Thursday, December 27, 2007

မြောင်းထဲရောက်မယ့် ခေတ်သစ် Brutus နဲ့ ဦးစောလက်သစ်များ မှတ်သားရန်

ကိုင်း... ရေးစရာရှိတော့လည်း မောင်xyz တို့ရေးရပြန်တာပ။ မောင်xyz ကတော့ ဘလော့ခ်လောကထဲကို ခြေချကတည်းက ရှင်းရှင်းလင်း လင်းပြောပြီးသားပါ။ ခံယူချက်ကတော့ ရှင်းပါတယ်။ လွတ်လပ်တဲ့ လူ့ဘောင်အဖွဲ့အစည်းကို ယုံကြည်တဲ့extreme liberal တစ်ယောက် ဆိုတာ။ အဲ .. ဒီမိုကရေစီဆိုတာ စာရွက်ပေါ်ပဲရှိရှိ ဘယ်နားပဲရှိရှိ ယုံပါတယ်။ မောင်xyz က ဘယ်ပါတီဝင်မှ မဟုတ်သလို ဟိုခြံခုန် ဒီခြံခုန် တဲ့စားဖားတွေ တောင်အပင်၊ မြောက်အပင်အပင်ခုန်တဲ့ မျောက်ကမြင်းတွေကို အင်မတန် ရွံပါတယ်။ ဒီနေ့ထိ မောင်xyz ၀င်ထားတဲ့ ပါတီ က တစ်ပါတီတည်း ရှိပါတယ်။

သန်းရွှေ ခေါင်းဆောင်တဲ့ “နအဖ စစ်မိစ္ဆာ ပြုတ်ကျရေး” ဆိုတဲ့ပါတီပါ။ အဲ.. ဘယ်တုန်းက ထောင်ထားတဲ့ ပါတီလဲ၊ ဘယ်သူတွေ ခေါင်း ဆောင်လဲ သိချင် ပြောပြပါဦးမယ်။ နအဖကို သောက်မြင်ကပ်နေတဲ့လူတွေ၊ နအဖရဲ့အောက်ဆွဲတွေကို အပြုတ်တိုက်မဲ့လူတွေ၊ ကိုယ်ထူ ကိုယ်ထ ခေါင်းဆောင်ထားတဲ့ပါတီပါ။ ဘယ်သူမှ ပါတီဝင် လျှောက်လွှာတင်စရာ မလိုပါဘူး။ အသင်းဝင်ဖြစ်ဖို့လဲ လွယ်ပါတယ်။ နအဖ နဲ့ နအဖ အောက်ဆွဲတွေကို တွေ့ရာနေရာမှာ သမဖို့လိုပါတယ်။ ကိုင်း.. ဒီလောက်ဆို မောင်xyz ဘယ်သူလဲဆိုတာ သိလောက်ပြီ ထင်ပါ တယ်။

စိတ်မပူပါနဲ့၊ ရှေ့လျှောက် နအဖရဲ့သောက်တလွဲလုပ်ပုံတွေ နအဖရဲ့ အောက်ဆွဲတွေရဲ့ဖားချက်တွေကို ပီပီပြင်ပြင်ရေးသား တင်ဆက် နေဦးမှာပါ။ ရေးဖို့သမိုင်းပေး တာဝန်ကလည်း ရှိတယ်မဟုတ်လား။ ဒီနေ့ထိ ပြည်သူလူထုဆိုတာကို ခပ်တုံးတုံး ဆူလွယ်နပ်လွယ်လို့ ထင် ရင်တော့ မှားမည်ပ။ ပြည်သူလူထုကို ယနေ့ထက်တိုင် သစ္စာမဖောက်၊ ကျောမခိုင်းတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကိုလည်း လေးစားနေ ဦးမှာပါ။ အဲ .. တိုင်းပြည်နဲ့ ပြည်သူလူထုကို နှိပ်စက်ညှင်းပမ်းပြီးမှ တိုင်းပြည်နဲ့ ပြည်သူလူထုကို ဒုက္ခပေးနေတဲ့ နအဖရဲ့“ စောက်ထုံ” ဖြစ် မှုတွေကိုလည်း မမေ့မလျော့ တင်ဆက်သွားမှာပါ။ ကိုင်း.. ဒီလောက်ဆို မောင်xyz ဘယ်သူလဲဆိုတာတော့ သိသင့်ပြီထင်ပါတယ်။

Personal attack မလုပ်ပါဘူးပြောပြီး ရေးသမျှက ပုဂ္ဂိုလ်ရေးရာအရ အောက်တန်းကျကျ ပြောဆိုတတ်သူများဟာလည်း နောက်ချီးပုံမှာ သာပျော်တဲ့ နောက်ချီးပိုးတွေပဲ ဖြစ်နေဦးမှာပါ။ ကိုယ့်ရဲ့ခပ်ညံ့ညံ့ မပြည့်မှီတဲ့ အရည်အချင်းတွေကို ဖုံးကွယ်ဖို့အတွက် အောက်တန်းကျ ကျ နောက်ဆွယ်က တိုက်ခိုက်တယ်ဆိုတာ အပေါစား သွေးကြောင်သူတွေရဲ့ အကောင်းဆုံးအရည်အချင်းပါ။ မောင်xyz ကတော့ နအဖ မကောင်းဘူးပြောတယ်။ သောက်သုံးမကျဘူးပြောတယ်။ ဘာတွေဘယ်လိုကြောင့် ဒီလိုပြောရတယ်ဆိုတာတွေကို တစ်ခါတည်းပြောပြီး သားပါ။

ကျနော်သိတဲ့ (၈၈) ခေါင်းဆောင်တွေဟာ ပြည်သူတွေဆီက ထမင်းလုပ်လုမစားပါ။ ပြည်သူတွေမျက်ရည်ပေါက်ကြီးငယ်ကျပြီးမှ ရတဲ့ဝင် ငွေနဲ့လည်း ပျော်ပါးမနေပါ။ သာမန်လူတွေ မခံစားနိုင်တဲ့ ဒုက္ခဆင်းရဲ အမျိုးမျိုးကို ရင်စည်းခံပြီး နိုင်ငံအတွက်ပေးဆပ်နေကြတာပါ။ နှစ် ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရပြီးချိန် နေအိမ် အကျယ်ချုပ်နဲ့ နေကြရပြီးချိန်မှာတောင် ပြည်သူတွေအတွက် မပျက်မပြားတဲ့ စိတ်ဓါတ်နဲ့ ရပ်တည်ပေးခဲ့ကြတာတာကို မောင်xyz တို့လို ပြည်သူတွေက အမြဲတမ်းပဲ ကျေးဇူးတင်နေမှာ ဖြစ်ပါတယ်။ ကျော်ကြားတဲ့ ခေါင်းဆောင်၊ ပြည်သူတွေအလေးအမြတ်ထားခြင်းခံရတဲ့ ခေါင်းဆောင်တွေဆိုတာကို အမြဲတမ်းတိုက်ခိုက် အပုတ်ချမယ့် မိစ္ဆရိယ စိတ်နဲ့ မကောင်းကြံ မယ့် ခပ်ညံ့ညံ့လူတွေ သမိုင်းစဉ်တစ်လျှောက် ရှိခဲ့ပြီးသားပါ။ ဆီဇာကို Brutus လို သစ္စာဖောက်တွေက အကောက်ကြံတယ်။ ဗိုလ်ချုပ်ကို နိုင်ငံရေးနယ်ပယ်မှာ မယှဉ်နိုင်တဲ့ ဦးစောကလုပ်ကြံတယ်။ ဒီလိုလူတွေ သမိုင်းခေတ် အဆက်ဆက်မှာ ရှိခဲ့ပြီးသားပါ။

နောက်လဲရှိလာနေဦးမှာပါပဲ။ ကိုယ့်သမိုင်း ကိုယ်နာမည်မဖော်ရဲမယ့် လူတွေအတွက်တော့ ဒီလိုနည်းတွေပဲ လုပ်တတ်တာမို့ လုပ်ကြပါ လိမ့်ဦးမယ်။ မောင်xyz တို့ကတော့ ဒီလိုနိုင်ငံရေးဝဲစားတွေကို သနားပါတယ်။ ဒီလိုမျိုးစာတွေကို ရေးရင်းနဲ့ပဲ (၈၈) ခေါင်းဆောင်တွေကို အပုပ်ချနေရင်းနဲ့ပဲ အရှင်ထွက်ကြီးမောင်ခင်ညွှန့်နဲ့ ထောက်လှမ်းရေး ဂိုဏ်းတစ်သိုက် ဘာတွေဖြစ်နေကြပြီလဲဆိုတာ တစ်ချက်လေ့လာ လိုက်ပါ။ ယူတတ်ရင် သံဝေဂ ယူစရာပါ။

နောက်ဆုံးအနေနဲ့ နိုင်ငံရေးအရ အောက်ကြေးနှိုက်နေတဲ့လူတွေ သတိချပ်ဖို့ကတော့ ပြည်သူဆိုတာ ငတုံး ငအ တွေလို့ ထင်ရင် တက် တက်စင်အောက်လွဲသွားမယ် ဆိုတာပါပဲ။ ပြည်သူရဲ့ချစ်ခင်မှုကိုးစားမှုတို့ကို လိုချင်ရင် တောင်းဆိုနေလို့မရပါဘူး။ အလုပ်နဲ့ သက်သေပြ လိုက်ကြပါ။ ကျုပ်တို့လို သာမန်ပြည်သူတွေကတော့ ဒေါ်စုလို ကိုမင်းကိုနိုင်လို ဦးဝင်းတင်တို့လိုလူတွေကို လေးစားမြဲလေးစားနေမှာပါပဲ။ ကိုယ့်ဟာကို နအဖကို ဖော်လံဖားလေးဖားရင် လမ်းဘေးပဲ ရောက်ဖို့ရှိပေမယ်လို့ ပြည်သူတွေလေးစားတဲ့နိုင်ငံရေးခေါင်းဆောင်တွေကို နောက်ဆွယ်က အပုပ်ချနေလို့ကတော့ မြောင်းထဲပဲရောက်ဖို့ရှိကြောင်း သတိပေးလိုက်ပါရစေဗျို့။ ခံယူချက်မရှိတဲ့ အပေါစားတွေဟာ မျိုး တူရာ တူရာ စုသွားတာ သဘာဝကျပါတယ်။ အချိန်တန်ရင် ဘယ်သူတွေဟာ ဘယ်လိုလူမျိုးဆိုတာ ပြလာတာမို့ သိပ်အံ့သြစရာမရှိပါ။

အော် .. နောက်ဆို မောင်xyz လို သာမန်ပြည်သူတွေကို လျှော့မတွက်ဖို့ သတိပေးလိုက်ပါရစေ။
(အမှန်တရားတွေရေးလို့ သိပ်နာသွားတယ်ဆိုရင် မောင်xyz ကို ကော့မင့်မှာ ပြန်လာပြောပေးပါ။ ဒါမှမဟုတ်လဲ C box ကနေ အော်သွား ပေါ့ဗျာ။)

XYZ


Read more...

Monday, December 10, 2007

ပြောင်လျှာရှည်တို့ကတဲ့ဇာတ် (၁၃)

“ သြော် .. ဗိုလ်သန်းရွှေ.. ကျပ်ပြေးမှာရူးပါပေါ့ .. ငရဲကိုသာလေ.. သွားဖို့အရေး အဆင်သင့်ပါပေ..၊ ဆေး..မမှီနိုင်ပါ.. ဘိုးတော် talking အလကား ... အို.. မသာ တကယ်ဖြစ်မလေ .. အိုး ဟိုးဟို အိုး .. ဗိုလ်သန်းရွှေ.. ”

“ ရတုန်းမှာကွယ်.. ရသလောက်သာခိုး.. ဒို့မြန်မာတွေ ခွေးဖြစ်မတတ် ... ရောက်ရာ အရပ်မှာ.. ချီးကျသလေ.. ဘ၀င်ဆူ .. ရင်ပူ .. ရွာသား မြို့ရောက် အဆင်မပြေပေ... ပေ .. ပေ .. ပေ .... ”

လျှာရှည် ။ ။ “ ဟိုး..ဖြောင်း ဖြောင်း ..(လက်ခုပ်တီးတာ) ကြည့်စမ်းပါအုံးဗျာ..၊ မင်းသားကိုတေဇကသွားတာကောင်းလိုက်တာ..၊ (သြော် ..ဒေ၀စ္ဆရာ) အလိုက်ကလေးနဲ့ ဘယ်လောက်နားဝင်ချိုလဲ.. ကောင်းတယ်ဗျာ.. ဘယ်လောက်ကောင်းသလဲဆို.. ပြောပြမတတ် အောင်ပါပဲဗျာ.. ပြောပြမတတ်အောင်ဆိုတာကလည်း ဘယ်လိုပြောရမှန်းကိုမသိလို့ .. ပြောကိုမပြောပြတတ်တော့ဘူး.. ဘူး..ဘူး..ဘူး..”

(ပြောင်ရှည် ကြားဝင်လုပြီးပြော)

ပြောင်ရှည် ။ ။ “ ဟ.. မင်းသမီးကတာမှ တကယ်ကောင်းတာဗျာ.. ကြည့်စမ်းဘယ်ကစပြောရမလဲတောင်မသိဘူး..၊ ပြောမထွက်နိုင် လောက်အောင်ကို ကောင်းတယ်ဆိုတော့ ပြောကို ပြောမပြတတ်တော့ဘူးဗျာ ... ”

လျာရှည် ။ ။ “ ပြောင်ရှည် .. မင်း.. ဒါသက်သက်လုပ်တာ..၊ ငါမင်းသားကိုအားပေးတာကို မင်းကမင်းသမီးဆိုပြီး လာပြိုင်တာလား ..ဒါ .. စိန်ခေါ်တာလား .. ဟေ .. ”

ပြောင်ရှည် ။ ။ “ မင်းကဘယ်လိုထင်လို့လဲ..၊ ဒို့မင်းသမီးလည်း အကကောင်းတဲ့အကြောင်းငါ့မှာ ပြောပိုင်ခွင့်မရှိဘူးလား..၊ မင်း ..မင်းသားပဲ ကောင်းတယ်ဆိုပြီးမင်းက ပရိသတ်ကိုကြော်ငြာချင်တာလား..၊ ဒါ လုံး...၀ မတရားဘူး ..။ ”

လျှာရှည် ။ ။ “ အော်.. ဒီလိုလား..၊ ရတယ်ကိုယ့်လူ ..၊ ဒါဆို မင်းနဲ့ငါ တစ်ဘက်စီခွဲပြီး နေမယ်..၊ ငါကမင်းသားဘက် ..၊ မင်းက မင်းသမီးဘက် ..၊ ကိုင်း ... ဘယ်လိုလဲ ..”

ပြောင်ရှည် ။ ။ “ အိုး .. ဟိုး ..၊ စိန်လိုက်လေ ...ပြောနေကြာတယ်.. လုပ်..၊ စခွဲမယ် .. ”

လျှာရှည် ။ ။ “ အိုကေကြိုက်တယ်ဗျာ..၊ ခလယ်ကနေပြီးတောင်ခွဲအုံးမယ်..။ မင်း မင်းသမီးဘေးဖယ်ခိုင်းထား..၊ ငါ .. နှစ်ပိုင်းခွဲရင် မလွတ်မှာစိုးလို့ (လျှာရှည် လက်ဖ၀ါးနှစ်ဖက်ပူးပြီး နှစ်ပိုင်းခွဲနေ) ဟော ... ခက်ပါရော ..၊ ရှေ့ဆုံးတန်းက လိပ်ခါးဖားဖင် ကတော်ကြီး တွေက မင်းလမ်းကိုပါပိတ်ပြီးထိုင်နေတယ်..၊ ဘယ်လိုခွဲရမှန်းမသိတော့ဘူး ..”

(အဲဒီအချိန်မှာ လူကြီးတွေက ကတော်အသီသီးကို “ အင်း .. ဟုတ်သားပဲ အလယ်ကနေပြီး ခွထိုင်နေလို့မရဘူး ဖယ်ပေးလိုက် ..” ဆိုမှပဲ လျှာရှည် နှစ်ပိုင်းခွဲခြင်းကိစ္စပြီးသွားတော့တယ်)

လျှာရှည်ဆက်ပြော..

“ ကိုင်း ကိုယ့်လူခွဲပြီးသွာပြီ အခုစပြီးပညာပြိုင်မယ်..၊ လေဒီ first ဆိုတဲ့အတိုင်းပဲ ..၊ မင်း..မင်းသမီးအလှည့် ...ကဲ ..စပေတော့ကိုယ့်လူ..”

ပြောင်ရှည် ။ ။ “ မင်းသမီးကြားတယ်မဟုတ်လား..၊ စိန်ခေါ်နေပြီ ..၊ မင်းသမီးတွေတတ်အပ်တဲ့ပညာတွေပြပေတော့ဗျာ .. ”

မင်းသမီး ။ ။ “ ကိုပြောင်ရှည်ရေ .. ”

ပြောင်ရှည် ။ ။ “ မလစ်လပ်ကြောင်းပါဗျာ.. ”

လျှာရှည် ။ ။ “ လစ်ရင်ခိုးမဲ့အကောင်

ပြောင်ရှည် ။ ။ “ ဟေ့ကောင်.. ဒါ .. ငါတို့အလှည့်ကွ..၊ မင်းပါးစပ်ပိတ်ထားစမ်း .. ”

မင်းသမီး ။ ။ “ ဒီလိုကိုပြောင်ရှည်ရဲ့ ..၊ နှစ်ပါးဂွင်ဆိုတာ ..အမှန်တော့ မင်းသားက အခရာပေါ့ရှင် ..၊သူကဇာတ်ဆရာကိုး..၊ ဒါပေမဲ့ ကျမတို့မင်းသမီးတွေမပါရင်လည်းဘယ်ကောင်းမလဲ.၊ မင်းသားကို နပုလိမ်လို့ ပရိသတ်ကပြောမှာပေါ့ ..”

ပြောင်ရှည် ။ ။ “ မှန်လိုက်လေဗျာ ဒို့မင်းသမီးဂွတ်တယ်ကွာ .. ”

လျှာရှည် ။ ။ “ အေး.. ဒို့မင်းသားအလှည့်ကျမှတွေ့မယ် .. ”

မင်းသမီး ။ ။ “ ဒီတော့ ကျွန်မတို့မင်းသမီးတွေက ကိုရွှေချောမင်းသားကို အားအင်တောင့်အောင် ပံ့ပိုးပေးရတယ်လေ..၊ ဒါကြောင့် မင်းသမီးတွေတတ်အပ်တဲ့ ပညာ (၁၂)ရပ်ဆိုတာကို ရှေးပညာရှင်ကြီးများကဟောသလို ချမှတ်ခဲ့တယ်ရှင် ... ”

ပြောင်ရှည် ။ ။ “ ရှင်းစမ်းပါအုံးဗျာ .. ”

မင်းသမီး ။ ။ “ (ဇာတ်သံဖြင့်) ပိုး မွေး မျှော် ခေါ် အောင် ဇော် လု ဘ ရူး အ သေ ပစ် .. တဲ့ ကိုပြောင်ရှည်ရဲ့ ... ”

ပြောင်ရှည် ။ ။ “တစ်ခုစီကိုရှင်းပါအုံးဗျာ .. ”

မင်းသမီး ။ ။ “ ပိုးဆိုတာကတော့ မင်းသမီးတွေရဲ့နောက်ပိုးတတ်တဲ့ပညာပေါ့ရှင်..၊ ဒါမှလဲ အကိုကာလသားတွေက အားပေးကြမှာ ပေါ့..။ ဒါကြောင့်ပိုးတတ်ဖို့လိုတယ် ..၊ပိုးတဲ့နေရာမှာလည်းအိနြေ္ဒပျက်အောင် မပိုးရဘူး..၊ မြန်မာအမျိုးသမီးပီသစွာ အိနြေ္ဒနဲ့ပိုးရတယ်..၊ ဒါမှလည်း တန်ဖိုးထားကြမယ်မဟုတ်လား ကိုပြောင်ရှည်ရဲ့ ... ”

ပြောင်ရှည် ။ ။ “ မင်းသမီးပိုးပြလိုက် ..၊ ဟိုအကောင်တွေသိသွားအောင် .. ”

မင်းသမီး ။ ။ “ ဟောသလိုပိုးတာကတော့ (မျက်လုံးလေးတချက်ဝှေ့ပြီးကစားလိုက်..၊ လျှာရှည်တို့မင်းသားနဲ့ ကာလသားပရိသတ်ကြီး အူယားဖားယား ကွစိကွစိပေါ့ဗျာ) ဒါကကျွန်မတို့မင်းသမီးတွေရဲ့ အညတရ ပိုးနည်းပေါ့ရှင် .. ”

ပြောင်ရှည် ။ ။ “အော်..ပိုးနည်းတောင် အညတရရှိသေးတယ်နော်..၊ ဒါဆိုရှယ်ပိုးနည်းကကော .. ”

မင်းသမီး ။ ။ “ ဟော .. မင်းသမီးသန်တာရှည်တို့လို ပွဲတိုင်းကျော်မင်းသမီးကျတော့ ဒီလိုမပိုးတော့ဘူး .. ”

ပြောင်ရှည် ။ ။ “ ကြည့်စမ်းပါရစေဦးဗျာ .. ”

မင်းသမီး ။ ။ “ နှာခေါင်းလေးကို ဟောလို .. တရှုပ်ရှုပ်လုပ်ပြီး ပိုးတယ် .. ”

ပြောင်ရှည် ။ ။ “ မင်းသမီးပိုးနည်းက ရွာက၀က်မပိုးနည်းနဲ့တပုံစံတည်းပဲ .. ”

မင်သမီး ။ ။ “ မွေး.. ဆိုတာကတော့ ကလေးမွေးတတ်ရတယ်..၊ မမွေးဖူးပေမဲ့လည်း မွေးဖူးတဲ့သူကဲ့သို့ မွေးတတ်ဖို့လိုတယ် ..” ကြည့် .. ကျမမွေးပြမယ် .. ။ ”

ပြောင်ရှည် ။ ။ “ ကိုင်း ... ဒို့မင်းသမီး သရုပ်ဆောင်ဘယ်လောက်တော်လဲဆိုတာ ကြည့်ထား .. ”

မင်းသမီး ။ ။ “ (မင်းသမီးဗိုက်ကိုနှိပ်ပြီး ..) အောင်မလေးသေပါပြီ နာလိုက်တာလုပ်ကြပါဦး.. အောင်မလေး... အထဲကနေပြီး ခြေစုံကန်နေလိုက်သေးတယ် .. အောင်မလေးလေးတော့်..၊ အပြင်မရောက်ခင်ကတည်းက တောင်ဒုက္ခပေးနေပါပြီလား သားလေးရဲ့ အမေကိုယ်ကျိုးနည်းပါပေါ့..၊ မတတ်နိုင်ဘူး မွေးရမှာပဲ ..၊ အောင်မလေး ဗုဒ္ဓဘုရားကယ်ပါ သခင်ရေရှုကယ်ပါ အလ္လာအရှင်မြတ် ကယ်ပါ ... ) အောင်မလေး ...၊ မွေးပါတော့ ထွက်ပါတော့ ..(မင်းသမီးသရုပ်ဆောင်တာကြည့်ပြီး ပရိသတ်ကြီး လင်စိတ်သားစိတ် ကုန်သွားနိုင်တယ်) ”

ပြောင်ရှည် ။ ။ “ ဟယ်.. မွေးပြီ မွေးပြီ ... ” (မင်းသမီးမောနေမှာစိုးတာကြောင့်ပြောင်ရှည်ကအလိုက်တသိ)

လျှာရှည် ။ ။ “ (ဟိုဖက်ကနေပြီ ပြောင်ချော်ချော်လုပ်ကာ) အူဝဲ .. အူဝဲ အူဝဲ .. ”

ပြောင်ရှည် ။ ။ “ ဟော ...၊ ယောင်္ကျားလေးဗျာ (လျှာရှည်ကျောကုန်းကိုကြည့်ပြီး ကျောကုန်းမှာတောင် အမှတ်အသားလေးပါ လိုက်သေးမှန်းစမ်း ... ဗိုလ်သန်းရွှေ တဲ့ဗျာ .. အော် .. ဒါကြောင့် ဒို့မင်းသမီးဘုရားစုံ တ တာတောင် အလွယ်တကူမမွေးတာကိုး... ”

မင်းသမီး ။ ။ “ ဒါက မွေးရခက်တဲ့သားတွေ...၊ အဲဒီလို သေလောက်အောင်နာတာ .. ။ ဟောသားကောင်ရတနာလေးတွေကျတော့ သိတောင်မသိလိုက်ဘူး (မင်းသမီးကိုဝန်ကြီးကိုလွယ်ထားသည့်ပုံစံလုပ်) .. ”

ပြောင်ရှည်ကလဲအလိုက်သိပ .. “ သမီးကိုယ်ဝန်အရင့်အမာကြီးနဲ့ကွယ်..၊ ဘုရားပန်းလဲနေရသေးတယ်..၊ သတိထားဦး.. သွားနားချေ..”

