လျှာရှည်စိတ်မကောင်းပါဘူး၊ ဘာလို့လဲဆိုတော့ မနေ့က “ပြောချင်လွန်းလို့ (၂)” တင်လိုက်ပြီးတော့၊ နောက်တစ်ပတ်လောက်မှပဲ (၃)ကို ဆက်ရေးရတော့မယ်ထင်နေတာ။ ခုတော့ဘယ်ဟုတ်မလဲ။ စီဘောက်ထားထားတာအလကားမှမဟုတ်တာ။ အဲဒီအထဲကပဲလူတွေရဲ့ သရုပ်သကန်ခွဲခြားမှတ်တမ်းတင်နိုင်ပေတာကိုး။ အော်ထားတာလေးတွေဖတ်မိပြီး၊ရေးစရာလေးတွေတွေ့လာတဲ့အခါကျတော့၊ ဟိုက်..ယား...ပျော်ရပြီပေါ့။တချို့ကလည်းမေးကြတယ်။ ဒီဘလော့ကဘာကြီးလဲပေါ့။ ဖြေစရာမလိုအောင်တဖြေးဖြေးနဲ့တော့ရုပ်လုံးပေါ်လာမှာ ပါဗျာ။ အဲဒါကြောင့်ထပ်ဖွလိုက်ဦးမယ်။ ဆိတ်ဗိုလ်များအတွက်သာဆိုတာပါ။
နာလိုခံခက်အမျက်ထွက်ကြတဲ့ဆိတ်ဗိုလ်များ တအားအဆဲသန်တော့တာကိုး။ သို့သော်ပြောပြပြီးသားပါ။ ဘယ်သူမဆိုဆဲနိုင်တယ်လို့။ မိန်းကလေးတွေအတွက်ကတော့ ဒီနေရာအင်မတန်မလျော်ကန်ပေဘူး။ ဒါပေမယ့်၊ ယောင်္ကျားချင်းကတော့ခပ်ပါးပါးပဲမဟုတ်လားဗျို့။ ဆဲစမ်းကြိုက်သလောက်။ လောလောဆယ်မှာသူတို့ဆဲတာတွေကသိပ်အစီအစဉ်မကျသေးဘူးဆိုတော့ကာ၊ မေမြို့ကစာပေဌာနမှာအဆဲ ဘာသာရပ်တစ်ခုသီးခြားဖွင့်လှစ် သင်ကြားပေးနိုင်ဖို့ အကြံပြုရဦးမယ်။ အဲဒါမှခါးအောက်ပိုင်းလောက်သာဆဲတတ်တဲ့အရာရှိမင်းတချို့အ ဆင့်မြင့်မြင့်ဆဲတတ်သွားမှာ။ ဒီမနက်ဆီဗုံးလျှောက်ဖတ်ဖြစ်ပါတယ်။ ထူးဆန်းသလိုနဲ့ဘာမှမထူးဆန်းတဲ့ဘာသာစကားနဲ့ပြောဆိုဆွေး နွေးနေကြတာကိုမြင်လိုက်ရသဗျာ။ ဒီလိုပါတဲ့ ပရိတ်သတ်ကြီးရေ .....
