မာပြည်သူတွေကို မျက်လှည့်ပြထားခဲ့ပါတော့တယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်မှာတော့ အဲဒီလေယာဉ်ကြီးဟာ လေထဲမှာပဲ ကိုးရိုးကားယားဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်သာတံခါးဝမှာ အလစ်ချောင်းနေတဲ့၊ ထိုင်ခုံအရသာကို စွဲမက်မိနေပြီဖြစ်တဲ့ တပည့်ကျော် သန်းရွှေဦးစီး န၀တ တဖြစ်လဲ ယနေ့ နွားအ ဖွဲ့ဟာ ဆရာ့ထက်လက်စောင်းထက်စွာ ဒုံးကျည်ပြပြီး ထပ်လုလိုက်ပါတော့တယ်ခင်ဗျာ။ လေယာဉ်ဦးခန်းက ဂရုကြီးနဲ့တကွ အမျိုးအဆွေ တွေအားလုံးကိုလဲ ကန်ချပစ်လိုက်တာ ကျီးထိုးထိုး ငါးကိုက် ကိုက်ပဲပေါ့။
အဲဒီနောက် လေယာဉ်တစ်စီးလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်တွေဆီက ရှိတာမှန်သမျှ အကုန်ပဲချွတ်ယူပါတော့တယ်။ ပါးစပ်ထဲတွေ့ကရာ လျှောက်ပြောပြီးသကာလ.. မောင်းချင်သလိုပဲ မောင်းပါတော့တယ်။ မမောင်းနိုင်တဲ့အခါမတော့ မြင်ရာကွင်းထိုးဆင်းလို့ လေယာဉ်မှာ ရှိ သမျှ ဖြုတ်ရောင်းစားပါတော့တယ်။ ခုချိန်မတော့ ကျန်တာဆိုလို့ ကြမ်းပြင်ပေါ် မျက်စိသူငယ်နားသူငယ်နဲ့ ဆင်းထိုင်နေရတဲ့ ကျွန်တော်တို့ ပြည်သူတွေပဲပေါ့ခင်ဗျာ။
ခရီးစဉ်တလျှောက် အားလုံးသောပြည်သူတွေရဲ့ ဆန္ဒဖြစ်တဲ့ ဒီမိုကရေစီ ခရီးစဉ်အစစ်အမှန်ကို မဖြစ်မနေပျံသန်းရတော့မဲ့အချိန်မှာ ခေါင်း ခန်းကနေထွက်မပေးချင်တဲ့ စစ်ဗိုလ်ချုပ်တစ်စုဟာ အကြံအဖန်တွေ စလုပ်ပါတော့တယ်ခင်ဗျ။ နောက်က အိမ်သာထဲ တည့်ရာလူ ခေါ် ထည့်ပြီး အိမ်သာညီလာခံဆိုတာကြီးလုပ်၊ လမ်းပျောက်မြေပုံဆိုတာချပြ။ ပျက်နေတဲ့ လေယာဉ်ပြေးလမ်းကို ခရီးသည်တွေ အဓမ္မအားနဲ့ အတင်းကို ဖေါက်ပါတော့တယ်။
အခုဆိုရင် မြန်မာ့နိုင်ငံရေးခရီးလေယာဉ်ကြီးဟာ အဘက်ဘက်က သုံးမရအောင် အဖျက်ခံထားရပြီမို့ မဆင်မခြင်ထင်ရာလုပ်မဲ့ နအဖ ပိုင်းလော့တွေကို အားပေးရင်ဖြင့် ကိုယ်ကျိုးနဲရဖို့ ရာနှုန်း (၁၀၀၀) ရှိနေပါပြီ။ ဒီလေယာဉ်ကြီးနဲ့ ပတ်သက်လို့ နအဖ ဟာဘယ်လိုမှ ထိမ်း သိမ်း မောင်းနှင်နိုင်စွမ်း မရှိဘူးဆိုတာ မိဘပြည်သူများအားလုံးလဲ မျက်မြင်ကိုယ်တွေ့ပါခင်ဗျ။ လေယာဉ်ထဲမူးတဲ့လူကမူး၊ အန်တဲ့လူက အန်၊ တစ်စီးလုံးလဲ နံစော်နေပါပြီ။ ဒီလေယာဉ်ကြီးကို တည့်မတ်မှန်ကန်စွာ မောင်းနှင်နိုင်မဲ့ လူတွေကိုလည်း လေယာဉ်ထဲမှာ ချုပ်ထား သေး။ အချိန်တန်ရင် ကန်ချဖို့လဲ စီစဉ်ထားပါတယ်။ အိမ်သာညီလာခံကချမှတ်ထားတဲ့ ဥပဒေမူကြမ်းဆိုတာကလဲ ပင်းရာပင်းကြောင်း ကို အောင်သောင်းတို့ပဲ တက်မောင်းမှာ ဖြစ်ပါတယ်ခင်ဗျ။ ဒီလူတွေက လေယာဉ်မောင်းဖို့ မပြောနဲ့ ရွာမှာတုန်းက လှည်းတောင် နွားနှစ် ကောင်ကရင် လမ်းဘေးထိုးဆင်းတတ်တဲ့ အမျိုးတွေပါ။ ရာသီဥတုလေးမှန်ပြီး ပါလာတဲ့ ခရီးသည်တွေ လှုပ်လှုပ်ရှားရှား သိပ်မလုပ်ရင် တော့ ပိုင်းလော့တွေ ဝေစားမျှစားပေါ့။ နောက်ကနဲနဲ လှုပ်လာမယ်ဆိုရင်တော့ (Co-pilot) နေရာမှာထိုင်နေတဲ့ ဦးစီးဂျုပ်ကြီးက ဆွဲလုမှာ သေချာတယ်။ ဒါဟာ စစ်တပ်က တမတ်သားပါနေရခြင်းအကြောင်းအရင်းပါပဲ။
အရင်တုန်းက ပါလီမန်ဒီမိုကရေစီခေတ်ရဲ့ ပြည်သူအတွက် ကောင်းတဲ့ အချက်လေးတွေလျှော့၊ တပါတီဆိုရှယ်လစ်တုန်းကလို မခံလိုက်ရ လေအောင်၊ ဒီပိုင်းလော့ ဒီပိုင်းလော့ပဲ ထပ်ထပ်ပြီး မောင်းခွင့်ရအောင် အခုဖျက်ဆီးပုံဥပဒေဆိုတာကြီးမှာ အသေအချာ ညှိယူထားခြင်း ဖြစ်ပါတယ်။ Pilot အဖြစ် ပြည်သူထဲက တစ်ယောက်မှ ခေါ်မှာဟုတ်ဘူး။ ဘာလို့ဆိုတော့ Business Class မှာ စောင့်နေတဲ့ တပည့်တွေ အများကြီးရှိသေးတာမို့လို့ပါ။
ဒါကြောင့်ခုလာမဲ့ မေ(၁၀) မှာ နအဖ ရဲ့ အခြေခံဥပဒေကို ယောင်ရမ်းပြီး အမှန်များ ခြစ်ပေးလိုက်ရင် စည်းကမ်းဥပဒေဆိုတာ မြန်မာနိုင်ငံ မှာ နောက်ဘုရားပွင့်မှ ပေါ်လာနိုင်ကောင်းတဲ့ အရာဖြစ်သွားပါလိမ့်မယ်။ ဒီလာမဲ့ ဥပဒေဟာ မူကိုချမှတ်ထားတာ မဟုတ်ပါဘူး။ လူကိုပဲ အဆင်ပြေသလို ယူနီဖေါင်းချွတ်လဲပေးမဲ့ စာရွက်တွေသာဖြစ်ပါတယ်။ မြန်မာလူမျိုးအားလုံးအတွက် အဆိုးတကာ့ အဆိုးဆုံး အခြေအ နေကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ အဲဒီမူဝါဒအတိုင်း လိုက်နာအကောင်အထည်ဖေါ်နိုင်မဲ့ လူကလည်း ကြပ်ပြေးက အဲယားကွန်းအခန်း ထဲမှာ ကြက်ဆီပြန်တွေ၊ ၀က်သနီလန်တွေနဲ့ အသင့်စောင့်နေပါပြီ။ ဒီဖြစ်ပေါ်လာမဲ့ မူဟာဆိုရင်ဖြင့် ခင်ဗျားတို့ ကျွန်တော်တို့ အစာအိမ်ကို ဟောင်းလောင်းဖြစ်စေမဲ့ အာဏာရှင်အစိုးရကို ရွေးချယ်ပေးမှာဖြစ်ပါတယ်။ မေ (၁၀) မှာ အမှန်ခြစ်ရင်ဖြင့် လှည်းတောင်မမောင်းတတ်တဲ့ စစ်ဗိုလ်တွေ ဦးဆောင်မဲ့ မြန်မာ့နိုင်ငံရေး ခရီးစဉ် ဒါကိုတာအစုတ်ကြီးဟာဖြင့် ဆီမလောက်တဲ့ ခရီးမှာ ခရီးသည်များ အသက်ပျောက်ဖို့ သာရှိပါတော့တယ်ခင်ဗျ။ ဒါကြောင့် မဲရုံများသွားဖြစ်ခဲ့ရင် ကြက်ခြေလေးသာ ခတ်တော်မူကြပါ မိဘပြည်သူအပေါင်းတို့.....။
(၂-၅-၂၀၀၈ ထုတ် ချေးမှုံသတင်းစာမှ ကောက်နှုတ်တင်ပြပါသည်။)
Read more...