မင်းသမီး ။ ။ “ဟုတ်ကဲ့အဖေ.. ” (အောင်မာ... ဟန်ကိုကျနေရော ဇာတ်တိုက်ထားသလားအောက်မေ့ရတယ် ..၊ အတိုင်အဖောက်က ဒီလိုလာတာ မင်းသမီးကိုအားဖြည့်ရမယ်လေ)

မင်းသမီး ။ ။ “ (လမ်းလျှောက်ရင်း မေတ္တာပို့နေ) ဟယ် .. ကျမဗိုက်ကြီးဘယ်ရောက်သွားပါလိမ့် ...၊ ဟော.. မွေးပြီထင်တယ်.. ”

လျှာရှည် ။ ။ “ (ထိုင်ရာကနေ ထပ်ပြောင်ပြန်ရော) အူဝဲ အူဝဲ ... ”

ပြောင်ရှည် ။ ။ “ ဟယ် ..ကလေးကကြည့်စမ်း ထိုင်တောင်နေလိုက်သေးတယ်.. ပခုံးမှာ အမှတ်သားလေးတောင်ပါလိုက်သေး ....၊ ဦးဂမ္ဘီရ တဲ့ .. ”

မင်းသမီး ။ ။ “ ဒါကတော့ ..၊ သူတော်ကောင်းလေးတွေမွေးရင် အမေတောင်မသိလိုက်ဘူးဆိုတာမျိုးပေါ့ရှင် .. ဒါကြောင့် ကျမတို့ မင်းသမီးတွေက ကလေးမွေးတဲ့ပညာကိုလည်းပြောတတ်ဆိုတတ်၊ သရုပ်ဆောင်တတ်ရတယ်ရှင် .. ”

ပြောင်ရှည် ။ ။ “ တော်လိုက်ပါပေ့မင်းသမီးရယ် .. ကိုင်း .. ဒါနဲ့ .. မျှော်တယ် .. ဆိုတာကကော ... ”

မင်းသမီး ။ ။ “ မျှော်တယ်ဆိုတဲ့ နေရာမှာ ရည်းစာမျှော် လင်မျှော် အမျိုးမျိုးပေါ့ရှင်.. လင်ယောင်္ကျားက ရုံးဝန်ထမ်းဆိုရင်
ရုံကအပြန်ကိုမျှော်ကြတယ်မဟုတ်လား..၊ ဟော..၊ စစ်သားမိန်းမဆိုရင်လည်း လင်ယောင်္ကျားရှေ့တန်းက ..၊ ခလုပ်မထိ ဆူးမငြိပဲ ပြန်လာတာကိုမျှော်ကြတာပဲမဟုတ်လား ... ”

ပြောင်ရှည် ။ ။ “ ဟုတ်တယ်မင်းသမီး ..၊ ရှေးရှေးတုံးကရုပ်ရှင်တွေထဲမှာတော့ အဲသလို မျှော်တာများတယ်၊ အခုတော့ မမျှော်ရတော့ ဘူး .... ”

မင်းသမီး ။ ။ “ ဘာဖြစ်လို့ ... ”

ပြောင်ရှည် ။ ။ “ ခလေးစစ်သားများလို့ ... ”

မင်းသမီး ။ ။ “ သူ့ခေတ်ကိုး ကိုပြောင်ရှည်ရဲ့ ..၊ ဟော .. အခုကျမတို့ကျတော့ .. ဒီလိုမျှော်ပြန်ရော .. (မင်းသမီး ဘယ်အချိန် ကတည်းက ဖွက်ထားတယ်မသိတဲ့ ရေဒီယိုတစ်လုံးကို ဖွင့်ပြီး ဟိုလိုင်းဖမ်းလိုက်၊ ဒီလိုင်းဖမ်းလိုက် ..၊ ဟိုဂျောင်မှာသွားပြီး မျက်လုံးလေး ကလယ်လယ်နဲ့ နားထောင်လိုက်...၊ ဒီဂျောင်မှာကပ်ပြီး နားထောင်လိုက်အလုပ်ကိုရှုပ်နေရော..)

ပြောင်ရှည် ။ ။ “ မင်းသမီး .. ဒါကဘာမျှော်နည်းလဲ .. ”

မင်းသမီး ။ ။ “ ဘယ်တော့များ အမေရိကန်လာတိုက်မလဲလို့ ရေဒီယိုနားထောင်ပြီးမျှော်နေတာ .. ”

ပြောင်ရှည် ။ ။ “ အော်.. ဖြစ်မှဖြစ်ရလေ မင်းသမီးရယ် ..၊ဒါပဲကြည့်တော့ပရိသတ်ကြီးရေ နောင်ဘုရားပွင့်တာတောင် မလာဘူး မင်းသမီးရဲ့ (၂၁) ရာစုမျှော်နည်းထင်ပ ..။ အရူးမတယောက်ဆီကကလေးကိုလိုချင်လို့ မိန်းမကြီးတယောက်ကတောင်းတာ ကြားဖူး တယ်..၊ အရူးမကပြန်ပြောလိုက်တာလေ ... ကိုယ်လိုကိုယ်လုပ်တဲ့ .. ”

မင်းသမီး ။ ။ “ (ခေါ်)... ဆိုတာကတော့ သရုပ်ဆောင်တဲ့နေရာမှာ လင်ကိုခေါ်တာနဲ့ သားကိုခေါ်တာတောင်မတူဘူး..။ ခေါ်နည်း အမျိုးမျိုး ကိုလေသံလေးနဲ့ သရုပ်ဆောင်တတ်ရမယ်..။ အသံနေအသံထားကလည်း မှန်ရသေးတယ်ရှင့်...။ ”

ပြောင်ရှည် ။ ။ “ ဟုတ်ပြီ.. ဘယ်လိုခေါ်လဲ .. ရည်စားကို .. ”

မင်းသမီး ။ ။ “ အစ်ကိုတော်ဘုရား (ချွဲလိုက်သေး) .. ”

ပြောင်ရှည် ။ ။ “ လင်ကို .. ”

မင်းသမီး ။ ။ “ မောင်တော်ဘုရား .. ”

ပြောင်ရှည် ။ ။ “ ဒါဆို .. သားကို .. ”

မင်းသမီး ။ ။ “ သားတော်လေး .. ”

ပြောင်ရှည် ။ ။ “ ဦးပဇင်းကို .. ”

မင်းသမီး ။ ။ “ဘုန်းဘုန်းဘုရား .. ”

ပြောင်ရှည် ။ ။ “ ဗိုလ်သန်းရွှေကို .. ”

မင်းသမီး ။ ။ “ ကာလနာ .. ”

ပြောင်ရှည် ။ ။ “ မင်းသမီးရယ် ဘယ့်နဲ့ ကာလနာရတာတုန်း ..၊ ဘုရင်ထီးဖရားဆိုမဖြင့်ဆိုပေါ့ ..ဘယ်နှယ့်ဗျာ ... ”

မင်းသမီး ။ ။ “ ဘယ်သူမှမကြိုက်ပဲ မင်းတက်လုပ်ရင် ဇာတ်စကားအရ ကာလနာပဲ.. ”

ပြောင်ရှည် ။ ။ “ အော် .. မှတ်သားလောက်ပါတယ်ဗျာ .. ”

(မှတ်ထားကြနော် ခေါ်နည်းအမျိုးမျိုး)

ပြောင်ရှည် ။ ။ “ အောင် ဆိုတာကကော .. ”

မင်းသမီး ။ ။ “ မအောင်ဖြူဇာတ်ကိုလဲနိုင်နိုင်နင်းနင်းကတတ်ရတယ်လို့အဆိုရှိတယ်..။ မအောင်ဖြူဘယ်လိုကပြီး သရုပ်ဆောင် သွားလဲတော့ မသိဘူး ဟိုဘက်ရွာက မင်းသားစိန်အောင်ကြည် ဇာတ်ကတော့ဇာတ်ခေါင်းကွဲတော့မယ် ... ”

ပြောင်ရှည် ။ ။ “ အင်းဗျားကြားရတာစိတ်မကောင်းစရာပဲ ..၊ စိန်အောင်ကြည်ရဲ့ဆရာ ဇာတ်သဌေးကဒီလောက်ချမ်းသာတာတောင် ဇာတ်ခေါင်းကွဲအောင်လုပ်လိုက်တယ်ဆိုတော့ ... သူဇာတ်သူဇာတ်သားတွေ ထမင်းငတ်ပြီးရင်းငတ်ပေါ့ဗျာ ...။ ”

မင်းသမီး ။ ။ “ ဇော်ဆိုတာကတော့ ဇော်ကကတတ်ရတယ်...၊ ဟောသလိုကရတယ်ရှင် (ရွာစားကဇော်တီးလုံးလေးနဲ့ပေါ့ဗျာ..၊ မင်းသမီးကလည်းဇော်ဂျီဆေးကြိတ်တဲ့ဟန်နဲ့က ...)

လျှာရှည် ။ ။ “ မင်းသမီး ကြည့်လဲကြိတ်ဦး..၊ ကျောက်ပြင်မှားပြီး ကြိတ်မိအုံးမယ် မျောက်ကနေလားအောက်မေ့ရတယ်..၊ ”

ပြောင်ရှည် ။ ။ “ မင်းကလည်း သဏ္ဍန်လုပ်သရုပ်တူပါတယ်ဆိုမှ..၊ ပစ္စည်းမရှိပဲကြိတ်ရတာ လွယ်တယ်မှတ်လား...၊ ပစ္စည်းရနိုး.. ရနိုးနဲ့ မျှော်တလင့်လင့် ဆင့်ဘာကို ခွေးကမျှော်ဆိုတဲ့အတိုင်း ကြိတ်နေတဲ့ကောင်တွေအများကြီးကွ..၊ ဒါကြောင့်မင်းကို ဆင်ကန်း တောတိုးစွေစောင်းမျိုးက သောက်ချိုးမပြေမောင်လျှာရှည်လို့ပြောတာပေါ့ကွယ်..၊ ကောင်းကောင်းကိုမမြင်တတ်ဘူး ဇော်ကနေတာလား မျောက်ကနေတာလားဆိုတာရှင်းနေတာပဲ..၊ မင်းနဲ့ကျမှကွာ ဇော်ကိုမျောက်ဖြစ်အောင်ပြောတတ်တယ် ..၊ ဇော်ဂျီအကပဲ ရှိတယ် ..။ ဇော်ကမျောက်လိုကနေရင်ပွဲပျက်ပြီမှတ် ..၊ ဇော်မျောက်အကဆိုတာမရှိဘူး လျှောက်လိုက်ပြောမနေနဲ့ ... အေးအေးဆေးဆေး ထိုင်ကြည့်နေကြားလား ... ။ ” (လျှာရှည်တယောက်ငြိမ်သွားပါရဲ့) မင်းသမီးကလည်းသူ့အစွမ်း ၁၂ ရပ်မပြီးနိုင်သေးဘူးဗျား..

ပြောင်ရှည် ။ ။ “ လု .. ဆိုတာကကော ... ”

မင်းသမီး ။ ။ “ လု.. ဆိုမှာတော့ ဘယ်ပြန်ပေးတော့မလဲ..၊ မပေးချင်လို့ လုပါတယ်ဆိုမှ .. ”

ပြောင်ရှည် ။ ။ “ မင်းသမီးပညာခန်းကလဲ ကြောက်စရာကြီး ပညာ (၁၂) ရပ်ထဲမှာတော့ ဒီလိုလုတယ်မထင်ပါဘူး.. ”

(မင်းသမီးလဲခပ်မြန်မြန်ပြီးချင်နေတဲ့ဆန္ဒရှိတယ်ထင်ပ.. လု တာလေးကိုမှုန်ဝါးဝါးနဲ့ ညာချလိုက်ရော..)

ပြောင်ရှည် ။ ။ “ ဘ .. ဆိုတာကရော .. ”

မင်းသမီး ။ ။ “ ဘီလူးအက ... ဘီးလူးအပြော နိုင်ရတယ်ရှင် .. ”

ပြောင်ရှည် ။ ။ “ ဒါဆို ကပြ ပြောပြပါလား .. ”

မင်းသမီး ။ ။ “ နအဖ ကတာကျွန်မထက် သာတယ်ရှင်.. သူတို့ကတာပဲထိုင်ကြည့်တော့ .. ”

(သြော် .. သြော် .. ဟုတ်မှာပေါ့..)

ပြောင်ရှည် ။ ။ “ ရူး ဆိုတာကျတော့ ... ”

မင်းသမီး ။ ။ “ ရူးပါတယ်ဆိုမှ ရူးတတ်ရမှာပေါ့ ... ”

ပြောင်ရှည် ။ ။ “ ဒါဆို ရူးပြလေကွယ် .. ”

မင်းသမီး ။ ။ “ ရူးနည်းအကုန်တတ်တယ် ..၊ တစ်ခုပဲမတတ်တာ နအဖရူးနည်း ... ”

ပြောင်ရှည် ။ ။ “ ဘယ်လို .. ”

မင်းသမီး ။ ။ “ အာဏာရူးလေ .. ”

(ပရိသတ်ကြီးရေ .. ဘယ်သူတွေဘယ်လောက် ရူးနေကြပြီဆိုတာ လယ်ပြင်မှာဆင်သွားသလိုပါပဲ ထိုင်ကြည့်ကြပေါ့)

ပြောင်ရှည် ။ ။ “ အ .. ဆိုတာကကော .. ”

မင်းသမီး ။ ။ “ အ .. ဆိုတာက အ' တတ်ရတယ်၊ စကားမပြောပဲ .. အမူအယာနဲ့လည်း သရုပ်ဆောင်တတ်ရတယ် .. ”

ပြောင်ရှည် ။ ။ “ ဘယ်လိုသရုပ်ဆောင်တာတုန်း .. ”

မင်းသမီး ။ ။ “ စိန်ကျော်ဆန်းကိုသာသွားမေးကြည့်တော့ ..၊ မေးသမျှ အ အ 'လိုပဲပြောတတ်တာ ကျွန်မထက်သာတယ်ရှင့်.. ”

(ကိုင်းပရိသတ်ကြီး အ အ နဲ့ စကားပြောမှတော့ အချိန်ကုန်ဖို့ပဲရှိပြီဗျာ)

ပြောင်ရှည် ။ ။ “ သေ တယ်ဆိုတာက သေတာကိုပြောတာလား .. ”

မင်းသမီး ။ ။ “ မှန်လိုက်လေရှင်ရယ်..၊ သေတာကိုသရုပ်ဆောင်ရင်လည်းသေနည်းအမျိုးမျိုးတတ်ရတယ်ရှင့်..။ အာဇာနည်ခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတို့များသေသွားတော့ ဒီလိုပြုံးပြုံးလေး ..၊ ဒါကပြည်သူချစ်သောသေနည်းမျိုး..၊ စည်လိုက်တာ သောက်သောက်လဲ (၁၉) ဇူလိုင်မမေ့နိုင် .. တဲ့ ..၊ (မင်းသမီးပြုံးပြီးသေပြလိုက်သေးတယ် အမူအရာကောင်းပဗျား) ...၊ ဟော ....၊ တချို့ဆို ပြည်သူတွေမုန်းတော ..့ မသေခင်ကကိုကြက်သရေမရှိတော့တာ ..၊ သေရင်တော့ဘယ်လောက်ဆိုးလိုက်မဲ့ပုံစမ်းမျိုးဆိုတာကို ကျွန်မ မင်းသမီး သရုပ်မဆောင်တတ်တော့ဘူး အဲဒါကစာနဲ့ပဲပြောမှရမယ် .. ”

ပြောင်ရှည် ။ ။ “ ဘယ်မှာရှာဖတ်ရမလဲလုပ်ပါဦး ... ”

မင်းသမီး ။ ။ “ မြန်မာ့အလင်းနဲ့ ကြေးမုံမှာသာ ဖတ်တော့ နေ့တိုင်းကြော်ညာနေတာ ... ”

ပြောင်ရှည် ။ ။ “ အင်းမှတ်သားစရာပဲ ... ”

မင်းသမီး ။ ။ “နောက်တစ်ခု..ပစ်..၊ ပစ် ဆိုတာကတော့ သားပစ်၊ လင်ပစ် အစသဖြင့်ပေါ့လေ..၊ အဲဒါတွေကိုလည်းပိုင်နိုင်ရတယ်..၊ ”

ပြောင်ရှည် ။ ။ “သားပစ်ဆိုတာလေး သရုပ်ဆောင်ပြပါလား .. ”

မင်းသမီး ။ ။ “ အော် ..၊ ကိုယ်ချစ်တဲ့သားက ကိုယ့်ကို ပစ်ပြီး တခြားမိန်းခလေးနောက်ပါသွားတော့ ဖြစ်လာတဲ့ .. မိဘ ခံစားမှုမျိုး..၊ လွယ်ပါတယ် .. ” (မင်းသမီးကသရုပ်ဆောင်ပြလိုက် ဂွတ်ရှယ်ဗျား)

ပြောင်ရှည် ။ ။ “ လင်ပစ် ဆိုတာလေးရော ... လုပ်စမ်းပါဦး .. ”

မင်းသမီး ။ ။ “ ဒါကတော့ ကျွန်မတို့ မင်းသမီးတွေရဲ့ဦးသျှောင် အမေကြိုင်ကိုသာမေးပေတော့..၊ ကျွန်မတို့ထက်တော်တယ်... သရုပ်ဆောင်တာ..။ သူယောင်္ကျားကြီးဗိုလ်သန်းရွှေ အဲယားပုဂံစီးပြီးပြေးရင် သူကျန်ခဲ့မှာလေ..၊ အဲဒီအခါကြရင် လင်ဘယ်လို ပစ်သွားလဲဆိုတာ သာကြည့်ပေတော့ ..၊ အကယ်ဒမီရှော့ပဲနေမှာ .. ”

ပြောင်ရှည် ။ ။ “ ကိုင်း.. ကိုင်း ..၊ ဒို့မင်းသမီးရဲ့မင်းသမီးတတ်အပ် (၁၂) ရပ်တော့ပြီးသွားပြီ ကွယ် ... ”

လျှာရှည် ။ ။ “ ကောင်းပါလေ့ဗျာ ..၊ ဇာတ်သမားလာရင် မှတ်သားစရာပါလို့၊ ဇာတ်သမားပြန်မှတ်သားစရာကျန်တယ်ဆိုတဲ့အတိုင်းပါပဲ..၊ ချစ်စွာသောပရိသတ်ကြီးခင်ဗျား...၊ ကျွန်တော်များပြောင်လျှာရှည်ဇာတ် ပွဲခွင်ကူးရမှာမို့ နောက်မြို့များတွင် ဆက်လက်ဖျော်ဖြေ သွား မှာဖြစ်ကြောင်း၊ သတင်းကောင်းပါးလိုက်ပါတယ် ခင်ဗျား ... ။ ”

ပြောင်ရှည် ။ ။ “ ဟင် .. ဘာဖြစ်လို့တုန်း..၊ မင်း .. မင်းသား ပညာခန်းလေးတွေ ကျန်သေးတယ်လေကွယ်..၊ ဆက်ရဦးမှာလေ .. ”

လျှာရှည် ။ ။ “ ရှူး .... ဟေ့ကောင် ပြောင်ရှည် .. မင်းမသိသေးဘူးလားကွ..၊ အခုနေပြည်တော်မှာ ဘာဖြစ်နေတယ်ဆိုတာ .. ”

ပြောင်ရှည် .. လေသံလေးဖြင့် ..

“ ဟုတ်လား .. ဘာဖြစ်လို့ တုန်း .. ”

လျှာရှည် ။ ။ “ သြော် ခက်ပါပေ့ကွာ.. ဒီမှာ တို့ လူကြီး တော်တော်နေမကောင်းဖြစ်နေတယ်တဲ့ကွ..၊ မာလကီးယားသွားနိုင်တယ်..၊ သိလား..၊ အဲဒီတော့ ငါတို့က ဆူညံဆူညံ လုပ်နေလို့ မဖြစ်ဘူး..၊ ”

ပြောင်ရှည် ။ ။ “ သြော် .. ဟုတ်လား ..၊ ”

လျှာရှည် ။ ။ “ အေး.. ဟုတ်တယ်..၊ တော်ကြာနေ ငါတို့ဆက်ပြက်လို့ .. ရှောသွားရင် မကောင်းဘူးလေ..၊ ခုတောင် ရူးချင်သလိုလို ဖြစ်နေတယ်ဆိုလား..၊ ”

ပြောင်ရှည် ။ ။ “ အေးပေါ့..၊ တော်ကြာ မသာအိမ်မှာ ပွဲလာကသလိုဖြစ်နေဦးမယ်..”

လျှာရှည် ပရိတ်သတ်ဘက် တစ်ခါလှည့်ကာ ...

“ ဟုတ်ကဲ့ပါခင်ဗျာ.. ချစ်စွာသောပရိတ်သတ်ကြီးကို ..နှုတ်ခွန်းဆက်ပါတယ်။ နေပြည်တော်ကနေခေတ္တခွာလို့ .. တခြားမြို့ရွာများမှာ.. ဆက်လက်ဖျော်ဖြေ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မင်းသားလေးရဲ့ ပညာခန်းကိုလည်း အဲဒီအချိန်ကျတော့မှ ဆက်လက်ရှုစား တော်မူကြပါခင်ဗျာ ..... ”

စိန်ပြောင်ရှည်မှ .. အဖွင့်တွင်မင်သား သီဆိုခဲ့သော “ အော် .. ဗိုလ်သန်းရွှေ .. ” သီချင်းလေးနဲ့ .. ပွဲသိမ်းစေတော့သတည်း.....။

“ သြော် .. ဗိုလ်သန်းရွှေ.. ကျပ်ပြေးမှာရူးပါပေါ့ .. ငရဲကိုသာလေ.. သွားဖို့အရေး အဆင်သင့်ပါပေ..၊ ဆေး..မမှီနိုင်ပါ.. ဘိုးတော် talking အလကား ... အို.. မသာ တကယ်ဖြစ်မလေ .. အိုး ဟိုးဟို အိုး .. ဗိုလ်သန်းရွှေ.. ”

“ ရတုန်းမှာကွယ်.. ရသလောက်သာခိုး.. ဒို့မြန်မာတွေ ခွေးဖြစ်မတတ် ... ရောက်ရာ အရပ်မှာ .. ချီးကျသလေ.. ဘ၀င်ဆူ .. ရင်ပူ .. ရွာသား မြို့ရောက် အဆင်မပြေပေ... ပေ .. ပေ .. ပေ .... (တန်းလန်းနဲ့ပဲ ဤမှာရပ်) ... ”

ကိုပြောင်ရှည်ရေးသားတင်ဆက်သည်


Read more...

Tuesday, December 4, 2007

ပြောင်လျှာရှည်တို့ကတဲ့ဇာတ် (၁၂)

ပြောင်ရှည် ။ ။ “ အခုအချိန်ကစပြီး သတင်းများကိုကြော်ငြာပါတော့မယ်ခင်ဗျာ။ ”
“ သတင်းခေါင်းစဉ် ”
“ သက်တမ်းအနှစ်(၄၀) ရှိပြီးဖြစ်သော (၁၃) ကြိမ်မြောက် အာစီယံထိပ်သီးညီလာခံကြီးကို အာစီယံဒေသတွင်းရှိ ထိုင်းနိုင်ငံနဲ့ကပ်လျက်
မလေးရှားနိုင်ငံကိုကျော်ပြီး စင်ကာပူနိုင်ငံတွင် ယမန်နေ့ ကအောင်မြင်စွာ ကျင်းပပြီးစီးသွားပြီဖြစ်ရာ ယနေ့နေ့လည်ပိုင်းတွင်..
မြန်မာဝန်ကြီးချုပ် သီလ၀ါဆိပ်ကမ်းသို့ အောင်မြင်စွာဆိုက်ရောက်လာခြင်း.. ”

လျှာရှည် ။ ။ “ ဘယ်နှယ့်ကွာ .. နေပြည်တော်လေဆိပ်လုပ်စမ်းပါ.. ”

ပြောင်ရှည် ။ ။ “ မြန်မာ့လေကြောင်းလိုင်း အာမခံ မရလို့ သင်္ဘောနဲ့ အစည်းအဝေး သွားတက်တာ .. ။
..... သတင်းအစုံအလင်မှာ မြန်မာနိုင်ငံတော် ၀န်ကြီးချုပ်သည် စက်တင်ဘာအရေးအခင်းနှင့် ပတ်သက်၍ အာစီယံနိုင်ငံများမှ ၀ိုင်းဝန်း ဖိအားပေးမှာကို စိုးသောကြောင့်၊ မသွားခင် တပ်ရင်းတပ်ဖွဲ့အသီးသီးမှရဲဘော်များအား မိမိကိုယ်ပေါ်တက်ဖိစေခြင်း၊ မျက်နှာမပူစေရ အောင် မီးကသိုင်းရှုခြင်း၊ စကားမှားမပါရအောင် ၀စီပိတ်အဓိဌာန်ဝင်ခြင်း၊ မိမိစကား ပေါက်ရောက်အောင် လိပ်စားသော ပေါက်ပေါက် ဆုပ်များအားအားရပါးရစားသွားခြင်း ...။ ”

ဆက်ကြော်ငြာ..