ဆိတ်ဗိုလ်နဲနဲပါးပါးဝင်လာပြီးပြောသွားကြတာလေးပါ။ အရှေ့ပိုင်းတွေမှာဘာတွေပြောသွားသလဲတော့ မမီလိုက်လို့မသိရပေဘူး။ ဒါပေ မယ့်ရသလောက်တော့မှတ်ထားပြီးပြန်တင်ပေးထားပါတယ်။ စိတ်ဝင်စားသူများအောက်မှာသပ်သပ်ယူကြည့်နိုင်ပါတယ်။ တစ်ယောက် သောဆိတ်ဗိုလ်ကစမေးလာပါတယ်။ လျှာရှည်ဆိုတာဘာကောင်လဲ၊ ဘယ်မှာနေသလဲ၊ ဘယ်ကျောင်းမှာတက်ပြီးတော့၊ အမှတ်ဘယ် လောက်ရသလဲ၊ ဖြစ်နိုင်ရင်ပြောပြပေါ့၊ ဘာညာပေါ့ဗျာ။ ဒါပေမယ့်လျှာရှည်အမှန်အတိုင်းပြောပြပါ့မယ်။ အဲဒီနေရာအထိတော့ဒီပုဂ္ဂိုလ် လုံးဝမဆဲဘူးခင်ဗျ။ တော်တော်ယဉ်ကျေးပါတယ်။ ဘာလို့လဲဆိုတော့သူ့ရုရှားဘာသာစကားအဆင့်ကဆဲတတ်ဖို့မပြောနဲ့၊ Case တွေနဲ့ ညှိပြီးတော့ Vocabulary တွေမှာ Ending ဆိုတဲ့အဆုံးသတ်စကားလုံးတွေမှန်အောင်မသုံးစွဲတတ်သေးလို့ပဲ။ ပြင်သစ်ဘာသာစကား လေ့လာလိုက်စားသူများ ကျွန်တော်မျိုးဘာဆိုလိုတာကောင်းကောင်းသဘောပေါက်ပါလိမ့်မယ်။ ရုရှားမှာလည်းအဲလိုပဲလေ။ သက်ရှိ၊ သက်မဲ့နာမ် ဟူသမျှကို၊ လိင်ခွဲခြားသတ်မှတ်ထားတာမို့၊ မြန်မာနဲ့တော့လားလားမှမဆိုင်ဘူးဗျို့။ အင်္ဂလိပ်မှာ Street ဟာStreet ပါပဲ။ လမ်းထီး၊ လမ်းမဆိုတာကြားဖူးကြလား။ အင်း .. ပြင်သစ်ဘာသာ သေချာမသိပေမယ့်၊ ရုရှားကတော့ခွဲသဗျ။ လမ်းအထီးရှိသလို လမ်းအမလည်းရှိပေသကိုး။ကျယ်ပြောပြန့်ပြူးတဲ့လမ်းမကြီးကို (အူလစ်ဆာ) လို့ခေါ်သလို၊ ရန်ကုန်က တက္ကသိုလ်ရိပ်သာလိုလမ်းမျိုးကျ တော့ (ပရောစ် ပြက်) လို့ခေါ်တယ်ဗျ။ အဲ .. အူလစ်ဆာကတော့ သူ့စံနစ်အရ (အမလိင်)ပေါ့ဗျာ။ ဒုတိယကတော့(အထီးလိင်)ပေါ့။ အဲဒါနဲ့လည်းမပြီးသေးဘူးပဲ။ နာမ်တွေအားလုံးခွဲခြားသတ်မှတ်ရသလို၊ အဲဒါတွေကိုမူတည်ပြီးတော့ Case (6) မျိုးနဲ့ညှိပြီးမှ ၀ါကျတစ် ကြောင်းတည်ဆောက်လို့ရသဗျ။ အင်း .. ပြီးပြီလားဆိုတော့ မပြီးသေး .. တစ်ခါ ကာလတွေနဲ့ထပ်ညှိ အမလေး .. ရှုပ်လိုက်တာဗျာ။ ကျွန်တော်မျိုးတကယ်လေးစားပါတယ်။ ဒီရုရှားဘာသာစကားကိုသင်ယူနေတဲ့ပုဂ္ဂိုလ်တွေကို ။