Sunday, April 27, 2008
Saturday, March 8, 2008
ဦးတောင်ဗြုန်းနှင့် တွေ့ဆုံမေးမြန်းခန်း
လျှာရှည် ။ ။ “ လေးစားအပ်ပါသော ရုပ်မြင်သံကြား ပရိသတ်အပေါင်းတို့ခင်ဗျား ကျွန်တော်များ “ပြောချင်လွန်းလို့” စတူဒီယိုက နေပြီး “မင်္ဂလာပါ” လို့ နှုတ်ခွန်းဆက်သပါတယ် .. ။
ဒီနေ့ Live အစီစဉ်မှာတော့ မြန်မာပြည်တွင်မက ကမ္ဘာကပါ မျက်စိလည်သွားစေတဲ့ နအဖရဲ့ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲ ကြေငြာချက် ကြောင့် ရှုပ်ယှက်ခပ်ကုန်တာကို ရှင်းသွားအောင်လို့ နအဖရွေးကောက်ပွဲကော်မရှင် ဥက္ကဌကို ကျွန်တော်များ စတူဒီယိုကို ဖိတ်ကြား ထားပါတယ်။ အခုဆိုရင် တိုက်ရိုက် အသံလွှင့်ပေးမယ့် ဆိုင်ရာပုဂ္ဂိုလ်များလည်း အဆင်သင့် ရောက်ရှိနေကြပါပြီခင်ဗျာ .. ။ ”
ပြောင်ရှည်တစ်ယောက် တိုက်ပုံတကားကားနဲ့ စတူဒီယိုထဲဝင်လာပြီး စပ်ဖြီးဖြီးမျက်နှာနဲ့ ထိုင်ခုံပေါ်ထိုင်ချလိုက်တယ်ဆိုရင်ပဲ ..
လျှာရှည် ။ ။ “ ပရိတ်သတ်များခင်ဗျား.. အခုမြင်နေရတာကတော့ ဥက္ကဌပါဗျာ..၊ ကိုင်း.. ဥက္ကဌကြီးမိတ်ဆက်ပေးပါဦး .. ”
ပြောင်ရှည် ။ ။ “ ဟဲဟဲ ကျွန်တော်ကတော့ မြန်မာပြည်ရဲ့အသက်သွေးကြောပမာ အရေးကြီးနေတဲ့ အခြေခံဥပဒေ ဆန္ဒခံယူပွဲနဲ့ ၂၀၁၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲဆိုင်ရာ ကော်မရှင် ဥက္ကဌ ဦးတောင်ဗြုန်းဖြစ်ပါတယ် ..။ ”
လျှာရှည် ။ ။ “ တောင်ဗြုန်းဆိုတော့ မင်းကြီးမင်းလေးကော နေကောင်းရဲ့လား .. ”
ပြောင်ရှည် ။ ။ “ အင်း..၊ မင်းကြီးကတော့ သွေးရူးသွေးတမ်းပဲ ..၊ မင်းလေးကတော့ အမူးမပြေသေးဘူး နဲနဲများသွားတယ် ..(သြော် .. ယောင်ကုန်ပြီ) ”
လျှာရှည် ။ ။ “ ရုပ်မြင်ကြည့် ပရိသတ်ရေ.. ဥက္ကဌကြီးအမှန်ကန်ယောင်တာပါ..၊ ဟုတ်ကဲ့ အခုလို မအားမလပ် အရှုပ်တွေ လုပ်နေတဲ့ ကြားက ...... ”
ပြောင်ရှည် ။ ။ “ သတင်းထောက် .. အလုပ်တွေရှုပ်တယ်လုပ်စမ်းပါ .. ”
လျှာရှည် ။ ။ “ သြော် ..၊ ဟုတ်ကဲ့ အလုပ်တွေရှုပ်နေတဲ့ကြားက အခုလိုလာပြီး အသေးစိတ် ရှင်းလင်းပြောကြားပေးမယ့် ဥက္ကဌ ဦးတောင်ဗြုန်းကို ကျေးဇူးတင်ပါတယ် ...၊ ဟုတ်ကဲ့ .. စလိုက်ရအောင် ..၊ အခု.. ဆန္ဒခံယူပွဲကြောင့်ပေါ့လေ ပြည်တွင်းမှာကော ပြည်ပ မှာပါ တော်တော်လေး ဂယက်ရိုက်ကုန်တာပေါ့လေ ..၊ ဒီတော့ကာ ဒီဆန္ဒခံယူပွဲကို ဘယ်လိုဘယ်ပုံ စီစဉ်ထားတယ်ဆိုတာလေး ရှင်းပြပေး ပါလား .. ”
ပြောင်ရှည် ။ ။ “ ဒါကတော့ အင်မတန်ရှင်းပါတယ် ..၊ ကျွန်တော်တို့သွားနေတဲ့ တရုတ်မက်ကို အကောင်အထည်ဖော်တာပါပဲလေ..၊ အခုဆို အဆင့်နှစ်ကို ပြင်ဆင်တာပါ .. ”
လျှာရှည် ။ ။ “ နဲနဲရှင်းရှင်းလေးပြောပါလား..၊ တရုတ်မက်ဆိုလားလို့ .. ”
ပြောင်ရှည် ။ ။ “ သြော် .. အရေးထဲ ဘိုသံမပီဘူးဖြစ်သွားတာ ရုတ်မက်ကိုပြောတာ..၊ အောင်မလေး .. မနဲပြောရတယ် .. ”
လျှာရှည် ။ ။ “ ဟုတ်ကဲ့.. ဆက်ပါ ”
ပြောင်ရှည် ။ ။ “ ဆက်ရရင်တော့ အထုံးတွေက မနဲဖြည်ရမယ်..၊ ရှုပ်လွန်းလို့ ဒီကြိုးတွေ ... ”
လျှာရှည် ။ ။ “ မဟုတ်ဘူးလေ.. ဆက်ပြောပါလို့ ပြောတာပါ .. ”
ပြောင်ရှည် ။ ။ “ သြော်.. မသိဘူး ..၊ အင်း..အဲလို ရုပ်မက်ကို အပီအပြင်သွားတာပါပဲ ..၊ ဒါကို မဖြစ်မနေ လူကြီးတွေလမ်းညွှန်ချက်နဲ့ အညီ ဆောင်ရွက်နေတာပါ .. ”
လျှာရှည် ။ ။ “ ဟုတ်ကဲ့ ..၊ အဲဒီတော့ အိုကေမယ်လို့ထင်ပါသလား..”
ပြောင်ရှည် ။ ။ “ အိုဟို ..၊ မအိုကေလဲ အိုကေအောင်လုပ်မှာပါ၊ အခုဆန္ဒခံယူပွဲကို၊ ဘာညာဝေဖန်ရင် ထောင်၃ နှစ် .. ”
လျှာရှည် ။ ။ “ ဟုတ်ကဲ့ ..၊ ဘယ်လိုမျိုးနေရာတွေမှာ ဆန့်ကျင်ရင် ပြစ်မှုအကျုံးဝင်တယ်ဆိုတာလေး ရှင်းပြပေးပါဦး .. ”
ပြောင်ရှည် ။ ။ “ အဲ .. အထူးသဖြင့် .. မဲရုံနားတစ်ဝိုက်မှာ မထောက်ခံဘူး၊ မဲမပေးဘူး၊ အဲလို ဘူးတွေချည်းလုပ်ရင် အကျုံးဝင်တယ် ဘူ.. တာတို့ ဘူးတို့ လုံးဝ အလိုမရှိဘူး .. ”
လျှာရှည် ။ ။ “ ဟုတ်ကဲ့ .. တကယ်လို့များ မဲလာထည့်တဲ့လူတွေထဲက အီးပေါက်လို့ 'ဘူ' လို့ ထွက်ရင်ရော .. ”
ပြောင်ရှည် ။ ။ “ ဒါလဲ အကျုံးဝင်တယ် .၊ ဘာဘူမှ မဖြစ်ရအောင်ကို အထူးစောင့်ကြည့်ခိုင်းထားတယ် .. ”
လျှာရှည် ။ “ ဟုတ်ကဲ့ .. ဘယ်လိုများပါလဲ .. ”
ပြောင်ရှည် ။ ။ “ စွမ်းအားရှင်နဲ့ ကြံ့ဖွတ်တွေကို အနီးကပ် ဘယ်ကောင်အီးပေါက်ပြီး ဆန့်ကျင်လဲကအစ စောင့်ကြည့်ခိုင်းထားတယ် ..”