“ ၀န်ကြီးချုပ်သည် အစည်းအဝေးအတွင်း မြန်မာနိုင်ငံရေးနဲ့ ပါတ်သက်သည်များကို အဖွဲ့ဝင်ခေါင်းဆောင်များ နားဝင်ချိုအောင် ထူးမခြားနား သီးချင်းကြီးကိုဆိုပြရာ စင်ကာပူဝန်ကြီးချုပ်က ပြန်၍ဘောလည်ပြီး ဂမ်ဘာရီကြီးကို ထွက်စေတိုင်းတော် လုပ်လိုက်သော် ဂမ်ကြီးခမျှာ ပတ်ပျိုးမဆိုနိုင်ဖြစ်သွားရ၏။ ယင်းအစည်းအဝေးသို့ ၊ နိုင်ငံအသီးသီးမှ ဟာသလူရွှင်တော်များပါတက်ရောက်ပြီး၊ ဧည့်ခံ ဖျော်ဖြေကြပုံလေးကို ဆက်လက်တင်ပြသွားပါ့မယ်ခင်ဗျား..။ ပထမဦးစွာ အိမ်ရှင် နိုင်ငံစင်ကာပူမှ နာမည်ကြီးလူရွှင်တော်မှ ဟောဒီလို စပြက်ပါတယ်ခင်ဗျား ... ”

စင်ကာပူ ။ ။ “ အားလုံးမင်္ဂလာပါ ကျွန်တော်တို့နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရတဲ့အတွက် အထူးဂုဏ်ယူပါတယ်ခင်ဗျား ..၊။ ကျွန်တော်တို့ရဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန်ပြည်ထောင်စုကို သွားရောက်လည်ပတ်ပါတယ်ခင်ဗျ ... ။ ကျွန်တော်များသတင်းစာမှာ အမေရိကန်သ္မမတကြီး မစ္စတာဘွတ်(ရှ်) နဲ့ ကျွန်တော်တို့ရဲ့ ၀န်ကြီးချုပ် ပြုံးရွှင်စွာ နှစ်ယောက်သား ..နှုတ်ဆက်နေတာကို တခမ်းတနားဖော်ပြခဲ့ပါတယ်ခင်ဗျား..။ သေချာကြည့်ရင် အရမ်းဂုဏ်ယူဖို့ကောင်းပါတယ်ခင်ဗျ။ သူတို့နှစ်ယောက် မှာ လူမျိုးကွဲပြားသော်လည်း အမွှာပူးဆိုယုံပါတယ်ခင်ဗျား..။ နှစ်ယောက်စလုံးအဖေတူကြလို့ပါခင်ဗျ..။ ကျေးဇူးတင်ပါတယ်ခင်ဗျား...။ ”

(ပရိသတ်ကြီးကလည်း တွေးရင်း ..“ အော်.. အော်.. အော်.. အော်.. အော်.. အော်.. အော် ” )

နောက်မလေးရှားနိုင်ငံအလှည့် ..၊ နာမည်ကြီးလူရွှင်တော်တစ်ယောက်တက်လာပြီး ..

“ အားလုံးမင်္ဂလာပါ..။ ကျွန်တော်တို့နိုင်ငံမှာမကြာမှီ ရွေးကောက်ပွဲကျင်းပပါတော့မယ်ခင်ဗျာ..။ အများနဲ့မတူ တမူထူးပြီး ဟန်းဖုန်းကနေ လွယ်လင့်တကူ မဲပေးနိုင်အောင်စီစဉ်ထားပါတယ်ခင်ဗျား ..။ ဟန်းဖုံး Key လေးတွေကိုနိုပ်ပြီးပေးရုံပါပဲခင်ဗျာ။ လက်ရှိ အာဏာရပါတီကို မဲပေးချင်ရင်တော့ .. ဖြင့် .. BP ဆိုပြီးနိုပ်လိုက်ပြီး Send လုပ်လိုက်ပါခင်ဗျား။ အတိုက်အခံပါတီအတွက်ဆိုရင်တော့ ဟန်းဖုန်း
Key ### 256789945678 **** ကိုလွယ်လင့်တကူအလွတ်ကျက်ပြီး Send အစား Delete Key ကိုနှိပ်လိုက်ရုံပါပဲခင်ဗျာ ...။ ကျေးဇူး တင်ပါတယ်ခင်ဗျား.. ။ ”

မြန်မာပြည်က၀န်ကြီးချုပ်ကြီးက သဘောကျပြီး .. “ ငါတို့ဆီမှာလည်းပြည်သူတွေသက်သာအောင်ဒီလိုလုပ်ပြီးပဲ မဲပေးခိုင်းမယ် ” ဆိုကာ သဘောတွေ့နေလေရဲ့ ..။ နိုင်ငံခြားရေးဌာနကလူကြီးတွေကလည်း..၊ အသဲအသန် လိုက်မှတ်နေလေရဲ့ဗျာ..။

ဟောဒီတခါအလှည့်ကျတာကတော့ ဖိလစ်ပိုင်နိုင်ငံက နာမည်ကြီးလူရွှင်တော်ဖြစ်ပါတယ်ခင်ဗျား .. ။

“ အားလုံးရွှင်လန်းကြပါစေ..။ ကျွန်တော်တို့နိုင်ငံမှာ ကျွန်းတွေအရမ်းပေါများပါတယ်ခင်ဗျာ..။ အရင်သမ္မတ ရုပ်ရှင်မင်းသားကြီးကို လက်ရှိသမ္မတက အေးအေးဆေးဆေး ရုပ်ရှင်ရိုက်နိုင်ရန်အတွက် ဘယ်ကျွန်းပို့ပြီးရိုက်ခိုင်းရင်ကောင်းမလဲလို့ အထူးတလည်၊ အရေး တယူ စဉ်းစားနေကြပါတယ်ခင်ဗျ။ ကျေးဇူးတင်ပါတယ်ခင်ဗျား...။ ”

မြန်မာပြည်က ၀န်ကြီးချုပ်ကလည်း ကောင်းလိုက်တဲ့အစီအစဉ် ဒါမျိုးလုပ်ပြီး ရုပ်ရှင်ရိုက်ခိုင်းရင်ကောင်းမယ်တဲ့ဗျာ..။

ဒီတစ်ခါအလှည့် ကျတာကတော့ အင်ဒိုးနီးရှားနိုင်ငံအလှည့်ပါခင်ဗျား။ နာမည်ကြီးဟာသလူရွှင်တော်တက်လာပြီး ..

“ ဒီလိုစကားလက်ဆောင်ပါးလိုက်ပါတယ်ခင်ဗျား..။ အာဏာရှင်ဆူဟာတို ထောင်နန်းစံရပြီလို့ လာမဲ့သက္ကရာဇ် (၂၁၀၀) တွင်အင်ဒိုနီးရှား ရုပ်မြင်သံကြားကနေ ကြေညာပေးပါ့မယ်ခင်ဗျား ..။ ကျေးဇူးတင်ပါတယ်ခင်ဗျား..။ ”

မြန်မာဝန်ကြီးချုပ်ကလည်းသဘောကျပြီး ..၊ ဒို့လည်းမြန်မာ့အသံကို ဒီလိုကြော်ငြာခိုင်းမယ်ဟေ့ .. ။

နောက်တဖန်အလှည့်ကျတာ ကတော့ထိုင်းနိုင်ငံကနာမည်ကြီးလူရွှင်တော်အလှည့်ဖြစ်ပါတယ်ခင်ဗျား...။

လူရွှင်တော်တက်လာပြီး လူကြီးမင်းများခင်ဗျာ..၊ ကျွန်တော်တို့နိုင်ငံမှာ အာဏာသိမ်းတာဟာ စစ်တပ်ကသိမ်းတာမဟုတ်ပါဘူး ခင်ဗျ..။
ဝန်ကြီးချုပ်သက်ဆင် လန်ဒန်ကပြန်ပြီး ဘောလုံးပွဲသွင်းရင် အဆင်ပြေအောင်ကွင်းလုံခြုံရေးယူပေးတာပါခင်ဗျာ ..၊ကျေးဇူးတင်ပါတယ် ခင်ဗျား... ။ ”

မြန်မာပြည်က၀န်ကြီးချုပ်ကလည်း သဘောကျပြီး .. “ အင်း .. ဟုတ်သားပဲဒို့လည်း ပြည်သူတွေ ဘော်ကန်လို့ရအောင် ကွင်းကို လုံခြုံရေးများများယူပေးရမယ်..။ ”

“ ဒီတခါတော့ ဘရူနိုင်းနိုင်ငံက နာမည်ကြီးလူရွှင်တော်တက်လာပြီး ..

“ ကျွန်တော်တို့နိုင်ငံထွက်သမျှရေနံ နောင်ကုန်သွားရင်ဒုက္ခမရောက်ရအောင် ..ဘုရင်မင်းမြတ်ကပြည်သူတွေကို အခုကတည်းက ဘဲဥများများစားခိုင်းနေပါတယ်ခင်ဗျား..။ ရေပုံးထဲကို အီးပန်းထည့်ပြီး ရေနံလုပ်တဲ့နည်းကိုအခုစမ်းသပ်တာအောင်မြင်နေပါပြီခင်ဗျာ..”

မြန်မာဝန်ကြီးချုပ်ကလည်း .. “ ဟ..၊ ကောင်းလိုက်တဲ့နည်းကွာ ဘဲဥအထွက်တိုးရေး .. ဒို့အရေးဟေ့.. ”

နောက်ထပ်အလှည့်ကျတဲ့လူရွှင်တော်ကတော့ လာအိုနိုင်ငံက နာမည်ကြီးလူရွှင်တော်ပါ။

“ မင်္ဂလာပါလူကြီးမင်းတို့ခင်ဗျာ..၊ ကျွန်တော်တို့နိုင်ငံမှာ ဆင်ဖြူတော်တွေအရမ်းပေါပါတယ်ခင်ဗျ။ ဒါပေမဲ့တိုင်းပြည်က မချမ်းသာ ပါဘူးခင်ဗျာ။ အခုရွှေတြိဂံဒေသကို ဆင်စောင့်ထိမ်းရေး အထူးတပ်ဖွဲ့တွေစေလွှတ်ထားပါတယ်ခင်ဗျား..။ ဘာကြောင့်လဲဆိုတော့ ဆင်ဖြူတော်တွေ မင်းဓမ္မကုန်းကို ချောဆွဲခံရမှာစိုးလို့ပါခင်ဗျား... ကျေးဇူးတင်ပါတယ်.. ”

မြန်မာဝန်ကြီးချုပ်ကဘောကျပြီး “ .. သြော်.. သူတို့မှာလည်း မင်းဓမ္မကုန်းဆိုတာရှိတာကိုး..၊ ငါသွားလည်ဦးမယ် .. ”

ဟော.. ဒီတစ်ခါအလှည့်ကျတာကတော့ ကမ္ဘောဒီးယားနိုင်ငံကဖြစ်ပါတယ်ခင်ဗျား ..။
လူရွှင်တော်ကြီးကခန့်ငြားစွာနဲ့ တက်လာပြီး..

“ ခမာနီ လူသတ်ခေါင်းဆောင်ပိုပေါ့ရဲ့ ၀ိဥာဉ် အချုပ်ခန်းကို ဖောက်ပြေးသွားရာ အခုမြန်မာပြည် နေပြည်တော်စစ်ရုံးချုပ် အစည်းအဝေး ခန်းမဆောင်ကိုရောက်နေတယ်လို့ ခိုင်လုံတဲ့ နတ်သတင်းဌာနကနေ သတင်းရရှိပါတယ်ခင်ဗျား..။ ကျေးဇူးတင်ပါတယ်ခင်ဗျာ..။ ”

မြန်မာပြည်ဝန်ကြီးချုပ်က .. “ သြော် .. ဒင်းကြောင့်ကိုး.. လူဆိုး ”

ဟော.. တဖန်အလှည့်ကျတာကတော့ ဗီယက်နမ်နိုင်ငံ မှနာမည်ကြီးလူရွှင်တော်ကတက်လာပြီး သကာလ.....

“ အားလုံးလေးစားပါတယ် ခင်ဗျား .... ကျွန်တော်များဗီယက်နမ်ခမောက် မြန်မာပြည်အိတ်စပို့ လုပ်မယ့်အစီစဉ်ဖျက်သိမ်းလိုက်ပါတယ် ခင်ဗျာ ..။ အင်စိန်ထောင်အပို့ခံရမှာ စိုးလို့ပါ...။ ”

မြန်မာဝန်ကြီးချုပ်က “ ဒါလေးများ.. ဇီးကုန်း မှာတောင်ရတာပဲလေ..၊ ”

အခုတဖန်အလှည့်ကျတာကတော့ မိတ်ဖက်နိုင်ငံဂျပန်ကဖြစ်ပါတယ်ခင်ဗျား နာမည်ကြီးဂျပန်လူရွှင်တော်တက်လာပြီး ...

“ အားလုံးကျန်းမာပါစေ ..၊ အမှန်တော့ကျွန်တော်တို့ဂျပန်သတင်းထောက် နာဂါအိဟာ ဂျပန်နိုင်ငံကနာမည်ကြီး နင်ဂျာကျောင်းဆင်းပါ။ ပြီးခဲ့တဲ့စက်တင်ဘာက မြန်မာပြည်မှာ ကိုယ်ပျောက်သင်တန်းသွားတက်တာ အမှန် ကိုယ်ပျောက်သွားကြောင်းပါခင်ဗျား ..၊ကျေးဇူး.. တင်ပါတယ်ခင်ဗျာ... ။ ”

ဒီတခါ ဧည့်သည်တော် တောင်ကိုးရီးယားနိုင်ငံအလှည့်ဖြစ်ပါတယ်ခင်ဗျာ..။ နာမည်ကြီးလူရွှင်တော်တက်လာပြီး ...

ကျွန်တော်တို့ကိုးရီးယားလူမျိုးတွေဟာချဉ်ဖတ်ကိုအရမ်းကြိုက်တဲ့အတွက် ဒေ၀ူးကုမ္ပဏီကနေပြီး မြန်မာပြည်နဲ့ ဖက်စပ်ချဉ်ဖတ် ထုတ်လုပ်မှာ ဖြစ်ပါတယ်ခင်ဗျား..။ အဲဒီချဉ်ဖတ်ကိုတော့ မြန်မာပြည်ကခေါင်းဆောင်ကြီးများ သဘောတူညီချက်အရ (နအဖ) ချဉ်ဖတ် Made in Myanmar ဆိုပြီးမကြာမှီဖြန့်ချီတော့မှာ ဖြစ်ပါတယ်ခင်ဗျာ..၊ ကျေးဇူးတင်ပါတယ်ခင်ဗျား.. ”

မြန်မာဝန်ကြီးချုပ် “ အတော်စားကောင်းမှာပဲဟေ့ ..၊ ကြိုမှာထားကြကြားလား .. ”

ဟော .. မိတ်ဆွေကြီးတရုတ်တက်လာပါပြီ..။ နာမည်ကြီးလူရွှင်တော်က ဒီလိုပြောသွားပါတယ်ခင်ဗျာ..။

“ ၂၀၀၈-ခုနှစ်တရုတ်အိုလံပစ်မှာ မြန်မာသေနတ်ပစ်အဖွဲ့ကို ပယ်လိုက်ပါတယ်။ ညှပ်ဖိနပ်စီးပစ်လို့ပါခင်ဗျား...။ ”

မြန်မာဝန်ကြီးချုပ်..။ ။ “ ဘယ်လိုပစ်ပစ်လေ..၊ မှန်ဖို့အဓိကမဟုတ်လားကွဲ့.. ခက်ပါပေ့တော့..။ ”

အခုအလှည့်ကျတာကတော့ ...၊ အိန္ဒိယပါခင်ဗျား...။

“ ကျွန်တော်တို့ လူမျိုးတွေနော်.. စကားပြောရင် ခေါင်းလေး ခါ ခါ ပြီးတော့ပြောတတ်တယ်မှတ်တာ..၊ ကုလားတွေပဲပြောတတ်တယ် အောက်မေ့တယ်။ န-အ-ဖ လည်း ပြောတာပါပဲခင်ဗျား..... ။

မြန်မာဝန်ကြီးချုပ် ။ ။ “ အဲ .. ဟုတ်သားပဲ..၊ ဘာမေးမေး.. ခေါင်းခါပြောရမယ်လို့ မှာလိုက်တာပဲ... ။ ”

ဒီတခါတော့ရွှေနိုင်ငံမြန်မာအလှည့်ပါခင်ဗျား..၊

ဘာမှနာမည်မရှိ၊ အာခပ်ချောင်ချောင် ပြောင်လျှာရှည်ဇာတ်က လျှာရှည်နဲ့ပြောင်ရှည်အလှည့်ပေါ့ခင်ဗျာ..၊ စင်ပေါ်မတက်ခင်ကတည်းက မြန်မာဝန်ကြီးချုပ်ဆိုသူကို ဖင်ဘူးတောင်းထောင်ပြီး ကန်တော့လိုက်၊ တွေ့သမျှ အရာရှိသံအမတ်ကြီးတွေကို ကန်တော့လိုက်၊ အာစီယံနိုင်ငံခေါင်းဆောင်တွေကိုကန်တော့လိုက်နဲ့ ပရိသတ်ကြီးကလဲတအံ့တသြပေါ့ဗျာ ...။

မြန်မာလူမျိုး တယ်ယဉ်ကျေးသိမ့်မွေ့တာပဲ ကြည့်စမ်းဘာညာပေါ့..၊ တွတ်တီးတွတ်တာပြောနေကြလေရဲ့ ..။ လူရွှင်တော် နှစ်ယောက် ကန်တော့ပြီးမှ စင်ပေါ်ကိုလက်အုပ်ကလေးချီပြီးတက်သွား..။ ဇာတ်စင်ကိုကန်တော့ ..၊ သြော်..ကန်တော့နည်းအတော်စုံသွားတယ်ဗျာ..၊ မိုက်ကရိုဖုန်းကိုလည်း ကန်တော့လိုက်သေးတယ်..၊ ပြီးမှ..

“ အရမ်း.. အရမ်း.. လေးစားရပါသော လူကြီးမင်းများခင်ဗျား..၊ကျွန်တော်တို့ ခေါင်းဆောင်တွေဟာ အရမ်းယဉ်ကျေးပါတယ်..။ သူတို့ရဲ့ ယဉ်ကျေးမှုကို ကျွန်တော်တို့ လူထုတစ်ရပ်လုံးက အသိအမှတ်ပြု၊ ကျေးဇူးတုံ့ပြန်သောအားဖြင့် ဒီနှစ် စက်တင်ဘာ (၂၆) ရက်ကို မြန်မာ နိုင်ငံ သွေးလှူရှင်များနေ့အဖြစ် သတ်မှတ်လိုက်ကြောင်းပါခင်ဗျား... ”

နိုင်ငံတကာသမ္မတများ အကုန်ပြန်ကြွသွားလေတော့သတည်း။

အဲဒီမှာ မင်းသားလေးက ပရိသတ်ကြီးကို...
“ Hay everyone.. !, I want to sing a song ... yo !!... yo !!.. ”

သူက ဘိုမတွေနဲ့ပဲ ပလူးနေကျဆိုတော့ ဗမာသီချင်း မဆိုဘူးဗျ..။ ဘိုသီချင်းပဲဆိုတာလေ..၊
ဘယ်ကမှန်းမသိတဲ့ ဘိုမတစ်ယောက်နဲ့ ... ဟောသလို တွဲဆိုပါလေရော .. ဗျာ..။

မင်းသားဖြိုးတေဇ ။ ။ “ Woohoo, yeehoo
Woohoo, yeehoo
Woohoo, yeehoo
Woohoo, yeehoo ”

ဧည့်သည်တော်ဘိုမ ။ ။ “ If I could escape
I would, but first of all let me say
I must apologize for acting, stank and treating you this way
Cause I've been acting like sour milk all on the floor
It's your fault you didn't shut the refrigerator
Maybe that's the reason I've been acting so cold
If I could escape (escape)
And re-create a place that's my own world(own world)
And I could be your favorite girl
Forever, perfectly together
And tell me boy, now wouldn't that be sweet?
(sweet escape)

If I could be sweet (be sweet)
I know I've been a real bad girl(bad girl)
I didn't mean for you to get hurt
What'so-ever, we can make it better
And tell me boy, Now wouldn't that be sweet?
Sweet escape ”

မင်းသားဖြိုးတေဇ ။ ။ “ Woohoo, yeehoo .... ” (ဆိုင်းဆရာပြောင်ရှည်က မင်းသားလေးကို အဲဒါပဲဆိုတတ်အောင် ..သင်ပေးထားလားတော့ မသိ)

ဧည့်သည်တော်ဘိုမ ။ ။ “ I wanna get away

မင်းသားဖြိုးတေဇ ။ ။ “ Woohoo, yeehoo ... ”
ဧည့်သည်တော်ဘိုမ ။ ။ “ I wanna get away .... I wanna get away ... ”
Woohoo, yeehoo
I wanna get away
Woohoo, yeehoo
(I wanna get away, to our sweet escape)

ဧည့်သည်တော်ဘိုမ ။ ။ “ I wanna get away
You melt me down
I'm at my lowest boiling point
Come help me out
I need to get me out of this joint
Come on, let's bounce
Counting on you to turn me around
Instead of clowning around let's look for some common ground

So baby, times get a little crazy
I've been getting a little lazy
Waiting for you to come save me
I can see that you're angry

By the way that you treat me
Hopefully you don't leave me
Want to take you with me

If I could escape (escape)
And re-create a place that's my own world(own world)
And I could be your favorite girl
Forever, perfectly together
Tell me boy, now wouldn't that be sweet?
Sweet escape
If I could be sweet (be sweet)
I know I've been a real bad girl (bad girl)
I didn't mean for you to get hurt
What'so ever, we can make it better
Tell me boy, now wouldn't that be sweet?
Sweet escape .... ”

တစ်ခါတစ်ခါတော့ အဖေ မင်းသားကြီး ကိုတေဇကလည်း တစ်ချက်တစ်ချက် ၀င်ဖေါက်လိုက်သေးသဗျ...။
မင်းသားကြီးတေဇ ။ ။ “ Woohoo, yeehoo
Woohoo, yeehoo
Woohoo, yeehoo
If I could escape
Woohoo, yeehoo ... ”

ဧည့်သည်တော်ဘိုမ ။ ။ “ If I could escape

Cause I've been acting like sour milk all on the floor
It's your fault you didn't shut the refrigerator
Maybe that's the reason I've been acting so cold

If I could escape (escape)
And re-create a place that's my own world(own world)
And I could be your favorite girl
Forever, perfectly together
Tell me boy, now wouldn't that be sweet?

If I could be sweet (be sweet)
I know I've been a real bad girl (bad girl)
I didn't mean for you to get hurt
What'so ever, we can make it better
Tell me boy, now wouldn't that be sweet?
Sweet escape .... ”

မင်းသားဖြိုးတေဇ ။ ။ “Woohoo, yeehoo
Woohoo, yeehoo
Woohoo, yeehoo
Woohoo, yeehoo .... ”

အဖေဟာမှန်းမသိ သားဟာမှန်းမသိတော့ပါဘူး ပရိသတ်ကြီးရယ်..။ မင်းသမီးတွေနဲ့ တွဲကနေလိုက်တာ ဘာတွေဖြစ်ကုန်ပြီလဲ မသိတော့ဘူးခင်ဗျ..။ အောက်ကဆင်သရေရှိ ပုဂ္ဂိုလ်ကြီးများကလည်း အားကျတယ်ထင်ပ..၊ ဖင်တရွရွပေါ့ဗျာ..။

ပရိတ်သတ်များ စိတ်ဝင်စားရင်တော့ သီချင်းအလိုက်ကလေး ဒီမှာ ရယူနိုင်ပါတယ်ခင်ဗျာ။ ။

ကိုပြောင်ရှည်ရေးသားတင်ဆက်သည်


Read more...