ဒါပေမယ့်ပြဿနာကပြောပြီးပြီပဲ။ နေရာတကာ ငါသိ ငါတတ်လုပ်ချင်တဲ့ဆိတ်ဗိုလ်တွေအင်မတန်ခက်ပါလားဗျာ။ မေးထားလိုက်တာက လျှာရှည်ကိုအမှတ်ဘယ်လောက်ရသလဲတဲ့။ အင်း ..အဲဒီအမှတ်ကသူ့သောက်ရှက်ပြန်ခွဲတာပဲ။ သြော် .. ဖြစ်တတ်ပါတယ်။ စီဗုံးဆိုတော့ စာလုံးပေါင်းမှားနှိပ်မိတာနေမှာပေါ့လို့။မဟုတ်ဘူးပဲဗျ။ ခုနကပြောသလိုအခြေခံ Case လေးတောင်ညှိမပြောတတ်တဲ့သူ့ကို တစ်ယောက် က၀င်ထောက်ပေးပါတယ်။ ဘရားသားရေ ..မှားနေတယ်ပေါ့။ အမယ်.. မောင်မင်းကြီးသားက ငါ၊ ဒီရောက်တာကြာပြီတဲ့၊မင်းက ဘာလဲ၊ဘယ်ကလဲပေါ့ဗျာ။ဟိုကသေချာပြန်ရှင်းပြတယ်။ဒီစာလုံးမှားနေတယ်။ ဒီဝါကျဒီလိုမပြောရဘူးဘာညာပေါ့။ ခင်ဗျားအဘိဓါန်လေး တော့သုံးသင့်တယ်၊ငြင်းနေကြသေးတယ်ဗျာ။ပြီးတော့မှအချင်းချင်းတော်တော်ညှိယူလိုက်ကြရပါတယ်။ ပြည်သူတွေကိုသာ ဗိုလ်ကျချင် ကြတာ။ သူတို့အချင်းချင်းတောင်ဆရာလုပ်တာမခံချင်ကြပါလား။ သူတို့ပြောနေတာကြားဖူးတာရှိတယ်။ စစ်ဗိုလ်ဆိုတာအနာဂတ် ခေါင်းဆောင်ဆိုပဲ။ တိုင်းပြည်အတွက်ရင်လေးပါ့။ အားလုံးတော့မဟုတ်ဘူးပဲ။ ၀င်ထောက်ပေးရှာတဲ့ပုဂ္ဂိုလ်လေးကတော့အဲဒီကပါပဲ။ မဆိုးဘူးဗျ။ပထမဆိတ်ဗိုလ်ကတောင်ထင်လိုက်သေးတယ်။ လျှာရှည်ဆိုတာမင်းလားပေါ့။ အဲဒါကိုဝင်ထောက်ပေးတဲ့တစ်ယောက်ကပြန် ရှင်းပြတာ၊ မြန်မာပြည်ကဆိုရင် သူအင်တာနက်သုံးလို့ရပါ့မလားတဲ့။ (၀န်ခံသွားသေးတယ်နော်၊ ရုရှားမှာဆိုရင်အင်တာနက်ကောင်း ကောင်းသုံးလို့ရတယ်ဆိုတဲ့သဘောပေါ့ဗျာ)။ အဲဒီမှာတစ်ခါနောက်ထပ်တစ်ယောက်ဝင်လာတယ်နဲ့တူပါတယ်။သူကလည်းသူသိတာလေးဝင်ပြောတယ်။ ရုရှားကတော့မဟုတ်လောက်ဘူး။
သူ့သူငယ်ချင်းတစ်ယောက်ဆီကကြားဖူးတာတဲ့ (Da နဲ့ Nyet ပြော. ဟာရာရှော) ဆိုပဲ။ မှန်လိုက်လေကိုယ့်လူရယ်။ စာမေးပွဲတွေမှာ ဘာမှမသိရင် “ဒါး” (Yes) သို့မဟုတ် “ညက်” (No) တစ်ခုခုသာပြောလိုက်တဲ့၊ အဲဒါနဲ့တင် “ဟာရားရှော”ဆိုတဲ့ဂရိတ်ဖိုးတန်းရသတဲ့။ အခြေအနေကပိုဆိုးသွားပါလား။ အဲဒါကြောင့်သူတို့တစ်တွေ မအားမယား လျှောက်အော်နေနိုင်တာကိုး။ ကဲ .. ဒီလိုပဲလုပ်လိုက်ကြရ အောင်လေ။ ပြောချင်ရာပြော“ဟားရားရှော”ပေါ့။ “လျှာရှည်” ရင်ထပ်လေးပြန်ပြီဗျာတို့။ အင်း .. နဲနဲလေးပိုသိတဲ့ဒုတိယတစ်ယောက်က ပထမဆိတ်ဗိုလ်လေးလောက်တော့မစွာရှာဘူး။ ဒါပေမယ့်အဲဒီဗိုလ်လေးက၊ သူလည်းဒီဘလော့မှာ ရေးထားတာတွေမကြိုက်ပါဘူးတဲ့။ ကျွန်တော်မျိုးသူတို့အကြိုက်လုပ်တာမဟုတ်တော့ .....