လျှာရှည် ။ ။ “ ဒါဆို .. ဒီလူတွေက လာသမျှဖင်တွေကအစ လိုက်ကြည့်နေမယ့်သဘောပေါ့ .. ”
ပြောင်ရှည် ။ ။ “သိပ်မှန်တာပေါ့ ..၊ လုံးဝအပျက်မခံနိုင်ဘူးလေ..”
လျှာရှည် ။ ။ “မဲရုံက ဘယ်မှာထားမယ်စဉ်းစားထားလဲ .. ”
ပြောင်ရှည် ။ ။ “ သူ့ရပ်ကွက်နဲ့သူပေါ့..၊ အထူးသဖြင့်တော့ ကျောင်းတွေမှာပါ..၊ ဘက်ပေါင်းစုံမှာလဲ ကင်မရာတွေ တပ်ထားမယ်..၊ ပြီးတော့ကာ အထူးစောင့်ကြည့်မယ် ..”
လျှာရှည် ။ ။ “ မဲပုံးတွေကော .. အဆင်သင့်ဖြစ်နေပြီလားဗျ.. ”
ပြောင်ရှည် ။ ။ “ အိုး.. ဒါလား အခု (က.စ.လ) မှာ တရုတ်ပညာရှင်တွေနဲ့ ပူးပေါင်းပြီး အထူးမဲပုံးတွေထုတ်နေတယ် ..”
လျှာရှည် ။ ။ “ စိတ်ဝင်စားစရာပဲ ..၊ ဘယ်လို .. အထူးဆိုတာက .. ဒါလေးသိပါရစေ .. ”
ပြောင်ရှည် ။ ။ “ တရုတ်ကလာတဲ့ ဂျက်ပေါ့ဆွဲတဲ့စက်လိုမျိုးပါ ..၊ ဘာထိုးထိုး ဒိုင်စားမှာလေ .. ”
လျှာရှည် ။ ။ “ ဒါ အတော် သမာသမတ်ကျအောင် ပြင်ဆင်ထားတာပဲ ..၊ နိုင်ငံခြားသတင်းထောက်တွေကို ပြည်ဝင်ခွင့်ဗီဇာပေးတာတို့ မဲရုံနားမှာ ဗီဒီယိုမှတ်တမ်းတင်တာတို့ လုပ်ပေးဖို့ အစီစဉ်များရှိခဲ့ရင် တဆိတ်လောက်ရှင်းပြပေးပါလား .. ”
ပြောင်ရှည် ။ ။ “ အရမ်းလွတ်လပ်ပါတယ် ..၊ လွတ်လပ်စွာ သတင်းယူခွင့်ရှိပါတယ် .. ပြီး…. ”
လျှာရှည် ။ ။ “ ဒါဆိုမဟာအခွင့်အရေးကြီးပဲ .. ”
ပြောင်ရှည် ။ ။ “ စကားမဆုံးသေးဘူး ..၊ ရိုက်ပြီးအခွေတွေကိုတော့ လေဆိပ်မှာထားခဲ့ရပါမယ် .. ”
လျှာရှည် ။ ။ “ သြော်.. ဒါဆိုသူတို့က အားအားယားယား ရှော့ပင်လာထွက်တာပေါ့လေ ..၊ ထားပါတော့ ..၊ အင်တာနက်ခေတ်ကြီးမှာ ဒီလိုနည်းနဲ့ရပါ့မလား .. ”
ပြောင်ရှည် ။ ။ “ အဲဒါကြောင့် ဧပြီလ နောက်ဆုံးပါတ်ကစပြီး အင်တာနက် ရေအောက်ကေဘယ်လိုင်းတွေကို ငါရွှေနဲ့ ငါးမန်းက မိတ်လိုက်ရင်း စပြီးကိုက်ဖြတ်ပါလိမ့်မယ် ..၊ မပူပါနဲ့ .. ”
လျှာရှည် ။ ။ “ အင်း .. ကိုက်ပဲကိုက်နိုင်လွန်းတယ် ..၊ ဒါနဲ့ .. နိုင်ငံရပ်ခြားရောက်နေတဲ့ မြန်မာတွေအတွက် မဲပေးအစီစဉ်လေး သိပါရစေ .. ”
ပြောင်ရှည် ။ ။ “ သြော် ..ဒါလေးများ အခုကတည်းက ထောက်ခံမဲတွေတပုံကြီး လက်ခံရရှိလို့ပဲ သံရုံးအသီးသီးကနေ ပို့ပေးနေကြ ပြီလေ .. ”
လျှာရှည် ။ ။ “ မေလမှဟာကို အခုကတည်းက ဘယ်လိုဖြစ်တာလဲ ..၊ ရှင်းစမ်းပါဦးဗျ .. ”
ပြောင်ရှည် ။ ။ “ ခက်လိုက်တာ ..၊ သံရုံးမှာ မဲပုံးထောင်ရင် မီးဝိုင်းရှို့မှာစိုးလို့ အခုကတည်းက သံအမတ်ကြီးတွေက ကိုယ်အစီစဉ်နဲ့ ကိုယ် ထောက်ခံမဲတွေကို လက်နဲ့ထိုးလိုက် ခြေနဲ့ထိုးလိုက် ထိုးစရာခြေလက်ကုန်တော့ ရှိတဲ့ဟာနဲ့ထိုးပြီးပို့ကြတာပေါ့လေ .. ”
လျှာရှည် ။ ။ “ အင်း .. ၊ သံအမတ်ကြီးကတော့ဟုတ်ပါပြီ..၊ သံအမကြီးကျတော့ ဘာနဲ့ထိုးမှာလဲ .. ”
ပြောင်ရှည် ။ ။ “ ပတ်ကားနဲ့ ထိုးမှာပေါ့ ... ၊ ဘော(လ်)ပင်ကိုပြောတာပါ .. ”
လျှာရှည် ။ ။ “ အင်း .. သံအရာရှိတွေက အဆင်ပြေကျတော့ ဘောပင်ကောင်းကောင်း ၀ယ်နိုင်ကြတာကိုး..၊ ထားပါလေ အခုအိုင်စီ တွေလဲ တောရောမြို့ပါ လုပ်ပေးနေတယ်ကြားတယ် ဟုတ်ပါသလားခင်ဗျ .. ”
ပြောင်ရှည် ။ ။ “ အိုင်စီတော့မသိဘူး..၊ လေးဇီးကလပ်နဲ့ အင်ပါယာတို့၊ ဟစ်ဟော့အဖွဲ့တို့ကတော့ မြို့ရောတောပါလိုက်ပြီး ဖျော်ဖြေ နေကြတာပဲ .. ”
လျှာရှည် ။ ။ “ ဟင် .. ခက်ပါလား..၊ အိုင်စီ ဆိုတာ Identity Card မှတ်ပုံတင်ကိုပြောတာ .. ”
ပြောင်ရှည် ။ ။ “ သိဘူးလေ အဟင်း ..ဟင်း ..၊ ဟုတ်ပ .. အခု အကုန် ပြည်မကြီးကော ..၊ တောကော အစုံလုပ်ပေးနေတယ် မခွဲခြားဘူး ..၊ တန်းတူလုပ်ပေးနေတယ် ..”