Saturday, December 1, 2007

ပြောချင်လွန်းလို့ (၁၀)

တကယ်ပါ၊ လက်ရှိဘ၀ကို ကျုပ်စိတ်ကုန်နေတာကြာပြီ၊ ဟာ.. စိတ်ကုန်တယ်ပြောရလောက်အောင် ဘာတွေဘယ်လိုဖြစ်နေလို့တုန်းဗျ..၊ မမေးနဲ့ဗျ။ ခင်ဗျားကကျုပ်ကိုမေးလို့ ပြောပြတာပါ။ ခင်ဗျား အလုပ်အတူတူ တွဲလုပ်ချင်တယ်ဆိုတော့ ဘယ်လို လုပ်ချင်တာတုန်း။ ခင်ဗျားတော့မသိဘူး ကျွန်တော်ကတော့ ကိုယ်နှစ်သက်လို့ ကိုယ်တိုင်ရွေးချယ်ပြီးသားဘ၀မှာ၊ လက်ရှိရောက်နေတဲ့ အခြေအနေမှာ အလယ် အလတ်လမ်းစဉ်ကိုပဲ ကျင့်သုံးနေရတယ်ဗျာ။ ဒါတောင်မှ ကျုပ်အတွက် အရမ်းအန္တရာယ်ကြီးလှပါတယ်။ ခင်ဗျားလည်း အသိဆုံးပါ။

ဟုတ်တယ်လေ၊ ကျုပ်ကစစ်သားပါ။ ဒါပေမယ့် ခင်ဗျားတလောကကြားဖူးခဲ့တဲ့ (ငါတို့ကစစ်သားမှာမှ ဘာစစ်ဗိုလ်၊ ညာစစ်ဗိုလ်ဆိုတဲ့) အ တွေးမျိုးနဲ့ပြောပြတာမဟုတ်ဘူး။ ကိုယ့်ကိုကိုယ် ပြည်သူဘက်ကရပ်တည်မဲ့ အမှန်အကန်စစ်သားဘ၀ကို ကျုပ်ရူးခဲ့လို့၊ ခုံမင်မြတ်နိုးခဲ့လို့၊ ကျုပ်ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ ပြည်သူ့စစ်သားပါဗျာ။ အင်း.. ခင်ဗျားတို့ကတော့ ထင်ကြမှာပဲ။ ဒီခေတ်ကြီးမှာ ဒီလိုစစ်သားရှိသေးသတဲ့ လားပေါ့။ ထင်လည်း ထင်လောက်စရာကိုး။ ကျုပ်မငြင်းလိုပါဘူး။ အခြေအနေကလည်း၊ ဒီအတိုင်းဖြစ်နေတာဆိုတော့..။

ဒါပေမယ့် တစ်ခုပြောပါရစေဗျာ။ မနှိုင်းကောင်းလို့တော့ မပြောပါနဲ့ မိတ်ဆွေရယ်။ ကျုပ်လေးစား မြတ်နိုးတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခြေ
ဖ၀ါး အစုံဟာ ကျုပ်ဦးခေါင်းအထက် မိုင်းပေါင်းသန်းချီမှာ ရှိနေနိုင်မှာ ဖြစ်ပေမယ့်၊ ကျုပ်ဝိဥာဉ်ကတော့ ဗိုလ်ချုပ်ကိုအမြဲတမ်း ကိုးကွယ်ခဲ့ တာပါ။ ခုလည်းကိုးကွယ်ဆဲပဲ။ ခင်ဗျားတို့ မယုံလည်း၊ အဓိကကတော့ ကျုပ်ကိုယ်တိုင် ယုံကြည်နေဖို့ပဲ မဟုတ်လားဗျ။ ကိုယ့်လိပ်ပြာ ကိုယ်သိရင် နေရထိုင်ရ သက်သာပါတယ်ဗျာ။ သေသွားလည်း လွတ်ရာကျွတ်ရပဲဗျ။

ဗျာ..၊ ပြောရရင်ပြောပြပါ..၊ ဟုတ်လား..။ ပြောချင်တာပေါ့ဗျာ။ ကျုပ်တို့ဘ၀မှာ အဲလိုမျိုးပြောခွင့်မရှိခဲ့တာကြာပေါ့။ ဟုတ်တယ်။ ကျုပ်ပြော ချင်တယ်၊ ခင်ဗျားနားထောင်ပေးမလား၊ အင်း..၊ အရှင်းဆုံးပြောရရင်တော့ ..၊ ဟုတ်တယ် .. ကျုပ်လက်ရှိ ဘ၀ကိုစိတ်ကုန်တယ်။ ဒါပါပဲ။

ဘာလို့ .. ဟုတ်လား..၊ အင်း .. ဘယ်ကစပြောပြရမှန်းမသိဘူး။ ဒီမှာမိတ်ဆွေ.. ကျုပ်တို့တပ်မှာ ကိုယ့်ဘ၀ကိုယ်အမှန်မမြင် တဲ့လူတွေတ ပုံကြီး၊ ၀ိုင်းလိမ်နေကြတာ။ ဒါနဲ့နေပါဦး ခင်ဗျားအမြင်လေးလည်းပြောပါဦး။

သြော် .. ခင်ဗျားက .. စစ်တပ်ကိုမမုန်းဘူးတဲ့လား၊ စစ်တပ်သာအကောင်းတစ်ခုခုလုပ်ပြ .. ဒါဆိုရင် ဘယ်လို ..၊ ခင်ဗျားတို့က ထောက် ခံပြီးသားပေါ့ .၊ အင်း..ကျုပ်နားလည်ပါပြီ။ မှန်တာပဲလေ.. ဘာကြောင့်ဖြစ်ဖြစ်၊ ဘယ်သူမင်းလုပ်လုပ်..၊ အဓိကပြည်သူတွေ ကောင်းစား ဖို့ပဲဆိုပါတော့ ..၊ ဟုတ်ကဲ့ဗျာ ..။ ခင်ဗျားနဲ့ ကျွန်တော် အမြင်ချင်းနီးစပ်တယ်၊ ဆက်ပြောလို့ရတယ်ဗျ။ အိုကေဗျာ .. ကျွန်တော်တစ်ခု ပြောမယ်။ အချိန်ရရင်တော့ နားထောင်ပေးပါ။ ဒါတွေကဗျာ..၊ ကျုပ်ခုပြောမဲ့စကားတွေက ခင်ဗျားတို့နားလည်ပြီးသား၊ သိပြီးသားဖြစ် ပေမယ့်၊ တပ်ထဲမှာပြောမိရင် ကျုပ်လည်ပင်းတော့ .. အင်း .ခင်ဗျားသိပါတယ်။

အမှန်ဆိုရင်တပ်ဟာတပ်နေရာမှပဲရှိသင့်တယ်။ ခုတော့ မဟုတ်တာတွေလေ၊ မြန်မာပြည်မှာ ဘယ်လောက်ကြာခဲ့ပြီလဲ၊ ခုလိုဖြစ်နေတာ တွေ၊ ဦးနေ၀င်းလက်ထက်ကတည်းက စခဲ့တယ်လို့ ကျုပ်ဥာဏ်မီသလောက် တွေးမိတယ်။ လူတစ်စုပဲကောင်း စားခဲ့တာလေ။ အစိုးရ ရော အတိုက်ခံရော ပြည်သူအတွက် တကယ်မကြည့်ဘူးလို့ ထင်တယ်ဗျ။ ပြောပြီးပြီ၊ ကျုပ်စစ်သားပါဗျာ။ ဘာစနစ်တွေ၊ ညာစနစ်တွေ ကောင်းတယ်၊ဆိုးတယ် ဆိုတာထက် ပြည်သူဘက်ကပဲ ခံစားပြီးတွေးမိတာပါ။ ပြည်သူတွေ အကျင့်စာရိတ္တပျက်စီးအောင်လည်း အစိုးရ ကိုယ်တိုင်ပဲဖျက်ခဲ့တာဗျ။ ကျုပ်ပြည်သူကိုကိုးကွယ်တယ်။ ပြည်သူသာလျှင်အမြဲ ထာဝရမှန်တယ်လို့ ယုံကြည်တယ်။ မငတ် ငတ်အောင်၊ မပျက် ပျက်အောင် အစိုးရက တမင်ကိုလုပ်နေတာဗျ သိလား။

တပ်မှာ လက်အောက်ငယ်သားကို စာနာတဲ့ စစ်သားပီသတဲ့ လူတွေမရှိတော့ဘူး လစ်ကုန်ပြီ။ အောက်ခြေကစပြီး အဆင့် အဆင့်လိမ်နေ ညာနေကြတာ၊ အထက်ကို အမှန်အတိုင်းမတင်ပြရဲကြဘူး။ အပေါ်ကလူတွေကလည်း အဲလိုဖြစ်အောင်ကို တမင် လုပ်ထားတယ်ဗျာ အဲဒီ တော့ ဇာတ်လမ်းကပြီးရော။

မိတ်ဆွေရ .. ခင်ဗျား ခုလိုရေးနေတာမဆိုးဘူး..။ ဒါပေမယ့် ကျုပ်တစ်ခုပြောချင်တယ်။ ဒီမှာလည်း တော်တော်လှုပ်လှုပ်ရှားရှား ဖြစ်သွား တယ်။ အခုရုရှားမှာ ကိုယ့်ကိုကိုယ် စစ်ဗိုလ် ဆိုပြီး သွေးနားထင်ရောက်နေတဲ့ လူတွေရှိတယ်။ အဲဒီလူတွေက အထက်ကလူကြီးတွေ လုပ်တာကို အားကျပြီး တစ်နေ့ အဲဒီနေရာရောက်ရင် အဲဒီလိုလုပ်မယ်ဆိုတဲ့ ကောင်တွေ။ နောက်တစ်မျိုးက ကျုပ်တို့လို လူမျိုးတွေ..။

ဟုတ်ကဲ့ဗျာ ..၊ ခုလိုနားလည်ပေးတာကျေးဇူးပါ။ စစ်သားဆိုတော့ ခင်ဗျားတို့လို စကားတန်ဆာဆင်မပြောတတ်တာတော့ ခွင့်လွှတ်ပါ။ ကျုပ်မှာနူးညံ့တာဆိုလို့ ပြည်သူကိုချစ်တာတစ်ခုပဲရှိတယ်။

ဆက်ပြောပါရစေ။ တကယ်တော့ လက်ရှိအစိုးရက မြောက်ကိုရီးယားလိုလုပ်မှာ။ ဘယ်တော့မှ ဆင်းမပေးဘူး။ ဘာကောင်းသလဲသိလား။ သူတို့ကကျုပ်တို့ကို ရုရှားလွှတ်လိုက်တာ ရော့ကက်တွေ၊ နူးကလီးယားလက်နက်တွေ ထုတ်နိုင်ဖို့ထင်နေတာ .. ဟား ဟား .. ။ ရုရှားနဲ့ တရုတ်ကလည်း မြန်မာကိုအရမ်းချစ်လို့တော့ မဟုတ်ဘူးဗျ။ ခင်ဗျားတို့လည်းသိမှာပါ။ သူတို့အကျိုးတစ်ခုတည်းပဲ စဉ်းစားကြတာလေ ဗျာ။

အဲဒီကြားထဲမှာမှ ကျုပ်တို့တတွေက အချုပ်ခန်းထဲမှာ ကြိုးတုပ်ခံထားရတဲ့လူတွေပါဗျာ။ ကျုပ်တို့မှာ အခွင့်အရေးဆိုတာမရှိဘူး။ တပ် အမိန့်ဆိုရင်လက်ခံရမယ်။ ဒါပေမယ့်တရားတဲ့ အမိန့်ဖြစ်ရမယ်။ အခုဖြစ်ခဲ့တဲ့ ကိစ္စမှာတပ်ဟာ တော်တော်နာမည် ပျက်သွားပြီ။ စိတ်မ ကောင်းဘူး။ တော်တော်ကိုပေါ့။ လက်ရှိအစိုးရက အာဏာတည်မြဲဖို့ဆိုရင် ဘာမဆိုလုပ်ရဲတယ်။ နောက် NLD ကလည်းမနပ်ဘူးဗျ။ ခင်ဗျား ကြားဖူးလား (FFF) ဆိုတာ…။

သြော်.. မကြားဖူးဘူး..။ ဒီလိုဗျ။ (FFF) ဆိုတာ .. Follow, Friend, Fight ကိုဆိုလိုတာပါ။ ဆိုလိုတာက ခင်ဗျားသွားမဲ့လမ်းမှာ လူတစ် ယောက်က Block လုပ်ထားမယ်။ ဘယ်လိုမှ ရှေ့ဆက်သွားလို့မရဘူး။ သွားရမဲ့လမ်းကသူနဲ့ တူတယ်။ သူ့ကို Pass ပေးလို့မဖြစ်နိုင်ဘူး။ အဲဒီတော့ လက်ရှိအခြေအနေမှာ ကိုယ်ကသူ့နောက်လိုက်လိုက်။ အဲဒါ Follow ပေါ့။

နောက်တစ်ခုက ခင်ဗျားသွားရမဲ့လမ်းမှာပဲ လူတစ်ယောက်က ရှိနေတယ်။ Power ချင်းလဲတူတယ်။ သူ့ကိုသွားလုပ်ရင် ကိုယ်ရော သူပါခံ ရမယ်။ နှစ်ယောက်ပေါင်းလိုက်ရင် အကျိုးတစ်ခုဖြစ်မယ်။ Friend လုပ်လိုက်ပါ။

Fight , ခင်ဗျားသွားရမဲ့လမ်းမှာ အဲဒီလူပဲ Block လုပ်ထားတယ်။ ခင်ဗျားထက်အင်အားကြီးတယ်။ အပြတ် Fight ပစ်လိုက် တော့။ နလံ မထူအောင်..၊ ဟုတ်ပြီ.. အဲဒါကိုသဘောမပေါက်ပဲ ပုဂ္ဂိုလ်ရေးခံစားမှုတွေကိုရှေ့တန်း တင်နေသမျှတော့ မြန်မာ လူထုက ပိုဆိုးသွား လိမ့်မယ်။

အင်း .. ဟုတ်တယ်။ ခင်ဗျားပြန်မေးသလိုပဲ၊ ခုအခြေအနေက Fight တဲ့အဆင့်ရောက်နေပြီ။ တပ်ကခင်ဗျားတို့ကို Fight မဲ့ အဆင့် ရောက်နေပြီ။ ကျုပ်တို့လိုနယ်ရုပ်လေးတွေကို ထိုးကျွေးထားတာပေါ့ဗျာ သဘောပေါက်တော့။ ဟုတ်ကဲ့..ရပါတယ်ဗျာ။ ကျေးဇူးမတင်ပါနဲ့။ အခြေအနေကို ကျုပ်သဘောပေါက်သလောက် ပြောပြတာပါ။ ခင်ဗျားဒါတွေကို စာရေးမယ်ဆိုလည်း ရေးလို့ရပါတယ်။ ခင်ဗျားနဲ့ ကျွန် တော်က လျှောက်နေတဲ့ လမ်းချင်းမတူဘူး။ ကျုပ်ပြောချင်တယ်။ ကျုပ်မှာ မိသားစုရှိတယ်။ မိဘပေါ့ဗျာ။

တကယ်တမ်းမှာ ကမ္ဘာကြီးကို ကြည့်လိုက်ဗျာ။ U.S.A ရဲ့သြဇာအောက် ရောက်နေတဲ့ နိုင်ငံတွေနဲ့၊ ရုရှားနဲ့တရုတ်အောက် ရောက်နေတဲ့ နိုင်ငံတွေ ဘယ်ကပိုသာလဲ။ မြန်မာပြည်မှာ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံလူတန်းစားတွေပဲရှိတယ်။ ရှင်းရှင်းပြောရရင်ကျွန်နဲ့သခင်ပေါ့။ နောက် အစိုးရထဲမှာကိုပဲ လူလူချင်းခွဲခြားပြီးအလုပ်လုပ်ခိုင်းထားတယ်။ လူနှစ်ယောက်ရှိမယ်ဗျာ။ တစ်ယေက်ကိုပြောမယ်၊ မင်းကအရမ်း တော် တယ်။ နောက်တစ်ယောက်ကိုပြောမယ်။ မင်းကအသုံးကိုမကျဘူး။ တစ်ယောက်ကို မြှောက်ပေးပြီး နောက်တစ်ယောက်ကို နှိပ်ကွပ် မယ်။ ရှင်းရှင်းလေးရယ်။ လူလူချင်း အုပ်ချုပ်ခိုင်းထားတာ။ စဉ်းစားကြည့်၊ ဦးသန်းရွှေဆိုတဲ့ လူကြီးကဘယ်တော့မှ မဆင်းဘူး။ သေခါနီး လို့ စကားမပြောနိုင်ဘူး။ အိပ်ယာထဲလဲနေမယ်။ ဒါပေမယ့် ကြားနိုင်သေးတယ်ဆိုရင် .. လက်အောက်ငယ်သား ဗိုလ်ချုပ် တစ်ယောက်က ဗျာ၊ .. အခု စီမံကိန်းတစ်ခုလုပ်ပါမယ်..၊ အဲဒါကိုဖတ်ပြပါ့မယ်။ ဗိုလ်ချုပ်မှူးကြီးကသဘောတူရင် ခေါင်းညိတ်နိုင်ရင် ခေါင်းညိတ်ပါ။ လက် ညှိုးထောင်နိုင်ရင် လက်ညှိုးထောင်ပြီး သဘောတူ မတူ ဆိုတာကို ဆုံးဖြတ်ပေးပါလို့ဆိုတယ် အထိနေဦးမှာ။ ကျုပ်ပြောတာတွေကို ခင် ဗျားသဘောပေါက်လား။

အင်း.. ကျုပ်ကျေးဇူးတင်ပါတယ်ဗျာ။ ကျုပ်ပြောချင်တာလေးတွေ ခင်ဗျား နားလည်သဘောပေါက်လို့။ အခုရုရှားမှာ အရာရှိ (၁၀၀၀) မှာ (၁၀) ယောက်မရှိပါဘူး၊ စာလုပ်တာ။ ဘာကောင်းလဲ။ အင်း.. ဟုတ်တယ် ခင်ဗျားပြောသလိုပဲဗျ။ တစ်ခုခုတော့ လွဲနေပြီ။ စီးပွားရေးက အဆင့်အတန်းမှီအောင်မလုပ်နိုင်ဘူး။ ကျုပ်တို့အနေနဲ့ကလည်း စိတ်ထွက်ပေါက်မရှိဘူး။ ရုရှားလူမျိုး ဆိုတာတွေကလည်း အရမ်းရိုင်း တယ်။ လူမျိုးကြီးဝါဒ။ ရုရှားသာ ဒိထက်ပိုအင်အားကြီးလာရင် ပိုဆိုးပြီ။ စကားက ဟိုရောက် ဒီရောက်လို့တော့ မထင်ပါနဲ့ဗျာ။ အခု ကျုပ် တို့ဆီမှာ မေဂျာပေါင်းစုံမှာ စာသင်နေကြတယ်။ မေဂျာတစ်ခုမှာ အားထည့် ကြိုးစားတဲ့လူတစ်ယောက်နှစ်ယောက်ပါပဲ။ ကျန်တဲ့လူတွေက အဲဒီတစ်ယောက်နှစ်ယောက်လောက်ကိုပဲ မှီခိုပြီးနေကြတာ။

ပြီးတော့ ကျုပ်တို့ Passport မှာ Good travel to Russian Federation only တဲ့ အဲဒါကြီးနဲ့ဗျ။ ပြောပြတာပါ။ အဲဒါကိုမှ ကိုယ့် အခြေ အနေ ကိုယ်သဘောမပေါက်ပဲနဲ့ ကိုယ့်ကိုကိုယ် ဟုတ်လှပြီဆိုတဲ့ကောင်တွေ၊ အသုံးမကျတဲ့ကောင်တွေရှိတယ်။ “စာ” ဆိုတာဘာလဲလို့ ပြန်မေးရတဲ့ ကောင်တွေက လျှောက်ပြောနေတာ။ မှန်တာတစ်ခုကို လက်ခံနိုင်ရမယ်။

ဒါပေမယ့်ဗျာ။ ရုရှားကို လူကြီးတွေလာတယ်။ အဲဒီကောင်တွေကိုက ဖားယားပြီး လူကြီးတွေအနားမှာ လုပ်ပေးကိုင်ပေးတယ်။ အမှန်ကို တော့မပြောပြဘူး။ မတင်ပြကြဘူး။ လူကြီးပြန်သွားရင်မုန့်ဖိုးပေးသွားတယ်။ ယူတယ်။ အဲလိုမျိုးတွေလည်းရှိတယ်ဗျ။ လက်ရှိတပ်မှာ ရဲဘော်ဆိုတာက အားကိုးမရတော့ဘူး။ တစ်နှစ်ကို စစ်ဗိုလ် (၁၀၀၀၀) လောက် စစ်ကျောင်းတွေကနေ ဆင်းတယ်။ ဒါပေမယ့် စစ်သား ဆိုတာက လမ်းပေါ်မှာ တောင်းစားနေတဲ့ သူတောင်းစား၊ သူခိုးဂျပိုးတွေကိုဆွဲပြီး စစ်တပ်ထဲ ကိုထည့်ထားတာ။ ဘယ်မှာအရည်အချင်းရှိ မှာလဲ။

အင်း .. ကျုပ်ပြောနေတာကအားလုံးကိုကောင်းစေချင်တဲ့ ဆန္ဒပါ။ ခင်ဗျား ရေးမယ်ဆိုလည်းရေးနိုင်ပါတယ်။ ပြီးခဲ့တဲ့ ပစ်ခတ်တဲ့ကိစ္စ မှာ “၀” တပ်ကကောင်တွေ မပါနိုင်ဘူးလား။ ကျုပ်ပြောပြမယ်။ ကျုပ်တိုက်ပွဲတွေလည်း တိုက်ခဲ့ဖူးပါတယ်။ ပြည်သူကိုပြန်ပြီးကျေးဇူး ဆပ် ချင်တာရယ်ပါ။ ဟုတ်ကဲ့ပါဗျာ..၊ ခင်ဗျား ယုံတယ်ဆိုလို့ ကျွန်တော်ဝမ်းသာပါတယ်။ ကျုပ်အခုဖြစ်နေတာက မြန်မာပြည်သူလူထုကို သ နားနေတာ။

နောက်တစ်ခု ကျုပ်ပြောချင်တယ်။ မြန်မာလူထုက ပုဂ္ဂိုလ်စွဲအရမ်းကြီးတယ်သိလား။ ဒေါ်အောင်ဆန်းစုကြည်မှ တိုင်းပြည် တိုးတက် အောင် လုပ်နိုင်တာမဟုတ်ဘူး။ ကျုပ် ပုတ်ခပ်ပြီး ပြောတာမဟုတ်ပါဘူး။ လေးစားပါတယ် အဲဒီအမျိုးသမီးကို။ ကျုပ်တို့နိုင်ငံမှာ လူတန်း စားအားလုံးအတွက် လက်ရှိအခြေအနေကနေ လွတ်မြောက်အောင် လုပ်ပေးနိုင်တဲ့ လူတွေလိုနေတယ်။

အေးပေါ့ဗျာ။ ကျုပ်သိတော့ သိတယ်ဗျ။ ကျုပ်တို့ တတ်နိုင်တဲ့ဘက်က လုပ်တော့လုပ်ရမှာပဲ။ မတတ်နိုင်ဘူးလေ။ ပြီးခဲ့တဲ့ စက်တင်ဘာလ တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စ။ အဲဒီနေရာမှာ ကျုပ်ဆိုရင် ကိုယ့်ကိုကိုယ် သတ်သေပစ်လိုက်မယ်။ အဲဒါတော့အမှန်ပဲ။ ကျုပ်ခံစားမိတာက ရှင်းရှင်း လေး။ ဒီလူထုထဲမှာ သူတို့ရဲ့ ဆွေမျိုးညီအစ်ကို မောင်နှမတွေပါရင် လုပ်မလား။ ကိုယ်ချင်းစာစိတ် မရှိဘူးဗျာ။ ကိုယ့်နေရာချောင်လည်ဖို့ပဲ စဉ်းစားကြတယ်ဗျာ။ နောက်.. အစိုးရကလည်း အဲဒီလိုနေရာမျိုးမှာ တာဝန်ကျတဲ့ ကောင်တွေကို တစ်ခုခု Force ပေးထားပုံရတယ်။ ပယောဂတော့မကင်းဘူးဗျ။ ဒေါ်အောင်ဆန်းစုကြည်ကို မုံရွာမှာတုန်းကဆိုရင် ထောင်ထဲကကောင်တွေထုတ်ပြီး ရိုက်ခိုင်းသေးတာပဲ။