ကျွန်တော်ဘာမှဆက်မပြောတော့ပါခင်ဗျား။ စိတ်ဝင်စားသူများ၊ အောက်မှာ Download လုပ်ယူပြီးကြည့်နိုင်ပါတယ်။
အဟမ်း: ကောင်းသောညပါ 5 Oct 07, 05:27
အဟမ်း: အိုကေဗျာ 5 Oct 07, 05:26
အဟမ်း: သူတို့က အတင်းလို ရေးတော့ စစ်သားလည်း စည်းရုံးလို့ မရ..နားကျည်းကုန်တာပဲ ရှိတယ် 5 Oct 07, 05:26
အဟမ်း: ပြီးတော့ ဘလော့တွေကလည်း သတင်းကို သတင်းလိုပဲ ရေးစေချင်တယ် 5 Oct 07, 05:26
မြန်မာလူငယ်: ကဲ လစ်တော့မယ်ဗျာ။ နောက် ဆုံကြသေးတာပေါ့။ 5 Oct 07, 05:26အဟမ်း: အဲလို ဖြစ်ကုန်တော့ နာကျည်းကုန်တာပဲဗျို့ 5 Oct 07, 05:25
မြန်မာလူငယ်: ဆဲကြတာတွေကတော့လည်း တကဏ္ဍပေါ့ဗျာ။ နှစ်ဖက်စလုံးက ဆဲနေကြတော့လဲ ခက်တယ်။ စိတ်ကို ဆဲတာနဲ့ ထွက်ပေါက်ပေးနေကြသလားတော့ မပြောတတ်ဘူး။ 5 Oct 07, 05:24အဟမ်း: အမုန်းတရားတွေ ပဲ တိုးလာတာပဲ အဖတ်တင်တယ် 5 Oct 07, 05:24အဟမ်း: တယုသန် အရပ်သား နဲ့ စစ်သားလည်း ရှိမှာပေါ့ဗျာ။ ကိုယ်ခံရလို့ ပြန် အော်ဟစ်နေတာ 5 Oct 07, 05:23အဟမ်း: စီပုန်းတွေ မှာ အော်ဟစ် ဆဲနေမဲ့ အစား မေတ္တာ တရားနဲ့ လိုက်ဆွေးနွေးစေချင်ပါတယ် 5 Oct 07, 05:23
မြန်မာလူငယ်: ဒီစကားကြားရတာ ၀မ်းသာပါတယ်။ 5 Oct 07, 05:22
အဟမ်း: ကျွန်တော် အမျိုးတွေ အဖေတွေ အမေတွေ လည်း ပြည်သူပဲဗျာ။ ကျွန်တော် ဘယ်လုပ်ရပ်ပမလည်း 5 Oct 07, 05:22
မြန်မာလူငယ်: ကျနော်ထင်ပါတယ်ဗျာ။ တခြားသော သာမန်ပြည်သူတွေလဲ အဲဒီလိုပဲ ခံစားနေရမှာပါ။ သူတို့လိုချင်နေတာ သူတို့အပေါ်ထားတဲ့ စေတနာပါ။ ရိုးရိုးလေးပါပဲ။ 5 Oct 07, 05:21
အဟမ်း: ကျွန်တော် လည်း ပြည်သူပါပဲ။ ပြည်သူတာဝန် ထမ်းဆောင်ချင်လို့ တပ်ထဲဝင်ခဲ့တာ။ ပစ်တာခက်တာ မျိုးတော့ ကျွန်တော် တသက် ပြည်သူကို မလုပ်စေရဘူးလို့ ကျိမ်းထားပါတယ် ဘုရားမှာ 5 Oct 07, 05:21
မြန်မာလူငယ်: ဒီတော့ ခင်ဗျားသာ တကယ်ကို စစ်သား တယောက်ဆိုရင် ပိုဝမ်းသာပီပေါ့။ ခင်ဗျားလို စစ်သားမျိုးတွေ တပ်ထဲမှာ များများ၇ှိလာရင် ကျနော်တို့ ခံစားချက်တွေကို နားလည်သူ များများရှိပီပေါ့။ 5 Oct 07, 05:20
အဟမ်း: သေချာပါတယ်။ ကျွန်တော် စစ်သားပါ 5 Oct 07, 05:19
အဟမ်း: ဆွေးနွေးသင့်ပါတယ် 5 Oct 07, 05:19
မြန်မာလူငယ်: အခု ကျနော် ခင်ဗျားကို မသိဘူး။ ခင်ဗျားပြောပုံအရ စစ်တပ်ကလို့ ခန့်မှန်းမိတယ်။ ဒါပေမယ့် မသေချာဘူး။ ဒါပေမယ့် ကျနော်အခု ပြောနေတာကို နားလည်မှုပေးလိုက်တာနဲ့တင် အားတော်တော်ရှိသလို ဖြစ်တယ်။ 5 Oct 07, 05:19
အဟမ်း: စဉ်းစားသင့်ပါတယ် 5 Oct 07, 05:19
အဟမ်း: သေချာပါတယ်
Read more...