လျှာရှည် ။ ။ “ ဒီလောက်အချိန်နည်းနည်းလေးထဲ တပြိုင်တည်းမှာလုပ်ပေးရတော့ မျိုးရိုးဇာတိတို့ ..၊ နောက်ခံသမိုင်းတို့ အတိအကျ စစ်နိုင်ပါမလားဗျ ..၊ ဥပမာဗျာ ရှမ်းပြည်တရုတ်နယ်စပ်တို့ ဘာတို့လိုနေရာတွေပေါ့ .. ”
ပြောင်ရှည် ။ ။ “ ပြည်မကြီးနဲ့မခွဲခြားဘူးဆိုမှပဲ ..၊ ဘာဇာတိစစ်စရာလိုသေးလဲ .. ”
လျှာရှည် ။ ။ “ အင်း.. ဘယ်ပြည်မကြီးကိုပြောတာလဲမသိ ..၊ ထားပါတော့ မဲတွေကို အများပြည်သူ ၁၀ ယောက်ရှေ့မှာ ရေတွက်မယ် ဆိုတော့ ..၊ အဲဒီလူတွေက ဘယ်လိုလူမျိုးတွေကို ပြောတာပါလဲခင်ဗျ .. ”
ပြောင်ရှည် ။ ။ “ မဲတွေကများတော့ တော်ရုံလူတွေမရေတွက်နိုင်ဘူးလေ ..၊ ဒါကြောင့်သမာသမတ်လဲကျအောင်၊ မြန်လဲမြန်အောင်လို့ မသာအိမ်လှည့်ပြီး ဖဲရိုက်တဲ့လူတွေကို ခေါ်ထားပါတယ် ..၊ ကောင်းကောင်း ကုလားဖန်ထိုးနိုင်ကြမှာပါ .. ”
လျှာရှည် ။ ။ “ ဟုတ်ကဲ့ ..၊ လေးစားလောက်ပါတယ်၊ ကြိုတင်ပြင်ဆင်မှုတွေ အင်မတိအင်မတန်မှပဲ အားရစရာကောင်းပြီး အတော့်ကို အကွက်စေ့လှပါတယ် .. ”
ပြောင်ရှည် ။ ။ “ ဒါပေါ့ဗျာ ကျုပ်တို့က ကမ္ဘာမှာ သူများနဲ့မတူအောင် လုပ်ပြတာလေ .. ”
လျှာရှည် ။ ။ “ မဲမပေးတဲ့လူတွေကို အတင်းဆွဲလားရမ်းလားလုပ်ပြီး ထည့်ခိုင်းမယ် ပြောနေကြတယ် ..၊ ဒါအမှန်ပဲလား .. ”
ပြောင်ရှည် ။ ။ “ အိုး.. နိုး..နိုး..၊ ဒါ ကောလဟာလပါ ..၊ ဒီလိုလုပ်ရင် သရုပ်ပျက်တယ်လေ ..၊ အဲဒီ လာမထည့်တဲ့ လူတွေအစား အထူးစပါယ်ရှယ်မဲပုံး ဂျက်ပေါ့စက်က သူ့လိုလို ဒိုင်စားပြီးသားဖြစ်သွားမှာပါ..၊ မပူပါနဲ့ ..၊ ”
လျှာရှည် ။ ။ “ ပြည်သူအများကတော့ အခုဖွဲ့စည်းပုံကို လုံးဝမကြေနပ်ဘူး ပြောတယ် ..၊ အဲဒါဘယ်လိုများ ဖြေရှင်းချက်ပေးချင် ပါသလဲ .. ”
ပြောင်ရှည် ။ ။ “ အဲဒီအတွက် ကျုပ်အနေနဲ့ ဘာမှမပြောနိုင်ဘူး ..၊ ဒါပေမယ့်တစ်ခုတော့ ပြောလို့ရတယ်..၊ အခုကျွန်တော်တို့ရဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေကတော့ ..၊ ဥပမာပေးရရင် .. ကျားမီးဆွဲကိုကို နဲ့ မျောက်မူးလဲမမ ရုပ်ရှင်ကားလိုပဲ ဆိုတာပါပဲ .. ”
လျှာရှည် ။ ။ “ ဟုတ်ကဲ့ .. သဘောပေါက်ပါပြီ .. ၊ ဂမ်ဘာရီ အခုမြန်မာပြည်ရောက်နေတော့ သူ့ကိုကော ဘာများရှင်းပြမယ်လို့ စဉ်းစားထားပါသလဲ .. ”
ပြောင်ရှည် ။ ။ “ ချိုမိုင်မိုင်လို့ပြောမှာပါ ”
လျှာရှည် ။ ။ “ ရုပ်မြင်ကြည့်ပရိသတ်အပေါင်းတို့ခင်ဗျာ ..၊ အခုမေလမှာ ကျင်းပမဲ့ ဆန္ဒခံယူပွဲနဲ့ ပါတ်သက်လို့ ဥက္ကဌဦးတောင်ဗြုန်းက သိသင့်သိထိုက်တာတွေကို ရှင်းပြပေးသွားပြီဖြစ်ပါတယ်။ ကျွန်တော်များ ပရိသတ်ကြီးကကော မျောက်မူးလဲခံပြီး ကျားအမြီးဆွဲမလား။ သူတို့ကတော့ ချိုမိုင်မိုင် လုပ်နေပြီ ဒီတော့ ဒီတော့…….။
ဟုတ်ကဲ့ပါခင်ဗျာ .. အခု.. ကျွန်တော်တို့ ရတဲ့ အချိန်လေးအတွင်းကနေပြီးတော့ စီစဉ်ပေးရတာ ဖြစ်လို့ အချိန်မလုံလောက်တာအတွက် တောင်းပန်အပ်ပါတယ်ခင်ဗျာ..၊ နောက်အပတ် ဒီအချိန်၊ ဒီနေရာလေးမှာတော့ ကျန်တဲ့ တွေ့ဆုံမေးမြန်းခန်း အစီအစဉ်တွေကို ထပ်မံ ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ ..။
ပြောင်ရှည်ရေးသားတင်ဆက်သည်။
Read more...
Wednesday, January 30, 2008
ဆူနာမီနှင့် မြန်မာပြည်
ယခုရက်ပိုင်းအတွင်း Blogspot မြို့တော်၏ တစ်ခုသော နာမည်ကျော် ဘလော့မီဒီယာ တိုက်တစ်ခုမှ ထုတ်ပြန်ကြေငြာလိုက်သော သု တေသန စာတမ်းကြီးတစ်စောင်ကြောင့် ဘလော့မြို့တော်သူမြို့တော်သားများအကြား ပြောမဆုံးပေါင် တောသုံးတောင်၊ အံ့ချီးကုန်နိုင် ဘွယ် သဲသဲလှုပ်မျှ ဝေဖန်လေကန်လျက်ရှိကြပေ၏။
ပြောရလောက်အောင်ပင် အဆိုပါသုတေသနစာတမ်း (သို့) အများပြည်သူတို့ကို တင်ပြသည့် ဆောင်းပါးကြီးမှာ အလွန်တရာမှ စေ့စပ် သေချာပြီး ကာလအတန်ကြာကပင် ဘက်စုံထောင့်စေ့အောင် ပြုစုခဲ့ရဟန်တူ၏။ သေဆုံးပြီးဖြစ်သော ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီးများ ဖြစ်သည့် မစ္စတာအိုင်းစတိုင်းနှင့် မစ္စတာနယူတန် နှစ်ဦး၏ ဦးနှောက်နှစ်ခုရောသမမွှေ၍ ပေါင်းစပ်ကာ အနှစ်တရာခန့် အဖြေရှာသော်လည်း အရိုးဆွေးသွားနိုင်လောက်သည့် အဆိုပါ မြန်မာလိုရေးသားထားသည့် သုတေသနတွေ့ရှိချက်ကြီးအား အနောက်တိုင်း ဘာသာ ရပ်အသီးသီးသို့ပြန်ဆိုပြီး ကမ္ဘာ့နိုင်ငံခေါင်းဆောင်များနှင့် ခေတ်သစ် သိပ္ပံပညာရှင်များကို ပေးဖတ်စေသော်၊ အဆိုပါပုဂ္ဂိုလ်ကြီးများကား အိမ်ပစ်၊ ယာပစ် သားမယားပါ စွန့်ခွါပစ်ပြီးသကာလ လူရောစိတ်ပါ သွက်သွက်ခါ ရူးသွားနိုင်၏။
ဆိုရချိမ့်သော်၊ အထက်ပါ သုတေသနဆောင်းပါးကြီးကား ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီးတစ်ခုက လောကဓါတ်သိပ္ပံပညာကို အလွဲသုံးစားပြုကာ ကမ္ဘာ့ရာသီဥတုနှင့် ဘူမိဗေဒသဘာဝဖြစ်စဉ်တရားအား ပြုပြင်ပြောင်းလဲ၍ လိုသလိုအသုံးချပြီး လူသားအသက်ပေါင်း သန်းဝက်ခန့် ပမာဏကို အသက်ဇီဝိန်ခြွေပစ်ခဲ့သည့် စင်္ကြာဝဠာလုံးဆိုင်ရာ မဟာ့မဟာ ရာဇ၀တ်မှုကြီးတစ်ခုအကြောင်း ခရေစေ့တွင်းကျ ထုတ် ဖေါ်ပြသခြင်းဖြစ်ပေတော့၏။