အင်း..ဟုတ်တယ်။ ခင်ဗျားပြောသလိုပဲ။ အမည်းစက်တွေပေါ့။ အဲဒီလိုနေရာမျိုးမှာ ကျုပ်တို့လိုလူ(၃)ယောက်လောက်ပဲရှိ။ အစိုးရတွေဝေ သွားမယ်။ ကျုပ်မလုပ်ဘူး။ ကျုပ်မလုပ်တော့ ဘာဖြစ်မလဲ။ ကျုပ်ဘ၀ပျက်သွားအောင် သူတို့လုပ်မယ်။ အာဏာရှင်သဘောပေါ့။ အဲဒီ တော့ နေရာမှာပဲ ကျုပ် ကိုယ့်ကိုကိုယ် သတ်သေပစ်လိုက်မယ်။ အမှန်တရားတစ်ခုအတွက် ကျုပ်လုပ်နိုင်တာ ဒါပဲ။ ကျုပ်ဆိုလိုချင်တာ တော့ ဒါပဲ။

မဖြစ်နိုင်ဘူးလို့တော့ ခင်ဗျားမပြောနဲ့ဗျ။ ဖြစ်တယ်။ ကျုပ်သိတယ်။ ကျုပ်တို့အထဲမှာလည်း ကိုယ့်လူကိုယ် မယုံရဘူး။ ကိုယ်ကောင်းစား မယ်ဆိုရင် ဘယ်ကောင့်ကိုမဆို ချနင်းမဲ့ ကောင်တွေရှိတယ်။ အဲဒီလိုဖြစ်အောင်လည်း သူတို့က သင်ပေးခဲ့တာ။ ခင်ဗျား လည်းဘာပဲဖြစ် ဖြစ်သတိတော့ထားဗျ။ ကျုပ်ဒီလိုခံစားချက်တွေ နဲ့ ဒီစကားတွေကြောင့် ကျုပ်ပတ်ဝန်းကျင်နဲ့ ကျုပ် အသိုင်းအ၀ိုင်းမှာတော့ ကျုပ်အတွက် မကောင်းတာအမှန်ပဲ။ ဆိုးတယ်ဗျ။

ခင်ဗျားသိလိမ့်မယ်ထင်တယ်။ ပြီးခဲ့တဲ့အချိန်တုန်းက စင်ကာပူက ကောင်လေးနဲ့ ရုရှားကကောင်လေး ဖုန်းပြောတာကိုဗျာ။ Burmatoday မှာတင်ထားတာလေ။ စင်ကာပူကကောင်လေးကလည်း မလုပ်သင့်ဘူးဗျအဲလို။ ရုရှားကကောင်ကလည်း ပုံမလာဘူး။ မှားနေတာကို ဖင် ပိတ်ငြင်းနေတာ။ ကိုယ့်ဘက်ကလည်း မှားတယ် ၀န်မခံချင်ဘူး။ ကိုယ်ကိုယ်တိုင်လည်း ဘာလုပ်နိုင်လဲ။ ဘာမှမလုပ်နိုင်ဘူး။ ပုဂ္ဂိုလ်ရေး အစွဲတွေနဲ့ လုပ်နေကြတာပဲဗျာ။ ဆင်းရဲမှုတွေဆိုတာအဲဒါတွေပေါ့ဗျာ။

ကျွန်တော် အကြံတစ်ခု ပေးချင်တာရှိတယ်။ စစ်တပ်ကိုပြန်တည်ဆောက်ဖို့ပဲ။ မြန်မာပြည်ကို ကောင်းစေချင်တဲ့ လူငယ်တွေ စည်းရုံးပြီး မကောင်းတဲ့ ကောင်တွေကို ကစ်ထုတ်ပစ်လိုက်။ မြန်မာလူမျိုးတွေကခက်တယ်။ တခါတရံတော့ တစ်ခုခုကိုတွေး ကြောက်တယ်။ တ ကယ်ဆိုရင် အသေခံပြီးဗုံးခွဲပစ်လိုက်ဗျာ။ အဲဒီအကောင်ကြီးကြီးတွေလာမဲ့နေရာတွေ၊ နေတဲ့နေရာတွေကို၊ သိပ်မလုပ်ရပါဘူး။ (၃) ခါ လောက်ပဲလုပ်ပေးလိုက်။ ဒါပေမယ့် အဲဒီလိုလုပ်တဲ့ လူတွေအတွက်တော့ မိသားစုကိုတစ်သက်လုံး စားနိုင်သောက်နိုင်အောင်၊ ကြည့်ရှု စောင့်ရှောက်မှုလုပ်ပေးရမယ်။

အခုမြန်မာပြည်ကို စီးပွားရေးအရ ပိတ်ဆို့မှုတွေလုပ်တယ်။ မြန်မာပြည်သူတွပဲ ငတ်တာဗျ။ ဟိုကောင်ကြီးတွေက မငတ်ဘူး။ အခံရခက် တယ်ဗျာ။ တကယ်ဆိုရင် ပြည်သူအတွက်ကြည့်သင့်တယ်။ ခင်ဗျားသိလား၊ စစ်တပ်လို့ပဲပြောရမှာပေါ့ဗျာ။ လူကြီး တွေမှာ A Plan, B Plan ဆိုတာရှိတယ်။ ရုရှားလိုနေရာ၊ စိန့်ပီတာစဘတ်လိုမြို့မှာ အိမ်တွေရှိကြတယ်။ ဟုတ်တယ်ဗျ။ တကယ်ပြောတာ။ အဲဒီလိုမျိုးနောက် ထပ်ဘယ်နှစ်နိုင်ငံလောက်မှာများ ရှိသေးလဲတော့ မသိဘူး။ ဒါဟာ တကယ့်ထိပ်တန်းလျှို့ဝှက်ပါ။ အင်း..မြောက်ကိုရီးယားတော့မသိဘူး။ တရုတ်တော့ရှိတယ်။ သူတို့နဲ့တည့်တဲ့ နိုင်ငံတွေမှာပေါ့ဗျာ။ အခုဗျာ မြန်မာ နဲ့ ရုရှား စီးပွားရေးနဲ့ ပတ်သက်တဲ့ Project တွေအများကြီး လုပ်ထားတယ်။ အကုန်ပဲ။ လူကြီးတွေ ခဏခဏ လာတာတွေဟာ ဒါတွေအတွက်ပဲ။ အတိုချုပ်ပြောရရင် သူတို့အာဏာရဖို့အတွက် ဖြစ် တဲ့နည်းနဲ့ လုပ်မှာပဲ။

ခုနကပြောသလို Fight Step ပေါ့ဗျာ။ တကယ်ဆိုရင် NLD နဲ့ တပ်ပေါ့။ သူတို့တစ်တွေက တစ်ခုခုတော့ လုပ်သင့်နေပြီ။ ကျုပ် Online မှာ မြန်မာတွေနဲ့ စကားပြောတယ်။ မလေး၊ စင်ကာပူနဲ့ တခြားနေရာတွေပေါ့ဗျာ။ တော်တော်များများ လူလူချင်း အလှောင်ခံရတယ်။ အဲဒါ တွေက မြန်မာအစိုးရရဲ့ အသုံးမကျမှုတွေပဲ။ တကယ်တော့ အခုရုရှားရောက် စစ်ဗိုလ်တွေကြုံတွေ့ရနေရတဲ့ ဇာတ်လမ်းရဲ့ အဓိက တရားခံဟာ သံအမတ်ကြီးဦးတင်စိုးပဲ။ ဘာမှလည်းမသိပဲနဲ့ University တွေနဲ့ Subject တွေကို ခွဲတာပြောတာ။ Chemistry နဲ့ပြီးတဲ့ ကောင်တွေက Physics မှာတက်လို့၊ Physics နဲ့ပြီးတဲ့ကောင်က မဆိုင်တဲ့တခြားနေရာမှာ။ နောက်ရုရှားဆိုတဲ့ လူတွေကလည်း ဘယ် တော့မှ ပညာကို မပေးဘူး။ သုံးစားလို့မရတဲ့ဟာတွေ ပေးတာ။ ကျုပ်စဉ်းစားတယ်ဗျာ။ ကမ္ဘာမှာမြန်မာလူမျိုးတွေထဲမှာ အရမ်းတော်တဲ့ လူတွေရှိတယ်။ ဦးနှောက်ယိုစီးတဲ့ ပြဿနာဟာ မြန်မာမှာအဆိုးဆုံးပဲလို့ ထင်တယ်။ ဘာကောင်းလဲဆိုတော့ နိုင်ငံခြားမှာပဲ ၀င်ငွေ ကောင်း၊ ဘ၀တိုးတက်မှုအရ ရောက်နေတဲ့ မြန်မာတွေ အများကြီး။ ဘယ်လောက်နှမြောဖို့ကောင်းလဲ။

အဲဒီတော့ ရုရှားလာဖို့ ကုန်မဲ့ပိုက်ဆံကို နိုင်ငံအတွက် တစ်နေရာသုံးလိုက်ရင်ကောင်းမယ်။ ဖွင့်ပေးလိုက်စမ်းပါ။ အကုန်လုံးကို။ ရှိနေတဲ့ ပြဿနာတွေ ပြေလည်သွားလိမ့်မယ်။ ပါမစ်တွေကို ဆုပ်ကိုင်ထားပြီး ကိုယ့်အကျိုးအတွက်ပဲလုပ်နေတဲ့ လူတစ်စု လက်ထဲပဲရှိနေမှတော့ ပြည်သူကသေပြီပေါ့။ အမှန်တော့ အိမ်တစ်လုံးရှိလာရင် ခြံစည်းရိုးဆိုတာရှိလာမယ်။ အဲဒီအိမ်ကို လာပြီးနှောက်ယှက်မဲ့လူတွေကို ကာ ကွယ်ဖို့။ ခြံစည်းရိုး မှာနေရမဲ့လူက အိမ်ပေါ်တက်နေမှတော့ ဘယ်မှာအလုပ်ဖြစ်မှာလဲဗျာ။ ကျုပ်တို့ရဲ့ဘ၀က စစ်သား။ စစ်သား အလုပ်ပဲ လုပ်ရမှာ။ ခု ၀န်ထမ်းတွေလည်း ပျက်စီး။ စစ်တပ်က အသက်ကြီးတဲ့ကောင်တွေ၊ ပြုတ်မနူးတွေကို အရပ် ဘက်ကိုပြောင်းပေးလိုက်မှ တော့ အရပ်ဘက်ပါ ပျက်စီးပြီပေါ့။ လုပ်ပေးသင့်တာကြာပြီ။ ဒါပေမယ့် စစ်တပ်ကတော့ ဒီလိုပဲ ဆက်သွားနေဦးမှာ။

ထိုင်းစစ်တပ်ဆိုဗျာ အာဏာသိမ်းတယ်။ ပြီးရင်ပြန်ပေးတယ်။ အဲဒီလောက်ပဲ လုပ်သင့်တာ။ ဦးစောမောင်ကြီးကိုရူးတယ်ဆိုပြီး ဦးသန်းရွှေ က အာဏာသိမ်းလိုက်တယ်။ သူကတော့ သူ့ကို အဲဒီလိုပြန်လုပ်မှာကို ကြောက်တယ်။ တစ်ခါဗျာ..ပြောရင်တော့မပြီးဘူး။ ခင်ဗျား လည်း ငြီးငွေ့မှာပဲ၊ ကျုပ်ပြောတာတွေနားထောင်ပြီး။ ကိုယ့်နိုင်ငံမှာ ဆေးဖိုးမတတ်နိုင်လို့ သေတဲ့လူတွေ၊ ဆန်ဈေးကြီးလို့ ထမင်းနပ် မမှန်တဲ့ လူတွေ၊ အဲဒါတွေရှိနေတယ်ဆိုတာကို သူတို့စိတ်ထဲမှာ မရှိကြ မတွေ့ကြတော့ဘူး။ အခွင့်အရေးဆိုတာနဲ့ တိုးတက်မှုဆိုတာတော့ ရှိစေ ချင်တယ်။ သူတို့က တစ်ဘ၀စံတွေဗျ။ လူတွေမဟုတ်ဘူး။ ဦးနေ၀င်းလည်းအဲဒီလို ပဲ။ (၈၈) ဦးနေ၀င်းဆင်းကာနီးမှာ ပြောသွားတဲ့ စကား တစ်ခုကြောင့် လူတွေအများကြီးသေခဲ့ရတယ်။ မြန်မာလူမျိုးတွေကလည်း အချောင်ခိုချင်၊ အလကားလိုချင်တဲ့စိတ်ဓါတ်တွေ၊ ဗိုလ်ချုပ် အောင်ဆန်းပြောသလို ဖာသာသာစိတ်တွေ ရှိနေတော့ ခက်တယ်။ ကိုယ့်အလုပ်ကိုယ်မလုပ်ချင်ဘူး။

လူတိုင်းမှာ လွတ်လပ်ပိုင်ခွင့်ရှိတယ်။ ကျုပ်သိတာ အဲဒါဟာ မွေးရာပါအခွင့်အရေးတစ်ခုပဲ။ ဒါပေမယ့် သိတဲ့အတိုင်းပဲ။ ကျုပ်တို့လူကြီး တွေက။ နိုင်ထက်စီးနင်း၊ အကျင့်ပျက်၊ ဖက်ဆစ်ဝါဒီ။ ကျုပ်ပြောချင်တဲ့ အဲဒီအကြောင်းလေးတွေကို တင်ပေးလိုက်ပါ။ ဒါပေမယ့် ကျုပ် အကြံတစ်ခုပေးချင်ပါတယ်။ အခုအချိန်ဟာ မြန်မာအချင်းချင်း စည်းရုံးရမဲ့အချိန်ဖြစ်ပါတယ်။ ကျုပ်ကတော့ ဘာမှမလုပ်နိုင်တဲ့တစ်နေရာ မှာရှိနေပေမယ့်၊ ကျုပ်ရင်ထဲမှာ ပြီးခဲ့တဲ့ အရေးအခင်းမှာ အရိုက်ခံရတာတွေကို မြင်ရတော့ တော်တော်စိတ်မကောင်းဘူး။ မျက်ရည် တောင်ကျတယ်။ ကျုပ်ကိုယ်တိုင် အရာရှိဖြစ်နေရတာကို တော်တော်ရွံလာတယ်။

ကဲ .. ခင်ဗျားတို့လည်း လုပ်စရာရှိတာကို လုပ်ကြပါဗျာ။ ကျုပ်ပြောတာလေးတွေ နားထောင်ပေးလို့ ကျေးဇူးတင်ပါတယ်။


Read more...

Wednesday, November 28, 2007

ပြောင်လျှာရှည်တို့ကတဲ့ဇာတ် (၁၁)

-------------------------------------------------------------------------------------------------------------------------


Read more...

Thursday, November 15, 2007

ပြောင်လျှာရှည်တို့ကတဲ့ဇာတ် (၁၀)

ဟဲလို..တက်စတင် .. ၀မ်း..တူး..သရီး..ဖိုး... ဟဲလို .. ဟယ်လို .. တက်စတင်း .. ၀မ်းတူးသရီးဖိုး .... ပါတဲ့ခင်ဗျ ...။ ဟဲ..လို၊ ဟဲ ..လို.. ။

ရွာစားစိန်ပတ်ရှည် ။ ။ “ ရိုသေလေးစားအပ်ပါသော ဂုဏ်သရေရှိ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်ဇနီးဒေါ်ကြိုင်ကြိုင် ... ကြိုင် ….ကြိုင်….. ” (ဆက်ကြေညာလို့မရတော့ ..)

လျှာရှည် ။ ။ “ (ပြေးလာပြီးပြော) ဟိုး .. ဟိုး.... ရပ် ..ရပ် ဗိုလ်ချုပ်မှူးကြီးက မင်းကြော်ညာတာကိုစိတ်ဆိုးလို့ ပြန်ကြော်ညာပေးပါတဲ့..ဂုဏ်သရေရှိဆိုတာအရမ်းနုံ့လွန်းတယ်တဲ့..၊ ဒီထက်ကြီးကျယ်တာလေးလုပ်စမ်းပါတဲ့.. မင်းနှယ့်ကွာ ... အခုလူကြီးတွေက ပြောင်လျှာရှည်ဇာတ်ကို တကူးတကကြည့်ချင်လို့နေပြည်တော်ထိ ခေါ်ကခိုင်းတာ နည်းတဲ့အခွင့်အရေးလား ..၊ ကောင်းကောင်း ပြန်ကြော်ညာ ... ”

စိန်ပတ်ရှည် ။ ။ “ အေးအေး .. သိပြီ ..။ ”

စိန်ပတ်ရှည် ဟန်အပြည့်ဖြင့်

“ အင်မတိအင်မတန် ကြီးကျယ်ခမ်းနားပြီးသကာလ .. နှိုင်းစက်စရာမရှိအောင်ရိုသေလေးစားအပ်ပါသော .. ဂုဏ်သရေ ..ဆိတ်သရေ နွားသရေ ခွေးသရေ ဖွတ်သရေ ကြံ့သရေတို့ထက် အဆမတန်ကြီးကျယ်သော ဆင်သရေရှိ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင် …….. ”

“ ..ဟိုး .. ဟိုး .. ” (လျှာရှည်ပြေးလာပြန်ရော) ..

လျှာရှည် ။ ။ “ အင်း .. ဆင်သရေကဂုဏ်သရေထက်ကြီးတယ်ဆိုတော့ကြိုက်တယ်တဲ့ ..၊ ဒါပေမယ့် ဇနီးဒေါ်ကြိုင်ကြိုင်ဆိုတာက နုံ့လွန်းတယ်တဲ့ .. ဥပမာ အမရာ.. ကိန္နရီ မဒ္ဒီ သမ္ဗူလ .. အဲ .. အဲဒါတွေထက်သာချင်တယ်တဲ့ .. လုပ်စမ်းပါဦးရွာစားရေ .. ”

စိန်ပတ်ရှည် ။ ။ “ အေး .. အေး .. သိပြီ ” ( ဘာတွေသိသလဲတော့မသိ၊ တစ်ကြော့ပြန်ကြော်ညာ)

စိန်ပတ်ရှည် ။ ။ “ အင်မတိအင်မတန် ကြီးကျယ်ခမ်းနားပြီးသကာလ နှိုင်းစက်စရာမရှိအောင်ရိုသေလေးစားအပ်ပါသော.. ဂုဏ်သရေ ဆိတ်သရေ၊ နွားသရေ၊ ခွေးသရေ ဖွတ်သားရေ ကြံ့သရေ တို့ထက်အဆမတန်ကြီးကျယ်သော ဆင်သရေရှိ.. နိုင်ငံတော်အကြီး အကဲ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နှင့် အမရာကိုသနား ..၊ ကိန္နရီကိုကျော် ..မဒ္ဒီလောက်တော့ပျင်း သမ္ဗူလထက်သာသော ညူကလီးယားပူ ဇနီးဖြူ ဒေါ်ကြိုင်ကြိုင် တို့နှင့်တကွ နိုင်ငံတော်အကြီးအကဲများ ချစ်စွာသောရွှေပွဲလာ ပရိသတ်ကြီးအား ကျွန်တော်များ ပြောင်လျှာရှည် ဇာတ်ရဲ့ အများရွှင်မဲ့နှစ်ပါးခွင်..၊ ကမ္ဘာကျော်ခေါင်းဆောင်မင်းသားချောလေးရဲ့အက..၊ အလှတွေနဲ့ ဟောဒီလိုတင်ဆက်လိုက်ပါရစေ ခင်ဗျား .... ”

(ဟိုးဟိုး) လျှာရှည်ဇာတ်စင်ဒေါင့်ကနေပြေးလာ ...

လျှာရှည် ။ ။ “ ဂွတ်ဗျာ ဗိုလ်ချုပ်မှူးကြီးသဘောကျနေတယ် ..၊ ညူကလီးယားပူဆိုတော့ သမ္ဗူလထက်ပိုပြင်းတယ်၊ ပို.. ထိတယ်တဲ့ ဆုငွေတောင်ချလိုက်သေးတယ် .. ချတော့ကိုယ့်ဆရာ ..။ ”

ရွာစားနေ့တွက်ကိုက်ပြီဆိုတာနဲ့ အင်ထရိုလေပြည်စပြီလေ..။ မင်းသားကိုသိန်းဇော်ရဲ့အလိုက်ကလေးပေါ့ဗျာ...
မင်းသားချောလေးကထွက်မလာသေးဘူး မီးဆလိုက်တွေကတီးလုံးအသံနဲ့အတူ တဖြန်းဖြန်းနဲ့ ကစားနေတာ လွတ်လပ်ရေးနေ့ အောက်မေ့ရတယ် (ကြပ်ပြေးပွဲဆိုတော့ရှယ်ပေါ့ဗျာ..) ပရိသတ်ကြီးကလဲ မင်းသားအထွက်ကိုမျှော်နေတယ်။

ဟော ...၊ ထွက်လာပါပြီဗျာ မင်းသားလား တရုတ်ကားထဲက မေရှောက်ဖုန်လား..၊ မှားလောက်တယ်..၊ မင်းသားတစ်ယောက်ပေါင်ဒါတွေ မျက်နှာတပြင်လုံးဖို့ထားလိုက်တာ..၊ လက်ထဲမှာကလည်း ဒေါ်လာအရွက်တွေကို ပန်းစည်းကိုင်သလိုကိုင်လာလိုက်သေး ..အတုလား၊ အစစ်လား ဘယ်ကရလာလဲတော့မသိ။ ကိုသိန်းဇော်သာ သူ့ကိုမြင်ရင် ဒီတစ်သက် ဇာတ်ကတော့မှာမဟုတ်တော့ဘူး ပရိသတ်ကြီးရေ ..။ ဟော .. ရွာစားတီးလုံး အချိုးလည်းကြရော မင်းသားချော ဆိုကြဲ ကြဲတော့တာပဲဗျာ.. ဒေါ်လာတွေကို..။


မင်းသား ။ ။ “ ကြပ်ပြေးမင်းသားလေး တေ..တေဇနော် တိုင်းပြည်ကအော်..
ကြပ်ပြေးမင်းသားလေး တေ .. တေဇနော် တိုင်းပြည်ကအော် ..
မြန်မာသဘင်စင်မြင့်ပေါ် မိန်းမတွေနဲ့ ပွေလီရှုပ်သနော် ..
မြန်မာ့သဘင်စင်မြင့်ပေါ် အရှုပ်အထုတ်တွေအကုန်လုပ်သနော် ..
အော်ဂလီဆန်ခြိမ့်ခြိမ့်သဲ .. တိုင်းလုံးကျွတ်အော် ...၊ တိုင်းလုံးကျွတ်အော် ... ”

ဂျီးဂျီး .. ဂျီးပေဂျီး ဆိုင်းသံနဲ့အတူ နောက်ကဘယ်ကနေပါလာမှန်းမသိတဲ့ မင်းသမီးတွေ.. (မယုံမရှိနဲ့ ..) များလွန်းလို့ စင်ပြိုကျမှာတောင် ကြောက်ရသဗျာ ...။

မင်းသမီးတွေကလည်းဒီလိုလိုက်အော်သေး ..
မင်းသမီးများ ။ ။ “ ကိုကိုတေရေ .. လုပ်ထား .. ကိုကိုတေရေကြိုးစားထား ... ၀ါး လားလား လားလား ... ။ ”

လျှာရှည် ။ ။ “သြော် .. မောင်ရင်ငတေမိုက်ကမ်းသည် ဆိုတဲ့ဇာတ်ကားကသူအတွက်များရိုက်ထားလားမသိ ..၊ မင်းသားကလည်း နောက်က “မ” သံကြားတော့ ကွေးနေအောင်ကို ကလိုက်တာ..၊ ကဗျာလွတ်မှာ မရှိတဲ့ အကွက်တွေလဲပါသေးတယ်ဗျာ ..။ မင်းသမီးတွေကိုလည်း တစ်ယောက်ပြီးတစ်ယောက်ဆွဲခေါ်ထုတ်ပြီးတွဲက..။ ဒါကတော့ထုံးစံအတိုင်းနှစ်ပါးခွင်ကိုး ...။ ”

မင်းသားပါးစပ်ကနေပြီးတော့လည်းသူ့ကကွက်တွေကို ဟောသလိုချီးမွမ်းခံထုတ်လိုက်သေးတယ်ဗျာ ...

မင်းသား ။ ။ “ ဟောဒီအကလေးက ရုရှားက သင်လာတာ..၊ ဘဲလေးအကွက်ဗျာ (ပေါင်ဖြဲ ပြီး ခြေထောက်ကို ကွေးချည်နှပ်ချည်လုပ်ပြ) ”

ပြောင်ရှည် ။ ။ “ ပေါင်ဖြဲပြီး ကွေးချည်နှပ်ချည်လုပ်တာ ဘဲလေးတဲ့ဗျာ ..”

လျှာရှည် ။ ။ “ မင်းသားရေ ... ဘဲက လေးလား မလေးလားမသိဘူး ..။ တွဲကနေတဲ့ မင်းသမီးတော့ အတော်လေးနေပြီ ..။ မင်းသားလုပ်သလိုလိုက်မလုပ်နိုင်တော့ မျက်ဖြူဆိုက်နေပြီကြည့်လုပ်ဦး .. ”

မင်းသား ။ ။ “ အို .. ဒါကတော့ နှစ်ပါးခွင် ကိုယ့်ဂွင်ပဲ ကိုယ်လုပ်သလိုလိုက်လုပ်..ဒါပဲ။ ဒါရုရှားဘဲလေးခြေရှုပ်အကခေါ်တယ်..၊ ”

လျှာရှည် ။ ။ “ သြော် .. ရုရှားဘဲလေးကလည်း ဗူးလေးရာ ဖရုံဆင့် အကမျိုးပါလားဗျာ .. ကောင်းပ .. ”

မင်းသား ။ ။ “ ကိုင်း .. လာနောက်တစ်ယောက် ..၊ ဟောဒါလေးကစင်ကာပူအကွက် ” (ထန်းရေ၀ိုင်းမှာ ပဲကြီးလှော် လိုက်ကောက်စားတဲ့ ပုံစံမျိုးနဲ့ မျက်စိစုံမှိတ်ပြီး ကောက်က ကနေ အင်း .. စင်ကာပူကိုး ... )

ပြောင်ရှည် ။ ။ “ မင်းသား .. ကြည့်လဲ ကောက်အုံး..၊ မင်းသမီးထမိန်နားတက်နင်းနေပြီ ..။ မတော်တာတွေပြုတ်ကျမှဖြင့် black list ဖြစ်နေအုံးမယ် .. ”

မင်းသား ။ ။ “ အို .. ပြုတ်ကျရင်ကောက်ပြီးသားပဲ..၊ ဒါစင်ကာပူကကွက် ဒီလိုပဲလာတာ .. ”

ပြောင်ရှည် ။ ။ “ ပြောမရဆက်ကဗျာ ..၊ သြော် .. စင်ကာပူအကွက်ကဒီလိုကိုး .. မှတ်သားလောက်ပါတယ် .. ”

မင်းသား ။ ။ “ ဟောဒါလေးကတရုတ်အကွက်ဗျာ ..၊ လာထား ..၊ နောက်မင်းသမီးတစ်လက်” (ကကွက်ကလည်းဆန်းပ၊ မသာ အိမ်ဖဲဝိုင်းမှာ ကုလားဖန်ထိုးသလိုမျိုး ရပ်ပြီးထိုးလိုက် .. ထိုင်ပြီးထိုးလိုက်)

လျှာရှည် ။ ။ “ မင်းသား .. ကြည့်လည်းထိုးအုံး ..၊ မင်းသမီးမျက်လုံးထိုးမိမှဖြင့် ကန်းနေပါဦးမယ် .. ”

မင်းသား ။ ။ “ အို .. ကန်းကန်း.. စွေစွေစောင်းစောင်း ..၊ အဓိကက အဓိကပဲ ဒီမင်းသမီးကရေခံမြေခံကောင်းတယ်” (၀က်အုံးသီး ကို ချစ်သူဖြစ်ရတဲ့ပုံစံမျိုး)

လျှာရှည် ။ ။ “ အော်တရုတ်အကွက်ကတော့ ရတာယူမဲ့သဘော..၊ တော်တော်ကောင်းပဲ ပရိသတ်ကြီးရေ .. ” (ပရိသတ်ကိုအော် ပြောလိုက်သေး)

မင်းသား ။ ။ “ ဟောဒါလေးက အိန္ဒိယအကွက်ဗျား ..၊ လာထား .. နောက်တစ်လက် .. ” (ခေါင်းတဆတ်ဆတ် ခြေထောက်ကလည်း အငြိမ်ကိုမနေဘူး ..၊ နင်းတာဘယ်ပြောင်းညာပြောင်း ..၊ ပုသိမ်ကကျွဲလယ်ထွန်တဲ့အတိုင်းပါပဲ..၊ ဒေ၀ဒတ်မြေမြိုခါနီး မီးနင်းသလိုပေါ့ ပရိသတ်ကြီးရေ)

ပြောင်ရှည် ။ ။ “ မင်းသားကြည့်လုပ်ပါဦး..၊ မင်းသမီးလည်မျိုတက်နင်းမိပြီး အတောင့်လိုက်ထွက်ကျလာပါဦးမယ် .. ”

မင်းသား ။ ။ “ အို .. သေသွားလည်းအေးတာပဲ ..၊ မထွက် ထွက်အောင်နင်းပြီးကရတယ် ..။ အဲဒါအိန္ဒိယရိုးရာအကွက်ပဲ .. ”

ပြောင်ရှည် ။ ။ “ ကောင်းလိုက်ပါပေ့မင်းသားရယ် ..၊ ဒါကြောင့်လည်း အိန္ဒိယအက ကမ္ဘာကျော်နေတာကိုး .. ”

မင်းသား ။ ။ “ ဟော ..၊ ဒါလေးကယိုးဒယားအကွက်ဗျ..၊ ကိုင်း .. အသဲလေးလာထား ” (ဆိုင်းကလည်းယိုးဒယားတီးလုံးလေးနဲ့ ချွတ်တီးလုံးလေးပေါ့၊ ခြေထောက်ကလေးကိုအငြိမ်ကလေးရွှေ့တာ တချက်တချက်ဟိုကြည့်ဒီကြည့်ပေါ့)

လျှာရှည် ။ ။ “ ဒီတခါငြိမ်လှချည်လား .. မင်းသမီးအိပ်ပျော်သွားဦးမယ် .. ”

မင်းသား ။ ။ “ အင်း .. ဘယ်ချိန်လစ်မလဲချောင်းနေတာ ..၊ လစ်ရင်တွယ်ပြီးသားပဲ .. ”

လျှာရှည် ။ ။ “ နှံ့စပ်ပါပေ့ .. မင်းသားရယ် ..၊ ယိုးဒယားအလစ်ကလေး ကတာ ကြည့်ကောင်းသားဗျာ .. ”

မင်းသား ။ ။ “ ဒီတစ်ခါကတော့.. အာစီယံအကဗျာ ..၊ ကိုင်း .. ရှိသမျှမင်းသမီးအသဲလေးတွေ အတူတူကမယ်ဟေ့ ” (ပြောင်ရှည် သီချင်းဆို .. ဇာတ်မင်းသားမိုးဝင်းအလိုက်လေးပေါ့ဗျာ)

မင်းသား ။ ။ “ တေဇကလို့လား .. ”

မင်းသမီးများ ။ ။ “ ၀ါး .. ”

မင်းသား ။ ။ “ ကိုကိုတေဇကလို့လား .. ”

မင်းသမီးများ ။ ။ “ ၀ါး .. ”

မင်းသား ။ ။ “ အားနဲ့မာန်နဲ့ ကြိုးစားဝါးလို့လား (အဲလေ ..) ကြိုးစားကလို့လား .. ”

မင်းသမီးများ ။ ။ “ ၀ါး .. ”

(မင်းသမီးများကလည်းတေဇဆိုတာ ကြားတာနဲ့ “၀ါး”လို့အော်ပြီးသား ..၊ စည်းချက်ညီပါ့ဗျာ ..။ အကတွေကလည်းစုံပါ့။ (၁၀) နိုင်ငံ အကတွေ ဆိုတော့ ဘာမှန်းတောင်မသိတော့ဘူး..။ သူ့ထက်ငါအပြိုင်ကနေကြတယ် ..။ ဘယ်ကကွက်ကသာမလဲ အကဲခတ်လို့မရ တော့ဘူး။ မင်းသမီးတွေကလည်း တချို့က အင်ဒိုဂျာဘားကျွန်းသူအကတွေ..။ တင်ကိုအသားပေးအကပေါ့ဗျာ..။ တချက်တချက် ရမ်းလိုက်တာများ ..၊ အဲယားပုဂံလေယာဉ်ထက်မြန်တယ်ဗျာ ..။ ဟော .. တချို့ ကလည်း ဖိလစ်ပိုင်လိုခပ်မြူးမြူးအက ..။ ဘယ်လောက်မြူးလဲဆို စင်အောက်တောင်ပြုတ်ကျတော့မယ်ဗျာ ..။ တချို့ကလည်း စင်ကာပူလို ကောက်သိမ်းရိတ်အက..။ အဲဒီအကကတခုတည်းသောရိုးရာကိုးဗျ။ ဗီယက်နမ်ကလည်း အခုထိစစ်ဖြစ်တုန်း..၊ ပြေးလိုက်လွှားလိုက်.. အော်လိုက်ဟစ်လိုက်..။ ခမောက်နဲ့ ကာလိုက် အက ။ ဟော .. မလေးရှားကလည်း သိုင်းပဲချနေတယ် “ စိလတ်အက” တဲ့ဗျာ ..။ အချင်းချင်းမနဲရှောင်နေရတယ်။ ဘရူနိုင်းကတော့ လှုပ်ကိုမလှုပ်တော့ဘူး .. ဘုရားထိုင်ရှိခိုးအကပေါ့ဗျာ ..။ အားပါးပါး..၊ လာအိုနဲ့ ကမ္ဘောဒီယား.. ရာမ သမင်လိုက်တမ်း ကစားနေတာ မြန်မာပြည်က Road Map အတိုင်းပဲ မပြီးတော့ဘူး။
သမင်ကလည်းမသေနိုင်..။ ရာမကလည်း သိုင်းကွက်နင်းပြီး လေးခင်းတုန်း ဘယ်ကိုပစ်ရမှန်းမသိ..။ ဟော ...ကိုရွှေမင်းသားချော ကတော့ ယိုးဒယားအကကိုပဲမောင့်မူပိုင်ရှင်လုပ်ထားလိုက်တာဗျာ..။ အလစ်ကိုချောင်းနေလိုက်တာများ ..
မျက်လုံးနဲ့ နှာခေါင်းပေါ် ရေနွေးအိုးကျိုလို့ရတယ် ..။ သြော်ကြည့်စမ်း ..။ ကျန်တဲ့ (၃) ယောက်သောမင်းသမီးကတော့ မြန်မာပီပီ ဇာတိသွေးဇာတိမာန်အပြည့်နဲ့ (၃) ပွင့်ဆိုင်ပြီး ကြက်ဖခွပ်တမ်းအကနဲ့ ကနေလိုက်တာ မိုးသောက်အာရုံဦး နေထွက်တာတောင်ပြီးမှာ မဟုတ်တော့ပါဘူးဗျာ)

အောက်ကနိုင်ငံတော်အကြီးအကဲဆင်သရေရှိလူကြီးများကလည်း တ၀ါးဝါး တဟားဟားနဲ့ သဘောတွေ့မနောခွေ့ပေါ့ဗျာ ..။ ဒါပေမယ့် သူများကိုသာလုပ်ရဲတာ..။ ကိုယ်တွေကျတော့ ခြင်တောင်အကိုက်မခံနိုင်တဲ့ လူကြီးတွေဆိုတော့ လုံခြုံရေးစိုးရိမ်ပြီး ထပြန်ဖို့လုပ်တော့ မင်းသားလည်း နောက်နေ့မှပဲ မေတ္တာပို့တော့မယ်ဆိုပြီး ဟောဒီသီချင်းလေးနဲ့ မင်းသားငတေဇ ရအောင်ဖားလိုက်သေးတယ်ဗျာ .. ။

(ကိုသိန်းဇော် ရဲ့မေတ္တာပို့အလိုက်လေးပေါ့)

ရွာစားကလည်းအလိုက်သိပ။ (တယ့်နယ်တူနယ်တယ် တယ့်နယ်တူနယ်တယ် ) တူနယ်တယ်နယ်တူနယ်တယ့်နယ်ဗျောင် ..

“ ဗုဒ္ဓဘုရားဟောကြားသော ဗျာဒိတ်တရား ဘယ်မှာရှာမနော် ..
သာသနာပျက် ဘာသာပျက်
နအဖ ကြီးရွာလည်စေနော်
ဘုရားမြတ်ရှင် သားတော်တွေများ
အကုန်လုံးပြောင်လို့ ပြောင်ပါစေနော်
ကျွန်တော်တစ်ဝက် ဗိုလ်ချုပ်တစ်ဝက်
ဝေစားမျှစားနိုင်ပါစေသော်..
ဘာသာမသိ မင်းနှစ်ဖြာ
စိန်တွေကားတွေရစေသော် ... ”

(တယ့်နယ်တူနယ်တယ် တယ့်နယ်တူနယ်တယ် ) တူနယ်တယ့်နယ်တူနယ်တယ့်နယ်ဗျောင်

အဲဒီမှာ လာသမျှပရိသတ်ကြီးက ခွေးသူခိုး ခွေးသူခိုး ခွေးသူခိုး ဆိုပြီး အော်ကြလေတော့သတည်း။ (အဲဒီအချိန်မှာ ဆင်သရေကြီးက အိမ်ရောက်နေလောက်ပြီ)

နောက်အပါတ်တပ်ချုပ်ကြီးအားတဲ့ရက်ကိုရွေးပြီး ကျွန်တော် မင်းသားတေဇက သားများနှင့်အတူ အများချဉ်မယ့်နှစ်ပါးခွင်ကို တွဲကမည် ဖြစ်ကြောင်းပရိသတ်ကြီးကို ကြိုတင်အသိပေးအပ်ပါတယ်ခင်ဗျား .. ။

(ကိုပြောင်ရှည် ရေးသားတင်ဆက်သည်)


Read more...

Monday, November 12, 2007

ပြောင်လျှာရှည်တို့ကတဲ့ဇာတ် (၉)

ကတ္တီပါပြည်ဖုံးကားကြီးတလိပ်လိပ်တက်လာခဲ့ပါပြီ။ စင်နံဘေး၊ ၀ဲယာမှ မီးစက်နဲ့မောင်းထားတဲ့ မီးရောင်တွေဟာ မှုန်နေရာမှတဖြေးဖြေး လင်းလာတာနဲ့အတူ၊ လူရွှင်တော် ပြောင်ရှည်၊လျှာရှည်နှစ်ယောက်ပရိတ်သတ်ကိုလက်အုပ်ကလေးချီလျက်ရပ်နေကြပါတယ်။ နှစ်ဦးသား ခေါင်းတွေကိုယ်စီငုံ့နေရာမှ မော့လာပြီးနောက် ... ခွန်းထောက်စဆိုတော့၏။ ...


ပြောင်ရှည် ။ ။ “ ဒို့ရွှေမြန်မာ .. (ဆိုင်းအလိုက်သံလေး ..)၊ ဒို့ရွှေမြန်မာ..၊ Force Labour ရန်ကင်းစေဖို့..၊ သေမင်းရယ်တဲ့ .. မြန်မြန် ခေါ်ပါ .... ”

လျှာရှည် ။ ။ “ အာ ... (ဖြောင်း..) မစရသေးဘူး၊ နမိတ်မရှိ ..၊ နမာမရှိ .. ”

ပြောင်ရှည် ။ ။ “ အေး .. အေး .. ၊ ငါဟိုနေ့က တန်ပြန်ဆန္ဒပြပွဲလိုက်သွားရတာ အမှတ်ရလို့ ..ကဲ .. ပြန်ဆိုမယ်၊ ပြန်ဆိုမယ် .. ”

လျှာရှည် ။ ။ “ ကဲ ..ဆိုင်းဆရာရေ ..လိုက်ထောက်ပေးနော့ .. ဆိုင်းပြောတာ .. ၊ ”

ပြောင်ရှည် ။ ။ “ ဒို့ရွှေမြန်မာ ..၊ ကိုယ့်နေရာအမှန် .. ပြန်ရောက်စေဖို့၊ (လျှာရှည်ဘက်လှည့်ကာ) ကိုလျှာရှည်ရေ .. ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ လွတ်လပ်ရေးတကယ်မရသေးဘူး မဟုတ်လားခင်ဗျာ။ ”

လျှာရှည် ။ ။ “ မှန်ပါပေ့ ကိုပြောင်ရှည်ခင်ဗျာ ..၊ မြန်မာပြည်လွတ်လပ်ရေးရတယ်သာပြောတယ်၊ ကျုပ်ရွာမှာကင်းစောင့်နေရတုန်း..၊ သောင်းကျန်းသူတွေလာမယ်သတင်းရလို့တဲ့ ...၊ ကဲ .. ခွန်းထောက်လေးဆက်ဆိုပါဦးဗျာ .. “

ပြောင်ရှည် ။ ။ “ ဟုတ်ကဲ့ ..၊ (ခွန်းထောက်ပြန်ဆက်) ကိုယ့်နေရာအမှန်ပြန်ရောက်စေဖို့၊ တစ်ယောက်မကျန်၊ စစ်အာဏာဖြိုသာချရ မှာပ၊ ဒါမှ ..၊ သာစွ၊ မြန်ပြည်အဓွန့်ရှည်မှာ....... အမှန် ..၊ ”

လျှာရှည် ။ ။ “ မှန်သောစကားပါပဲခင်ဗျာ .. ၊မြန်မာတစ်မျိုးသားလုံး စစ်ကျွန်ဘ၀ကနေ လွတ်မြောက်ဖို့ဆိုတာ၊ မြန်မာအားလုံးရဲ့ဝန်တာ မဟုတ်ပါလားကိုပြောင်ရှည် ..။ ”

ပြောင်ရှည် ။ ။ “ ဟုတ်ကဲ့ကိုလျှာရှည်ခင်ဗျာ ..၊ ဘုန်းဘုန်းတွေကတော့အသက်တွေရင်းနှီးပေးဆပ်လို့၊ တာဝန်ကျေတယ်ဆိုတာထက် တောင်ကျော်လွန်ခဲ့ပါပြီခင်ဗျာ၊ ဘုန်းဘုန်းတို့နဲ့ မျိုးချစ်လူကြီးလူငယ်ကျောင်းသားမှန်သမျှ၊ ရှေးအစဉ်အဆက်ကကြိုးပမ်းလာခဲ့သမျှတွေဟာ အခုထိလည်းမပြီးဆုံးသေးပါဘူး။ ”

လျှာရှည် ။ ။ “ ကိုပြောင်ရှည်နဲ့တစ်ထပ်တည်းပါခင်ဗျာ၊ သမိုင်းပေးတာဝန်ကြီးဆိုတာကတော့၊ မြန်မာလူထုလူတန်းစားတစ်ရပ်လုံးရဲ့ ပခုံးပေါ်မှာရှိနေပါတယ်၊ ကျရာတာဝန်ကို မိမိနိုင်သလောက်အားကြိုးမာန်တက်ဆောင်ရွက်ရမှာပါပဲခင်ဗျာ။ ”

ပြောင်ရှည် ။ ။ “ မှန်လိုက်လေကိုလျှာရှည်ရယ်။ အသိပညာရှင်၊ အတတ်ပညာရှင်၊ စာပေအနုပညာရှင်၊ တပ်မတော်သားအားလုံး၊ အားလုံးရဲ့အသိစိတ်ဓါတ်ရှိရှိနဲ့၊ ညီညွတ်စွာပူးပေါင်းဆောင်ရွက်ရန်ချိန်တန်ပြီဖြစ်ပါကြောင်း၊ ထင်မြင်ယူဆ မိကြောင်းပါခင်ဗျာ ..။ ”

လျှာရှည် ။ ။ “ အင်း ..... မင်းကမိကျောင်းဆိုလို့၊ သတိရမိသေး..၊ ငါ့ကိုလျှာရှည်လို့တဲ့ဗျာ ..၊ လာဆဲသွားလိုက်တာ..၊ လျှာရှည်ချင်လို့၊ လျှာရှည်လို့ မှည့်ပါတယ်ဆိုမှ၊ လျှာရှည်ရကောင်းလားဆိုပြီး၊ လျှာရှည်ပြီးလာဆဲတဲ့ လျှာရှည်ဆိတ်ဗိုလ်တွေကလည်းရှိသေး ... ။ ”

ပြောင်ရှည် ။ ။ “ ဟာ ... ရှုပ်နေတာပဲ ..၊ တစ်ခွန်းပဲပြော ..၊ ဘယ်သူကလာဆဲတာတုန်း၊ ”

လျှာရှည် ။ ။ “ တနေ့ကပေါ့ ..၊ ငါ့ကိုလျှာရှည်ရကောင်းလားဆိုပြီး၊ သူလည်းရှည်တယ်တဲ့၊ အဲဒါငါ့လျှာ .. ရှည်တာနဲ့ ကွက်တိပဲဆိုလို့ ..”

ပြောင်ရှည် ။ ။ “ ဟုတ်သားပဲ..၊ မင်းလျှာရှည်တာ သူ့တစ်ခါတည်းဆွဲလိမ်လိုက်ပါလား ..၊ နှာခေါင်းပြောတာ ..”

လျှာရှည် ။ ။ “ ဟာကွာ ..၊ အရေးထဲ..၊ နောက်တစ်ယောက်ကမေးသေးတယ်၊ ကိုလျှာရှည်တဲ့ ..၊ ကိုလျှာရှည့်လျှာကဘယ်လောက် ရှည်တုန်းတဲ့ ..၊ နောက်တစ်ယောက်ကတခါ..၊ လျှာရှည့်ကို အတိုကောက်ဘယ်လိုခေါ်ရမှာတုန်းတဲ့..၊ လျှာဆိုရင်ယားတယ်တဲ့၊ ရှည်တော့ လည်းသူကလန့်တယ်တဲ့ .. ။ ”

ပြောင်ရှည် ။ ။ “ အေးလေ .. မင်းလျှာဘယ်လောက်ရှည်သလဲ ..၊ ပြောပြလိုက်ပေါ့ကွ..။ ”

လျှာရှည် ။ ။ “ ဟ .. ရှည်တာပေါ့ကွ..၊ ငါတို့တစ်မျိုးလုံးကိုကရှည်တာ၊ မင်း.. ကျော်ဆန်းဂျပု ဘာလို့ပုနေလဲသိလား .. ”

ပြောင်ရှည် ။ ။ “ အင်း .. လုပ်ပါဦး .. ”

လျှာရှည် ။ ။ “ အေး .. စိုးဝင်းကြီးမသေခင်က သူ့ကိုလျှာနဲ့ထု ..၊ ထုချလွန်းလို့ ပုဝင်သွားတာ .. ”

ပြောင်ရှည် ။ ။ “ သြော် ..၊ စိုးဝင်းကြီးလည်းလျှာရှည်မျိုးပါ့ .. ဒါဆို .. ”

လျှာရှည် ။ ။ “ အေး .. ဟုတ်တယ်၊ မင်း .. သူသေမလိုသေမလိုနဲ့ ကြာနေတာ ဘာလို့လဲသိလား .. ”

ပြောင်ရှည် ။ ။ “ သွေးကင်ဆာလို့ပြောကြတယ်လေ ..၊ အဲဒါကဒီလိုပဲလေကွာ ..။ ”

လျှာရှည် ။ ။ “ မဟုတ်ဘူးမောင် ..၊ အမှန်ကသူသေတာ“စလုံး”မှာကတည်းက ..၊ လူကငရဲဇောက်ထိုးဆင်းသွားတာတော့ ကြာပေါ့..၊ လျှာကအပေါ်မှာပဲ ကျန်နေသေးတာ၊ အဲဒါလျှာပါအောက်ရောက်တော့မှ အစိုးရက စိုးဝင်းသေပါပြီလို့ ကြော်ငြာတာ ..။ ”

ပြောင်ရှည် ။ ။ “ ဟင် .. ဘယ်လိုကြီးတုန်း .. ”

လျှာရှည် ။ ။ “ ကျန်သေးတယ်၊ သူ့ထက်ရှည်တဲ့ အရှည်ဆုံးက မောင်သန်းရွှေဗျာ ..။ သူ သူဌေးဖြစ်တာ၊ လျှာရှည်လို့။ ရောက်တဲ့ အရပ်မှာ ... တွေ့တဲ့ဟာကို လျှာလေးနဲ့ပဲ ရှည်ပြီးလုပ်စားသွားတာလေ..၊ ပြီးတော့ရှိသေးတယ် ဘာလဲသိလား ..။ ”

ပြောင်ရှည် ။ ။ “ သိဘူးလေ .. ”

လျှာရှည် ။ ။ “ သူကအရမ်းအလုပ်များတာကွ ..၊အိပ်ချိန်၊ စားချိန်တောင်ရှိတာမဟုတ်ဘူး..။ အဲသလောက်အလုပ်များတဲ့ကြားက သားသမီးတွေအများကြီးမွေးထားတာ၊ အရင်တုန်းကဆို ရှေ့တန်းကမပြန်ရရင်တောင်၊ သူ့လျှာလေးထုတ် ထုတ်ပြီး၊ မိန်းမဆီလှမ်းလှမ်း ပို့ တာလေ၊ အဲဒါနဲ့ .. မကြိုင်လည်း၊ ကလေးဒါဇင်ဝက်လောက်ထွက်ရော ...။ ”

ပြောင်ရှည် ။ ။ “ ဟာကွာ .. (ဖြောင်း ..) ..၊ ဒီမှာအရေးကြီးတာပြောမလို့ကွ ..၊ အဟုတ်မှတ်နားထောင်နေတာ .. ။ ”