ဤကဲ့သို့ ဖေါ်ပြပါ ဘလော့မီဒီယာတိုက်မှ မီဒီယာသမား သုတေသနပညာရှင်ကြီးမှာ ခါးအညောင်းခံ၊ လေးလံလှသော မျက်ခွံအစုံကို ရရာ တုတ်ချောင်း၊ သို့မဟုတ် မီးခြစ်ဆံအချောင်းဖြင့် ဖြစ်သလိုထောက်ခံ၊ မိမိအလုပ်အတွက် ကွန်ပြူတာ၊ မီးအလင်းစသည်တို့အတွက် လိုအပ်သော လျှပ်စစ်ဓါတ်အားကို အဘယ်မည်သို့ရသည်မသိသော ဒေါ်လာငွေတို့ဖြင့် ၀ယ်ယူအသုံးချကာ ခါနာ မန်းနီးအပြတ်ခံ၊ စသည့် ဖြစ် အခံပေါင်းများစွာဖြင့်ခံကာ ကမ္ဘာ့လူထုသန်းပေါင်းခြောက်ထောင်ကျော်အတွက်၊ အထူးသဖြင့် မြန်မာ့လူထု သန်းပေါင်းငါးဆယ်ကျော် ခြောက်ဆယ်ခန့်ကို န-အ-ဖ လူသတ်တာ ဘာမှမဟုတ်ပါဘူးဟု မောင်သန်းရွှေနှင့် အဖွဲ့ဝင်တို့အပေါ် မဟာဂရုဏာများ ဆူနာမီအလား အင်အားကြီးစွာ စိမ့်ဝင် ယုံကြည်ထင်မှတ်လာစေရန် အပတ်တကုပ် ကြိုးပမ်းအားထုတ်လျက်ရှိပေတော့၏။
အဆိုပါသုတေသနတွေ့ရှိချက်ကား တရုတ်နွယ်ဖွား မြေနဂါးမင်းနှင့် ဤကမ္ဘာကြီးအားစောင့်ကြပ်လျက်ရှိသည့် ဆိုင်ရာပိုင်ရာ နတ်မင်းအ ပေါင်း မျက်စိများပင် လည်တော်မူသွားရရှာသည့် ဆူနာမီဗုံးပင်တည်း။ ယခုနောက်ဆုံးရရှိသော စက်ရပ်သတင်းအရဆိုလျှင်၊ အဆိုပါ သည်ဂရိတ်အော့(ဖ်) နတ်မင်းအပေါင်းတို့မှာ ဆူနာမီဗုံးဘယ်သူထွင်သလဲဟု အပြင်းအထန်ဆွေးနွေးအဖြေရှာကာ တွေ့သိလျှင်ချက်ချင်း ကမ္ဘာမြေတည်ငြိမ်အေးချမ်းမှုကို နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သော ဥပဒေအရ အဆောတ လျင်အရေးယူနိုင်ရန် ကြိုးပမ်းအားထုတ်လျက်ရှိကြကုန်၏။
သို့ပေမင့် အံတကြိတ်ကြိတ်၊ တောက်တခေါက်ခေါက်ဖြင့် ဒေါသနှင့် နှမြောနောင်တ ရှယ်ယာတူ ပူးတွဲခံစားရလျက်ရှိသောသူမှာ ငရဲပြည် ရောက် မစ္စတာအဒေါ့(ဖ်)ဟစ်တလာပင် ဖြစ်တော့သည်တမုံ့။ အကြောင်းကား ဒုတိယကမ္ဘာစစ်အတွင်း ၎င်းသတ်ခဲ့သောဂျူးခြောက်သန်း အတွက် ဓါတ်ငွေ့ဖိုး၊ ကျည်ဆန်ဖိုး၊ ဟိုဖိုးဒီဖိုး စသည်တို့ကို နှမြောလွန်း၍ဖြစ်တော့၏။ ထို့ပြင်တ၀ သူစဉ်းစားမိသည်မှာ ဂျူးခြောက်သန်း ကိုနှစ်နှင့်ချီသတ်ရ၏။ ဂျူးတို့သေကြသလို စင်္ကြာအဖွဲ့ဝင် အရာရှိကြီးငယ်အပေါင်းလည်း၊ သွေးချွေး၊ အသက်ပေါင်းများစွာရင်းရသည်။ ဆူနာမီဗုံးနည်းပညာသာ အနှစ် ငါးဆယ်ခန့်စော၍ ဂျာမန်သိပ္ပံပညာရှင်တို့ တီထွင်နိုင်ခဲ့သော် ကောင်းလေစွဟူလို။ ဂျူးခြောက်သန်းနှင့် တကွ၊ မိမိမတွေ့လိုသော သူအပေါင်းတို့အား နေ့ဝက်စာ ထမင်းကျွေး အအေးတိုက်၍ ကမ်းခြေသို့ နေပူစာလှုံခေါ်၊ ဗုံးခွဲသတ်သော် တစ် လပင်မကြာ မဟုတ်တုံလော။
ထားချေတော့။ 2004 ဒီဇင်ဘာတွင်ပေါ်ပေါက်ခဲ့သော ဆူနာမီစစ်စစ်၊ (သို့) မီဒီယာသုတေသနသမားကြီး ဖေါ်ထုတ်သလို ဆူနာမီဗုံးကြောင့် အရှိန်ပြင်းထန်လှသော ဧရာမလှိုင်းလုံးကြီးတို့ကား အိန္ဒိယသမုဒ္ဒရာကို ခြေကန်၊ မေးတင်လျက်ရှိကြသော နိုင်ငံအပေါင်းတို့အား အချိန်တိုအတွင်း ပြေးဆောင့် ၀င်ရောက် နှုတ်ဆက်ကြကုန်၏။ ဆူနာမီကား ခေသူမဟုတ်ချေ။ အသေအပျောက် အပျက်အစီးတို့သည်၊ မိနစ်ပိုင်းအတွင်း အတက်ကြမ်းလှ၏။ ယင်းအပျက်အစီး အဆုံးအရှုံးတို့၏ ကြီးမားမြင့်တက်လာမှု စာရင်းဇယားကို ဂရပ်(ဖ်)ဆွဲသော်၊ မြန် မာပြည်၏ ကုန်ဈေးနှုန်း ဂရပ်(ဖ်) နှင့် နင်လား ငါလားဟု ပြောရမတတ်ဖြစ်ချေတော့သည်တမုံ့။
သို့ရာတွင်ကား အံ့သြကုန်နိုင်ဘွယ်၊ ဆူနာမီငလျင်လှိုင်းကြောင့် မြန်မာတွေဘာမှမဖြစ်။ အကြောင်းရင်းအခံကို လေ့လာစောင့်ကြည့်သူ ပ ညာ့ပညာရှင်များစွာတို့ကား အမြင်တွေ၊ ကောက်ချက်တွေ၊ ကုန်းချက်တွေ ပြောကြ၊ ဆွေးနွေးကြ၊ ချကြကုန်၏။ တဖန် ဘာသာရေးဘက် မှကြည့်သော် ဗုဒ္ဓသာသနာ စည်ပင်ထွန်းကားသော၊ မင်းကျင့်တရား ဆယ်ပါးမက၊ အပါးတစ်ရာခန့်နှင့် ညီညွတ်စွာ အုပ်ချုပ်မင်းလုပ်ခြင်း ခံယူရပေသော ရွှေမြန်မာနိုင်ငံတော်ပေမို့၊ နတ်ကောင်းနတ်မြတ်၊ တရားကောင်းတရားမြတ်တို့က စောင့်ရှောက်ကြသည်ဟူ၏။ ဤကား န-အ-ဖ အလိုသာဖြစ်ချေသည်။ ကျွန်ုပ်ကား ပိုင်းခြားဝေဖန်ခြင်းငှာ မစွမ်းသာ။
သို့ရာတွင် ဘလော့မီဒီယာတိုက်မှ ထုတ်ဖေါ်ဖွင့်ချသော ဆူနာမီဗုံးလား၊ ဆူနာမီခွက်လားမသိ။ အနှီသကောင့်သားကြောင့် ဖြစ်ပေါ်လာသော ဆူနာမီငရဲလှိုင်းသည်ကား ၂၀၀၄ ခုအကုန်က မြန်မာပြည်အ၀သို့ မုချရောက်လာခဲ့ပေ၏။ မြန်မာပြည်သူများ သတိထားမိစေရန် ကမ္ဘာကျော်သတင်းမီဒီယာဌာနကြီးတစ်ခုမှ ၂၀၀၅ နှစ်ဦးတွင် ကြေငြာချက်တစ်ခု ထုတ်ပြန်ကြော်ငြာခဲ့ပေ၏။ ဆူနာမီလှိုင်းမရောက်လို့ မြန်မာပြည်မပျက်စီး၊ မထိခိုက်ဟု မင်းအစိုးရ၊ ပညာရှင် စသည်ဖြင့် မည်သူက မည်သို့ပင် မြွက်ကြား မှတ်ချက် ပေးသော်ငြားလည်း၊ အ ဆိုပါ သတင်းဌာနမှ လွှင့်ထုတ်ခဲ့သည့်အချက်ကိုတော့ မှန်လောက်ပေသည်ဟု ကျွန်ုပ်အနေဖြင့် ယူဆပေ၏။ စာဖတ်သူများ ယုံ/မယုံကား ကျွန်ုပ် အနေဖြင့် မတတ်နိုင်ချေဟု၊ ဤစာမျက်နှာကပင် တောင်းပန်အောက်ကျို့ စကားဆိုရချိမ့်မည်။ ကျွန်ုပ်ကား ဤစာ၏ အစဦးပိုင်းတွင် ဖေါ်ပြခဲ့သော ဘလော့ဂါ မီဒီယာ သုတေသန သမားကျော်ကဲ့သို့ ပညာဝမ်းစာ မပြည့်ရှာ။ ဇော်ဂျီလက်ကွက်အနည်းငယ်သိပြီး၊ ဆရာ မဒေါ်မေငြိမ်းကျေးဇူးကြောင့် မြန်မာစာလုံး မည်ကဲ့သို့မှန်အောင်ပေါင်းရမည်ကို ကျွန်ုပ်တစ်ဦးတည်းအနေဖြင့် နှမ်းစေ့မျှသာ သိသည်ဖြစ်၍ ဘလော့ရေးနေခြင်းသာ။ အကြောင်းကား ရှည်လွန်းချေပြီ။ ပြန်ဆက်ရသည်ရှိသော် .....
မှန်ပေစွ၊ ၂၀၀၄ ဆူနာမီ လှိုင်းလုံးကြီးတို့ကား တစ်နာရီ ကီလိုမီတာ (၁၆၀) ခန့်ဖြင့် ဘင်္ဂလားပင်လယ်အတွင်း မြောက်ယွန်းယွန်းသို့ ချီ လာ၏။ စစ်ထွက်ခရာသံကား တဝေါဝေါ။ ကျည်သယ်ရန် ပေါ်တာ ပါမပါကား ကျွန်ုပ်မသိ။ အဆိုပါဆူနာမီလှိုင်းတပ်ကား နံနက်ကိုးနာရီ အချိန်ခန့်တွင် ရန်ကုန်မြစ်ဝသို့ ရောက်ရှိလာတော့၏။ ၂၀၀၄၏ ခရစ်စမတ်ရက်အလွန်ခန့်ဟု ကျွန်ုပ်ရေးတေးတေးမျှသာ မှတ်မိတော့၏။ အတိအကျသိလိုသော် ဆူနာမီဗုံး သုတေသနဖေါ်ထုတ်ရေးသားသူထံ ဆက်သွယ်မေးမြန်းကြပါလေ။ သို့သော်၊ ၎င်းတို့ကိုဆက်သွယ်ရန် လိပ်စာမည်ကဲ့သို့ ရှာရမည်ကို ကျွန်ုပ်မသိ။ စာတမ်းကိုတာဝန်ယူ ထုတ်ဝေဖေါ်ပြသူ ဘလော့မီဒီယာတိုက်၏ ပရ၀ုဏ်တွင်လည်း စိုးစဉ်းမျှ မတွေ့မိ။ ကျွန်ုပ်အထင် တိုက်တည်ရာ ကနေဒါသို့ လူကိုယ်တိုင် သွားရောက်မေးမြန်းမှ ရနိုင်ပေလိမ့်မည်။ ဤကားစကားချပ်။
သီးခံတော်မူကြပါ။ ပြန်ဆက်အံ့။ ရန်ကုန်မြစ်ဝမှ မြောက်ဘက်သို့ဦးတည်၍ အတွင်းပိုင်းသို့ ချေမွဖျက်ဆီးရန် ရောက်လာကြကုန်သော ဧ ရာမ လှိုင်းလုံးတို့သည်ကား မမျှော်လင့်ပဲ ခုခံမှုနှင့်တွေ့ရလေတော့သည်။ တခြားမဟုတ်။ မြစ်ဝတွင် စောင့်နေသော ဧရာမ ငါးကြီးနှစ် ကောင်ဦးဆောင်သာ ငါးတပ်ကြီးပင်။ ဦးဆောင်ငါးကြီးနှစ်ကောင်ကား ဆူဖြိုးလှပေတော့၏။ စိတ်ဆိုးဒေါသထွက်နေသော ဆူနာမီကား ဦး ဆောင်ငါးကြီးနှစ်ကောင်အား စတင်မေးမြန်းတော့၏။
“ အသင်တို့ကား ရာရာ စစ၊ ငါဆူနာမီကို အဘယ်သို့မှတ်နေသနည်း။ ဖယ်လော့၊ ရှားလော့၊ အချိန်နှောင်းပါက အသင်တို့ ခေါင်းနဲ့ အမြီး အိုးစားကွဲလတ္တံ့..။ ”
ကြောက်ပင်ကြောက်သော်ငြား အကြောင်းအရင်းကို သိလိုသော ဦးဆောင်ငါးကြီးက ဤသို့ပြန်လှန်မေးခွန်းထုတ်၏။
“ အဘယ်အကြောင်းကြောင့် အသင်တို့ ဤမြန်မာပြည်ကို ရောက်လာရသနည်း။ သင်တို့ အကျိုးတစ်စုံတရာရရန် ငါမမြင်၊ သိခွင့်ရှိက သိ လိုလှပေသည် အသင်ဆူနာမီ.. ”
သို့ဖြင့် ဆူနာမီကဖြန်ဖြေသည်။
“ အသင်တို့ တကယ်ပင် မသိလေသလော၊ ငါဆူနာမီရောက်ရာအရပ်ကား မည်သည့်အရာမှ ကျန်ရိုးထုံးစံမရှိ၊ ယခုပင် ဖူးခက် မွမွကြေပြီ၊ သင်တို့အလှည့်ကား တမဟုတ်ချင်းရောက်တော့အံ့..၊ အသင်သာဖယ်ရှားပေတော့ .. သင်တို့တိုင်းပြည်ကား ငါ့အစွမ်းကြောင့် မုချပျက်စီး ပေတော့မည် ... ”
“ အို .. အသင်ဆူနာမီ..၊ အလာကောင်းပေမယ့် အခါနှောင်းခဲ့ပြီကော၊ အသင်နောက်ကျခဲ့သည်မှာ အနှစ်လေးဆယ်ကျော်၊ ငါးဆယ်ရှိပြီ။ ဤတိုင်းပြည်ကား သင်ဖျက်ဆီးရန်ဘာမှမကျန်၊ ငါ့နောင်တော် လက်ထက်မှစပြီး ယခုအချိန်ထိ ငါတို့ကိုယ်တိုင်ပဲ ဖျက်ဆီး၍ ရစရာမကျန်၊ အို..အသင်ဆူနာမီ..၊ သင့်စွမ်းအားကို အကျိုးမဲ့မဖြစ်စေလင့်..၊ သင်ကြားဖူးပြီးဖြစ်ပေလိမ့်မည်..၊ ယခုသင့်ရှေ့တွင်တွေ့နေရသည့် ကျွန်ုပ် တို့ ခေါင်းဆောင်ငါးနှစ်ဦးကား ငရွှေနှင့် ငမန်းသာဖြစ်တော့၏။ အသင်လှည့်ပြန်သွားခြင်းသာ အကောင်းဆုံးဖြစ်ပေအံ့..။ ”
မှန်ပေစွ၊ ကျွန်ုပ်ဆိုခဲ့ပြီးပါပြီ။ အဘယ်သို့သော ပညာရှင်တို့က မည်သို့ပင်ဆိုစေကာမူ ၂၀၀၄ ဆူနာမီကား သူ့ထက်ဆိုးလှသော ငါးရွှေနှင့် ငါးမန်းကို ကြောက်ရွံ့လေးစားလှသဖြင့် ရန်ကုန်မြစ်ဝကပင် လှည့်ပြန်သွားတော့၏။ မြန်မာပြည်သားများသိစေရန် တစ်ချိန်ကထုတ်ပြန် ကြေငြာခဲ့ဖူးသော ဆူနာမီနှင့် မြန်မာပြည် သုတေသနစာတမ်းကြီးအား ကျွန်ုပ်မှ တဖန်ပြန်၍ စက်တင်ပုံနှိပ် (အဲဗျာ.. ယောင်လို့..) ကီးဘုတ် လက်တင် ဘလော့ဂင် လုပ်ခြင်းသာဖြစ်ပေတော့သတည်း။ ။
Read more...
Monday, January 7, 2008
ခေတ်သစ် အာဠာဝက နအဖ
“ ဘာ .. ဘယ်လို .. ”
(ဒန် တန် တန် ..)