လျှာရှည် ။ ။ “ မင်းရော အဲလိုမရှည်ချင်ဘူးလား..။ အရင်တုန်းက သူ့နာမည်က သန်းရှေ ..၊ ရှည်လွန်းလို့ မကြိုင်ကမကြိုက်တာနဲ့ “ရွှေ” ဆိုပြီးပြောင်းခိုင်းလိုက်တာ ..။ ”

ပြောင်ရှည် ။ ။ “ မရှည်အားပါဘူးကွာ ..၊ ခုတလောငါလည်းသိပ်မအားဘူး၊ Thesis လုပ်ရတော့မှာ .. ၊ အဘခြံကထွက်တဲ့အသီးတွေ၊ အပုပ်နဲ့ အကောင်းစစ်ရတဲ့အလုပ်လေ၊ အခု ဆောင်းတွင်းရောက်ပြီမဟုတ်လား..။ ”

လျှာရှည် ။ ။ “ သြော် ..၊ အဲဒါကြောင့် မင်းဇာတ်မရေးနိုင်တော့တာကိုး ..၊ ”

ပြောင်ရှည် ။ ။ “ ဟုတ်ပ..၊ ဇာတ်မရေးလည်း ဘာမှမဖြစ်၊ Thesis မပြီးလည်းဘာမှမဖြစ်၊ ဒို့အဖေက ဗိုလ်ကြီးလေ၊ မီးသတ်ဦးစီးမှာ..။ ဘဏ်မှာအပ်ထားတာက ငွေပေါင်းသိန်းပေါင်း သုံးသောင်းခုနှစ်ထောင်ရှိတယ်၊ ငါမရေးတာ ငါပျင်းလို့၊ ငါလိမ္မာတာ ငါ့မယားဖို့ .. ဖို့ ....။ ”

လျှာရှည် ။ ။ “ ဟုတ်တယ် ..၊ သူ့အဘိုးက .. ပ ရဲအုပ်၊ ချဲဒိုင်ထောင်လို့ ရာထူးကျပြီး၊ ခုတော့ ဒုရဲအုပ်ဘ၀နဲ့ ..၊ ကလပ်မှာဖာထိမ်းနေတာ ... အဟတ် .. ဟတ် ..။ ”

ပြောင်ရှည် ။ ။ “ တော်ပါတော့ မိချောင်းမသားရယ် ..၊ ကဲ .. ကဲ .. လေပွားနေလို့ အနေအထားကတော့မဟန်လောက်ဘူး..။ မင်းသမီးလေး ခေါ်ဦးမှ လျှာရှည်ရေ ... ။ ”

လျှာရှည် ။ ။ “ ဟုတ်ပါပြီတဲ့ ပြောင်ရှည် ...၊ မင်းပဲခေါ်လိုက်ပါ။ ”

ပြောင်ရှည် ။ ။ “ ဟုတ်ကဲ့ ..၊ ပရိတ်သတ်မျှော်လင့်စောင့်စားနေတဲ့ ..၊ မင်းသမီးကို .. ကျွန်တော်ကဒီလိုတိုတိုတုတ်တုတ်ပဲ ခေါ်လိုက် ချင်ပါတယ် ..၊ကိုင်း... မင်းသမီးရေ ထွက်လာဟေ့ .. အလုပ်လုပ်ကြရအောင်..... ။ ”

လျှာရှည် ။ ။ “ (ဖြောင်း ..) .. မင်းသမီးခေါ်ခိုင်းတာလေ..၊ မင်းဟာက .. ဟိုဥစ္စာခေါ်တာကျနေတာပဲ .. ”

ပြောင်ရှည် ။ ။ “ မင်း ..ဘာသိလို့လဲ လျှာရှည်ရ..၊ ငါဇာတ်ထဲမလိုက်ခင် ဆိုက်ကားနင်းစားတုန်းက အဲလိုပဲခေါ်နေကျလေ.. ”

လျှာရှည် ။ ။ “ အင်းလေ ..၊ အဲဒါအငြိမ့်ကရင် .. သွားဖို့ခေါ်တာလေ၊ ခုဟာကဖျော်ဖြေဖို့ ခေါ်ခိုင်းတာ၊ စာသံပေသံ၊ နဘေသံနဲ့ခေါ်မှပေါ့ဟ..၊ ”

ပြောင်ရှည် ။ ။ “ အော .. ဟော် .. ဂလိုလား ..၊ ခေါ်ရတာပေါ့လေ ..၊ လူတကာကြိုက်အောင် .. ဘူတာတ၀ိုက်မှာ..။ လှုပ်ရှားနေတဲ့.. ကျုပ်မယား ကြိုင်ကြိုင်ရှည်ရေ ... ”

လျှာရှည် ။ ။ “ လုပ်ပြန်ပြီ ..၊ နာတော့မယ် ..၊ ပြန်ခေါ် ပြန်ခေါ် ... ”

ပြောင်ရှည် ။ ။ “ အဲ .. အဲ ..မှားလို့ ..၊ ပြောစရာများမှများ၊ တောမှာညားကြတဲ့..၊ သန်းရွှေမယား သောက်စားကြီး ..၊ အိပ်နေလည်း ဒီပုံ၊ လမ်းလျှောက်လည်းမချော၊ မရှိကျက်သရေ၊ မယိုင်မသွေ..၊ ထိုင်နေရင်လည်း မလှ..၊ ကြိုင်ရှေ ဆိုတဲ့ နှမအို ....... ရေ ... ”

ခေါင်းဆောင်မင်းသမီးလျှော ကြိုင်ကြိုင်ရှည် စိတ်ဓါတ်ကျနေတဲ့ မျက်နှာပေးနဲ့ ထွက်လာစေ ....။ (သူတို့ကပြောချင်လွန်းတာကိုး ..)

ကြိုင်ကြိုင်ရှည် ။ ။ “ မင်္ဂလာအပေါင်းနဲ့ပြည့်စုံတော်မူကြပါစရှင်..၊ ကျွန်မတို့ မြန်မာ့အသံက အာဝါးညာဖြီး ...၊ မဟာအရွှီးသတင်းများ ကို.. (အဲလေ .. ယောင်လို့ ..) ..၊ မမှားသောသန်းရွှေ ၊ မသေသော ဘိန်းစား.. အဲ .. (ယောင်ပြန်ပြီ..) မမှားသောရှေ့နေ၊ မသေသော ဆေးသမားလို့မရှိဘူးမဟုတ်လား ကလေးတို့ရယ် ... ”

ပြောင်ရှည် ။ ။ “ မှန်တာပေါ့အမေရယ် ဦးခွန်ဆာကြီးတောင်သေသွားပြီလေ ...၊ သန်းရွှေကတော့ မှားဦးမလား၊ မမှားဦးမလားမသိဘူး၊ ဒိုင်ယာလော့ စ တော့မယ်တဲ့ ”

လျှာရှည် ။ ။ “ ဟုတ်လား ..၊ ဒိုင်ယာလော့မှာလား၊ ပြိုင်ကာမော့နေကြလားတော့ မသိ၊ (ခွက်ပုန်းပြောတာ ..) ”

ပြောင်ရှည် ။ ။ “ ဟုတ်တယ်၊ အခု ဦးအောင်ကြည်ကို ..၊ စားပွဲနဲ့ ကုလားထိုင်တွေ ဖုန်သုတ်ခိုင်းထားတယ်တဲ့၊ လိုအပ်ရင် ပရိဘောဂ အသစ်တွေ ၀ယ်ထည့်ရင်ဝယ်ထည့်ဦးမယ်လို့ ဦးသန်းရွှေကပြောတာပဲ ..၊ ဒိုင်ယာလော့ အတွက်ပါ ..။ ”

လျှာရှည် ။ ။ “ ရောင်နီမြင်နေရပြီပေါ့လေ ..၊ အော် ... (ဖြောင်း... ) လူကြီးကအကောင်းပြောနေတာကို .. ”

ပြောင်ရှည် ။ ။ “ ငါ .. ဘာပြောလို့လဲ ...၊ အခုပီညဲရိုးလည်း၊ ရောက်ရောက်ချင်း အာရှတော်ဝင်ဆေးရုံရောက်သွားသတဲ့..။ ”

လျှာရှည် ။ ။ “ ဟောဗျာ .. ၊ ဘယ်လိုဖြစ်ရတာတဲ့တုန်း .. ခရီးပမ်းလာလို့ထင်ပါ့ ..။ ”

ပြောင်ရှည် ။ ။ “ မဟုတ်ဘူး..၊ ဆေးရုံမှာ သွားမေးတာလေ၊ မျက်စိရော၊ နားရော၊ တစ်ခါတည်းပြင်နိုင်တဲ့ ဆရာဝန်ရှိလားလို့သွားမေးတာ၊ သူ့မျက်စိနဲ့၊ နားနဲ့ တစ်ခါတည်းပြင်ချင်လို့တဲ့ ...၊ အဲဒါဆေးရုံကပြန်ပြောတယ်တဲ့..၊ ဒို့ဆီမှာ အဲလိုဆရာဝန်မရှိဘူး..၊ ဘာဖြစ်လို့လဲပေါ့ ..။ ”

လျှာရှည် ။ ။ “ ပေါက်ကရတွေကွာ ..။ ”

ပြောင်ရှည် ။ ။ “ အဟုတ်ပြောတာ ..၊ ပီညဲရိုးကပြန်ပြောတယ်၊ န-အ-ဖ ပြောတာနဲ့ ပြတာတွေက သူသိထား၊ ကြားထားတာနဲ့တလွဲစီဖြစ်နေလို့ သူ့နားနဲ့ မျက်စိကို အရင်ပြင်မှ ရမတဲ့ ..၊ ဆရာဝန်မရနိုင်ဘူးဆိုရင်တော့ လေယာဉ်ပေါ်တက် ချက်ချင်းလှည့်ပြန်မယ်ဆိုပဲ ..။ ”

လျှာရှည် ။ ။ “ အော် ... (ဖြောင်း ..) တော်တော်လျှာရှည်တဲ့ ကောင်ပဲ ... ။ ”

ကြိုင်ကြိုင်ရှည် ။ ။ “ ကဲပါကလေးတို့ရေ ..၊ သံသရာဒီစက်ဝန်းမှာ .. အဖန်တရာဒီလိုဇာတ်မြောနေရင်ဖြင့် အမှန်ဆိုတာလည်း မြင်တတ်မှာမဟုတ်ဘူးလေ အမှန်မြင်မှလည်း အလင်းဆိုတာကပေါ်မှာကိုး ... ”

လျှာရှည် ။ ။ “ အလင်းပေါ်ဖို့ကလည်း မီးစက်ကပုံမှန်မောင်းနိုင်အုံးမှကိုး .. ဗျ ..။ ”

ကြိုင်ကြိုင်ရှည် ။ ။ “ ထောင်တန်တဲ့စကား“ရယ်” ပေါ့ .. ဆိုသလိုဖြစ်နေပါ့မယ်ကွယ် ... ”

ပြောင်ရှည် ။ ။ “ ပျော်စေလို့ပြက်တာ ကလက်တယ်လို့မထင်ပါနဲ့ဗျာ ..၊ လူတိုင်းကိုပျော်စေချင်တာပါ။ ကျွန်တော်တို့ လူရွှင်တော် တွေဆိုတာကလည်းအမြင်မတော်တာတွေ့ရင် ..၊ ပါးစပ်ကခွေးလှေးယားသီးထိထားလားအောက်မေ့ရတယ် ပြောချင်နေရော ... ။ ”

လျှာရှည် ။ ။ “ ဟုတ်ပ ..၊ ဒါကလည်းရှေးကတည်းကဒီလိုပဲ ပြက်ကြတာပဲလေ..။ ဟော .. ဒို့ငယ်ငယ်တုံးက ... က ... ”

ပြောင်ရှည် ။ ။ “ယောင်ပေစူးကလေးတွေနဲ့ကွယ် ...၊ ပုဆိုးကိုလည်မှာသိုင်း ဂွင်းလုံးကျွတ်တယ် ..။ ”

လျှာရှည် ။ ။ “ (ဖြောင်း .. ) ငါအကောင်းပြောမှာ ..၊ ရှေးတုန်းက ဘယ်ဘုရင်ကြီးလက်ထက်ကပေါ့ .. ။ ”

ပြောင်ရှည် ။ ။ “ မင်းနဲ့ကျမှ ဘယ်ဘုရင်ကြီးလို့ကြားဖူးတော့တယ် .. ။ ”

လျှာရှည် ။ ။ “ ငါလည်းမမှတ်မိတော့ဘူး..၊ ဘုရင်တွေကခပ်များများဆိုတော့ ဘယ်သူ့ကိုဆရာခေါ်ရမှန်းမသိဘူး။ .. ကဲ ... ထားလိုက်ပါ။ အဲ .. သူ့လက်ထက်မှာ မင်းမှုထမ်းတွေကို ရှိလားမသိမရှိလားမသိ ။ မမေးပဲ ..၊ အတင်းပဲ ဘုန်းကြီးကျောင်းတွေကို ဆွမ်းချိုင့်လှူခိုင်းတယ်။ ဘုရင့်အမိန့်ဆိုတော့လည်း မရ ရအောင် အလှည့်ကျ လှူကြရတာပေါ့..၊ ဘုန်းကြီးတွေလဲမတတ်သာလို့ ဘုန်းပေးနေရတယ် .. တယ်ဒုက္ခရောက်ပေါ့ ..။ အဲ .. လူရွှင်တော်ကြီးများက ဘုရင်ကို ဘယ်လိုနားချရကောင်းမလဲလို့ စဉ်းစားပြီး ..ပျက်လုံးထုတ်တာပေါ့ကွာ ... ။ ”

ပြောင်ရှည် ။ ။ “ အင်း .. ဆက်စမ်းပါဦး ..။ ”

လျှာရှည် ။ ။ “ ဒီလိုကွ .. ရွာတစ်ရွာမှာ ဘီလူးကြီးတကောင် .. တယ်သောင်းကျန်းဆိုပဲ .. ။ ”

ပြောင်ရှည် ။ ။ “ မင်းပြောမှာ အကြည်တော်ရဲ့ဘီလူးလား .. ”

လျှာရှည် ။ ။ “ လူသားစားဘီလူးကွ ..၊ အဲဒါနဲ့ လာသမျှလူတွေကို ဖမ်းစားတာ နောက်ဆုံး လူတစ်ယောက်ကို ဘီလူးက စားမယ် လုပ်ရော အဲဒီလူက ဆွမ်းချိုင့်ကြီးထုတ်ပြီး ငါသေရင် မင်းဒီဆွမ်းချိုင့်တာဝန်ယူရမယ်လည်းဆိုရော..၊ ဘီလူးကြီးခမျာ ဖနှောင့်နဲ့ တင်ပါး တသားဖြစ်အောင်ပြေးလေရောကွာ..၊ အဲဒီမှာ ဘုရင်ကြီးလည်းဆွမ်းချိုင့်ကို အဏာသုံးပြီးမပို့ခိုင်းတော့ဘူးတဲ့ ...။ ကိုင်း..... ဘယ်လောက် ကောင်းလဲ..၊ အဲဒီဘီလူးအဖြစ်လေးကိုနာမူနာယူသင့်တယ် ..။ ”

ပြောင်ရှည် ။ ။ “ ဒါဆိုဒို့ရဲ့ .. လက်ရှိ ဘာညာကြီးကိုလည်း ဒီလိုလေးများပြောရင်မကောင်းဘူးလား .. ”

လျှာရှည် ။ ။ “ ဘာပြောမှာလဲ .. ”

ပြောင်ရှည် ။ ။ “ ဘီလူးကား များများကြည့်လို့ ..”

လျှာရှည် ။ ။ “ အင်း ... အသက်ကလေးရတုန်း(ဖြောင်း .. ) အကောင်းကိုမပြောဘူး .. ”

ပြောင်ရှည် ။ ။ “ မင်းပဲဘီလူးဆို .. ”

ကြိုင်ကြိုင်ရှည် ။ ။ “ ကဲ .. ကဲ ..၊ တော်ကြပါတော့ ..၊ ပရိတ်သတ်ကို အမေက သီချင်လေးတစ်ပုဒ်နဲ့ ဖျော်ဖြေချင်လို့ပါရှင် .. ။ ”

လျှာရှည် ။ ။ “ ဟုတ်ကဲ့ ..၊ ကြားပါရစေ .. မာမီကြိုင် .. ”

ကြိုင်ကြိုင်ရှည် သီချင်းစဆို

“ မောင့်ကိုပြောမယ် ..၊ အနော်ရထာ သာသနာတည်ခဲ့လေတယ် ..၊
မင်းကျန်စစ်နှလုံးသားနဲ့ ပြည်မြန်မာအောင်ပွဲဝင်ခဲ့တယ် ..၊
ရှေးရာဇာဝင်အဆက်ဝယ် တေးကဗျာသီခဲ့တယ် ..၊
မဟုတ်မခံအမျိုးမှန် အော်သစ္စာအဓိဌာန်
ကျူးကျော်မှန်သမျှတွန်းလှန်ကာပြ .. ဟေ့ ... ဇာတိသွေးရဲရဲနီခဲ့တယ်..၊

ပုဂံမှသည်အင်းဝဆီ.. မြင်းစိုင်ကုန်းဘောင် ရဲမာန်ဟုတ်ချီ ..
တစ်သွေးတည်းညီ တစ်သားတည်းညီ ဘုရင့်နောင် အလောင်းဘုရား ..
တိုင်းနိုင်ငံတော်တည် မြန်မာဟေ့လို့ဝင့်ကြွားနိုင်ခဲ့ပြီ ..

ခေတ်တွေအလီလီ ဆက်ခံကာသည် .. တစ်ချိန်သောခေတ်သမိုင်း .. ရိုင်း…ခဲ့ပြီ
ထီကျိုးစည်ပေါက် သူ့ကျွန်ဘ၀ရောက်ခဲ့ပြီ ..။

လူရွှင်တော်များ ။ ။ “ အာဇာနည် မြန်မာမျိုးဟေ့တိမ်ကောရိုးထုံးစံမရှိပြီ ... ၊
အာဇာနည်ဗိုလ်အောင်ဆန်း လွတ်လပ်ရေးကိုရယူခဲ့သည်။ .. ”

ကြိုင်ကြိုင်ရှည် ။ ။ “ လွတ်လပ်ပါပြီ တို့ရဲ့တိုင်းပြည် .. သို့ပင်သော်ငြား အဏာရှင်စရိုက်ဆိုး အုပ်စိုးခဲ့ပြန်တော့သည် .. ။ ”

(နားပါဦးမည်။ လျှာရှည်၊ပြောင်ရှည် အသီးတွေစစ်ရဦးမှာမို့ပါ။ ဒီအချိန်လုပ်ထားမှလေ၊ နိုမို့ ဈေးကွက်ထဲအရောက်နောက်ကျနေမှာပေါ့။)

(ကိုပြောင်ရှည်ရေးသားတင်ဆက်သည်)


Read more...

Thursday, November 8, 2007

ရုရှားရောက်သူတို့အကြောင်း

ကဗျာတစ်ပုဒ် Comment မှာရေးထားခဲ့တယ်..။ ပြန်တင်ပေးလိုက်ပါတယ်။

ကိုလျှာရှည်ရေ ခင်ဗျားဆီပို့လို့ရမယ့်မေး(လ်) မတွေ့လို့ ဒီမှာပဲတင်ပေးလိုက်တယ်..
ကဗျားလေးတစ်ပုဒ်ပါ...ရုရှားကအကြောင်းလေးပေါ့....

အမိမြန်မာ၊ ဘွဲ့ရတာ ၇၅
၁၀ ယောက်က ကျိုးကန်း
၅ ယောက်က ရူးနှမ်းနှမ်းနဲ့
ရဲဖမ်းတာ ၇ ယောက်
၃ ယောက်က လူကြီးအမျိုး
ကံဆိုးသူ အယောက် ၅၀ (ငါတို့ကျောင်းမှာ လူ ၅၀ ရှိလို့)
ရုရှနယ်စေလွှတ်
နျူကလီးယားကို အိတ်နဲ့သွတ်ဖို့တဲ့..။

ဟိုတစ်ခါ ပြည်မြန်မာမှာ
ငွေနှစ်ရာ ဝေလာဝေး
ဆေးလိပ်တိုလေး မျှသောက်
Issue နဲ့ စားသောက်နေရပေမယ့်
အရှင်မွေးတော့ နေ့ချင်းကြီး
ဒေါ်လာ ၂၀၀ ကိုင်ပြီးကတည်းက
လက်ကြားမှာ စီးကရက်
ဘီယာဆို ပလပ်ပလပ်နဲ့
သေးထွက်မတတ် မျိုဆို့
ညှီစို့စို့ အသားထုပ်
မှိုတက်လို့ လွှင့်ပစ်လိုက်ရသေးသတဲ့…။

လယ်သမားကြီး အယောက် လေးဆယ်
ကျွဲနွားနှယ်သူတို့ရုန်း
အသင်သုံးနေတဲ့ ရာတန်နှစ်ရွက်
သူတို့တတွေရဲ့ ချွေးစက်…
ဟုတ်မဟုတ်တော့ မသိ
ရှိတာနဲ့ ဖုန်းဝယ်
ခါးကြားမှာ သယ်ပြီး
လူလယ်ရောက်မှ ထုတ်ဆက်
အိမ်မှာတော့ ယောက်မလျက်နေကြရပြီ။

တချောက်ချောက်နဲ့ Keyboard ရိုက်သံ
ကြိုးစားမှုတွေ မှန်နေတယ် မထင်နဲ့
ရည်းစား တစ်ယောက်ရရေး
Chatroom တွေ လိုက်မေးပြီး
ကျနော်ကတော့ Master
Russia နေတာပေါ့ကြွား
ခပ်ထွားထွား လေလုံးပစ်
ကြက်ဥနှစ်ကို ဆားနဲ့နယ်
ထမင်းတောင် မတည်နိုင်တော့ဘူး..။

အချိန်တန်တော့ စက်ဖွင့်
လေ့လာဖြစ်တာ all ကား
လှတဲ့ အိုး၊ ဖြိုးတဲ့တင်
မြင်သမျှ သရေကျ
ဟင်း…၊ ..... လိုက်ရ ဆိုတဲ့ စိတ်နဲ့
မိုးလင်းတော့ ကသုတ်ကရက်
ကားဂိတ်မှာ မတ်တပ်ရပ်ပြီး
ဖင်မှန်သမျှ လိုက်ကြည့်
တချို့ကလည်း မြန်မာအထာသိတော့
အင်္ကျီကိုဆွဲချ၊ တင်ပါးဆို ဖုံးထားမှ ဆိုတဲ့ အတွေးနဲ့။

လေ့လာတာ all ကား
ရှုစားတာ မိန်းမဖင်
သင်ချင်တာ Chat အကြောင်း
ငမိုက်သားအပေါင်းက
လိုချင်တော့ ၅ မှတ်
ဘာစာမှ မတတ်ပေမယ့်
ဆရာမကို ဆီးကြို၊ အထုပ်ကို ခပ်သွက်သွက်နဲ့
ပြေးယူတတ်သူတွေတောင်
Programmer ဖြစ်နေကြပြီပဲ
ဆရာသင်တဲ့စာ၊ ဘာဆို ဘာမှမသိ
ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း ကျေနပ်နေကြပြီ။

ဒီတခါ Анюта
ခဏတာဝင်ငေး
အသားဈေးထိုးကျ
ရောင်းမရလို့တဲ့
ကြက်ဥဈေးခေါင်ခိုက်
ကုလားပဲ လှည်းနဲ့တိုက်ပြီး
ပုတ်ရိုက်ရောင်းစား
သြော်.. မြန်မာတွေတောင် တော်တော်များလာပြီပဲ။

၂၀၁၀ ရဲ့ တစ်နေ့
အောင်ပွဲတွေ ပွေ့ပြီး
နျူကလီးယား စက်ရုံသစ်
ဖဲကြိုးဖြတ် ဖွင့်ဖြစ်ရင်တော့
အင်း..
မြန်မာပြည်မြေပုံ အသစ်ဖြစ်ပြီ ထင်ပါရဲ့။ ။

(ကဗျာပေးပို့သူကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ)


Read more...