“ တော် .. တန် .. တိတ် .. ”
“ ရဟန်းကြီးပြန်ဝင်ပါ .. ”
“ အသင်ရဟန်းကြီး၊ ဘယ်နှယ့်ကြောင့် ကျွန်ုပ်အမိန့်ပေးတဲ့အတိုင်း ဆောင်ရွက်ရသနည်း၊ ”
လေးစားစွာဖြင့်
ပြောင်လျှာရှည်
Unocode
အရဟံအစ ဘဂဝါအဆုံး၊ တုနှိုင်းမမြင် မုနိအရှင်နှင့်တကွ ဓမ္မဂုဏ်ရည် အလီလီညွတ်တွား မြတ်ဘုရားသာသနာ မြတ်သံဃာတို့အား ဦး ထိပ်ထားပြီးသကာလ၊ န-အ-ဖ အောက်ဆွဲတသင်း သောက်တလွဲအဖျင်းတွေအား၊ နောင်အခါလေ ထပ်မမိုက်မိရလေအောင်၊ ပြောင် လျှာရှေ (ရှည်) ဇာတ်လိုက်ကျော်တို့က အောင်ပါစေသီချင်းအော်ရင်း အပီဗျင်း .. (အဲလေ.. ယောင်လို့) ဆုံးမပါတော့မယ် ပရိတ်သတ်ရေ…။
ဘလော့ဖတ်သူအပေါင်းတို့ရေ .. ပြောင်လျှာရှည်ဇာတ် တစ်ပတ်နှစ်ပတ် လစ်ဟာသွားတာမို့ အပြတ်ဆိုပြီး အပြစ်ဘယာမပွားဘဲ ချစ်စရာ ဇာတ်လိုက်ကျော်နှစ်ဦးကို မေတ္တာပိုကာ ထားတော်မူကြပါဦးနော်..။ မေတ္တာဆိုတာ..ရတနာတစ်ပါးပါခင်ဗျ။ ဤကမ္ဘာမှာနအဖတဖွဲ့လုံးက လွဲ ကျန်တဲ့.. လူလည်းနားလည်၊ နတ်လည်းနားလည်၊ ခွေးတောင် နားလည်ပါတယ်ခင်ဗျ။ ဝန်တိုဣသ အဘိဇာဒေါသ ဘဝကိုပြာကျစေတဲ့ မီးခဲကြီးတွေကို ခံတွင်းမှာငုံ၊ အတင်းကိုလူအရေခြုံထားတဲ့ နအဖ ခွေးပျက်တသိုက်ဟာ မိုက်ဇာတ်ခင်းပြီးရင်ခင်း၊ အဝီစိ ဆင်းပြီးရင်း ဆင်းနေတဲ့ အရှိန်ကို မြတ်ဘုရားဂေါတမတောင်မှ တားနိုင်ပါတော့မလား ..... ။
ကိုင်း..ကိုင်း.. မေတ္တာအလှသဘောကို လှစ်ကာပြလို့ဟောမဲ့ ဒီတစ်ကြိမ် ဇာတ်နာမည်ကတော့ အာဠာဝက နအဖ ပါတဲ့ဗျာတို့…. (တိန်..တိန်)
သုံးလောကထွဋ်ထား ဘဂဝါရှင်ဘုရားဟာဆိုရင်ဖြင့် သတ္တဝါတွေကို အစဉ်သနားတော်မူလှပါသောကြောင့် လူနှင့်နတ်ဗြမ္မာ သတ္တဝါေ၀ နေယျကို သဗ္ဗူညုတရွှေဉာဏ်တော်ဖြင့် နိဗ္ဗာန်ကိုခေါ်တော်မူမည်ဟု ဆင်ခြင်ရှုစားတော်မူပေရာ အာဠဝီကြပ်ပြည်အတွင်း.. စိတ်ဆင်းရဲ ခြင်းများစွာနဲ့ အသက်ယဲ့ယဲ့သာကျန်၊ ရှေ့ခရီးလမ်းမကောင်းတော့တဲ့ သန်းအာဠာဝကရွှေ ဆိုတဲ့ ဘီလူးကြီးကိုမြင်တော်မူပါသတဲ့၊ အနှီ သတ္တဝါကြီးဟာ အကုသိုလ်တယ်များဆိုသကိုး၊ အလိမ်အကောက်ထူပုံကလည်း နွယ်ရှင်ကတောင်ဆလံသရပါသတဲ့ ပရိတ်သတ်ရဲ့..။ အချိန်ရှိသမျှ လိမ်ဖို့ပဲစဉ်းစားနေတော့၊ မယုံမေးကြည့် သူ့ဟိုသင်းတောင် ပုံစံပျက်နေပြီဆိုပဲ၊ ပေါင်ပြောတာ ..။
“ ဟဲလို ဂွတ်မောနင်း ကိုယ်စားလှယ်တော်ကြီးမစ္စတာဂမ်မာတလိ .. ကြပ်ဘီလူးပြည်မှာကျုပ်ခိုင်းလွှတ်လိုက်တဲ့ အရေးကိစ္စ အောင်မြင် ခဲ့ပါရဲ့လား .. သန်းအာဠာဝကရွှေ ဆိုတဲ့ ဘီလူးကြီးနဲ့ရော .. တွေ့ဆုံခွင့်ရခဲ့ရဲ့လား..”
“ ပြောမကောင်းပါဘူး နတ်ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီဝိသကြုံခင်ဗျာ..။ ကျနော်သူ့ကို လေးရက်တိုင်တိုင် စောင့်ပါ တယ်။ မအားဘူး၊ အလုပ်များနေတယ်ဆိုပဲဗျာ၊ အဲဒါကြောင့် ကျနော်အလုပ်မဖြစ်ပဲ ပြန်လှည့်ခဲ့ရကြောင်းပါ။ ”
“ ဪ.. ခက်ပါဘိတော့.. ကိုယ်စားလှယ်တော်ကြီးရယ်၊ ဒင်းဟာ လုပ်ချင်တာလုပ်၊ ထင်တိုင်းကြဲ၊ လူသတ်၊ သာသနာစော်ကားပြီးမှ.. မဖြေရှင်းရဲတော့တာလား၊ ”
“ အင်း .. တကယ့် ဘီလူးရှုပ်ကြီးပါဗျာ။ ပြီးခဲ့တဲ့ကိစ္စအတွက် တာဝန်ယူမဖြေရှင်းပေးတဲ့အပြင်၊ ဆက်ကာဆက်ကာ မိုက်လုံးကြီးနေပါ ရောလား ..၊ ”
အဲသလို သန်းအာဠာဝကရွှေတို့သတင်း စင်္ကြာဝဠာတခွင်သင်းနေပုံများပြောပါတယ်။
ဟော .. ဒီလိုနဲ့ တစ်နေ့ကျတော့ နတ်သဘင် အစည်းဝေးကို ဘီလူးကြီးသန်းအာဠဝကရွှေ တက်ရပါရောလား.. မသွားခင် ဗိမာန် ပျောက်မှာစိုးလို့ အပါးတော်မြဲတွေကို ဒီလို.. ဒီလို မှာခဲ့ရသေးတယ်။
“ ဟဲ့ .. မြင့်ယက္ခလှိုင်တို့ ၊ ရွှေယက္ခမန်းတို့ .. ငါ.. ဝတိ ံအထက်တခွင်မှာ ညီလာခံသဘင် သွားတက်ရလိမ့်မယ်ကွယ့်၊ ငါမရှိတုန်း..၊ တွေ့ သမျှ သတ္တဝါတွေ သိမ်းကြုံးစားမနေနဲ့ဦး၊ အခြေအနေကသိပ်ကောင်းတာ မဟုတ်ဘူး၊ နဲနဲလျှော့ကြ၊ နို့မို့ ငါတို့ဗိမာန်ပျောက်လိမ့်မယ်။ ကဲ .. အချိန်မနှောင်းခင် MAI လေကြောင်းနဲ့ နှင်ရဦးမယ်၊ ….. ဝေါ ဝေါ ဝေါ … ”
အဲဒီအချိန်အခိုက်အတန့်လေးမှာပဲ ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ အာဠဝီကြပ်ပြည်က သန်းအာဠာဝကရွှေရဲ့ ဗိမာန်အတွင်း ကြွရောက်ပြီး ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူပါသတဲ့ ပရိတ်သတ်ရေ..၊ သန်းအာဠာဝကရွှေရဲ့ နောက်လိုက် ဘီလူးဗိုလ်ချုပ်တသိုက်ဟာ ဘီလူးချုပ်ကြီးမှာကြားချက်ကို သိသော်လည်း၊ ဘုရားရှင်ဆိုတော့ နှင်ဝံ့တဲ့ အစွမ်းမရှိကြ။ အီးမှန်တဲ့ မျက်နှာပေးကိုယ်စီနဲ့ မအီမသာ ခစားနေကြရရှာသတဲ့။ သို့သော်လည်း၊ အစည်းအဝေးတက်ဖို့ လေဆိပ်ဆင်းလာတဲ့ ဘီလူးချုပ်နှစ်ဦးက ဘုရားရှင်ဝင်ရောက်စံမြန်းတော် မူနေတဲ့ သန်းအာဠာဝကရွှေရဲ့ ဗိမာန်ကိုမြင်တော့ တိုးတိုးလေး သတင်းပို့ရှာသတဲ့ …။
“ ဘီလူးချုပ်ကြီးခင်ဗျာ..၊ ဗိမာန်အတွင်း ရဟန်းကြီး ဂေါတမ ဝင်ရောက်သတင်းသုံးတော်မူနေတယ် ခင်ဗျ .. ”
“ ဘာ .. ဘယ်လို .. ”
(ဒန် တန် တန် ..)
“ ဟုတ်ပါတယ် .. ရဟန်းကြီးဟာ အင်မတန်ကြည်ညိုစရာ .. ရာ .. ရာ …”
“ တော် .. တန် .. တိတ် .. ”
ဆုံးအောင်တောင် နားမထောင်နိုင်၊ ဒေါသငယ်ထိပ်တက်ဆောင့်လို့ သူ့ဗိမာန် အာဠဝီကြပ်ပြည်အတွင်းချက်ချင်းရောက်ရှိသွားပါသတဲ့..။
ဘုရားရှင်ကိုယ်တော် မြတ်ကြီးရှေ့လဲရောက်ရော .. မစဉ်းစားမဆင်ခြင်၊ မြင်မြင်သမျှ ဗကပ လို့အော်ဟစ်ပြီးသကာလ၊ အနှစ်နှစ်အလလက ဂက်(စ်)ရောင်းပြီး ဝယ်စုထားရတဲ့ လက်နက်ကြီးကိုးမျိုးနဲ့ ဘုရားရှင်ကို ဆော်ပါရောဗျာ…။
“ ကဲ လာလေရော့ .. ရာရာစစ ငါ့ပြည်တွင်း ဗစ်ဇစ်ဗီဇာနဲ့ ဝင်လာတဲ့ ဂျပန်ရှုတ်… အဲလေ ယောင်လို့.. တရုတ်လက်နက်နဲ့ အဟုတ်အ သက်ထွက်စေရမယ် .. ရဟန်းကြီး သေပေရော့ … ”
“ အာခံတွင်းက ဝင်းဝင်းတောက်လျက် .. ရွှေသွားစက် ..