Wednesday, November 7, 2007

ပြောချင်လွန်းလို့ (၉)

ပြောချင်သေးတဲ့အကြောင်းတွေ လျှာထပ်ရှည်ပါမယ်။ မော်စကိုမှာစာသင်ရတဲ့အကြောင်း၊ ဟောင်းလောင်းအိုးပင်းသဘောပေါ့။ တစ် ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလိုမော်စကိုမှာလည်းပုံစံကွဲလေးတွေရှိတယ်ခင်ဗျ။ ဘယ်လိုကွဲကြတာလဲဆိုတာ ခုချိန်ကစ လို့လက်အညောင်းခံပါတော့မယ်။ သီးခံတော်မူကြပါ။

မော်စကိုရောက် ဗြောက်သောက်ပညာရေးကို တရေးနိုးလို့ယောင်ပြီးထပြောတာတော့မဟုတ်ဘူး။ ဆွေးနွေးတာလည်းမဟုတ်ဘူး။ ယ ပက်လက်တို့၊ စလုံးတို့၊ စိန့်တိုင်းတို့ မဇ္ဈိမတို့၊ ပြီးတော့အနောက်တို့မှာတစ်ခါမှပညာသွားသင်ဖူးတာမဟုတ်တော့၊ နှိုင်းပြ၊ ထောက်ပြပြီး ဝေဖန် လေကန်နိုင်တဲ့အားအင်လည်းမရှိဘူး။ ဂျီတော့နဲ့ဖိုရမ်တွေမှာ အပျိုအသံရှာလို့ ပါးစပ်ဆော့ကြွားတဲ့၊ တောသားပညာသင်ရပုံလေး တွေကို မခြွင်းမချန်၊ အရင်းခံလေးနဲ့ပြောတာပါ။

ပညာတော်သင်လာတဲ့နိုင်ငံတော်သားကောင်းများရဲ့ အတိတ်ရာဇ၀င်တော်ကို လှန်တော်မူလိုက်ကြမယ်ဆိုရင်ဒီလိုရှိပါတယ်။ အစိုးရက တော့တိုင်းပြည်နဲ့ လူမျိုးအတွက်ဆိုပြီး၊ သွေးထိုးနဘမ်အုပ်ပြီးလွှတ်ထည့်လိုက်တာပဲ။ (နို့မို့ ရှေ့တန်းကြွလို့ ပြန်လမ်းမလှဖြစ်ချင်ဖြစ်မဲ့အ တူတူ) လာခဲ့ကြတာပေါ့။ နဲနဲနောနောအုပ်စုမဟုတ်၊ လေယာဉ်တစ်စီးစာ၊ (အဲယားပုဂံကလေယာဉ်မဟုတ်)။ ရုရှားသွားကြတာပြောတာ နော်။ အဲ .. မလာခင်ကျောင်းသားတစ်ဦးချင်းက သူရခဲ့တဲ့ဘွဲ့နဲ့ဆိုင်မဲ့၊ ဒါမှမဟုတ်၊သူစိတ်ဝင်စားတဲ့ဘာသာရပ်ကို သူကိုယ်တိုင်ရွေးချယ် ဆုံးဖြတ်ခွင့်မရှိပဲ၊ ကျောင်းတော်ကြီးကို ရောက်ခဲ့ရတယ်ဆိုတဲ့တလွဲကိစ္စနဲ့ စရမှာပဲ။ ထုံးစံအတိုင်းအားလုံးမဟုတ်ဆိုတာကိုတော့ ပြောချင် ပါတယ်ခင်ဗျ။ လွဲတာကအများကြီး၊ တည့်တာတော့နည်းနည်းလေးရယ်။

ဆိုလိုချင်တာက ကျောင်းသားတစ်ဦးဟာ Chemistry အထူးပြုနဲ့ဘွဲ့ရခဲ့တယ်ဆိုပါတော့။ ဖြစ်သင့်တာပြောရရင်နောက်ဆက်မဲ့ သူ့ပညာ ရေးဟာ Chemistry နယ်ပယ်မှာပဲမဟုတ်လား။ ခြွင်းချက်တော့အများကြီးရှိမှာပေါ့လေ။ ဒီခေတ်ကြီးကလည်း Pure Chemistry , Pure Physics လို့ပြောရခက်တာကိုး။ ဒါပေမယ့် Chemistry ဘွဲ့ရတဲ့ကျောင်သားက Rocket Design အထူးပြုနဲ့ မဟာသင်တန်းဆက်တက် ရမယ်ဆိုတော့ ဘယ်နှယ့်လုပ်မတုန်း။ ညံ့တယ်ပဲပြောပြော၊ နုံတယ်ပဲဆိုဆို၊ ကြားရတာနဲ့ဖျားချင်တယ်။ အဲဒီရော့ကက်ကြီးအတွက် Fuel ကိစ္စဆိုရင်ဟုတ်ဦးမယ်။ Design ဆိုတော့၊ ကျွန်တော်မျိုးတအားညံ့ပါတယ်ခင်ဗျာ။ ပျင်းလဲပျင်းသေး၊ သစ်သားနဲ့သံချောင်း ဂဟေ ပေါင်း ဆက်ဖို့တော့ လောလောဆယ်မကြိုးစားချင်ဘူး။ အချိန်ကအရေးကြီးတယ်။ တိုင်းပြည်ကြီးက နောက်ကျကျန်နေခဲ့တာ၊ နောက်ဘုရား ပွင့်တောင် ထိုင်းကိုမှီပါ့မလားမသေချာလို့ပါ၊ စက်မှုစွမ်းအား၊ ခွကျော်စားနေတာနဲ့တင် နိုင်ငံတော်ရဲ့ဘက်ဂီယာတောင်ကောင်းလွန်လွန်း နေပြီ။ အဲ .. လျှာခလုတ်တိုက်သွားလို့ ..၊ ခုနကဟာပြောတာပါ။ နောက်ထပ်လွဲတယ်လို့ထင်တာလေးတွေပါ။ Chemistry ပဲ။ ဆက်တက် ရမှာက Semi-Conductor Production ။ နဲနဲတော့ဆိုင်မှာပါ။ Law နဲ့ MBA ဆက်မတက်ခိုင်းလို့တော်သေးတယ်။ ဘာပဲပြောပြော၊ ချီး ကျူးရမှာ။ ဘယ်သူမှမလုပ်နိုင်တာကိုလုပ်နေလို့။ ဖြစ်သွားမှာပါ။ အနာဂတ်တစ်ဂတ်မှာပေါ့။ မဖြစ်နိုင်တာမရှိ၊ မဖြစ်သေးတာပဲရှိတယ် ဆို လို့လေ။

ဟုတ်ပြီ။ ငြင်းလို့မှမရဘဲ။ အထက်ကလာတဲ့ အမိန့်၊ ဘုရားတောင်အတုလို့ ပြောသင့်ပြောရမှာပေါ့။ အရင်တုန်းကကိုယ့်တိုင်းပြည်မှာ အ ဆင့်မြင့်ပညာရပ်တွေကို နိုင်ငံတကာလယ်ဗယ်အတိုင်း ပယ်ပယ်နယ်နယ်သင်ခဲ့ဖူးတာပဲ။ ကြေပြီးသားပေါ့၊ မိုက်ခရိုကော်ပီတွေပြောတာ။ ဘာဖြစ်လဲ၊ ဘာမှဖြစ်ဘူး။ ဒီရောက်တော့အေးဆေး၊ ဖြစ်နိုင်ရင်ကလေးမွေး၊သူများတောင်အလကားပေးပစ်လို့ရသေး။ နင်လားဟဲ့ရုစကီး၊ နင်လားဟဲ့၊ အိပ်ခ်ဇမ်။ အောင်တာပဲ။ ဗော့ဒ်ကာတောင်ရေရောသောက်ရသေးတယ်။ စာမေးပွဲကတော့အောင်ပြီးသား။ အောင်မှာပေါ့။ ရု ရှားတက္ကသိုလ်တွေက ဒို့ရွှေတွေအတွက် စပယ်ရှယ်သင်ရိုးညွှန်းတမ်း ပြန်ဆွဲထားတာကိုး။ မယုံမရှိနဲ့၊ ရုစကီးဒရု(ဂ်) ကပြောတယ်။ မပူနဲ့ တဲ့။ သူတို့ကပိုသိတယ်။ ဘာလို့လဲ၊ သူတို့မေးလို့လေ၊ သူတို့ဆရာတွေကို သူတို့လျှာရှည်ပြီးမေးတော့၊ သူတို့သိတာပေါ့။ သူနဲ့မြန်မာတစ် ဦး အဆင့်တူပညာသင်တာပဲ။ ဆရာကလည်းအတန်းထဲ အတူတူသင်ပေးတာပဲ၊ စာမေးပွဲဖြေတော့ အမှတ်ပေးတာမတူတော့ဘူး။ မြန်မာ တွကိုလျှော့လျှော့ပေါ့ပေါ့လေးပေါ့။ ရုစကီးအချင်းချင်းကိုတော့ ဘယ်ရမလဲ။ ဘာပဲပြောပြော တို့မြန်မာတွေမျက်နှာကြီးတယ်နော့၊ တစ်ခုတော့တစ်ခုခုပဲ။

နောက်တစ်မျိုးရှိသေးတယ်။ ထုံးတမ်းယဉ်ကျေးမှုတွေ ပျံ့နှံ့အောင်ဆောင်ရွက်နိုင်တဲ့သဘောပါ။ မကြာခင်နှစ်ကူးတော့မယ်။ ရုစကီးတွေ ကရိုးရိုးတစ်ရက်တည်းမကူးဘူး။ တစ်ပါတ်လောက်ကိုကူးပစ်တာ၊ ကျောင်းတွေပိတ်၊ ပွဲတွေလုပ်ပျော်စရာကြီးပေါ့။ ဒါပေမယ့်အရှင်းတော့ လည်းမဟုတ်ပြန်။ ပြီးရင်စာမေးပွဲတွေလာမှာကိုး။ အဲဒီတော့ အချိန်နဲ့အခါကိုအကျိုးရှိရှိ အသုံးချကြတာပေါ့။ စာကျက်တာပြောတာပါ။ စာ လည်းကျက်တယ်။ ဆရာဆရာမတွေ၊ ကျောင်းအာဏာပိုင်တွေ၊ အဆောင်ကော်မတီလူကြီးတွေ၊ ဘာတွေညာတွေကို၊ ဘာဘာညာညာ လေးတွေလက်ဆောင်ပေးကြတာ။ ၀ိုင်ပုလင်းတန်ဝိုင်ပုလင်း၊ ဗော်(ဒ်)ကာတန်ဗော်(ဒ်)ကာ၊ ပန်းတန်ပန်းပေါ့။ ဟိုတုန်းကဆိုဆရာတွေ မျက်လုံးပြူးသတဲ့။ အဲဒီယဉ်ကျေးမှုပြောတာပါ။ ရုရှားတွေကမရိုင်းတတ်ပါဘူး။ ဒါ သူတို့မှာလည်းရှိကြတာပဲ။ မေတ္တာနဲ့လာတာကိုမေတ္တာ နဲ့ပဲတုန့်ပြန်ကြတာပေါ့။ ကောင်းတဲ့အပြုအမူပဲ။ အဖွဲ့လိုက်ပေးကြသလို၊ ကျောင်းသားတစ်ဦးချင်းစီလည်း ကိုယ့်ဆိုင်ရာဆရာတွေ၊ ကြီး ကြပ်သူပရော်ဖက်ဆာတွေကိုပေးကြတာပဲ။ တတ်နိုင်သလောက်ပေါ့။ “ ပေးကမ်းခြင်းသည်အောင်မြင်ရာ၏ ” ဆိုလားမသိဘူး။

အင်း..စာမေးပွဲဖြေတော့မဲ့အဆင့်ရောက်သွားတယ်။ သင်တန်းတွေတက်ရတာမပြောရသေးဘူး။ ဒါကလည်း ကွဲပြားသဗျ။ သိသလောက် ပေါ့။ တက္ကသိုလ်ကြီးတွေမှာ ဌာနလေးတွေအားလုံးပေါင်းစုထားပြီး၊ အဲဒီတူရာဌာနတွေအပေါ်မှာမှမဟာဌာနဆိုတာရှိတယ်မဟုတ်လား။ မဟာဌာနကြီးတွေအားလုံးပေါင်းပြီး တက္ကသိုလ်တစ်ခုဖွဲ့စည်ထားတယ်လို့ယေဘုယျပြောရမှာပေါ့။ ကမ္ဘာတစ်ဝှမ်းအဲလိုပဲနဲ့တူပါတယ်။ မြန်မာလည်းအဲလိုပဲဗျ။ မတူတာလေးကတော့၊ မဟာဌာနတွေပြန့်ကျဲနေလို့ဖြစ်မှာပါ။ ဥပမာ၊ စီးပွားရေးမဟာဌာန(ရန်ကုန်)၊ (မန္တလေး)၊ (မုံရွာ)၊ (ဇီးကုန်း)၊ (ပိန္နဲကုန်း)၊ (ရှောက်ပင်ကုန်း)၊ (ထန်းပင်ကုန်း)၊ အဲ .. အဲသလိုပေါ့ဗျာ။

ပြန်ဆက်မယ်။ အဲဒီတော့ကျောင်းသားတစ်ဦး၊ (ဒါမှမဟုတ်) တစ်ဦးထက်ပိုတဲ့အစုအဖွဲ့တစ်ခုက ဌာနတစ်ခုကိုရောက်သွားတယ်ဆိုပါ တော့။ သူတို့သင်ယူရမဲ့ဘာသာရပ်နဲ့ဆိုင်တာပြောတာပါ။ တကယ်လို့ ကျောင်းသားတစ်ဦးတည်းကဌာနတစ်ခုထဲကိုရောက်သွားတယ်ဆို ရင်၊ များသောအားဖြင့် Professor ကသူ့တစ်ယောက်တည်းကို သပ်သပ်အချိန်မပေးတော့ဘူး။ ဆိုလိုတာအုပ်စုတူတခြားမြန်မာမဟုတ် တဲ့ ကျောင်းသားတွေ၊အုပ်စုတွေနဲ့ရောထည့်ပစ်လိုက်တာ။ ရုရှားဖြစ်ချင်ဖြစ်မယ်။ တခြားနိုင်ငံခြားသားတွေဖြစ်ရင်ဖြစ်မယ်ပေါ့။ ဒါအစော ပိုင်းနှစ်တွေမှာပြောတာ။ သူဘွဲ့ယူမဲ့ခေါင်းစဉ်အရ၊ သင်ရမဲ့ဘာသာရပ်မှန်သမျှကို၊ Class မရွေးပဲလိုက်သင်ရတာ။ သဘာဝတော့ ကျပါ တယ်။ အတန်းမြင့်လာတော့မှ လိုအပ်တာကို ကြီးကြပ်သူဆရာက အချိန်ပေးတော့တာ။ အဲဒီမှာကြုံတွေ့ရတဲ့အခက်အခဲကတော့ ရုရှား ဘာသာစကားပေါ့။ ဘယ်ပရော်ဖက်ဆာကမှ မြန်မာရော၊ တခြားနိုင်ငံခြားသားတွေကိုရော၊ သနားလို့ဆိုပြီး အင်္ဂလိပ်လိုသင်မပေးဘူး။ ဒီနေရာမှာ ထုံးစံအတိုင်းခြွင်းချက်လေးတွေတော့ရှိတာပေါ့။ တက္ကသိုလ်ချင်းဖလှယ်တဲ့ အစီအစဉ်အရ သုတေသနလာလုပ်တဲ့၊ ပါရဂူဘွဲ့ ယူမဲ့ အဖြူကောင်တချို့ကို အင်္ဂလိပ်လိုသင်ပေးတာတွေ၊ ဆွေးနွေးတာတွေတော့တွေ့ဖူး၊ ကြားဖူးတယ်။ များသောအားဖြင့်ရုရှားတွေသူ့ အမျိုးသားဘာသာစကားပဲပြောတယ်။ ပူတင်တောင် ကုလမှာရုစကီးလိုပဲမှုတ်တာ။ သူမှမဟုတ်ပါဘူး။ ဆာကိုဇီတို့လည်းဒီလိုပဲ။ ကိုယ့် စကားပဲကိုယ်ပြောတာပဲ။ ဗိုလ်ဥာဏ်ဝင်းတို့ခင်မျာသာ၊ အနောက်ကို အလကားထိုင်ဆဲနေပေမယ့်၊ မတတ်ကတတ်ကအီးလိုမှုတ်နေရ တာပဲ။ ကြီးမားလိုက်တဲ့ ဂုဏ်သိက္ခာ။

လျှာလည်သွားပြန်ပြီ။ ဆိုတော့ ..မြန်မာကျောင်းသားတွေဟာ ရုရှားဘာသာကိုအချိန်လုံလုံလောက်လောက်မသင်ခဲ့ရတဲ့အပြင် ရုရှားလို သာအားပြုသင်တဲ့ ပရောဖက်ဆာတွေနဲ့တွေ့တဲ့အခါလည်ကုန်ကြတာပဲ။ အတော်အတန်ကောင်းတဲ့ကျောင်းသားတွေရှိကြပါတယ်။ နည်း တယ်ဗျ။ အများစုဖြစ်နေကြတာပြောတာပါ။ ထားလိုက်ပါ။ ကိုယ့်မိခင်စကားမဟုတ်တာကိုး။ တကယ်လုပ်ကြပြီဟေ့၊ စာသင်ကြပြီဟေ့ ဆို ရင်ရာနှုန်းပြည့်နားမလည်နိုင်ကြတော့ဘဲ ဆရာလုပ်တဲ့သူရှေ့ကနေ ဘာပြောလို့ပြောမှန်းမသိကြတော့ဘူး။ ဆရာ့အနေနဲ့ကတော့သူ့တ ပည့်တွေဟာ ရုရှားဘာသာသင်ယူတတ်မြောက်ပြီး၊ ကောင်းကောင်းနားလည်ပြီးလို့ယူဆထားတာကိုး။ ယူဆမယ်ဆိုလည်း ယူဆနိုင်ပါ တယ်။ သူတို့နိုင်ငံခြားသားကျောင်းသားတွေကို သင်ကြားပို့ချတဲ့အတွေ့အကြုံအရ အားလုံးကလည်း အဆင်ပြေချောမွေ့ခဲ့ကြတာပဲလေ။ မြန်မာနဲ့တွေ့တော့မှ ပရော်ဖက်ဆာတွေလည်း မျက်စိလည်ကုန်ကြတာ။ ဒါတောင်မှ အခြေခံသင်ခဲ့ကတည်းက မိမိရှေ့ဆက်ရမဲ့ အထူး ပြုဘာသာရပ်နဲ့ဆိုင်တဲ့ Term တွေအားလုံးနီးပါးသင်ပေးလိုက်ပြီးသား။ ဆိုခဲ့သလို၊ ကိုယ်တိုင်ကြိုးစားအားထုတ်မှုအနည်းအများ၊ အချိန်၊ စတာတွေကြောင့်၊ ထင်သလောက်မပေါက်ပါဗျာ။ မဟုတ်ဘူးငြင်းချင်လည်း (Doyouhaveanyproof.blogspot.com) ဆိုပြီးရေးပေတော့။ ပရိတ်သတ်များလည်းသိကြတာပေါ့။ နို့မို့လျှောက်ရေးနေတယ်ထင်နေဦးမယ်။

ရုရှားဆရာတော်တော်များများကပြောတယ်။ မြန်မာတွေကိုသင်ရတဲ့ Planကသီးသန့်လိုဖြစ်နေသလိုပဲပေါ့။ သနားတယ်သူတို့ကို။အမှန်က ဖြစ်နေသလိုမဟုတ်ဘူး။ ဖြစ်ကိုဖြစ်နေတာ။ ရုစကီးကောင်းကောင်းတတ်ဖို့ ပုံမှန်အနေအထားနဲ့ အနဲဆုံး (၅) နှစ်လောက်ရင်းရတယ်။တစ် နေ့ဘယ်နှစ်နာရီသင်၊ ကျောင်းသားက ကိုယ်ပိုင်စာကြည့်ချိန်ဘယ်လောက်ယူရလို့၊ ဘယ်အချိန်မှာ ဘယ်လိုစာမေးပွဲကို၊ ဘယ်လိုသတ် မှတ်ချက်စည်းမျဉ်းစည်းကမ်းအတိုင်းဖြေမှ၊ အဆင့်မီအောင်မြင်တယ်လို့ သုတေသနလုပ်ထားတာအများကြီး။ တခြားနိုင်ငံကတော့ မသိ ဘူး။ မြန်မာတွေအတွက်ကတော့ ခုရေတွင်းတူး၊ ခုရေကြည်သောက်ချင်သလိုဖြစ်နေတယ်။ ကုန်ပေရော့ပိုက်ပိုက်တွေ။ ရင်းသလောက် တော့ပြန်ရမယ်မထင်ပေါင်။ အင်းလေ.. မစ္စတာပူတင်ကြီးကလည်း မြန်မာတွေအတွက် ဘယ်လိုပေါ်လစီတွေချမှတ်ထားလဲမှမသိတာကိုး။
ပြောရင်းနဲ့ရှုပ်ကုန်ပြီ။ အဲဒီတော့ဘယ်လိုလုပ်ရမလဲ။ နဂိုကမှကိုယ့်ဆီက “၀လုံးတန်းပညာရေး” နဲ့၊ တခါ..ကျွန်တော်တို့ဟာ အင်ဂျင်နီယာ တွေပါလို့ လိမ်ညာစာသင်နေရတဲ့ ခင်မျာတို့ .. ကိုယ့်ဒုက္ခနဲ့ကိုယ်ပေါ့။

တကယ်လို့ မြန်မာကျောင်းသားတွေဟာ အုပ်စုလိုက်ဆိုရင်တော့တစ်မျိုး။ မျက်စိလည်မသွားနဲ့ဦး။ ဌာနတစ်ခုတည်းရောက်သွားတာကို ဆိုလိုတာ။ သုံးလေးယောက်ပဲထားပါတော့။ အဲသလိုဆိုရင်ဌာနကနေပြီးတော့ Group လေးတစ်ခုဖွဲ့။ Class တစ်ခုအနေနဲ့သီးသီးသန့် သန့်လေးသင်ပေးနိုင်တာပေါ့လေ။ သတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းအပြင် လိုအပ်မယ်ထင်တဲ့ Subject လေးတွေ၊ ပြီးတော့ကျောင်း သားတွေ အောက်သက်မကြေဘူးထင်ရတဲ့ ဘာသာရပ်တွေကို စီစဉ်ပြီးသင်ပေးတယ်ခင်ဗျ။ အဲလိုမျိုးကျတော့ အကြိုက်ပေါ့ဗျာ။ နဲနဲတည် ငြိမ်တယ်ပေါ့။ တစ်ဦးမသိတာ၊ မလိုက်နိုင်တာကို အချင်းချင်းဖေးမလို့ စုစုစည်းစည်းလေးနဲ့ Professor တွေကိုလက်တို့မေးလို့အဆင်ပြေ တယ်။ မကောင်းတာက တခြားနိုင်ငံခြားသားတွေ၊ ရုရှားကျောင်းသားတွေနဲ့ ထိတွေ့ခွင့်မရတာပဲ။ အဲဒါကလည်း အခြေအနေအရသိပ် တော့လည်း မလိုအပ်ပါဘူး။ ရုရှားဘာသာစကားပိုအားနည်းတာ၊ တခြားကျောင်းသားတွေနဲ့မရောရတော့ အပြောစွမ်းရည်၊ အကြားစွမ်း ရည်အားနဲတာ၊ ဒါတွေတော့ကြုံရတာပေါ့။ ကိုယ့်အုပ်စုနဲ့ကိုယ်ကျတော့ ဆရာက အဆင့်ချပြီးတော့ တပည့်တွေနားလည်အောင်ပြောမယ်၊ သင်မယ်၊ ဒါပါပဲ။ ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ်မို့ အကယ်ဒမီချိန်စရာမလိုတော့ဘူး။ မေးစရာကတော့ တကယ့်အဆင့်မီမီတတ်သွားရဲ့လား ဆိုတာပဲ။ တစ်ဦးချင်းရော၊ အုပ်စုလိုက်ချင်းရော၊ အားနည်းချက်တွေနဲ့မို့လို့ ကိုယ်တတ်မတတ်ဆိုတာ၊ ခုနေတော့ဟုတ်နေတာပဲ။ တကယ် မောင်းကြပြီဟေ့ဆိုရင်၊ လှေဝမ်းကွဲကြီးဖာဖို့ ပွဲညက်ရှာနေရတာနဲ့တင် ဆိပ်ကမ်းကခွာတော်မမူနိုင်တဲ့နိုင်ငံတော်ပညာရှင်များဘ၀ကို နဲနဲ လေးတော့ အိုးပင်းဟောင်းလောင်း၊ ပြောချင်ကြောင်းပါခင်ဗျာ။ ။

(၁) ရုစကီး (adj) = ရုရှားနှင့်သက်ဆိုင်သော
(၂) ရုစကီး (Noun) = ရုရှားလူမျိုး
(၃) ဒရု(ဂ်) (Noun) = သူငယ်ချင်း
အထက်ပါ နံပါတ် (၁) နှင့် (၂) နှစ်မျိုးမှာ အသံထွက်တူသော်လည်း နောက်ဆက်စာလုံး ကွဲပြားပါသည်။


Read more...