ရုရှားပြည်မှအကြွေးဝယ်ထား၊ တက်လျှင်ခက်၍ ဆင်းလျှင်ပျက်သည့် လေယာဉ်စက် ..
2007 စက်တင်ဘာအတွင်း တွေ့သမျှဗြင်းခဲ့၊ အဖျားကျိုးလျက် ဝါးရင်းတုတ်စက် ..
ဆီဈေးလဲတက်၊ နှိုးလျင်မထွက်၊ မနှိုးလျင်ပျက်၊ ဆင်းလျက်လျှောက်သွား ရှမ်းစတားစက် ..
မြေလွတ်မချန်၊ စိုက်ရန်ကြံ၊ တစ်ပင်ငါးရာ စိုက်ခိုင်းပါလို့ ခွေးသေးပန်းတဲ့ ကြက်ဆူစက်၊
ဘီလူးတမတ်၊ လူသုံးမတ်သား၊ စစ်ဇာတ်သွင်းမဲ့ တိုင်းပြည်ကိုဖျက် Road Map စက် ”
“ ဟင် .. ဂလောက်မရပ်မနားပဲ အသေပစ်တာတောင် အရောင်မညှိုး ငါ့လက်နက်တွေသာ ကျိုးကုန်ပါရောလား..၊ ”
“ ဟယ် .. ဘယ်လို .. ဘယ်လို မယုံနိုင်စရာပါလား .. ငါ့လက်နက်တွေဟာ ပန်းပွင့်ပန်းခိုင်တွေ ဖြစ်ကုန်ပြီ..၊ အား လား လား .. သယ်.. ”
(ရှိသမျှ အာမေဋိတ် ပရိတ်သတ်ဖိန့်အောင် ကြုံးဝါးပြီးတာနဲ့)
“ ကဲ .. ဒီတစ်ခါနောက်ဆုံးလက်နက်.. လာပြီဟေ့ .. သယ် ….. ငွေသားလက်ဆောင် အိတ်ပြည့်အောင်သိပ်၊ မကောင်းသူထိပ် ကောင်း သူထိပ်ဟု၊ မျက်စိမှိတ်ကာ စွတ်အော်ပါသည့်၊ ဂွတိုယက္ခ ဘလော့စုတ်စက် .. ”
“ အလို .. လက်နက်မှန်သမျှ ပန်းလေးတွဖြစ်ကုန်ပါရော့လား..၊ ဟယ်၊ သန်းအာဠာဝကရွှေတဲ့ ဟေ့..၊ တစ်ရွှေထဲရှိတယ်၊ နှစ်ရွှေရှိရင် ရောင်းစားမယ်ကွ၊ … အဲလေ .. ငါဘီလူးရဲ့ အထူးလက်နက်၊ လာပြီ..၊ ဘွဲ့ဖြူပုဆိုးတဲ့ဟေ့၊ အသက်ယူလို့ ဇီဝိန်ကြွေစေရမယ်၊ ဒီပုဆိုး ကိုချွတ်ပြီး၊ မြေပြင်ပေါ်ပစ်ချရင် စင်္ကြာဝဠာတစ်ခွင်၊ မီးလောင်ပြင်ဖြစ်မယ်၊ ရေပြင်ကိုပစ်ချရင် သမုဒ္ဒရာခုနှစ်စင်း ခမ်းခြောက်ကုန်မယ်..၊ လက်နက်ကြီးတွေ သင်ခံနိုင်ပေမယ့်၊ ကျုပ်ပုဆိုးဒဏ်ကိုတော့ သင့်အရိုးတောင် မကျန်စေရဘူး၊ လာလေရော့ .. ဘေးတွေ့ရော့ လ ဟယ်..”
ဟဲ .. ဟဲ .. သိတယ်ဟုတ်..၊ ဘုရားရှင်ကို ဘာမှတ်နေလဲ မသိ၊ ဘွဲ့ဖြူပုဆိုးလဲ မွမွကြေလို့ ဘီလူးကြီး သန်းအာဠာဝကရွှေသာ တန်းလန်း ကြီးဖြစ်နေသတဲ့ ... ဘွဲ့ဖြူပုဆိုးကျွတ်လို့ပါ။
“ ဟင် .. ဒုက္ခ..၊ ပုဆိုးဘ၀ ပြောင်းပြီ၊ ဟယ်.. ဒီလက်နက်တွေမနိုင်ရင် နောက်တစ်မျိုးလာမယ်၊ ညာတာပါတေး အာဝါးပေးတဲ့ တပည့် ကျော် .. ကျော်ယက္ခဆန်းရဲ့ လေပုပ်စက်တဲ့ဟေ့ …. ရဟန်းကြီး .. အသင်အခု ထွက်သွား .. ” တဲ့ဗျား..။
ဂေါတမကိုယ်တော်လဲ အသာတကြည်ထွက်တော်မူသတဲ့..။
“ သြော် .. ငါ့နှယ်နော်.. စောစောကတည်းက ပြောလိုက်ရင်ရရဲ့သားနဲ့ ခုတော့ ဂက်စ်ရောင်းပြီး ဝယ်ထားရတဲ့ လက်နက်လဲကုန်ပြီ။ ”
အဲဒါနဲ့ စမ်းပြီးထပ်ပြောပြန်တယ်။
“ ရဟန်းကြီးပြန်ဝင်ပါ .. ”
ဘုရားရှင်လဲ ပြန်ဝင်တော်မူပါသတဲ့ ..။ ဟဲ ဟဲ .. ငါဘီလူးချုပ် ဟုတ်လှချည်လားပေါ့လေ..။
အဲသလို ဘီလူးချုပ်ကြီးသန်းအာဠာဝကရွှေဟာ ဘုရားရှင်ကို သုံးကြိမ်တိတိ ပြောဆိုစော်ကားပြီးတော့မှ တွေးမိသတဲ့..။
“ ငါ တစ်ညလုံးအသေဆော်တာတောင် ရဟန်းကြီးအပြုံးမပျက်ပါလား၊ အင်း .. တစ်ခုခုတော့ တစ်ခုခုပဲ.. ”
“ အသင်ရဟန်းကြီး၊ ဘယ်နှယ့်ကြောင့် ကျွနု်ပ်အမိန့်ပေးတဲ့အတိုင်း ဆောင်ရွက်ရသနည်း၊ ”
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ..
“ ဤဗိမာန်ပိုင်ရှင်ကား၊ အသင်လဲ မဟုတ်၊ ငါဘုရားလဲမပိုင်၊ အရာခပ်သိမ်းကား မမြဲသောသဘောရှိပေသည်၊ အသင်ဘီလူးချုပ်မှူးကြီး၊ အခိုက်အတန့်ပိုင်ဆိုင်နေထိုင်ခွင့်ရသော နေရာတစ်ခုအတွက် အသင်ခေတ်သစ်ဘီလူးမင်း ထပ်ကာထပ်ကာ မိုက်လုံးကြီးခဲ့သည်မှာ၊ ငါ ဘုရားတောင် မကယ်နိုင်၊ ရှေးယခင်တွေ့ဖူးသော အာဠာဝက ဘီလူးသည်ကား ကျွတ်ချိန်တန်၍ ငါဘုရားချွတ်လို့ ကျွတ်ခဲ့ပြီ၊ မှတ်ထား လော့ ... အသင်သန်းအာဠာဝကရွှေဘီလူးချုပ်ကြီး..၊ သင်ကား … ”
ဟု စကားဖြတ်တော်မူပြီး၊ ပြန်ကြွတော်မူလေတော့သတည်း….။
အချိန်လွန်မှ ပုစ္ဆာအဖြေထုတ်ပါလေတဲ့ သန်းအာဠာဝကရွှေ ဘီလူးချုပ်ကြီးကား .. လားရာလမ်းသို့ ကြိုတင်မှန်းဆ၍ နွမ်းလျစွာဇက်ကျိုး၊ ယောယုဝသို့ အပြီးဂိုးသွားလေတော့သတဲ့။
ကဲ .. ပရိတ်သတ်တို့ရေ.. တရားစစ်တရားမှန်ဆိုတာ ဘယ်အခါမှမဖောက်ပြန်၊ ထာဝရတည်မြဲပါသတဲ့။ လုပ်စရာရှိတာတော့ လုပ်ကြရမှာ ပေါ့ ဗျာတို့ ..၊ ကျွန်တော်များဇာတ်ကိုတော့ နောက်နှစ်ပတ်မှ ပြန်ဆက်ပါတော့မယ်..၊ အားလုံးကျန်းမာတော်မူကြပါစေခင်ဗျာ..။ တိန် .. တိန် ..။
ဖတ်ဖူးမှတ်ဖူးခဲ့သည်များကို ပြန်လည်သုံးစွဲထားသည်များ ပါရှိကြောင်းဝန်ခံပါသည်။
လေးစားစွာဖြင့်
ပြောင်လျှာရှည်
Read more...